1131----1132

209 16 1
                                    

အခန်း (၁၁၃၁)(စာစဉ် ၈၁- အပိုင်း ၁၁)

“အတိတ်နှင့် ချစ်လှစွာသော အစ်ကိုကြီး”

ဇုဂျူရှန်တင် မဟုတ်၊ လိယွန်ရွှမ်မှာလည်း အံ့ဩ လျက် ရှိနေရသည်။

သူမ စိတ်ထဲ တွေးနေမိသည်မှာ -

(ရှောင်နဲ့ ဟန်တို့က ဘာလို့ ဒေါသမထွက်သွားကြ ရတာလဲ၊ ဒါကြီးကတော့ မဟုတ်သေးဘူး . . .)

(သခင်လေးရဲက ငါ့ကို ဒီလိုမျိုး စကားတွေ ပြော လာခဲ့မယ်ဆိုရင်တောင် ငါသူ့ကို အနည်းဆုံး ဒေါသတ ကြီး စိုက်ကြည့်မိဦးမှာ၊ အခုကျတော့ မဟုတ်သေးပါ ဘူး၊ ဘယ်လိုဖြစ်ရတာလဲ . . .)

(လူတွေကသူတို့နှစ်ယောက်ကို သန့်ရှင်းစင်ကြယ် တဲ့ နှလုံးသား ရှိသူတွေလို့ ပြောကြတယ်၊ သူတို့တွေ က တကယ်ကိုပဲ အဲဒီလို ဖြစ်နေကြတာလား . . .)

“ဟင် အရက်က အတော်ကောင်းတာပဲ . . .”

ယွဲ့ရှောင်က အရက်ခွက်ကို ကိုင်မြှောက်ရင်း ပြော လိုက်သည်။

ထို့နောက် ဆက်လက်၍ -

“ကျွန်မတို့ ကလေးတုန်းက ဘဝကို မှတ်မိနေသေး တယ်၊ ကျွန်မတို့ ညီမနှစ်ယောက်က ဒုက္ခိတလေးတွေ လေ၊ အိပ်ယာထဲမှာ လဲနေကျရတာပေါ့ အစ်ကိုကြီးက ကျွန်မတို့အတွက် အစာသွားရှာတယ်၊ အဲဒီအချိန်တုန်း က အရက်နည်းနည်းကိုလည်း ခိုးခဲ့သေးတယ်၊ ကျွန်မ လည်း အဲဒီအချိန်ကစ အရက်ရဲ့ အရသာကို စမြည်း ခွင့် ရခဲ့တာပဲ . . .”

“ဟုတ်တယ် . . .”

ယွဲ့ဟန်မှလည်း မှတ်မိဟန်ဖြင့် ဝင်ရောက်ပြောဆို ထောက်ခံလိုက်သည်။

“မှတ်မိသလောက်ဆိုရင် အဲဒီတုန်းက အသက်က ၅ နှစ်လောက်ပဲ ရှိဦးမယ်၊ ကျွန်မတို့ ဘဝမှာ ပထမဦး ဆုံး သောက်ဖူးခဲ့တဲ့ အရက်ပေါ့ . . .”

“ငါရောပဲလေ ဟား ဟား ဟား . . .”

ရဲရှောင်မှ အပြစ်ကင်းစွာ ပြုံးလိုက်ရင်း ပြောလိုက် သည်။

ညီမနှစ်ဦး၏ မျက်လုံးများထဲတွင် အတိတ်အား ပြန်လည်၍ လွမ်းဆွတ်နေသည့် အရိပ်အယောင်များ ပြည့်နှက်လျက် ရှိနေသည်။

စင်စစ် ငယ်ရွယ်စဉ်က နေခဲ့ဖူးသည့် တဲအိုပျက်‌ လေးအတွင်း ပြန်ရောက်ရှိသွားသလို ခံစားနေရခြင်း ဖြစ်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now