1317------1318

118 10 1
                                    

အခန်း (၁၃၁၇)(စာစဉ် ၉၅- အပိုင်း ၁)
“မည်သူမည်ဝါမှန်း သိလိုခြင်း”

တိုက်ပွဲကို လာရောက်ကြည့်ရှုကြသည့် မည်သူမဆို အဆင့်မြင့် ပညာရှင်များသာ ဖြစ်ကြလိမ့်မည်။

ထို့ကြောင့် ဂျိဇန်းဖန်၏ သတိပေးစကားကို ကြား လိုက်ရသော ဂျိမျိုးနွယ်မှ လူများအဖို့ တစ်စုံတစ်ခု မှား ယွင်းနေသည်ကို သတိပြုမိသွားကြသည်။

အကြောင်းမှာ တိမ်မဲများက ၎င်းတို့ရှိရာသို့ အလွန် အရှိန်အဟုန် ပြင်းစွာဖြင့် နီးကပ်လာခြင်းကြောင့် ဖြစ် သည်။

“တိုက်ပွဲက ရွေ့လာပြီလား . . .”

ထိုအချိန် အားလုံး၏ မျက်နှာများမှာ ဖြူရော်ရော် ဖြစ်သွားကြ၏။

တိမ်မဲများက လျင်မြန်စွာ တိုးဝင်လာခြင်းကြောင့် သူတို့ မျိုးနွယ်ရှိသည့် နေရာကို ရောက်ရန် သိပ်မလို တော့ပြီ မဟုတ်ပါလား။

ယခု ၎င်းတို့မှာ ဂျိမျိုးနွယ်၏ ပိုင်နက်အလွန် တော အုပ်အတွင်း၌ ချောင်းမြောင်း ကြည့်ရှုနေကြခြင်း ဖြစ် သည်။

အကယ်၍ တိုက်ပွဲသာ ယခုအတိုင်း ဆက်ရွေ့လျား သွားပါက သူတို့၏ ဂျိမျိုးနွယ်စုကြီး ပျက်စီးသွားမည်မှာ အသေအချာပင်။

“ဂျိမျိုးနွယ်စုဆီ ရောက်မသွားဖို့ မျှော်လင့်ရမှာပဲ”

ဂျိဇန်းဖန်မှ မျက်နှာမသာမယာဖြင့် ပြောလိုက်၏။

မူလတာအိုအဆင့်ကိုးပညာရှင်ဖြစ်ပြီး အစွမ်းထက် ဆုံး ပညာရှင်များအနက် တစ်ဦးဖြစ်သည့်တိုင် မျိုးနွယ် စု ပျက်စီးရတော့မည့် အရေးနှင့်ကြုံရသောအခါ သူ့အဖို့ အလွန်တုန်လှုပ်နေမိသည်။

ထိုသို့သော အချိန်မျိုးတွင် သတိလက်လွတ် လုပ် လိုက်မည်ဆိုပါက သူပါ အသက်ပျောက်သွားမည်မှာ သေချာလှသည်။

“ဘုန်း . . .”

တိုက်ပွဲအခြေအနေက ပြင်းထန်သထက် ပြင်းထန် နေသည်။

လက်ရှိတွင် သူတို့အနေဖြင့် မျိုးနွယ်စု ရှိရာသို့ တိုက်ပွဲ ရောက်မလာစေရန်သာ မျှော်လင့်နိုင်ပါတော့ သည်။

ထိုအချိန် အနက်ရောင် နဂါးကြီး တစ်ကောင် တိုး ထွက်လာသည့်အလား တိမ်တိုက်များကြားမှ အနက် ရောင် ချီဓာတ်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now