အခန်း (၁၄၆၁ - က)(စာစဉ် ၁၀၉- အပိုင်း ၁၄)
“အတိတ်မှရဲမျိုးနွယ်”
ရွှေရောင်ချပ်ဝတ်ဝတ်ဆင်ထားသည့်လူမှာ အစပိုင်းတွင် တည်တည်ငြိမ်ငြိမ်ဖြင့်သာရှိခဲ့သည်။
သို့သော်ဒုတိယခေါင်းဆောင်နှင့်စကားပြောဆိုပြီးချိန်တွင်မူ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
“ဒီရဲရှောင် . . .”
“သူကသာ ရဲမျိုးနွယ်စုဝင်တစ်ယောက်ဆိုရင်၊ ၁၉ နှစ်ရှိတဲ့ပါရမီရှင်လေး ဒီသေခြင်းတရားစမ်းသပ်မှု ၉ ခုမှာ သေဆုံးသွားခဲ့ရင် . . .”
“ဒါဆိုရင် . . .”
ဒုတိယခေါင်းဆောင်မှာလည်း မျက်နှာပျက်ယွင်းသွား၏။
“သူသာအဲဒီလိုအမှန်ဆိုရင် . . . ဒါသာအမှန်ဆိုရင် . . . အခြေအနေတွေက . . .”
နှစ်ယောက်လုံးမှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ထိတ်လန့်နေမိကြလေသည်။
ထို့နောက် နှစ်ဦးသားမှာ တွေဝေမနေတော့။
သေခြင်းတရား ၉ ခုအစီရင်အတွင်းသို့ ချက်ချင်းပင် ပြေးဝင်သွားကြတော့သည်။
(မဖြစ်ဘူး . . . မဖြစ်ဘူး . . . ဒီကောင်လေးကို ဒီမှာအသေခံခိုင်းလို့မဖြစ်ဘူး၊ မလုပ်ပါနဲ့ . . .)
(သူသာသေသွားရင် ငါတို့ပါ သူနဲ့အတူတူရော သေသွားရလိမ့်မယ်၊ မဟုတ်ဘူး အဲဒီထက်တောင် ပိုဆိုးနိုင် သေးတယ်၊ ငါတို့နှစ်ယောက်ပဲသေရင် တော် သေးတယ် အခုကကျန်တဲ့မိသားစုဝင်တွေပါ သေသွား နိုင်တယ် . . .)
“ဟင် . . . အခုမှ သူကရောက်တာပါ ဘယ်ရောက်သွားတာလဲ၊ သူဘယ်ရောက်သွားတာလဲ . . .”
“သူက ဘယ်စမ်းသပ်မှုကိုရောက်နေပြီလဲ . . .”
ခေါင်းဆောင်ဖြစ်သူမှ ဝင်ပေါက်ရှိအစောင့်အား အသံကျယ်ကြီးဖြင့် မေးလိုက်၏။
အစောင့်ဖြစ်သူမှာလည်း ခေါင်းဆောင်၏အော်သံကြောင့် ကြောင်ငေးသွားလေသည်။
ထို့နောက် အထစ်ထစ်အငေါ့ငေါ့ဖြင့် -
“ဘယ် . . . ဘယ်သူလဲ၊ ဘာကိုပြောတာလဲ ခေါင်းဆောင် . . .”
အစောင့်ကြောင့် ခေါင်းဆောင်ဖြစ်သူမှာ စိုးရိမ်စိတ်များနှင့်အတူ ဒေါသထွက်သွား၏။
ထို့ကြောင့် အစောင့်၏မျက်နှာကို ဖြတ်ရိုက်လိုက်ပြီး -
“ခွေးမသား . . . ငါမင်းကို မေးနေတယ်လေ . . .”
“ဟို . . . အား . . .”
အစောင့်ဖြစ်သူမှ ကြောင်ငေးနေရာမှ ဒူးထောက်ထိုင်ချလိုက်ရင်း -
“ခေါင်းဆောင် . . . ကျုပ်ကိုခွင့်လွှတ်ပေးပါ၊ ကျုပ်က ထိတ်လန့်သွားလို့ ဒီလိုပြုမူမိတာပါ . . .”
“ဟမ် . . . ဘာဖြစ်ခဲ့လို့လဲ၊ ဘာတွေဖြစ်ခဲ့လို့ မင်းက ထိတ်လန့်နေရတာလဲ . . .”
“အဲဒါက . . . ဟို . . . ဟို . . . စမ်းသပ်မှုထဲကို ဝင်သွားတဲ့လူလေ . . .”
အစောင့်ဖြစ်သူမှ အထိတ်တလန့်ဖြင့် ပြောလိုက်၏။
“ခေါင်းဆောင် . . .”
“အဲဒီဝင်သွားတဲ့လူရဲ့အကြောင်းကို မေးမြန်းခဲ့သေးလား . . .”
အစောင့်မှ ကတုန်ကယင်ဖြင့် မေးလိုက်သည်။
ခေါင်းဆောင်ဖြစ်သူမှ ဒေါသတကြီးဖြင့် -
“ဒါပေါ့ . . . ငါမေးခဲ့တယ်လေ၊ အခုသူဘယ်လိုလဲ ငါ့ကိုအသေးစိတ်ပြောပြစမ်း . . .”
“အဲဒီလူ . . . အဲဒီလူက . . . ဟို . . . ဟို . . . လူသားမဟုတ်ဘူး . . .”
“သူကတကယ့်ကို မကောင်းဆိုးဝါးတစ်ကောင်လိုပဲ၊ လုံးဝကိုမကောင်းဆိုးဝါး . . .”
“ဘယ်လို . . . မကောင်းဆိုးဝါးဟုတ်လား၊ ဘယ်လိုမကောင်းဆိုးဝါးလဲ . . .”
ခေါင်းဆောင်ဖြစ်သူမှ မျက်လုံးပြူးမျက်ဆံပြူးဖြင့် မေးလိုက်၏။
“ပြောစမ်း ငါ့ကိုအရာအားလုံး ရှင်းပြစမ်း . . .”
“သူ . . . သူက . . . သွားပြီလေ၊ သူက စစ်ဆေးမှုတွေကိုအောင်ပြီး ထွက်သွားခဲ့ပြီ . . .”
အစောင့်ဖြစ်သူမှာ အတော်လေးပင် ကတုန်ကယင်ဖြစ်နေသည်။
“စမ်းသပ်မှုထဲကို သူဝင်သွားတဲ့အချိန်မှာ သူက ဝါးတောတွေကိုခုတ်ပိုင်းလိုက်တဲ့ ဓားတစ်လက်လိုပဲ . . .”
“အစကနေ နောက်ဆုံး နံပါတ် ၉ စမ်းသပ်မှုကိုရောက်ဖို့ အချိန် ၁ မိနစ်လောက်တောင် မကြာလိုက်ဘူး၊ အခု သူက လုံးဝကို အောင်မြင်သွားပြီ၊ အိပ်မက်ပျက်သုဉ်းခြင်းနယ်မြေကနေ ထွက်သွားပြီလေ၊ အခုလောက်ဆိုရင် ကျုပ် တို့နဲ့ မိုင်ပေါင်းရာချီအကွာအဝေးလောက်တောင် ရောက်နေလောက်ပြီ . . .”
“ဘာ . . .”
ကြားလိုက်ရသည့်စကားကြောင့် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့မှာ အံ့ဩသွားကြလေသည်။
အိပ်မက်ပျက်သုဉ်းခြင်းနယ်မြေအတွင်းရှိ ကန့်သတ်မှုများမှာ သာမန်အရာများ မဟုတ်ချေ။
စင်စစ် ယခုကမ္ဘာရှိ ပညာရှင်များ စမ်းသပ်မှုများအတွင်း ပိုကြံ့ခိုင်လာစေရန် ဖန်တီးထားခြင်းဖြစ်သည်။
ထို့ကြောင့် အဆင့် ၇ ထိရောက်ခဲ့သောလူများပင်လျှင် အနည်းငယ်သာရှိ၏။
တစ်နည်းအားဖြင့် စမ်းသပ်မှုအားလုံးကို မည်သူမှကျော်ဖြတ်နိုင်ခြင်းမရှိသည့် သဘောပါပင်။
ထိုသို့ဖြစ်ရသည်မှာလည်း ကျိုးကြောင်းဆီလျော်မှုရှိပေသည်။
အိပ်မက်များပျောက်ရှနေသော လူများအဖို့ စစ်ဆေးမှုများကိုသာ အလွယ်တကူကျော်ဖြတ်နိုင်နေပါက မည် သို့ အဓိပ္ပာယ်ရှိတော့ပါမည်နည်း။
အကယ်၍ ထိုသို့သာကျော်ဖြတ်နိုင်နေပါက လူတိုင်းထွက်သွားနိုင်တော့မည် မဟုတ်ပါလား။
သို့သော် သခင်လေးရဲရှောင်မှာမူ အချိန်တိုအတွင်းမှာပင် စမ်းသပ်မှု ၉ ခုလုံးကို ဖြတ်ကျော်သွားနိုင်ခဲ့သည်။
ထိုကဲ့သို့ ဖြတ်ကျော်သွားနိုင်သည်မှာလည်း အခက်အခဲရှိခဲ့ပုံမရချေ။
ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့မှာ အစပိုင်းတွင် ရဲရှောင်အတွက် စိတ်ပူပန်ခဲ့ကြရသည်။
သို့သော် ရဲရှောင်က စမ်းသပ်မှုများကို အလွယ်တကူကျော်လွန်သွားသည်ကို သိရသောအခါ အံ့ဩတုန်လှုပ် သွားကြလေသည်။
(ဒါကြီးကတော့ မယုံနိုင်စရာပဲ၊ အတော်လေးကို ထူးဆန်းတယ် . . .)
(သူက တကယ်ကိုပဲ ဟိုအင်အားကြီးတဲ့လူရဲ့ နောက်မျိုးဆက်ဖြစ်ရမယ်၊ တကယ့်ကို မယုံနိုင်စရာပဲ . . .)
“သူ . . . သူ . . . သူဘယ်လိုများလုပ်သွားခဲ့တာလဲ . . .”
ခေါင်းဆောင်ဖြစ်သူမှ ကတုန်ကယင်ဖြင့် မေးလိုက်၏။
“ကျုပ်လည်း မသိဘူး ခေါင်းဆောင် . . .”
“အဲဒီလူ လုပ်သွားတာ မြန်လွန်းတော့ ဘယ်လိုလုပ်သွားလဲဆိုတာတောင် အတိအကျ မမြင်လိုက်ရဘူး . . .”
ထိုအချိန် ခေါင်းဆောင်ဖြစ်သူ၏စိတ်ထဲ တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ပါပင်။
ထို့ကြောင့် ရယ်မောလိုက်ရင်း -
“သူ စမ်းသပ်မှုတွေကနေ အလွယ်တကူ ထွက်သွားနိုင်တာကောင်းတယ်၊ ဒီနေရာမှာ သေတာထက် အများ ကြီး ပိုကောင်းတာပေါ့၊ ဒီနေ့ဖြစ်ပျက်ခဲ့သမျှက ငါ့ရဲ့ကံတရားပဲ၊ ဒီနေ့က ငါ့နေ့ပဲကွ ဟား ဟား ဟား . . .”
ထို့နောက် နှစ်ဦးသားမှာ စမ်းသပ်မှုများအတွင်းရှိ အခြေအနေများကိုကြည့်ရှုရန် ဝင်ရောက်သွားလေသည်။
သို့သော် အပြင်အဆင်များအားလုံးမှာ ထိခိုက်မှုတစ်စုံတစ်ရာပင် မရှိသည်ကို အံ့ဩဖွယ်တွေ့လိုက်ရ၏။
ထို့ကြောင့် နှစ်ဦးလုံးမှာ ထပ်မံ၍ အံ့ဩသွားကြရပြန်သည်။
ရဲရှောင်က တိမ်တိုက်တစ်ခုပမာ အစီအရင်များကို ဖြတ်သန်းသွားခဲ့သည့်ပုံပါပင်။
မည်သို့မည်ပုံ ဖြတ်သန်းသွားသည်ကိုမူ နှစ်ပေါင်းများစွာကြာသည့်တိုင် ထိုလူများ အတိအကျမသိကြချေ။
ထို့ကြောင့် ထိုအခြင်းအရာမှာ အိပ်မက်ပျက်သုဉ်းခြင်းနယ်မြေအတွင်း မဖြေရှင်းနိုင်သော ပဟေဠိတစ်ခုသာ ဖြစ်တည်နေပါတော့သည်။
. . .
ရဲရှောင် သေခြင်းတရား ၉ ခု စမ်းသပ်မှုအတွင်း ဖြတ်သန်းသွားသည်မှာ လျှို့ဝှက်ချက်တစ်ခုသာဖြစ်၏။
လူတိုင်းလိုလို လှည့်ကွက်များ မည်သို့သုံးရမည်ကို ကိုယ့်နည်းကိုယ်ဟန်ဖြင့် သိကြသည်။
သို့တိုင် တစ်ယောက်နှင့်တစ်ယောက်သုံးသည့် လှည့်ကွက်များမှာ တူညီကြလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ရဲရှောင်မှာလည်း ယခုသူ့နည်းသူ့ဟန်ဖြင့် လှည့်ကွက်သုံးသွားခြင်းပါပင်။
ရဲရှောင်အဖို့ ထိုသို့မသုံး၍လည်း မရ။
ယခုကမ္ဘာသစ်တွင် သူလုပ်ရမည့် ကိစ္စများစွာရှိနေသည်။
သူ၏မိန်းမများ၊ ညီအစ်ကိုများနှင့် တတ်နိုင်သမျှ မြန်မြန်ဆုံစည်းရန် လိုအပ်နေသည် မဟုတ်ပါလား။
ထို့ကြောင့် သူ့အနေဖြင့် စမ်းသပ်မှုများလုပ်ရင်းဖြင့် အချိန်မကုန်ဆုံးလိုတော့ပေ။
ထို့ပြင် စမ်းသပ်မှုများလုပ်နေစဉ် အန္တရာယ်များသောအရာများနှင့်လည်း သူ့ကြုံတွေ့နိုင်သည်။
ထိုအချက်များကြောင့် စမ်းသပ်မှုများကို အလျင်မြန်ဆုံးနည်းဖြင့်သာ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့လေသည်။
ထိုသို့လုပ်နိုင်ရန်အတွက်လည်း လင်းဝုရှဲ့ သူ့အားပေးခဲ့သည့် ရွှေဝိညာဉ်မျှော်စင်ကို ထုတ်သုံးခဲ့၏။
စင်စစ် ထိုမျှော်စင်အတွင်း သူ၏စွမ်းအားများကို ထည့်သွင်းကာ ရှေ့သို့တဟုန်ထိုး ပြေးထွက်သွားခြင်းပါပင်။
သေခြင်းတရား ၉ ခုစမ်းသပ်မှုအတွင်းမှ တိုက်ခိုက်မှုများအားလုံးမှာလည်း ရွှေဝိညာဉ်မျှော်စင်ကို ထိခိုက်နိုင် ခြင်းမရှိခဲ့ပေ။
ထို့ကြောင့်ပင် ရဲရှောင်က သေခြင်းတရား ၉ ခုအစီအရင်ကို အလွယ်တကူ အောင်မြင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့အောင်မြင်ပြီးသည်နှင့်လည်း ထိုနေရာမှပင် ချက်ချင်းပင် ထွက်ခွာသွားခဲ့၏။
(ကောင်းကင်ဘုံအထက် လူသားနယ်ပယ် . . .)
(ငါဆိုတဲ့ရဲရှောင် နောက်ဆုံးတော့ စရောက်လာခဲ့ပြီ . . .)
ဤသည်မှာ သေခြင်းတရား ၉ ခုအစီအရင်ကို ၁ မိနစ်အတွင်း ဖြတ်သန်းသွားခဲ့သော ရဲရှောင်၏ လျှို့ဝှက် ချက်ပင် ဖြစ်၏။
တစ်ခါတစ်ရံ အမှန်တရားမှာ ပုံပြင်ဇာတ်လမ်းထဲများကဲ့သို့ လှပခြင်းမရှိပေ။
တစ်ခါတစ်ရံ အိပ်မက်ဆန်သလို၊ တစ်ခါတစ်ရံ မှန်းဆရခက်ခဲပြီး တစ်ခါတစ်ရံ မှန်းဆရလွယ်ကူနေ၏။
ထို့ကြောင့်ပင် စိတ်ကူးနှင့် လက်တွေ့က တစ်ထပ်တည်းမကျနိုင်ခြင်းပင် ဖြစ်ပါတော့သည်။
. . .
အိပ်မက်ပျက်သုဉ်းခြင်းနယ်မြေမှ ထွက်ခွာလာသော ရဲရှောင်၊ ရပ်တန့်ခြင်းအလျဉ်းမရှိပေ။
မည်မျှထိဆိုလျှင် တိမ်တိုက်တစ်ခုအလားပင် တစ်နေကုန်အောင် ပြေးလွှားလာခြင်းဖြစ်၏။
ထိုသို့ပြေးလာရာ လမ်းတစ်လျှောက်တွင် မြို့များတွေ့သည့်တိုင် မရပ်တန့်ဘဲဆက်ပြေးလာခြင်းဖြစ်သည်။
သူတွေ့ခဲ့သည့် ထိုမြို့ငယ်များက အရှေ့ကောင်းကင်တွင် အရေးမပါလှသည်ကိုလည်း သူသိနေ၍ပါသည်။
သူ့အဖို့ အရှေ့ကောင်းကင်၏မြို့တော်အတွင်း ရောက်အောင်သွားမှသာ ဖြစ်နိုင်မည် မဟုတ်ပါလား။
တကယ်တမ်းတွင် ရဲရှောင်၌ ကိုယ်ပိုင်ခံယူချက်တစ်ခုရှိသည်။
အင်အားကြီးသည့် လူတစ်ဦးဖြစ်ချင်လျှင် ဘဝကို မြို့ကြီးပြကြီးများတွင်သာ စတင်သင့်ကြောင်း ခံယူထား ခြင်းဖြစ်သည်။
အကယ်၍ သူသာ ထိုမြို့ကြီးများတွင် နာမည်ကျော်သွားမည်ဆိုလျှင် သူ့အတွက် ပြိုင်ဘက်များတိုးလာနိုင် သလို အနာဂတ်မှာလည်း ပို၍ထင်ရှားကျော်ကြားလာနိုင်သည်။
ထို့ပြင် သူသာ ထိုမြို့ရှိ အင်အားကြီးမားသော တော်ဝင်မျိုးနွယ်များ၊ သူရဲကောင်းများကို ယှဉ်ပြိုင်နိုင်မည် ဆိုလျှင် အခြားနေရာမှအောင်မြင်မှုများကို အလွယ်တကူရယူနိုင်လိမ့်မည်။
ထို့ကြောင့်ပင် ရဲရှောင်က ထိုကဲ့သို့ ဆုံးဖြတ်ချက်ချလိုက်ခြင်းပါပင်။
လက်ရှိတွင် ရဲရှောင်က အရှေ့ကောင်းကင်၏ ပထမမြို့တော်သို့ ချီတက်နေပြီဖြစ်သည်။
ထိုမြို့၏အမည်မှာ အဖြူရောင်ဘုရင်မြို့တော်ပင်ဖြစ်၏။
ထိုမြို့တော်သို့သွားရန်မှာ ရဲရှောင်အဖို့ အဆုံးမဲ့သည့်ပင်လယ်ကြီးအား ဖြတ်သန်းရမည်ဖြစ်ပါတော့သည်။
YOU ARE READING