1309-------1312

129 11 0
                                    

အခန်း (၁၃၀၉)(စာစဉ် ၉၄- အပိုင်း ၇)
“စကား အနည်းငယ်ပြောကြခြင်း”

“မင်းဘာကိုဆိုလိုတာလဲ သူ့ကိုပြန်မပို့ရင် ငါက ဘာလုပ်ရမှာလဲ . . .”

ဝတ်ရုံဖြူဝတ်လူမှ ပြောလိုက်သည်။

“သူက ဘယ်လောက်အားနည်းလဲဆိုတာ ကြည့်ပါ ဦး၊ သူ့ကို သေအောင်လုပ်ဖို့ဆိုရင် လက်တစ်ချောင်း တောင် မလိုဘူး လေနဲ့မှုတ်ပစ်ရင်တောင် တစစီဖြစ် အောင် လုပ်ပစ်လိုက်လို့ရတယ် . . .”

“ရှင်က ဒီရက်ပိုင်း ပိုပြီးတော့ ကြမ်းတမ်းသထက် ကြမ်းတမ်းနေတာပါလား၊ စီနီယာတစ်ယောက်အနေနဲ့ အိန္ဒြေရရ မနေနိုင်ဘူးလား၊ ကောင်လေးအတွက်ရော တစ်ခုခု လုပ်ပေးသင့်တယ်လို့ရော မထင်ဘူးလား . . .”

အမျိုးသမီးမှ မျက်စောင်းထိုးကာ ပြန်ပြောလိုက် ၏။

“ဘာလဲ ရှင်က အခုကျတော့ အတ္တကြီးသွားပြီလား ငတုံးငအ ပုံစံမျိုး လုပ်နေပြန်ပြီ . . .”

“သေစမ်း . . .”

အဖြူရောင်ဝတ်ရုံဝတ်လူမှ ရေရွတ်လိုက်သည်။

“ငါကငါ့မိန်းမကို ကြောက်တာနဲ့ပဲ ယောကျာ်းတွေ အားလုံးကို သိက္ခာကျစေတယ်လို့ သူက တွေးနေတာ လေ၊ အဲဒါတောင် မင်းက ငါ့ကို လက်ဆောင်ပေးစေချင် နေသေးတယ်ပေါ့၊ ပေးလိုက်ကာမှ ငါကတကယ့်ကို စီနီ ယာ ငတုံးတစ်ကောင် ဖြစ်မနေဘူးလား . . .”

အမျိုးသမီးမှ ရယ်မောလိုက်ရင်း -

“ဘဝဆိုတာ အကန့်အသတ်နဲ့ပါ တစ်ခါတစ်လေ တော့လည်း အဲဒီလို ငတုံးငအဖြစ်ရတဲ့ အတွေ့အကြုံ က ကောင်းပါတယ် မဟုတ်ဘူးလား . . .”

ဝတ်ရုံဖြူနှင့်လူလည်း ပြောစရာစကားမရှိတော့၍ ခေါင်းသာ ခါယမ်းလိုက်တော့သည်။

ထို့နောက် လေထဲမှ တစ်စုံတစ်ခုကို ဖမ်းယူလိုက် သလို ပုံစံမျိုး ပြုလုပ်လိုက်၏။

ထိုအခါ ထိုလူ၏ လက်ထဲ၌ အလင်းတန်းတစ်ခု လင်းလက်သွားသည်။

မည်သည့် အရာဆိုသည်ကိုမူ ရဲရှောင် အတိအကျ မသိသော်လည်း ထိုလူက ထိုအရာကို ရဲရှောင်၏ ခန္ဓာ ကိုယ်ထဲသို့ လက်ဝါးဖြင့် ရိုက်ထည့်ပေးလိုက်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now