အခန်း (၁၅၃၀)(စာစဉ် ၁၂၀- အပိုင်း ၁)
“စကားလုံးများ၏ စွမ်းအား”
ဆရာဂွမ်တို့အနားတွင် နောက်ထပ် ပိန်ပိန်ပါးပါး အဘိုးကြီးတစ်ဦး ရှိနေသေးသည်။ ထိုအဘိုးကြီးက သိုင်းလောကတွင် ထူးခြားသည့် ပုံစံရှိသည့် အဘိုးကြီးဟု ဆိုနိုင်သည်။
အဆိုပါ အဘိုးကြီးက ရဲရှောင်အား လှမ်းကြည့်နေပြီး -
“ဒီလောက်ဆို လုံလောက်ပြီ၊ သူက ငါတို့ယုံကြည်တဲ့လူ မဟုတ်ဘူးဆိုရင်တောင်မှပေါ့ . . .”
စင်စစ် အဘိုးကြီး၏အမည်မှာ ယန်ဖြစ်ပြီး ရွှေကြာပန်းခုနှစ်ပွင့်အနက် တစ်ပွင့်ဖြစ်သော ယန်မျိုးနွယ်စုမှပင် ဖြစ်၏။
ထိုအဘိုးကြီးလေးဦးလုံးမှာ မြေပြင်ပေါ်ရှိ အခြေအနေများကို ငေးကြည့်နေကြခြင်းဖြစ်သည်။ အထူးသဖြင့် ရဲရှောင်အား အာရုံစိုက်ကာ ကြည့်နေကြခြင်းပါပင်။
အားလုံးမှာ အမြင်စူးရှသူများပီပီ ဆရာရှောင်နှင့်အတူပါလာသည့် လူငယ်နှစ်ဦး၏ အခြေအနေကိုလည်း ကောင်းစွာ ရိပ်စားမိနေကြသည်။ ၎င်းတို့အဖို့ ထိုလူနှစ်ဦးကို မသိသည့်တိုင် ဧကရာဇ်ခန်းမရှိ မည်သူကမှ အဆိုပါ လူငယ်နှစ်ဦးကို မနိုင်နိုင်မှန်းကိုမူ ခန့်မှန်းမိလိုက်ကြ၏။
အကယ်၍ ဘူရှန်းဖန်နှင့် မန်ယုဂျန်ပေါင်း၍ တိုက်ခိုက်လျှင်ပင် ထိုလူငယ်နှစ်ဦးအနက်မှ တစ်ဦးကိုသာ ၎င်း တို့ တိုက်ခိုက်နိုင်ကြပေလိမ့်မည်။ ထို့ကြောင့် လူငယ်နှစ်ဦးသာ ဆရာရှောင်နှင့်အတူ ပူးပေါင်းတိုက်ခိုက်လိုက်ပါက ဧကရာဇ်ခန်းမက သေချာပေါက်ပင် ပျက်စီးသွားနိုင်ပေသည်။
ဤသည်က ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ရှိ ထိပ်တန်းပညာရှင်များ၏ စွမ်းအင်များပါပင်။
တကယ်တမ်းတွင် ထိုအချက်က အံ့ဩစရာတော့ မရှိပေ။ မော်တယ်ကမ္ဘာနှင့် ချင်းရန်နယ်ပယ်တွင်ဖြစ်စေ၊ ကောင်းကင်ဘုံအထက် လူသားနယ်ပယ်တွင်ဖြစ်စေ ထိပ်တန်းပညာရှင်များမှာ အဖွဲ့အစည်းကြီးတစ်ခုလုံးကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိကြသည် မဟုတ်ပါလား။
ထို့ကြောင့် အဘိုးကြီးလေးဦးလုံးမှာ လတ်တလော အခြေအနေများအရ လိုအပ်ပါက ဧကရာဇ်ခန်းမအား ကယ်တင်ရန် အသင့်ပင်ရှိနေကြ၏။ သို့သော် ရဲရှောင် မည်သို့ဆက်လုပ်မည်ကို သိလိုကြ၍ အချိန်ခဏမျှ စောင့်နေ ကြခြင်းဖြစ်သည်။
ထိုအချိန်တွင် ရန်သူများ တိုက်ခိုက်လိုက်ပါက ၎င်းတို့အနေဖြင့် ရန်သူသုံးဦးကို တွေဝေခြင်းအလျဉ်းမရှိ သတ်ဖြတ်ပစ်ကြမည်ဖြစ်သည်။ ဆရာရှောင်နှင့် သူ့လူများက ဧကရာဇ်ခန်းမအား ဖျက်ဆီးနိုင်စွမ်းရှိကြသလို အဘိုး ကြီးများမှာလည်း ရန်သူသုံးဦးအား ချက်ချင်းပင် သတ်ဖြတ်နိုင်စွမ်းရှိကြသည် မဟုတ်ပါလား။
ထိုစဉ် ဆရာရှောင်မှ ပြုံးလိုက်ရင်း -
“သခင်လေးရဲက ဉာဏ်အမျှော်အမြင်ရှိတဲ့ လူတစ်ယောက်ပဲ၊ ကျုပ်တို့က အခုမှ ပထမဆုံးအကြိမ်တွေ့တာ တောင် အထင်ကြီးလို့ မဆုံးဘူး ဒါပေမယ့် ကျုပ်တို့က ဒီမှာ ဘူရှန်းဖန်နဲ့ ပြဿနာကို အဆုံးသတ်ဖို့ရောက်လာကြ တာ၊ အဲဒီတော့ ကျေးဇူးပြုပြီး သခင်လေးက ကျုပ်တို့အပေါ် အခွင့်အရေးပေးပါလား . . .”
ထိုစကားက ဆရာရှောင်အဖို့ နောက်မဆုတ်နိုင်သလို ဖြစ်နေသည့်တိုင် ခြေတစ်လှမ်းဆုတ်၍ ရဲရှောင်အပေါ် လေးစားမှု ပြသလိုက်ခြင်းပင်ဖြစ်၏။
သို့သော် ရဲရှောင်က ခပ်ထေ့ထေ့ပြုံးလိုက်ရင်း -
“ဆရာရှောင် . . . ခင်ဗျားတို့နှစ်ယောက်ကြားက ပြဿနာက ပစ္စည်းလေးတစ်ခုကြောင့်ပဲ မဟုတ်လား . . .”
“လုပ်စမ်းပါ . . . သိပ်ပြီး ကြီးကြီးကျယ်ကျယ် ပြောမနေစမ်းပါနဲ့ . . .”
ရဲရှောင်၏ ထိုစကားကြောင့် ဆရာရှောင်မှ အေးစက်စက် အသံဖြင့် -
“ဪဟုတ်လား . . . ပစ္စည်းလေးတစ်ခုကြောင့်ပဲတဲ့လား၊ ဒါကပစ္စည်းလေးတစ်ခုတင်ပဲ မဟုတ်ဘူး ကျုပ် တို့ ဖြေကိုဖြေရှင်းရမယ့်ကိစ္စပဲ . . .”
“မဟုတ်သေးပါဘူး . . . ဘယ်လောက်တောင်မှ ကြီးကျယ်နေလို့လဲ၊ ခင်ဗျားတို့နှစ်ယောက်က ပစ္စည်းလေး တစ်ခုအတွက် ပြိုင်ဆိုင်ခဲ့ကြတာ မဟုတ်လား ဒါပဲလေ အဲဒါထက် ဘာပိုထူးနေလို့လဲ . . .”
ရဲရှောင်က ဆရာရှောင်အား မော့ကြည့်ကာ ပြောလိုက်သည်။
သို့သော် ရဲရှောင်၏ မျက်နှာဟန်ပန်က မည်သူ့ကို ဂရုမစိုက်သည့် ထီမထင်ဟန်မျိုး ပေါက်နေလေသည်။
“ခင်ဗျားတို့ကြားကကိစ္စတွေကို ကျုပ်သိပြီးသွားပြီ၊ သိတာမှ အသေးစိတ်အထိကို သိတာ ပြီးတော့ ခင်ဗျား တို့နှစ်ယောက် ပြောခဲ့တဲ့ စကားလုံးတိုင်းကိုလည်း ကျုပ်ကြားခဲ့တယ် . . .”
ရဲရှောင်က ဖြည်းညှင်းစွာဖြင့်သာ ပြောလိုက်၏။
“ပထမဆုံးအနေနဲ့ပြောချင်တာက ဒါကမျှတတဲ့ ပြိုင်ပွဲတစ်ခုဆိုတာပဲ ဒါပေမယ့် ဒါကိုခင်ဗျားတို့ကြားထဲက ကိုယ်ရေးကိုယ်တာ ကိစ္စလို့ သတ်မှတ်မယ်ဆိုရင်တော့ ခင်ဗျားတို့က တကယ်ကို အမြင်ကျဉ်းမြောင်းတဲ့လူတွေ ဖြစ် သွားပြီ . . .”
ရဲရှောင်က ဘူရှန်းဖန်ဘက်မှ ကာကွယ်၍ပြောနေသည့်တိုင် သူ့နှုတ်မှထွက်လာသည့် စကားလုံးတိုင်းက အမှန်တရားကိုသာ ပြောနေသည့် ပုံစံမျိုး ပြောနေခြင်းမှာ လွန်စွာ အထင်ကြီးစရာ ကောင်းလှသည်။
ထိုအချိန် တစ်ဖက်ရှိ ဆရာရှောင်မှာမူ သူ့ရင်ထဲရှိ ဒေါသများကိုသာ မြိုသိပ်ရင်း ဧကရာဇ်ခန်းမအား ခြုံငုံ ကြည့်လိုက်သည်။ ထို့နောက် အံတင်းတင်းကြည့်လိုက်ရင်း -
“လူတစ်ဖက်သားကို စော်ကားတဲ့နေရာမှာ ကျိုးကြောင်းဆီလျော်အောင် စော်ကားတတ်တယ်လို့ ပြောရ မယ် ဒါပေမယ့် စကားပြောတဲ့အခါမှာတော့ ခင်ဗျား ကြည့်ကြပ်ပြောသင့်တယ် . . .”
ရဲရှောင်က ထူးမခြားနားသည့် ဟန်မျိုးဖြင့် -
“ခင်ဗျားတို့က ဘဝက အေးအေးဆေးဆေးနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ရတော့ ဒီလိုမျိုး သာမန်ကိစ္စလေး ကိုတောင် ခင်ဗျားတို့က မခံမရပ်နိုင်ဖြစ်နေကြတာ . . .”
ရဲရှောင်၏ စကားက အရှိုက်ထိမှန်သွားစေ၍ ဆရာရှောင်မှ အံတင်းတင်းကြိတ်လိုက်ပြန်ရင်း -
“လုပ်ပါဦး . . . ခင်ဗျား ဘာဆက်ပြောမလဲဆိုတာ ကျုပ်နားထောင်ချင်သေးတယ် . . .”
“ကောင်းပြီလေ . . . ဒါဆိုလည်း ပြောရသေးတာပေါ့၊ စိတ်တော့ မဆိုးနဲ့ . . .”
“အရာရာတိုင်းမှာ အကျိုးနဲ့အကြောင်းဆိုတာရှိတယ်၊ ခင်ဗျားရဲ့ ပုလွေက ကျိုးသွားတယ် အဲဒါကြောင့်မလို့ ခင်ဗျားက အဲဒါကိုပြန်ပြင်ဖို့ ပစ္စည်းတွေ လိုအပ်နေတယ်၊ ဒါကအကြောင်းနဲ့အကျိုးရဲ့ သက်ရောက်မှုပဲ . . .”
“ခင်ဗျားကတော့ ဒီသတ္တုကို ခင်ဗျားရသင့်တယ်လို့ ထင်မှာပေါ့ ဒါပေမယ့် ဒါကခင်ဗျားအမြင်လေ၊ သတ္တုကို အရမ်းလိုအပ်နေတဲ့ ခင်ဗျားအတွက် ခင်ဗျားလမ်းကို ပိတ်ဆို့လာတဲ့ ဘယ်သူ့ကိုမဆို ခင်ဗျား ခွင့်လွှတ်နိုင်မှာ မဟုတ် ဘူး၊ ခင်ဗျားက ခင်ဗျားလိုချင်တာကို ရကိုရရမယ်လို့ စိတ်ပိုင်းဖြတ်ပြီးသား . . .”
ရဲရှောင်မှ တိကျသော စကားလုံးများဖြင့် ထောက်ပြပြောဆိုလိုက်သည်။
“ဒါပေမယ့် ဘူရှန်းဖန်ရဲ့ဓားကလည်း ကျိုးနေတယ် အဲဒီတော့ ခင်ဗျားလိုပဲ ဒီသတ္တုကို သူလိုအပ်တယ်၊ ဒါ ကလည်း သူ့အတွက် အကျိုးနဲ့အကြောင်းပဲ၊ ခင်ဗျားတို့နှစ်ယောက်လုံးက လိုချင်နေတော့ နှစ်ယောက်လုံးက တစ် ဖက်နဲ့တစ်ဖက် ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး . . .”
“လူကောင်းဖြစ်မလား လူဆိုးဖြစ်မလားဆိုတာကို ကိုယ်ကိုယ်တိုင်ပဲ ရွေးချယ်ရတယ်၊ ကိုယ့်စိတ်က အဓိက ပဲ၊ ဆရာရှောင် ခင်ဗျားက ဒီကမ္ဘာမှာ နာမည်ကြီးလူတစ်ယောက်ပဲ၊ ခင်ဗျားက ခင်ဗျားရဲ့ ပုလွေကြောင့် အဲဒီလို နာမည်ကျော်တာလား မဟုတ်သေးဘူးနော် မဟုတ်သေးဘူး ခင်ဗျားရဲ့ ပုလွေက ဒီအတိုင်း တူရိယာပစ္စည်းလေး တစ်ခုသက်သက်ပဲ . . .”
“အဲဒါရှိနေလို့ ခင်ဗျားက ဆရာရှောင်ဖြစ်သလို တကယ်လို့ အဲဒီပစ္စည်းလေးမရှိရင်လည်း ခင်ဗျားက ဆရာ ရှောင် ဖြစ်နေဦးမှာပဲ၊ ခင်ဗျားကို နာမည်ကျော်ကြားစေတာက ဘယ်အရာကြောင့်မှ မဟုတ်ဘူး၊ ခင်ဗျားကိုယ်တိုင် ကြောင့်ပဲ . . .”
“ခင်ဗျားကတော့ ပြောလိမ့်မယ် သာမန်ပုလွေကိုသုံးမယ်ဆိုရင် ဒီလောက်ထိ နာမည်မကျော်လာနိုင်ဘူးလို့ ပြောလိမ့်မယ် ဒါပေမယ့် ကျုပ်ကတော့ အဲဒီလိုမထင်ပါဘူး ခင်ဗျားရော တကယ်အဲဒီလိုထင်လို့လား . . .”
ထိုစကားများကြောင့် ဆရာရှောင် ပြောစရာစကား ပျောက်ရှသွားသည်။ ခဏတာမျှလည်း နှုတ်ဆိတ်သွားမိ ၏။ စင်စစ် ရဲရှောင်၏စကားများနှင့် ပတ်သက်၍ သူငြင်းချက်မထုတ်နိုင်ခြင်းပါပင်။
“ဆရာရှောင် . . .”
“ခင်ဗျား စဉ်းစားဖူးလား ဒီဓားက ဘူရှန်းဖန်အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကိုလေ၊ ဒီဓားက သူ့ လက်နက်ဖြစ်ရုံတင်မကဘူး သူ့အသက်လိုလည်း ဖြစ်နေတဲ့ဓားပဲ၊ သူက ကျင့်ကြံမှုပညာရှင်တစ်ယောက် ပြီးတော့ အဆုံးမဲ့ပင်လယ်ထဲက စိန်ခေါ်မှုတွေနဲ့ ပြည့်နေတဲ့ သိုင်းလောကထဲမှာ ရှင်သန်နေရတာ . . .”
“လက်နက်ကောင်းတစ်ခုက သိုင်းလောထဲက ပညာရှင်တစ်ယောက်အတွက် သိပ်ကိုအရေးပါလွန်းတယ်၊ ပညာရှင်ကောင်းတစ်ယောက်အတွက် သူ့ဘဝတစ်လျှောက်လုံး အတူရှိရမယ့် လက်နက်က ဘယ်လောက်အရေးပါ လဲဆိုတာကို ခင်ဗျား တွေးကြည့်ပေးမိဖူးရဲ့လား၊ သူ့နေရာမှာကိုယ် ဝင်ကြည့်ပေးလိုက်ရင် ကိုယ်ချင်းစာတရားဆိုတဲ့ အကြောင်းကို ဘယ်စာအုပ်ထဲမှာမှ လိုက်ရှာဖတ်နေစရာ မလိုဘူး . . .”
“ဘူရှန်းဖန်အတွက် သူ့ဓားကို ပြင်ဆင်နိုင်မယ့် ပစ္စည်းကို လုယူသွားတဲ့လူက သူ့ရန်သူပဲ၊ အဲဒါကို ခင်ဗျား လက်ခံလား၊ ခင်ဗျားဆိုလည်း အဲဒီလို ဖြစ်မိမှာပဲလေ . . .”
ရဲရှောင်မှ ဆရာရှောင်အား စူးရှသော မျက်လုံးအစုံဖြင့်ကြည့်ကာ ပြောလိုက်သည်။
“ခင်ဗျားရဲ့ ပုလွေက ခင်ဗျားအတွက် အရေးကြီးသလို သူ့ဓားကလည်း သူ့အတွက် အရေးကြီးတယ်၊ ဒီနေရာ မှာ ဘယ်သူက ပစ္စည်းကို ပိုလိုအပ်လဲဆိုတာကိုတော့ ခင်ဗျားသိမယ်လို့ ကျုပ်ထင်ပါတယ် . . .”
ဆရာရှောင်မှာ အံတင်းတင်းကြိတ်လျက်သာ ရှိနေ၏။ သူ့အဖို့ ငြင်းချက်ထုတ်ချင်နေသည့်တိုင် မထုတ်နိုင် သည့် အခြေအနေပါပင်။
မည်သို့ပင်ဆိုစေကာမူ ဆရာရှောင် သူ့ပုလွေကို လိုအပ်နေခြင်းထက် ဘူရှန်းဖန်က သူ၏ဓားအတွက် သတ္တု ကို လိုအပ်နေခြင်းမှာ ပို၍ပင် ထင်ရှားနေပါတော့သည်။
![](https://img.wattpad.com/cover/350267301-288-k402189.jpg)
YOU ARE READING