အခန်း (၁၃၃၅)(စာစဉ် ၉၆- အခန်း၅)
“လာရောက်တိုက်ခိုက်ခြင်း”စင်စစ် နေရောင်ဂိုဏ်းနှင့် ကြယ်ရောင်ဂိုဏ်းတို့မှ အပြင်ဘက်၌ ရှိနေသော ဂိုဏ်းသားများမှာ ၎င်းတို့၏ ဂိုဏ်းချုပ်များ ပျောက်ဆုံးနေသည်ကို မသိကြပေ။
သူတို့ လုပ်စရာရှိသည်များကို ဆက်၍ လုပ်ဆောင် နေခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ၎င်းတို့၏ အကြံအစည် စတင်သည့်အချိန် မှာပင် မမျှော်လင့်ဘဲ ပေါက်ကြားခဲ့ပြီး ပြဿနာတစ်ခု ဖြစ်လာခဲ့ရသည်။
၎င်းတို့အနက် အုပ်စုတစ်စုမှာ ပိုင်ရှင်းယွဲ့နှင့် ဝရမ် ချူးချူးတို့၏ နောက်သို့ လိုက်ပါဖမ်းဆီးရင်း အချိန်နှင့် လူအင်အားများပါ ကုန်ဆုံးခဲ့ရသည်။
နောက်ဆုံးတွင် ရဲရှောင် ရောက်ရှိလာပြီး ထိုဂိုဏ်း နှစ်ခုမှ လူများကို သတ်ဖြတ်ပစ်ခဲ့သည်။
ထို့ပြင် ယွဲ့ရှောင်၊ ယွဲ့ဟန်၊ ရဲနန်ရှန်နှင့် ယွဲ့ဂေါင်ရွှဲ့ တို့ကို သတ်ဖြတ်ရန်လည်း ပိုမိုအင်အားကြီးသည့် လူ များကို စေလွှတ်ခဲ့ကြပါသေးသည်။
သို့သော် ထိုလူများက မော်တယ်ကမ္ဘာ၏ စစ်နတ် ဘုရားဖြစ်ခဲ့ဖူးသူ ရဲနန်ရှန်ကို လျှော့တွက်မိခဲ့ကြသည်။
ထို့ကြောင့် လျှို့ဝှက်အဖွဲ့ကြီးမှ လူများသာ ရောက် မလာပါက ထိုဂိုဏ်းနှစ်ခုမှ လူများမှာ အမွှာညီအစ်မနှစ် ဦး၏ သတ်ဖြတ်ခြင်းကို ခံရသည်မှာ ကြာနှင့်ချေပြီ။
သို့သော် လျှို့ဝှက်အဖွဲ့ကြီး ရုတ်တရက် ရောက်ရှိ လာပြီး ညီအစ်မနှစ်ဦးကို အရေးနိမ့်စေခဲ့သည်။
ထိုအချိန် လိဝူလျန် ရောက်ရှိလာပြီး ညီမနှစ်ဦးအား အနားရစေခဲ့၏။
နောက်ဆုံးတွင် လိဝူလျန်နှင့် ညီအစ်မနှစ်ဦး ပေါင်း ၍ တိုက်ခိုက်သည့်တိုင် လျှို့ဝှက်အဖွဲ့ကြီးမှာ အင်အား ကြီးလွန်းလှ၍ အရေးနိမ့်တော့မလိုပင် ဖြစ်ခဲ့ရသည်။
ကံကောင်းစွာဖြင့်ပင် ထိုအချိန်၌ ရှောင်ဧကရာဇ် ရောက်လာပြီး ထိုလူများမှာ အပြတ်ရှင်းခံလိုက်ရတော့ သည်။
ထိုကဲ့သို့ အုပ်စုနှစ်စု အပြတ်ရှင်းခံရသည့်တိုင် ၎င်း တို့အတွက် ဆုံးရှုံးမှု ကြီးမားသည်ဟု မဆိုနိုင်သေးပေ။
တိုက်ပွဲအတွင်း လူအများ ဆုံးရှုံးရခြင်းမှာ ဖြစ်လေ့ ဖြစ်ထရှိသော ကိစ္စပင် မဟုတ်ပါလား။
သို့သော် တိုက်ပွဲအခြေအနေကိုပင် သတင်းပို့မည့် လူမရှိတော့၍ ဂိုဏ်းနှစ်ခုမှ ခေါင်းဆောင်ပိုင်းများအဖို့ စိုးရိမ်လာခဲ့ကြသည်။
(သူတို့ ဘာဖြစ်ကုန်ကြတာလဲ . . .)
(သူတို့တွေ ဘာဖြစ်မှန်းမသိဘဲ ငါတို့တွေ နောက် တစ်ဆင့်ကို ဆက်လုပ်ခိုင်းလို့ မဖြစ်ဘူး . . .)
(အခုချိန်မှာ နောက်တစ်ဆင့်အတွက် ဘာအစီစဉ်မှ လည်း မရှိသေးဘူး၊ ငါတို့တွေ အခြေအနေကို သိရဖို့ လိုအပ်တယ် . . .)
သို့သော် အခြေအနေကို သိရန်အတွက် လူများ လွှတ်၍ စုံစမ်းခိုင်းခဲ့ကြသည့်တိုင် မည်သည့်သဲလွန်စမှ မရခဲ့ပေ။
အုပ်စုနှစ်စုမှလူများမှာ လေထဲ၌ ပျောက်ကွယ်သွား သလိုပါပင်။
နောက်ဆုံးတွင် ၎င်းတို့မှာ အမှောင်တောအုပ်ထဲ၌ တစ်စုံတစ်ခုကို တွေ့ရှိခဲ့ကြသည်။
ချင်းဟွာနန်းတော်မှ ရဲမြို့တော်သို့ သွားသည့် လမ်း တွင် ဂိုဏ်းနှစ်ခု ပိုင်ဆိုင်သည့် အရာအချို့ကို တွေ့ရှိခဲ့ရ ခြင်း ဖြစ်သည်။
သို့သော် အလောင်းများမှာမူ မရှိ၊ ပျောက်ချင်းမလှ ပျောက်နေလေသည်။
ထို့ကြောင့် ရှုပ်ထွေးလှသော အခြေနေများကြောင့် အားလုံးမှာ နားမလည်နိုင် ဖြစ်သွားကြတော့သည်။
လူအများ သေဆုံးသွားကြသည်ဆိုလျှင် အလောင်း များက မည်သည့်နေရာသို့ ရောက်ရှိသွားပါသနည်း။
ထိုမေးခွန်း၏ အဖြေကို မည်သူမှ နားမလည်နိုင်ကြ တော့ချေ။
အသက်ရှင်နေသည့် လူများ ပျောက်ဆုံးနေသကဲ့သို့ သေဆုံးသွားသည့် လူများလည်း ပျောက်ဆုံးနေသည် မဟုတ်ပါလား။
၎င်းတို့ဂိုဏ်းနှစ်ခု၏ ပြီးပြည့်စုံသော အကြံများကို မည်သူကများ ဖျက်ဆီးလိုက်ပါသနည်း။
ထိုအချက်များကို သိနိုင်ရန်အတွက် ဂိုဏ်းနှစ်ခုလုံး မှ သူတို့၏ လူများကို လွှတ်၍ စုံစမ်းခိုင်းခဲ့ကြသည့်တိုင် အားလုံးမှာ ထိတ်လန့်နေကြသည်။
အကြောင်းမှာ ဂိုဏ်းနှစ်ခုမှ လူများအား သတ်သွား သည့် လူကို ကြောက်ရွံ့နေကြခြင်း ဖြစ်သလို သူတို့၏ အကြံအစည်ကို သိသွားသည့် တိမ်မြူခိုးနန်းတော်ကို ကြောက်ရွံ့နေကြခြင်းလည်း ဖြစ်၏။
ထိုအချိန်မှာပင် ၎င်းတို့ ရင်မဆိုင်ရဲသည့် နေ့ရက် များက မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတော့သည်။
ထိုအရာက နေရောင်ဂိုဏ်းသို့ စတင်ရောက်ရှိလာ ခြင်းပါပင်။
ထိုနေ့ရက်တွင် နေရောင်ဂိုဏ်းမှ ဂိုဏ်းသားများမှာ ပုံမှန်အတိုင်းပင် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။
ထိုစဉ် ရုတ်တရက် ပေါက်ကွဲသံများ ကြားလိုက်ရ ပြီး နေရောင်ဂိုဏ်း တည်ရှိရာ တောင်ကြောကြီး တစ်ခု လုံး တုန်ခါသွား၏။
ထို့ကြောင့် နေရောင်ဂိုဏ်း၏ ဝင်ပေါက် ဂိတ်တံခါး ကြီးမှာ တစစီ ဖြစ်သွားသည်။
၎င်းတို့၏ ဝင်ပေါက်အား အင်အားကြီးသည့် အကာ အကွယ်များဖြင့် ကာရံထားခဲ့သည့်တိုင် ယခုလို ပျက်စီး သွားရခြင်း ဖြစ်သည်။
လူတစ်ဦးအတွက် ထိုအကာအကွယ်ကို ဖျက်ဆီး ရန်မှာ မဖြစ်နိုင်၊ ခက်ခဲလှသည်။
ထိုသို့ဆိုလျှင် မည်သို့ ဖြစ်သွားရပါသနည်း။
အကာအကွယ်ကို ယခုကဲ့သို့ ဖြစ်အောင် ချိုးဖျက် လိုက်သည့် လူက သေချာပေါက်ပင် အစွမ်းထက်သည့် လူဖြစ်နိုင်ကြောင်း သုံးသပ်လိုက်ကြသည်။
နေရောင်ဂိုဏ်းမှ လူများလည်း သတိလက်လွတ် မပြုမူဝံ့ကြတော့ချေ။
ထို့ကြောင့် တစ်ယောက်ပြီး တစ်ယောက်ဆိုသလို သတိကြီးကြီးထားကာ ဝင်ပေါက်ရှိရာသို့ ပျံသန်းသွား လိုက်ကြ၏။
ထိုအခါ ဖုန်မှုန့်များအကြားတွင် လှပသော အဖြူ ရောင် အရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ထိုပုံရိပ်မှာ အဖြူရောင် မျက်နှာဖုံး တပ်ဆင်ထား သော အမျိုးသမီးတစ်ဦး ဖြစ်ပြီး နေရောင်ဂိုဏ်းထဲသို့ အသာအယာပင် ဝင်ရောက်လာခဲ့သည်။
အဆိုပါ အမျိုးသမီးမှာ သွယ်လျသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ခန္ဓာကိုယ် တစ်ခုလုံး၌လည်း အေးစက် သော ချီဓာတ်များက လွှမ်းခြုံထားသည်။
“ဘယ်သူလဲ ကျူးကျူးကျော်ကျော်နဲ့ . . .”
စိတ်မထိန်းနိုင်သော လူတစ်ဦးမှ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
အဖြူရောင် ဝတ်ရုံနှင့် မိန်းကလေးမှာမူ စကားတစ် လုံးမှ မပြောဘဲ သူမကို လှမ်းအော်သည့် လူထံသို့သာ လက်ဝါးရိုက်ချက်တစ်ချက် ရိုက်ထုတ်လိုက်သည်။
“ဘုန်း . . .”
ထိုရိုက်ချက်ကြောင့် အစောပိုင်းက အော်ခဲ့သော လူမှာ တစစီ ဖြစ်သွားရတော့သည်။
ထို့နောက် မိန်းကလေးမှာ ဝင်ပေါက်မှ တစ်ဆင့် တောင်ပေါ်သို့ တဖြည်းဖြည်း တက်သွားလိုက်သည်။
ထိုသို့သွားနေစဉ် လမ်းတစ်လျှောက် သူမကို ဟန့် တားသည့် လူများကိုလည်း သတ်ဖြတ်ခဲ့ပါသေးသည်။
ထိုအဟန့်အတားများကြောင့် သွားရာလမ်းကို ရပ် တန့်ခြင်းလည်း မရှိသလို အလျင်လိုနေခြင်းလည်း မရှိ။
မည်သည့် စကားမှ မပြောဘဲ လမ်းတွင် ပိတ်နေ သည့် လူများအား လက်ဝါးရိုက်ချက်ဖြင့်သာ ဖြေရှင်း သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
သူမ၏ ထိုရိုက်ချက်ဖြင့် ခံခဲ့ကြရသည့် မည်သူမဆို နောက်ဆုံးတွင် သေဆုံးခဲ့သည်ချည်းသာ။
ထို့ကြောင့် ရာနှင့်ချီသော ဂိုဏ်းသားများမှာ သူမ သွားရာ လမ်းတစ်လျှောက် သေဆုံးခဲ့ရပါတော့သည်။
ထိုသို့ဖြင့် နောက်ဆုံးတွင် သူမမှာ ပင်မအဆောက် အအုံရှိရာသို့ ရောက်ရှိသွားသည်။
ထိုအခါ နေရောင်ဂိုဏ်း၏ သက်ကြီးပညာရှင်များ နှင့် ထိပ်တန်းပညာရှင်များမှာ မိန်းကလေးအား ရပ် တန့်ရန် ရောက်ရှိလာကြသည်။
“ဘယ်သူလဲ . . .”
“မင်းဘယ်သူလဲ . . .”
နေရောင်ဂိုဏ်းမှ သက်ကြီးပညာရှင် ၅ ဦးလုံးမှာ မိန်းကလေးအား ကြည့်ကာ မေးလိုက်၏။
ထိုမိန်းကလေးကို ကြည့်ရင်း သူတို့စိတ်ထဲ ရင်းနှီးမှု ကို ခံစားလိုက်ရသည့်တိုင် မသေချာ ဖြစ်နေကြသည်။
သူတို့ သိထားသည့် မိန်းကလေးက အမြဲလိုလို အနက်ရောင်ဝတ်ရုံကိုသာ ဝတ်ဆင်တတ်သည် မဟုတ် ပါလား။
သို့သော် ယခု မိန်းကလေးမှာ အဖြူရောင် အဝတ် အစားများကိုသာ ဝတ်ဆင်ထားပြီး မျက်နှာကိုလည်း မျက်နှာဖုံးဖြင့် ကာရံထား၏။
အငွေ့အသက်ချင်းက ဆင်တူနေသည့်တိုင် ပုံစံက မူ ကွဲပြားလွန်းနေခြင်း ဖြစ်သည်။
“ကျွန်မ ဘယ်သူလဲ ဟုတ်လား၊ ရှင်တို့က ကျွန်မ ကိုတောင် မမှတ်မိကြတော့ဘူးပေါ့ . . .”
အဖြူရောင်ဝတ် မိန်းကလေးမှ ခေါင်းကိုမော့ကာ သက်ကြီးပညာရှင် ၅ ဦးအား စူးစိုက်ကြည့်၍ မေးလိုက် သည်။
ထို့နောက် သူမမှ အေးစက်စက်ဖြင့်ပင် -
“ဘာလဲ ဆုံတာတောင် သိပ်မကြာသေးဘူးလေ ဘယ်လိုဖြစ်လို့ မမှတ်ရတော့တာလဲ . . .”
ထိုအခါ နံပါတ်တစ် သက်ကြီးပညာရှင်ကြီး လိမှ ထိတ်လန့်သွားကာ -
“သခင်မ သခင်မ ရွှမ်ပိုင်လား . . .”
“ကျွန်မ ဘယ်သူလဲဆိုတာ မေးဖို့ လိုအပ်နေတယ် ဆိုတော့ ရှင်က အသက်ရှင်ရတာ ပျင်းနေတဲ့ လူပဲ ဖြစ် ရမယ် . . .”
မှန်ပေသည်။ ယခုရောက်လာသော အမျိုးသမီးက ရွှမ်ပိုင်ပင် ဖြစ်၏။
သူမ၏ ပုံစံက ပြဿနာများ ရှာဖွေရန် ရောက်လာ သည့် ပုံပါပင်။
ယခင်နေ့ရက်များတွင် ရွှမ်ပိုင်က အနက်ရောင် ကိုသာ အမြဲတစေ ဝတ်ဆင်တတ်ပြီး ယခုအခါ နှင်းကဲ့ သို့ စွတ်စွတ်ဖြူသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင် ထားသည်။
ထို့ပြင် ယခင်အခေါက် သူမ နေရောင်ဂိုဏ်းထံသို့ ရောက်လာတုန်းက ယခုလောက်ထိ လူအများအပြား သတ်ဖြတ်ခဲ့ခြင်း မရှိပေ။
သို့သော် ယခုအကြိမ်တွင်မူ သူမလမ်းကို ပိတ်ဆို့ခဲ့ သည့် လူမှန်သမျှကို လက်မရွံ့တမ်း သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
“ရွှမ်ပိုင် . . .”
လိမှ ဒေါသတကြီး အော်ဟစ်လိုက်၏။
“နေရောင်ဂိုဏ်းက တိမ်မြူခိုးနန်းတော်ကို ဘယ် တုန်းကမှ ဆန့်ကျင်မှု မလုပ်ခဲ့ဘူး ဒါပေမယ့် မင်းအခု ဘာလုပ်တာလဲ၊ ဒါကမင်းဒီကို ဒုတိယအကြိမ်လာပြီး သတ်ဖြတ်တာပဲ . . .”
“ဘာကြောင့်လဲ ငါတို့ကို အပျော်လာပြီး အနိုင်ကျင့် နေတာလား . . .”
“ဘယ်တုန်းကမှ တိမ်မြူခိုး နန်းတော်ကို မဆန့် ကျင်ခဲ့ဘူး ဟုတ်လား ဟား ဟား ဟား . . .”
ရွှမ်ပိုင်မှ အေးစက်စက် ရယ်မောရင်း ပြောလိုက် သည်။
“လိဖေ့ချန် . . .”
“ကျွန်မက ရှင်တို့အတွက် အရူးတစ်ယောက်လိုပဲ လား ဒါမှမဟုတ် ရှင်တို့က ရူးချင်ယောင်ဆောင်နေကြ တာလား . . .”
“ဘာ နေရောင်ဂိုဏ်းကို အပျော်လာပြီး အနိုင်ကျင့် တယ် ဟုတ်လား . . .”
“ဒါဆိုရင် ကျွန်မရဲ့ လူတွေကို ရှင်တို့ သတ်တုန်းက ရှင်တို့ အပျော်တမ်း သတ်ခဲ့ကြတယ် ထင်တယ် . . .”
ရွှမ်ပိုင်မှ အေးစက်စက် ပြောလိုက်ပါတော့သည်။
YOU ARE READING