1199------1200

175 10 1
                                    

အခန်း (၁၁၉၉)(စာစဉ် ၈၆- အပိုင်း ၉)

“ဝရမ်ချူးချူး၏ ဗျူဟာ”

ပိုင်ရှင်းယွဲ့မှာ မြေအောက်ထဲသို့ လှိုဏ်ခေါင်းတူး နေလျက် ရှိသည်။

ထို့ကြောင့် နှစ်ယောက်လုံးမှာ မြေအောက်ထဲသို့ အသာအယာပင် နစ်မြုပ်ဝင်သွားကြလေသည်။

ထိုသို့ဖြစ်စေရန်လည်း သူမ၏ စိတ်စွမ်းအင်ချီဓာတ် များကို ခြေထောက်တွင် စုစည်းကာ အကာအကွယ် ပြု လုပ်ထားလေသည်။

ထို့ကြောင့် ထိုချီဓာတ် အကာအကွယ်ဖြင့် ထိတွေ့ သည့် မြေကြီးများသာမက ကျောက်ခဲများပါ တစစီပြို ကွဲသွားရသည်။

ခဏအကြာတွင် သူမတို့၏ ခြေထောက်အောက်၌ ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွား၍ နှစ်ဦးသားမှာ လျင်မြန် စွာဖြင့်ပင် မြေကြီးအောက်သို့ တိုးဝင်နိုင်ခဲ့ကြသည်။

အရာအားလုံးမှာ အဆင်ပြေချောမွေ့နေပြီး သူမတို့ ၏ ခန္ဓာကိုယ် တစ်ဝက်ခန့်မှာလည်း မြေကြီးထဲသို့ တိုး ဝင်ရောက်နေကြပြီ ဖြစ်သည်။

ထိုအချိန် ကောင်းကင်ထက်တွင် ရုတ်တရက် လေ ပြင်းများ တိုက်ခတ်လာပြီး မိုးကြိုးလျပ်စီးများ လင်း လက်လာကာ လူတစ်ယောက် ရောက်ရှိလာလေသည်။

ထိုလူမှ -

“ဘာမှ မတွေ့သေးဘူးလား . . .”

လေထဲရှိ လူမှလည်း မျက်မှောင်ကြုတ်လိုက်ပြီး -

“မီးတောက်တွေက နေရာအနှံ့မှာကို လောင်ကျွမ်း နေတာ ဒါပေမယ့် သူတို့ရဲ့ ခြေရာလက်ရာကို အခုချိန် အထိ မတွေ့ရသေးဘူး၊ ကျုပ် ကြည့်နေတဲ့ နေရာတစ် ဝိုက်မှာ သူတို့မရှိတာတော့ သေချာတယ် . . .”

ယခုမှ ရောက်လာသော လူက ဒေါသတကြီးဖြင့် -

“သေချာပေါက် မရှိဘူး ဟုတ်လား မင်းကိုယ်မင်း လည်း ကြည့်ပါဦး၊ လေထဲမှာ မျောလွင့်နေလိုက်တာ များ၊ မီးခိုးတွေက ဒီလောက် မွှန်ထူနေတာကို ဘယ်လို လုပ် သေသေချာချာ မြင်ရမှာလဲ၊ အရူးလိုပဲ အောက် လေးဘာလေးလည်း ခဏဆင်းကြည့်ပါဦးလား၊ တော် တော်ကို နမော်နမဲ့နိုင်တဲ့ကောင်တွေ . . .”

ထိုစကားကြောင့် လေထဲရှိ လူမှာ စိတ်အနှောက် ယှက် ဖြစ်သွားမိလေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now