1243------1244

156 10 1
                                    

အခန်း (၁၂၄၃)(စာစဉ် ၈၉- အပိုင်း ၁၁)
“ဖွင့်ဟဝန်ခံခြင်း”

နောက်တစ်ရက်တွင် ဖြစ်၏။
လဘုရင်မမှာ ထိပ်တန်း အစည်းအဝေး တစ်ခုကို ထပ်မံ၍ ပြုလုပ်ခဲ့ပြီး ကြေညာစရာ ရှိသည်များကို ကြေညာခဲ့လေသည်။
“ပထမအချက်အနေနဲ့ ချင်းဟွာနန်းတော်ရဲ့ နတ် သမီးဖြစ်တဲ့ ယွဲ့ဂေါင်ရွှဲ့က နန်းတော်ရဲ့ စည်းမျဉ်းကို ဖောက်ဖျက်ပြီး သူ့ရဲ့အပျိုစင်ဘဝကို ဆုံးရှုံးစေခဲ့တယ်၊ ဒါကြောင့် သူ့ကို အပြစ်ပေးခဲ့တယ်၊ ဒါပေမယ့် ၁၈ နှစ် ဆိုတဲ့ အချိန်တွေက သူ့ရဲ့အပြစ်တွေကို ဆေးကြောဖို့ လုံလောက်ပြီလို့ ထင်ပါတယ် . . .”
“သူက ဒီနန်းတော်မှာ ဆက်နေဖို့ ဆန္ဒမရှိတော့ ငါတို့ကလည်း ဆက်နေဖို့ မတားဆီးချင်တော့ဘူး၊ ဒီ နေ့ကစပြီး သူက ချင်းဟွာနန်းတော်ရဲ့ ဂိုဏ်းသူတစ်ဦး မဟုတ်တော့ဘူး၊ ချင်းဟွာနန်းတော်ရဲ့ စည်းမျဉ်းတွေ ကလည်း သူ့အပေါ် လွှမ်းမိုးမှုမရှိတော့ဘူး၊ ဒါကြောင့် အခုကစပြီး ချင်းဟွာနန်းတော်နဲ့ ယွဲ့ဂေါင်ရွှဲ့က လုံးဝ ပတ်သက်ဆက်နွယ်မှု မရှိတော့ဘူး၊ အရာအားလုံး ပြီး ဆုံးသွားပြီ . . .”
လဘုရင်မမှာ ပထမဆုံး ဆုံးဖြတ်ချက်ကို ခိုင်မာ ပြတ်သားစွာဖြင့် ကြေညာလိုက်၏။
ထို့ကြောင့် ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့ နှစ်ဦးပင် ဒေါ သတကြီးဖြင့် တိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြသည်။
သို့သော် အခြားလူများမှာ သူမတို့နှစ်ဦးအား စိတ် လျှော့ရန် ပြောဆိုကြပြီး ထိန်းထားကြလေသည်။
မိန်းကလေး နှစ်ဦးလည်း သူမတို့ ရင်ထဲရှိ ဒေါသ များကို ချုပ်တီး၍သာ ထားလိုက်ကြရတော့သည်။
(လဘုရင်မက အခုမှ ဒါတွေ ဘာလို့ လာပြောနေရ တာလဲ၊ နန်းတော်ထဲမှာ တိုက်ပွဲတွေ ဖြစ်သွားမှာကို သူနားမလည်ဘူးလား . . .)
“ယွဲ့ဂေါင်ရွှဲ့ကို ချင်းဟွာနန်းတော်က ပျိုးထောင် ပြုစုပေးခဲ့ပြီး ငါတို့ရဲ့ နတ်သမီးအဖြစ် ရှိခဲ့တယ်၊ အခု အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်လိုက်ရင် တခြားလူတစ်ဦး နဲ့ လက်ထပ်သွားလည်း ငါတို့နန်းတော်အတွက် ဘာ သိက္ခာကျစရာမှ မရှိတော့ဘူး၊ ဒါပေမယ့် လက်ထပ်ပွဲ မပြီးမချင်းတော့ ယွဲ့ဂေါင်ရွှဲ့နဲ့ ချင်းဟွာနန်းတော်က ပတ်သက်နေဦးမှာပဲ . . .”
“လက်ထပ်ပွဲကိုတော့ ရှေးရိုးဓလေ့ ထုံးတမ်းတွေ အတိုင်းပဲ ကျင်းပကြတာပေါ့၊ ပွဲအစီအစဉ်မှာပါဝင်မယ့် အချက်အလက်တွေကို လုံးဝမလွဲစေနဲ့ . . .”
“ချင်းဟွာပုလဲလုံး ၄ လုံး၊ သန့်စင်တဲ့ ကြာပန်း အစေ့ ၃ စေ့ နဲ့ ရေခဲအဆီအနှစ်ဝိညာဉ် ၁ ခု နောက်ပြီး ဝိညာဉ်ကျောက်တုံး အခု ၁၀၀၀၀ အဲဒါတွေကို လက် ဖွဲ့ပစ္စည်းအဖြစ် လက်ဖွဲ့ရမယ် . . .”
“နောက် ချင်းဟွာနန်းတော်ရဲ့ ရတနာသုံးခုဆီကို ယွဲ့ဂေါင်ရွှဲ့အနေနဲ့ ရွေးချယ်ပိုင်ခွင့်ရှိတယ်၊ သူ့ရဲ့အစေ ခံတွေကိုလည်း ခေါ်သွားလို့ရတယ် . . .”
ဒုတိယကြေညာချက်မှာမူ ကျေနပ်စရာကောင်းလှ သည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် ကြေညာချက် နှစ်ခုမှာ ကောင်းကင်နှင့် မြေကြီးအလား ကွာခြားလွန်းနေပေသည်။
“လက်ထပ်ပြီးရင် ယွဲ့ဂေါင်ရွှဲ့က ရဲနန်ရှန်ရဲ့ မိန်းမ ဖြစ်သွားပြီ၊ ရဲမျိုးနွယ်စုရဲ့ ချွေးမပေါ့၊ အဲဒါကြောင့် ချင်း ဟွာနန်းတော်နဲ့ ဘာမှ မသက်ဆိုင်တော့ဘူး၊ ချင်းဟွာ နန်းတော်ရဲ့ နာမည်ကိုသုံးပြီး သိုင်းလောကမှာ ကျင် လည်ခွင့် မရှိဘူး၊ ဒီစည်းမျဉ်းကို ဖောက်ဖျက်ရင်တော့ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ် . . .”
တတိယကြေညာချက်မှာလည်း အစွန်းနှစ်ဖက်ကဲ့ သို့ပင် ဖြစ်နေလေသည်။
ထိုအချိန်တွင် ချန်ပိုင်မေ့မှာမူ အပျော်ကြီးပျော်နေ လျက် ရှိ၏။
သူမ၏ အကြီးမားဆုံး ရန်သူတော်ကြီး ဖြစ်သည့် ယွဲ့ဂေါင်ရွှဲ့မှာ သူမ၏ မြင်ကွင်းမှ ထာဝရပျောက်ကွယ် သွားတော့မည် မဟုတ်ပါလား။
ထို့ကြောင့် ယွဲ့ဂေါင်ရွှဲ့ သေသေရှင်ရှင် သူမ သိနိုင် တော့မည် မဟုတ်ဘဲ ထပ်မံ ဆုံစည်းစရာအကြောင်း လည်း မရှိနိုင်တော့ပါပြီ။
(တော်တော်ကို ရူးမိုက်တဲ့ မိန်းမပဲ၊ သူက အချစ် အတွက်နဲ့ လဘုရင်မဆိုတဲ့ သရဖူကိုတောင် စွန့်လွှတ် ခဲ့တယ်၊ အချစ်ဆိုတာ သာမန် လူသားတွေအတွက်ပဲ အဓိပ္ပာယ်ရှိတာပါ၊ ဒါပေမယ့် သူကတော့ ဘုရင်မဖြစ် မယ့် အခွင့်အရေးကိုတောင် ဆုံးရှုံးခံခဲ့တယ်၊ အတော် ကို ရူးမိုက်တာပဲ . . .)
“စတုတ္ထအချက် လက်ထပ်ပွဲက လူတစ်ယောက်ရဲ့ ဘဝမှာ အရေးပါဆုံးအရာပဲ၊ အဲဒါကြောင့် ချင်းဟွာနန်း တော်က လူတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ငါတို့ရဲ့ ကလေး ယွဲ့ဂေါင်ရွှဲ့ကို အနွေးထွေးဆုံး ဆက်ဆံကြရမယ် . . .”
“ဒါကချင်းဟွာနန်းတော်ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး လက်ထပ်ပွဲလည်း ဖြစ်တယ်၊ ခြွင်းချက်ပြုခဲ့တဲ့ ကိစ္စ တစ်ခုပေါ့ . . .”
ထိုသို့ ပြောလိုက်ချိန် လဘုရင်မ၏ မျက်နှာက ပြုံး လျက် ရှိသော်လည်း သက်ကြီးပညာရှင်များမှာ သူမ၏ မျက်ဝန်းများထဲက စိုးရိမ်မှုများကို တွေ့မြင်နေရသည်။
ထို့အတူ သူမတို့၏ စိတ်ထဲ၌လည်း လဘုရင်မကဲ့ သို့ပင် စိုးရိမ်နေမိလေသည်။
(ဒုတိယ သခင်မတို့ဆီကလည်း ဘာမှ စာမလာ သတင်းမကြားသေးဘူး၊ ဒီလို အခြေအနေမှာ တခြား ဘာတွေကို အရေးစိုက်နေဦးမှာလဲ . . .)
(ယွဲ့ဂေါင်ရွှဲ့က ထွက်သွားဖို့ ဆုံးဖြတ်ပြီးမှ ငါတို့က လွှတ်လိုက်ရုံပေါ့၊ ဒီကိစ္စကိုအကြာကြီး အချိန်မဆွဲထား ရင် အကောင်းဆုံးပဲ . . .)
ထိုအတွေးကြောင့်သာ လူများမှာ လက်ထပ်ပွဲနှင့် ပတ်သက်၍ မဆန့်ကျင်ကြတော့ခြင်းပါပင်။
လက်ရှိတွင် သူမတို့၏ စိတ်ထဲ၌ သိုင်းလောကကြီး မည်သို့ ဆက်ဖြစ်လာမည်ကို သိလိုသည့် အတွေး တစ်ခုသာ ရှိနေခြင်း ဖြစ်သည်။
ထို့ပြင် မဖော်ပြနိုင်သော ကပ်ဘေးကြီး မည်ကဲ့သို့ အဆုံးသတ်သွားမည်ကိုလည်း သိချင်နေကြလေသည်။
ထိုအချိန် လဘုရင်မမှာ ကြေညာစရာ ရှိသည်များ ကို ကြေညာပြီးနောက် သူမ လက်ထဲ၌ ကျစ်ကျစ်ပါ အောင် ဆုပ်ထားသည့် စာလိပ်လေး တစ်ခုကို ဖြည်ချ လိုက်သည်။
ထို့နောက် လေသံခပ်အေးအေးဖြင့် -
“ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး တခြား မသက် ဆိုင်တဲ့ လူတွေရှိရင် ထွက်သွားလို့ ရပြီ . . .”
ထိုအမိန့်အဆုံး၌ သက်ကြီးပညာရှင် အဆင့်ထက် နိမ့်သည့် လူများမှာ ထွက်ခွာသွားကြတော့သည်။
ထို့ကြောင့် ကျန်ခဲ့သည်ဆို၍ ချင်းဟွာနန်းတော်၏ အရေးပါသော လူများသာ ဖြစ်ကြသည်။
လဘုရင်မမှာ ရှေ့ဆုံးတွင် ထိုင်လျက်ရှိပြီး ဂိုဏ်း၏ ခေါင်းဆောင်ပိုင်းများ အားလုံးကို တစ်ချက် လှမ်း၍ ဝေ့ကြည့်လိုက်သည်။
ကျန်လူများမှာလည်း လဘုရင်မ ဆက်ပြောလာ မည့် စကားကို နားစွင့်လျက် ရှိနေကြသည်။
ထိုစဉ် လဘုရင်မမှ -
“ဒီမှာ ငါခန်းမနှစ်ခု၊ နန်းတော်နှစ်ခုနဲ့ ဂိုဏ်းခုနှစ်ခု ဆီက သတင်းပို့ချက်တွေကို ရထားတယ် . . .”
ထိုစကားကြောင့် အားလုံးမှာ ထိတ်လန့်သွားကြ လေသည်။
“အနောက်ခန်းမက ပြောတာကတော့ သူတို့ရဲ့ လူ တွေဆီက အဆက်အသွယ်မရသလို အဲဒီလူတွေလည်း ဘယ်သူမှ ပြန်မရောက်လာဘူးတဲ့ . . .”
လဘုရင်မမှာ ဆက်၍ ပြောလိုက်၏။
ထိုအချိန် အားလုံးမှာ စိတ်လှုပ်ရှားနေကြပြီး သူတို့ ၏ စိတ်ထဲ၌ လေးလံသော ဖိအားများကိုလည်း ခံစား လိုက်ရသည်။
“အရှေ့ခန်းမက ပြောထားပုံအရဆိုရင်လည်း သူ တို့ရဲ့ လူတွေဆီက ဘာအဆက်သွယ်မှ မရသလို ပြန် လည်း မလာကြဘူး၊ သူတို့ လူတွေ ပျောက်နေတာ ၂၃ ရက် ရှိပြီတဲ့ . . .”
ပြောနေရင်းဖြင့် လဘုရင်မ၏ မျက်လုံးများ အေး စက်စက် ဖြစ်လာသည်။
“ငါတို့ရဲ့ အဖွဲ့က လွန်ခဲ့တဲ့ ၂၄ ရက်က ဆက်သွယ် ခဲ့တယ်၊ အရှေ့ခန်းမက လူတွေဆီက အဆက်အသွယ် မရတဲ့ အချိန်နဲ့ အတူတူလောက်ပဲ၊ ဒါကတိုက်ဆိုင်မှု လား ဒါမှမဟုတ် . . .”
ထိုအချိန် မည်သူမှ အသံမထွက်ကြတော့၊ အားလုံး နှုတ်ဆိတ်လျက်သာ ရှိနေသည်။
“ရေခဲလနန်းတော်ကလည်း စာပြန်လာတယ်၊ သူ တို့ရဲ့ ဂိုဏ်းချုပ် ယွဲ့ချန်းရှန်က ဂိုဏ်းသား ၁၆ ယောက် နဲ့အတူ ကောင်းကင်လှေကားကို သွားခဲ့တယ်၊ သူ လည်း ပျောက်နေပြန်တယ်၊ သူ့ဆီက ဘာသတင်းမှ မရသလို ဘယ်သူမှလည်း ပြန်မလာသေးဘူး၊ ရက်က တော့ စုစုပေါင်း ၂၇ ရက်ရှိပြီတဲ့ . . .”
“နေရောင်ဂိုဏ်းကလည်း ဒီလိုပဲ သူတို့ရဲ့ဂိုဏ်းချုပ် ဝုဟူရှန်နဲ့ . . .”
“ . . .”
လဘုရင်မမှာ ဂိုဏ်းအသီးသီးမှ ပြန်ကြားချက်များ အားလုံးကို ဖတ်ပြလိုက်လေသည်။
ကောင်းကင်လှေကားသို့ သွားကြသည့် ခန်းမနှစ်ခု နန်းတော်သုံးခုနှင့် ဂိုဏ်းခုနှစ်ခုမှ မည်သူမှ ပြန်ရောက် လာခြင်း မရှိကြပေ။
ထို့အတူ မည်သို့သော သတင်းစကားကိုမှ မကြား ရဘဲ စုံးစုံးမြုပ်နေလေသည်။
လဘုရင်မလည်း အေးစက်သော အသံဖြင့် -
“အားလုံးလည်း ငါဖတ်ပြတာကို ကြားမယ်ထင်ပါ တယ်၊ အဲဒါကြောင့် အခြေအနေက ဘယ်လောက်ထိ စိုးရိမ်ဖို့ ကောင်းနေပြီလဲဆိုတာကို အားလုံး သိကြမယ် လို့ မျှော်လင့်တယ် . . .”
“ချင်းရန်နယ်ပယ်က နှစ်ပေါင်းသောင်းချီပြီး ငြိမ်း ငြိမ်းချမ်းချမ်း ဖြစ်လာခဲ့တာ ဒါပေမယ့် ကမ္ဘာကြီးက အခုတော့ အစကနေ ပြန်စတော့မှာလား . . .”
လဘုရင်မမှ အားလုံးကို မေးလိုက်သလိုဖြင့် သူမ ကိုယ် သူမ မေးခွန်း ပြန်ထုတ်လိုက်၏။
ထို့နောက် လှောင်ပြုံးတစ်ချက် ပြုံးလိုက်ပြန်ရင်း ဒေါသတကြီးဖြင့် -
“ချင်းရန်နယ်ပယ်မှာ ဘာကိစ္စ ဖြစ်နေဖြစ်နေ ဂရု မစိုက်ဘူး၊ ဘာတွေပဲ ပြောင်းလဲသွားပါစေ ငါဂရုမစိုက် ဘူး ဒါပေမယ့် ချင်းဟွာနန်းတော်ကတော့ အရင်တိုင်း ပဲ ချင်းဟွာနန်းတော် ဖြစ်နေရမယ် . . .”
လဘုရင်မ၏ ထိုပြတ်သားလှသော အသံကြီးက ခန်းမအတွင်း မိုးကြိုးပစ်ချလိုက်သလိုပါပင်။
ထို့ကြောင့် လူတိုင်းမှာ ထိတ်လန့် ကြောက်ရွံ့သွား ကြလေသည်။
“ချင်းဟွာနန်းတော်က ကပ်ဘေးတစ်ခုခုနဲ့သာ ရင် ဆိုင်ရမယ်ဆိုရင် ငါတို့အားလုံး ကြံ့ကြံ့ခိုင် ရင်ဆိုင်ကြရ မယ် . . .”
လဘုရင်မမှ ဆက်၍ ပြောလိုက်၏။
“ငါတို့ ချင်းဟွာနန်းတော်က ဒီကပ်ဘေးကြောင့် ကံကြမ္မာဆိုး ဝင်လာမယ်ဆိုရင်လည်း အသက်ရှင်ဖို့ အတွက် ဘယ်သူမှ တောင်းပန်အောက်ကျနေတာမျိုး မလိုချင်ဘူး . . .”
“ငါတို့တွေက ကိုယ်ပိုင်ဆိုင်တဲ့ နယ်မြေကို ရာစုနှစ် ပေါင်းများစွာ အုပ်ချုပ်လာခဲ့ပြီးသွားပြီ၊ ငါတို့တွေက သာမန်မဟုတ်ဘူး၊ ကမ္ဘာကြီးက ကြောက်စရာကောင်း လာမယ် ဆိုရင်တောင် အဲဒီလို ကမ္ဘာကြီးထဲမှာ ငါတို့ တည်မြဲနိုင်အောင် ကြိုးစားရမယ်၊ အကယ်၍ မအောင် မြင်နိုင်ခဲ့ဘူး ဆိုရင်တောင် အနည်းဆုံးတော့ သိက္ခာ မကျဆင်းအောင် ကြိုးစားရမယ်၊ ငါတို့ရဲ့ ဘိုးဘေးတွေ ကို အရှက်ရအောင် မလုပ်ဘူး . . .”
“အားလုံး နန်းတော်မှာပဲ အသေခံရမယ်၊ ဒီနန်း တော်မှာ မွေးပြီး ဒီနန်းတော်မှာပဲ သေရမယ်၊ ချင်းဟွာ နန်းတော်က ကောင်းကင်ထက်မှာပဲ အမြဲတမ်း ရပ် တည်နေရမယ်၊ ချင်းရန်နယ်ပယ်ကြီး ပြိုကွဲသွားခဲ့ရင် တောင် ငါတို့ရဲ့ ဂုဏ်သိက္ခာက သမိုင်းမှာ အမြဲတမ်း ထင်ဟပ်နေရမယ်၊ ငါပြောသလိုပဲ ချင်းဟွာနန်းတော် ဆိုတာ ဘယ်တော့မှ အရှုံးမပေးဘူး၊ ဒါကနန်းတော် စတည်ထောင်ကတည်းက ပြိုကွဲမယ့်အချိန်ထိ နန်း တော် တစ်ခုလုံးရဲ့ သဘောထားပဲ . . .”
လဘုရင်မ၏ စကားများကြောင့် လူတိုင်း၏ သွေး များမှာ ဆူပွက်လာကြလေသည်။
“ရှေ့ဆက်ဖြစ်လာမယ့် အရာတိုင်းအတွက် ငါ့မှာ အဖြေတစ်ခုပဲ ရှိတယ် . . .”
ထိုအချိန် လဘုရင်မမှာ လူတိုင်း၏ မျက်နှာအား အေးစက်စက် ကြည့်လိုက်ပြီး ပြတ်သားစွာဖြင့် -
“ငါတို့တွေ အဆုံးစွန်ထိ တိုက်ခိုက်ကြရမယ် . . .”
“အဆုံးစွန်ထိ တိုက်ခိုက်ကြရမယ် . . .”
အမျိုးသမီးများ အားလုံးမှာလည်း တစ်ချိန်တည်း မှာပင် တညီတညွတ်တည်းဖြင့် ကျယ်လောင်စွာ အော် ဟစ်လိုက်ကြသည်။
သူမတို့မှာ အမျိုးသမီးများ ဖြစ်ကြသည့်တိုင် သိုင်း လောကအတွင်းရှိ ယောက်ျားသားများထက် မလျော့ သော စိတ်ဓာတ်ကြံ့ခိုင်မှုမျိုး ရှိကြ၏။
“သခင်မ ဒီလိုတွေ ဖြစ်နေမှတော့ ကျွန်မတို့တွေ လက်ထပ်ပွဲကို ရွှေ့ဆိုင်းလိုက်မလား ဒါမှမဟုတ် အ ကျဉ်းချုံးပဲ လုပ်လိုက်ကြမလား . . .”
“ရွှဲ့အာကလည်း ကျွန်မတို့ လက်ရှိ ကြုံတွေ့နေရ တဲ့ အခြေအနေတွေကို နားလည်မယ် ထင်ပါတယ်”
ဒုတိယ သက်ကြီးပညာရှင်မှ မျက်မှောင်ကြုတ် ပြောလိုက်သည်။
လူတိုင်းမှာလည်း သူမ၏ အတွေးကို ထောက်ခံ လိုက်ကြလေသည်။
(ငါတို့က တကယ့်အရေးကြီးတဲ့ အချိန်ကို ရောက် နေတာ၊ အဲဒီလို အချိန်မှာ ယွဲ့ဂေါင်ရွှဲ့ရဲ့ မင်္ဂလာပွဲကို ကြီးကြီးကျယ်ကျယ်သာ လုပ်လိုက်ရင် မသင့်တော်ရာ ရောက်မနေဘူးလား၊ လုပ်သင့်တာကိုပဲ လုပ်ရမှာပေါ့)
လဘုရင်မလည်း သက်ပြင်းချလိုက်ပြီး -
“ငါပြောသွားတာတွေ အားလုံးက ခွဲခြမ်းစိတ်ဖြာ ပြီးမှ ပြောသွားတာ၊ အခု ပြောလိုက်တဲ့ စကားတွေကို ဘယ်သူမှ သတင်းမဖြန့်ဖို့တော့ လိုတယ်၊ တကယ်လို့ သာ ကပ်ဆိုးကို ကျော်လွှားသွားနိုင်ရင် ငါပြောခဲ့တဲ့ အရာတွေက မလိုအပ်တဲ့ အရာတွေ ဖြစ်သွားမှာပဲ၊ အဲ ဒီလို မဟုတ်ဘဲ မကျော်လွန်နိုင်ခဲ့ဘူးဆိုရင်တော့ သေ ချာ နားထောင်ကြ ဒီအကြောင်းအရာတွေနဲ့ ပတ်သက် ပြီး သတင်းပြန့်ခဲ့ရင် သတင်းဖြန့်တဲ့လူက နန်းတော် ကနေ ထုတ်ပယ်ခြင်း ခံရမယ်၊ အဲဒီလူရဲ့ မိဘဆွေမျိုး တွေ အားလုံးလည်း ညဘက်တွေ ကောင်းကောင်းအိပ် ရမယ် မထင်နဲ့ . . .”
ထိုအမိန့်ကြောင့် အားလုံးမှာ ထိတ်လန့်တုန်လှုပ် သွားကြလေသည်။
“ဒီလို အခြေအနေမျိုး တစ်ခါမှ မဖြစ်ဖူးဘူး၊ ဘယ် သူမှလည်း ဒီလိုဖြစ်လာမယ်လို့ သတိမပြုမိခဲ့ကြဘူး၊ ဒီလို ဖြစ်အောင် လုပ်နိုင်တဲ့လူက ကမ္ဘာကြီးကို ပြောင်း လဲနိုင်စွမ်းရှိတဲ့ အဖွဲ့စည်းကြီး တစ်ခုပဲ ဖြစ်ရမယ်၊ အဲဒါ ကြောင့် ငါတို့ ချင်းဟွာနန်းတော်က အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမယ် ဆိုရင်တောင် ကောင်းမွန်တဲ့ ရလာဒ်ဖြစ် လာနိုင်လားဆိုတာ ငါလည်း သေချာမသိဘူး . . .”
လဘုရင်မမှ ဆက်၍ ပြောလိုက်၏။
“ဒီလို အခြေအနေမှာ ငါတို့တွေ မင်္ဂလာပွဲကြီးကို ကျင်းပရမယ် ဘာလို့လဲဆိုတော့ ပထမဆုံးအချက်က ကမ္ဘာကြီးမှာ ငါတို့ရဲ့အင်အား ဘယ်လောက်ကြီးမား လဲဆိုတာကို ပြသရမယ်၊ ငါတို့ကို ဆန့်ကျင်တဲ့ လူမှန် သမျှ ဖိန့်ဖိန့်တုန်သွားစေရမယ် . . .”
“ဒုတိယအချက် ယွဲ့ဂေါင်ရွှဲ့က ချင်းဟွာနန်းတော် နဲ့ ပတ်သက်မှု မရှိဘူးဆိုတာ တစ်ကမ္ဘာလုံးသိအောင် လုပ်ရမယ်လေ . . .”
“ငါတို့တွေ ဒီကပ်ဆိုးကြီးကနေ လွတ်မြောက်သွား ရင် ယွဲ့ဂေါင်ရွှဲ့ကလည်း ငါတို့မိသားစုဝင် ဖြစ်တော့မှာ မဟုတ်ဘူး အဲဒီအချိန်မှ သူ့ကို မင်္ဂလာပွဲလုပ်ပေးရမှာ လည်း မသင့်တော်ပြန်ဘူး၊ နောက်ပြီး ချင်းဟွာနန်း တော်က ဒီကပ်ဘေးကြီးကနေ လွတ်မြောက်နိုင်မယ် လို့လည်း အာမမခံနိုင်ဘူးလေ . . .”
လဘုရင်မမှ လေးနက်မှုအပြည့်ဖြင့် ပြောလိုက်၏။
“အရာအားလုံး အဆုံးမသတ်ခင်၊ ငါတို့အားလုံး သေသွားရင် နန်းတော်ကနေ ထုတ်ပယ်ခြင်းခံရမယ့် ယွဲ့ဂေါင်ရွှဲ့က ချင်းဟွာနန်းတော်ရဲ့ နောက်ဆုံး နတ် သမီး ဖြစ်သွားနိုင်တယ်၊ သူက ငါတို့ရဲ့ နတ်သမီး ဖြစ်ခဲ့ တာပဲ မဟုတ်လား၊ သူက ကျင့်ကြံမှုပိုင်းမှာ အားနည်း နေသေးပေမယ့် ချင်းဟွာနန်းတော်ရဲ့ ကျင့်စဉ်နီးပါး အားလုံးကို သိနေတယ်လေ၊ အဲဒါကြောင့် သူ့ကိုငါ ရဲနန်ရှန်နဲ့ မထည့်ချင်ခဲ့တာပဲ . . .”
“ဒါပေမယ့် အခြေအနေတွေက ပြောင်းလဲသွားပြီ၊ ဘာမှဖြစ်မလာခင် သူ့ကို ချင်းဟွာနန်းတော်ရဲ့ အမွေ အနှစ်တွေ ရရှိသွားစေချင်တယ်၊ နန်းတော်အပေါ် သူ ဘယ်လိုပဲ သဘောထားပါစေ သူ့ရဲ့ရင်ထဲမှာတော့ ဒီ အရာတွေက ရှိနေမှာပဲလေ . . .”
လဘုရင်မမှ သက်ပြင်းချလိုက်ပြန်ရင်း -
“ဒါကငါတို့ရဲ့ နောက်ဆုံးအဆင့်ပါ . . .”
သက်ကြီး ပညာရှင်များ အားလုံးမှာ ထိတ်လန့် တုန်လှုပ်နေကြလေသည်။
လဘုရင်မမှ ယခုလောက်ထိ အနာဂတ်ကို ကြို၍ တွေးထားလိမ့်မည်ဟု သူတို့ မထင်ထားမိခဲ့ကြပေ။
ကပ်ဘေးကြီး ကျရောက်လာ၍ ချင်းဟွာနန်းတော် မည်သို့ ရင်ဆိုင်ရပါစေ လဘုရင်မမှာ ထိုအခြေအနေ များအားလုံးထိ ပြင်ဆင်ထားနှင့်ပြီးသား ဖြစ်နေသည်။
နန်းတော် တစ်ခု၏ အမွေအနှစ်ဆိုသည့် အရာမှာ ပေါ့ပေါ့သေးသေးတော့ မဟုတ်ချေ။
အကယ်၍ ထိုအမွေအနှစ်သာ အဆက်ပြတ်သွားပါ က ၎င်းတို့၏ မျိုးဆက်မှာလည်း ပြတ်တောက်သွားပေ လိမ့်မည်။
“ငါက လက်ရှိအတွက်ပဲ လုပ်နေတာ မဟုတ်ဘူး၊ ငါကအနာဂတ် အဝေးကြီးကို တွေးပြီး ဒီလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာ . . .”
လဘုရင်မမှ ပြောလိုက်၏။
ထိုအခါမှ အားလုံးမှာလည်း သဘောပေါက်သွား ကြ၍ ခေါင်းညိတ်လိုက်ကြတော့သည်။
နန်းတော်၏ အမွေအနှစ်များကို ထိန်းသိမ်းရန်မှာ အရေးကြီးဆုံး ကိစ္စတစ်ရပ်ပင် ဖြစ်သည်။
ထို့ကြောင့် ထိုအကြောင်းအရာများကို ပေါက်ကြား စေခဲ့ပါက ချင်းဟွာနန်းတော်၏ သမိုင်း၌ သစ္စာဖောက် အဖြစ် မှတ်တမ်းဝင်သွားပေလိမ့်မည်။
“အခုက စပြီး ချင်းဟွာနန်းတော်ရဲ့ လူတိုင်း ကိုယ့် စိတ်ထဲ မကျေနပ်တဲ့ လူတွေရဲ့ နာမည်ကို မှတ်ထားပါ၊ ဘာလို့လဲဆိုတော့ လာမယ့်နေ့ရက်တွေမှာ အားလုံး က ကိုယ်အမုန်းတီးဆုံး လူတွေနဲ့ လေ့ကျင့်မှုတွေ ပြု လုပ်ရမယ်၊ အဲဒါမှသာ အချင်းချင်း စည်းလုံးညီညွတ် သွားမှာ၊ တစ်ယောက်နဲ့ တစ်ယောက် ရန်လိုမုန်းထား မှုတွေ အားလုံးကို ဖြေလျှော့ကြပြီး တစ်ပေါင်းတစ် စည်းတည်း ရှိနေရမယ် . . .”
လဘုရင်မမှ လေးလေးနက်နက်ပင် ပြောလိုက်၏။
“ဒီအခြေအနေတွေရောက်မှ ဒီလို မလုပ်ရင် အား လုံး သေခြင်းတရားနဲ့ပဲ အဆုံးသတ်သွားရလိမ့်မယ်”
“ကဲ အခုတော့ ဒီလောက်ပဲ ငါတို့တွေ ထပ်ရောက် လာမယ့် သတင်းတွေကို ထပ်စောင့်ကြည့်ကြတာပေါ့”
လဘုရင်မမှ ထိုသို့ ပြောပြီးနောက် ခန်းမထဲမှ ပြန် ၍ ထွက်ခွာရန် ဟန်ပြင်လိုက်၏။
သို့သော် ထွက်ခွာမသွားခင်တွင် -
“လက်ထပ်ပွဲကို မနက်ဖြန်လုပ်မယ်၊ မနက်ဖြန်က နေ့ကောင်းရက်သာ တစ်ခုပဲ၊ အားလုံး ဒီပွဲမှာ ပါဝင်ပြီး ပျော်ရွှင်ပေးကြပါ၊ တခြားဂိုဏ်းတွေက ဂုဏ်ပြုမှာဘာ တွေလည်း မလိုဘူး ဒါပဲ . . .”
ယတိပြတ် ပြောကြားကာ ထွက်ခွာသွားသော လ ဘုရင်မအား ကြည့်ရင်း အားလုံးမှာ ထိတ်လန့်နေကြ သည်။
ထို့ကြောင့် ခန်းမထဲမှ မည်သူမှ ချက်ချင်း မထွက် ခွာဝံ့ဘဲ ဖြစ်နေပါတော့သည်။
. . .
ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့ နှစ်ဦးမှာ လဘုရင်မအိမ် တော်သို့ ရောက်ရှိလာခဲ့ကြသည်။
ထိုအချိန် အဝေးသို့ ငေးကြည့်နေသည့် လဘုရင်မ ၏ မျက်လုံးများက အထီးကျန်ဆန်လျက် ရှိနေသည်။
“ယွဲ့ဂေါင်ရွှဲ့က ရဲမျိုးနွယ်က ရဲနန်ရှန်နဲ့အတူ လိုက် သွားလိမ့်မယ်၊ မင်းတို့က လမ်းတစ်လျှောက်မှာ ကာ ကွယ်ပေးပါ၊ အန္တရာယ်တွေ ကျရောက်လာမှာကို ငါ ကြောက်မိတယ်၊ ဒါကြောင့် လုံလုံခြုံခြုံနဲ့ ရဲမျိုးနွယ်စု ဆီ သူတို့ကို ပို့ပေးလိုက်ပါ၊ အရာအားလုံး အဆင်ပြေ ပြေ ဖြစ်ပါစေ . . .”
လဘုရင်မမှ လှည့်၍ပင် မကြည့်ဘဲ ပြောလိုက်၏။
ယွဲ့ရှောင်မှ ခေါင်းညိတ်လိုက်ရင်း -
“အဲဒါက ကျွန်မတို့ သေချာပေါက်ကို လုပ်ပေးမှာ ပါဒါပေမယ့် . . .”
“ဘာလဲ . . .”
ယွဲ့ရှောင်မှ ဆက်၍ မပြောတော့သောကြောင့် လ ဘုရင်မမှ မေးလိုက်သည်။
သူမနှုတ်မှ စကားလုံးတစ်လုံးတည်းသာ မေးလိုက် ခြင်း ဖြစ်သော်လည်း အသံမှာမူ ပေါက်ကွဲတော့မည့် မီးတောင်ကဲ့သို့ပင် ဖြစ်နေလေသည်။
ယွဲ့ရှောင်မှ တွေဝေနေသည့် ဟန်မျိုးဖြင့် -
“သခင်မရဲ့ စကားတွေကို ကြားပြီးတဲ့နောက်မှာ သခင်မရဲ့ ခံစားချက်ကို နားလည်ပါတယ် ဒါပေမယ့် ယွဲ့ဂေါင်ရွှဲ့က သတို့သမီး တစ်ယောက်အနေနဲ့ ဘာမှ တောင် မသိလိုက်ရရှာဘူး၊ သူက ကျွန်မတို့ရဲ့ ဂိုဏ်းသူ အဖြစ်က စွန့်ပစ်ခံရတော့မယ်၊ နန်းတော်ကို စွန့်ပစ်ပြီး လူတစ်ယောက်နဲ့ လက်ထပ်ရတော့မှာလေ၊ ဒီအမှန် တရားတွေကို မသိသွားတာ မဖြစ်သင့်ဘူးလားလို့”
လဘုရင်မမှာ ယွဲ့ရှောင်အား ချက်ချင်းပင် လှမ်း၍ ကြည့်လိုက်၏။
သူမ၏ မျက်လုံးများထဲ၌ မျက်ရည်များ ဝေ့သလို ဖြစ်နေသော်လည်း အကြည့်များက ခက်ထန်လျက် ရှိ နေသည်။
ယွဲ့ရှောင်မှ ထိတ်လန့်သွားဟန်ဖြင့် -
“လဘုရင်မ ဘာဖြစ်လို့လဲ ကျွန်မ ပြောတာ မှားနေ လို့လား . . .”
လဘုရင်မမှာ သူမ၏ ခံစားချက်များကို မထိန်း ချုပ်နိုင်တော့သည့်ထင် ယွဲ့ရှောင်၏ ဝတ်ရုံစများကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ရင်း -
“ရှောင် သူ့အတွက် မင်းက ဒီလိုရူးမိုက်တဲ့ မေးခွန်း မျိုး မေးလိမ့်မယ်ဆိုတာ ငါသိပါတယ် ဒါပေမယ့် မင်း သိရမှာက . . .”
လဘုရင်မမှာ ဆက်မပြောတော့ဘဲ အံတစ်ချက် ကြိတ်လိုက်သည်။
ထို့နောက်မှ -
“ယွဲ့ဂေါင်ရွှဲ့က ငါ့ရဲ့ သမီးပဲ၊ သူက ငါ့သမီး . . .”
“ငါကိုးလလုံးလုံး ဝမ်းနဲ့လွယ်ပြီး လူ့လောကထဲကို ခေါ်လာပေးခဲ့ရတဲ့ ကလေးတစ်ယောက် ငါကသူ့အမေ ပဲ၊ သူ့ကိုကာကွယ်ဖို့ ငါအရာအားလုံးကို ဆုံးရှုံးခံမှာ၊ သူ့ကို နာကျင်အောင် ငါဘယ်လိုများ လုပ်နိုင်မှာလဲ”
သူမ၏အသံမှာ ဟိတ်ဟန်အပြည့် ရှိနေသည့် ပုံမျိုး မဟုတ်တော့။
ဒဏ်ရာ အပြည့်ဖြင့် နာကျင်မှုများ ခံစားနေရသည့် အသံမျိုးပင် ပေါက်နေလေသည်။
ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့မှာ ပါးစပ်အဟောင်းသား ဖြင့် ကြောင်ငေးလျက် ရှိနေကြသည်။
(ယွဲ့ဂေါင်ရွှဲ့ ဟင် သူက လဘုရင်မရဲ့ သမီးလား)
(ဘာ ဒါကမဖြစ်နိုင်ဘူး မယုံနိုင်စရာကောင်းလိုက် တာ . . .)
“မင်းတို့အားလုံး သံသယတော့ ဖြစ်ခွင့် ရှိပါတယ် ဒါပေမယ့် ငါ့ရဲ့အချိန်တွေကို ရှင်းပြရင်းနဲ့ မကုန်ဆုံး ချင်ဘူး၊ ငါလုပ်နေတဲ့ အရာအားလုံးက ရွှဲ့အာကို ကာ ကွယ်ပေးဖို့ အတွက်ပဲ၊ မင်းတို့က ဒါကို လက်မခံဘူး လား . . .”
လဘုရင်မမှ ခနဲ့တဲ့တဲ့ ပြုံးရင်း ပြောလိုက်၏။
“ခန်းမနှစ်ခု၊ နန်းတော်သုံးခုနဲ့ ဂိုဏ်းခုနှစ်ခုက လူ တွေ ကောင်းကင်လှေကားကို သွားကြတယ်၊ အတော် လေးကို အင်အားကောင်းတဲ့ အဖွဲ့အစည်းပေါ့၊ အဲဒီလူ တွေ အားလုံးကိုသာ စုပေါင်းလိုက်ရင် ငါတို့ ချင်းဟွာ နန်းတော် တစ်ခုလုံးထက်ကို အင်အားကြီးတယ် . . .”
“ဒီလောက် အင်အားကြီးတဲ့ ထိပ်တန်းပညာရှင် ကြီးတွေက တစ်ချိန်တည်းမှာကို ပျောက်ဆုံးနေကြရ တယ်၊ ဒီကိစ္စကို ငါတို့ သတိလက်လွတ် နေလို့ မဖြစ် ဘူး မဟုတ်လား၊ ဘာတွေ ဖြစ်နေတယ်ဆိုတာကို မင်း တို့ မသိဘူးလား၊ ငါကမင်းတို့လိုမျိုး တွေဝေစဉ်းစား မနေဘဲ တိုက်ခိုက်ဖို့ အတွက်ဘဲ ခေါင်းထဲရှိတယ်လို့ ထင်နေတာလား . . .”
“ငါတို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ နန်းတော်ရဲ့ အမွေအနှစ်ကို ကာကွယ်ဖို့၊ နန်းတော်ကြီး တစ်ခုလုံး အောင်မြင်မှု ရရှိဖို့ မင်းတို့တွေ အရာအားလုံးကို တွေး ‌တော ဆင်ခြင်သင့်တယ် . . .”
လဘုရင်မမှာ ကျယ်လောင်သော အသံဖြင့် အော် ၍ ပြောလိုက်၏။
ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့လည်း ခေါင်းငုံ့လိုက်ကြ တော့သည်။
“တော်ရုံတန်ရုံ စိတ်ခံစားမှုကိုတောင် မထိန်းနိုင် ဘူးဆိုရင် ချင်းဟွာနန်းတော်ကြီး ပြိုကွဲသွားရင် ဘယ် သူ့ကိုမှ အပြစ်မတင်သင့်ဘူး မင်းတို့ ကိုယ့်ကိုယ်ကိုယ် ပဲ အပြစ်တင်ကြရလိမ့်မယ် . . .”
“ယွဲ့ဂေါင်ရွှဲ့က ငါ့သမီး၊ ငါ့သမီး ဖြစ်နေတဲ့အတွက် ဖြစ်လာတဲ့ ကံတရားကိုလည်း သူလက်ခံရမယ်၊ သူက နတ်သမီး ဖြစ်ခဲ့ဖူးတယ် အဲဒါကြောင့် သူ့မှာလည်း တာဝန်ရှိတယ်၊ အရင်ကရော အခုရော အနာဂတ်မှာပါ သူကြံ့ကြံ့ခံရမယ် . . .”
“ဆင်ခြေဆင်လက်တွေ ပေးနေလို့ မဖြစ်ဘူး အဲဒါ ကို မင်းတို့ နားလည်လား နားလည်ကြလား . . .”
လဘုရင်မမှာ အံကို တင်းတင်းကြိတ်၍ ပြောလိုက် သည်။
နောက်ဆုံးတွင် သူမရင်ထဲရှိ အချိန်အတော်ကြာ ချုပ်တီးခဲ့ရသည့် ဝမ်းနည်းမှုများကို ဖွင့်ထုတ်လိုက်နိုင် ခဲ့ပြီ ဖြစ်သည်။
ထိုသို့ အဘယ့်အကြောင့် ဖွင့်ထုတ်ပြမိသည်ကိုပင် သူမကိုယ် သူမ နားမလည်နိုင်အောင် ဖြစ်နေမိသည်။
သူမ ဘဝ၏ အကြီးမားဆုံးသော လျှို့ဝှက်ချက် ကြီးကို ထုတ်ဖော်ပြလိုက်မိပြီ မဟုတ်ပါလား။
သို့သော် သူမအနေဖြင့် ထိုကဲ့သို့ အမှန်တရားကို ဖွင့်ထုတ်ပြမှသာ ဖြစ်ပေလိမ့်မည်။
ထိုသို့သာ မဟုတ်ပါက ဖွင့်ထုတ်ပြနိုင်မည့် အခွင့် အရေးမျိုးက မရှိနိုင်တော့ပါပေ။
. . .
နောက်တစ်နေ့မှာ ရဲနန်ရှန်နှင့် ယွဲ့ဂေါင်ရွှဲ့တို့အဖို့ မေ့မရနိုင်သော နေ့တစ်နေ့ ဖြစ်ခဲ့ရသည်။
အကြောင်းမှာ လဘုရင်မ၏ ကတိ စကားကြောင့် လက်ထပ်ပွဲကို ကျင်းပပေးခဲ့၍ ဖြစ်သည်။
ထို့ကြောင့် ရဲနန်ရှန်နှင့် ယွဲ့ဂေါင်ရွှဲ့တို့မှာ တရားဝင် လက်ထပ် ထိမ်းမြားလိုက်ကြလေသည်။
နန်းတော် တစ်ခုလုံးမှာလည်း သူမတို့ နှစ်ဦးအား ကောင်းချီးပေးခဲ့ကြသည်။
သို့သော် ထိုနေ့မှာပင် ယွဲ့ဂေါင်ရွှဲ့မှာ နန်းတော်၏ စွန့်ပစ်ခြင်းကို ခံရမည်ဖြစ်ပြီး လက်ထပ်ပွဲပြီးသည်နှင့် သူမနှင့် နန်းတော်တို့မှာ သက်ဆိုင်ခြင်း ရှိတော့မည် မဟုတ်ပါ။
အကယ်၍ နန်းတော်နှင့် သူမ အဆက်အသွယ် ရှိ နေသေးလျှင်ပင် သူမမှာ ဂိုဏ်းဝင်တစ်ယောက် ဟုတ် တော့မည် မဟုတ်ချေ။
ဆိုလိုသည်မှာ ချင်းဟွာနန်းတော်မှ ထွက်ခွာသွား ပြီးနောက် ယွဲ့ဂေါင်ရွှဲ့မှာ နန်းတော်၏ စည်းမျဉ်းကို လုံးဝ လိုက်နာစရာ မလိုတော့ခြင်းဖြစ်သည်။
သူမအနေဖြင့် ဆင်းရဲရဲ ချမ်းသာသာ၊ အင်အားကြီး ကြီး ငယ်ငယ်၊ သေသေရှင်ရှင် ချင်းဟွာနန်းတော်နှင့် သက်ဆိုင်မှု မရှိတော့ခြင်းပါပင်။
ထို့ကြောင့် နန်းတော်နှင့် သူမ သူစိမ်းများသာ ဖြစ် တည်သွားရတော့သည်။
ယွဲ့ဂေါင်ရွှဲ့ ထိုကြေညာချက်ကို ကြားသောအခါ ဝမ်းနည်းမှုကြောင့် မေ့လဲမတတ်ပင် ဖြစ်သွားရသည်။
သူမအနေဖြင့် ဆရာဖြစ်သူနှင့်သာမက နန်းတော် နှင့်ပါ သူစိမ်းများသာ ဖြစ်သွား၍ ယူကြုံးမရ ဖြစ်သွား ရခြင်းပင် ဖြစ်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now