အခန်း (၁၁၇၉)(စာစဉ် ၈၅- အပိုင်း ၃)
“နောက်ယောင်ခံ လိုက်ခံရခြင်း”
ဇောင်ရှင်းယု ပါမကရှိနေသော လူများအားလုံးမှာ အံ့ဩတုန်လှုပ်နေကြလေသည်။
“ကိုယ့်လူတို့ ခင်ဗျားတို့အားလုံးက ကိုယ့်နေရာမှာ ကိုယ်တော့ အရေးပါတဲ့ လူတွေချည်းပဲ၊ ကျုပ်ဘာလို့ ဒီလိုပြောတယ်ဆိုတာ ခင်ဗျားတို့အားလုံး နားလည်ကြ မှာပါ၊ အဲဒီအဖွဲ့အစည်းမှာ လုံလောက်တဲ့ လူအင်အားရှိ တယ်ဆိုရင်တောင် အနည်းဆုံး နှစ် ၅၀၀ လောက်ကို တည်ဆောက်ကြရမှာပဲ . . .”
“ခင်ဗျားတို့တွေ သူတို့ရဲ့စိတ်ရှည်မှုနဲ့ ရည်ရွယ်ချက် ကို စဉ်းစားကြည့်စမ်းပါဦး၊ တော်တော်ကြီးကိုကြောက် ဖို့ ကောင်းနေတယ် . . .”
ဇောင်ရှင်းယုမှ သက်ပြင်းချရင်း ပြောလိုက်၏။
“အဲဒီအဖွဲ့စည်းကြီးက ကျုပ်တို့အနားမှာ နှစ်ပေါင်း ၅၀၀ လောက်ကို ပုန်းကွယ်နေခဲ့တာ၊ ဒါပေမယ့် ဒီနယ် ပယ်မှာ အင်အားအကြီးဆုံးလို့ ခံယူထားတဲ့ ကျုပ်တို့က အရာအားလုံးကို သိပါတယ်ဆိုတဲ့ ကျုပ်တို့က သူတို့ရဲ့ တည်ရှိမှုကို ဒီနှစ်တွေထဲမှာ သတိမထားမိခဲ့ဘူး . . .”
“အဲဒီတော့ ကျုပ်တို့သာ အပြတ်ရှင်းခံရရင် ဘယ် သူ့ကိုမှ အပြစ်တင်ရမှာ မဟုတ်ဘူး၊ ကျုပ်တို့ကိုယ်ပဲ ကျုပ်တို့ အပြစ်တင်ရလိမ့်မယ် . . .”
ဇောင်ရှင်းယုမှာ ထိုသို့ပြောရင် ခေတ္တရပ်နားလိုက် ပြန်သည်။
ထို့နောက် မချိပြုံး ပြုံးလိုက်ပြန်ရင်း -
“အခု ရယ်စရာကောင်းလွန်း မနေဘူးလား၊ ကျုပ် တို့က အဲဒီလောက်တောင်ပဲ တုံးအခဲ့ရလား . . .”
ထိုစကားကြောင့် အားလုံးမှာ ရှက်ရွံ့သည့် ပုံစံမျိုး ဖြစ်သွားကြ၏။
ဇောင်ရှင်းယု ပြောခဲ့သည့် စကားများက သူတို့အဖို့ ငြင်းချက်မထုတ်နိုင်။
အရာအားလုံးမှာ မှန်ကန်သော စကားများပင် ဖြစ် နေသည် မဟုတ်ပါလား။
ထိုသို့သော အဖွဲ့အစည်းကြီးမှာ ယခု နယ်ပယ်၌ နှစ်ပေါင်းများစွာပင် တည်ရှိနေခဲ့သည်။
YOU ARE READING