အခန်း (၁၃၁၅)(စာစဉ် ၉၄- အပိုင်း၁၃)
“ဂျိမျိုးနွယ်စုကြီး”
တိုးတက်မှုများ ဖြစ်လာပြီးနောက် ရွှေဝိညာဉ်ခေါင်း လောင်းကြီးကို ရဲရှောင် အသုံးပြုလာနိုင်ခဲ့သည်။ထိုခေါင်းလောင်းကြီး၏ စွမ်းအင်များကို အပြည့် အဝ မသုံးမချနိုင်သေးသည့်တိုင် အနည်းဆုံးမူ အလိုရှိ သလို အသုံးပြုနိုင်နေပြီ ဖြစ်သည်။
ဤသည်ကပင် တိုက်ပွဲအတွက် အထောက်အပံ့ များစွာ ဖြစ်နိုင်သည် မဟုတ်ပါလား။
ထိုအချိန် ဝုဖမှာ ရဲရှောင် ဘေးသို့ ရုတ်တရက် ပျံ သန်း ရောက်ရှိလာသည်။
“ရွှစ် . . .”
ထို့နောက် ရဲရှောင်၏ ပတ်လည်၌ သူ၏ ကိုယ်ပွား များစွာကို ခွဲထုတ်လိုက်ပြီး တိုက်ခိုက်ရန် ဟန်ပြင်လိုက် သည်။
မရေမတွက်နိုင်သည့် ဝုဖများက ရဲရှောင်အား အတူ တကွ တိုက်ခိုက်ကြတော့မည့် ပုံပါပင်။
ရဲရှောင်လည်း တစ်ချက်အော်ဟစ်ပြီးနောက် သူ၏ ကြယ်ဓားကြီးကို ဝေ့ယမ်းကာ ခေါင်းလောင်းကိုလည်း အသင့်ပြင်ထားလိုက်သည်။
ထိုခေါင်းလောင်းကြီးကို သူအလိုရှိသလို ကျုံ့နိုင်၊ ဆန့်နိုင်၊ ကြီးနိုင်၊ သေးနိုင်နေ၍ ဝုဖ၏ တိုက်ခိုက်မှု အများစုကို အလွယ်တကူ ခုခံနိုင်စွမ်း ရှိနေသည်။
ထိုကြားထဲ ကြယ်ဓားကြီးဖြင့်ပါ တိုက်ခိုက်နေ၍ ဝုဖမှာ ပြန်လည်၍ ကာကွယ်နေရလေသည်။
ထို့ပြင် ရဲရှောင်၏ အဆိပ်ကြောင့် လက်ဖြတ်ထားရ ၍လည်း ဝုဖအဖို့ တိုက်ခိုက်ရာတွင် လက်တစ်ဖက် တည်း အသုံးပြုနေရသည်။
ထိုအချိန် ရဲရှောင်မှာမူ အစောပိုင်းတုန်းကထက်ပင် များစွာ တိုးတက်လာပြီဖြစ်သည်။
ထို့ကြောင့် ဝုဖအနေဖြင့် မည်သို့မှ အသာစီးမရနိုင် တော့ချေ။
ကံဆိုးသည့်အချက်မှာ ရဲရှောင်၏ လက်နက် ၂ ခု က ကမ္ဘာပေါ်တွင် အလွန်ရှားပါးသော ပစ္စည်းများသာ ဖြစ်နေသည်။
ဓားကြီးက အရာအားလုံးကို ဖြတ်တောက်နိုင်စွမ်း ရှိသလို ခေါင်းလောင်းမှာလည်း အရာအားလုံးကို ခုခံ နိုင်စွမ်း ရှိနေခြင်း ဖြစ်သည်။
YOU ARE READING