1207--------1208

149 9 1
                                    

အခန်း (၁၂၀၇)(စာစဉ် ၈၇- အပိုင်း ၃)

"ပိတ်ဆို့ရှာဖွေကြခြင်း"

နောက်ဆုံးတွင် ရဲရှောင် ခေါင်းမူးဝေလာသလိုပင် ခံစားလိုက်ရသည်။
သူ၏ စွမ်းအင်သိုလှောင်ရာ အတွင်း၌လည်း စိတ် စွမ်းအင် ချီဓာတ်များ တရိပ်ရိပ်ဖြင့် တိုးလာနေလျက် ရှိသည်။
မည်မျှထိဆိုလျှင် ထိုချီဓာတ်များက သူ၏ စွမ်းအင် သိုလှောင်ရာ ကန့်သတ်ချက်ကိုပင် ကျော်လွန်လုနီးပါး ဖြစ်နေသည်။
ထိုသို့ဖြင့် အဆင့်တစ်ဆင့် ထပ်မံ တက်တော့မလို လည်း ဖြစ်နေရသည်။
သို့သော် ယခုအချိန်တွင်မူ ချောချောမွေ့မွေ့ မဖြစ် ဘဲ ခက်ခဲနေသယောင်ပါပင်။
ရဲရှောင်အဖို့ ယခုကဲ့သို့သော ခံစားမှုမျိုးကို ယခင် က ခံစားခဲ့ဖူးခြင်း မရှိပေ။
လက်ရှိတွင် သူ၏ စွမ်းအင်သိုလှောင်ရာမှာ ဖောင်း ကားလာပြီး ပေါက်ကွဲထွက်လုမတတ်ပင် ဖြစ်နေလေ သည်။
ထို့ပြင် တစ်ချိန်တည်းမှာပင် စွမ်းအင်အသစ်တစ်ခု မှာ စွမ်းအင်သိုလှောင်ရာဆီသို့ နောက်ပြန်စီးဆင်းလာ သလိုလည်း ခံစားလိုက်ရသည်။
ထိုစွမ်းအင်အသစ်မှာ စီးဆင်းလာရင်းဖြင့် မူလရှိ နေသော စွမ်းအင်များနှင့် ထိတွေ့မှုဖြစ်သွားကာ ပြင်း ထန်စွာပင် ရိုက်ခတ်သွားကြသည်။
"ဘုန်း . . ."
စွမ်းအင်နှစ်ခု ထိတွေ့သည့် အရှိန်ကြောင့် ရဲရှောင် ၏ တစ်ကိုယ်လုံး ဆတ်ခနဲ တုန်သွားရုံမက ပါးစပ်မှ လည်း သွေးများ အန်ထွက်သွားသည်။
သို့သော် ယခုအခေါက်က ယခင်အခေါက်များနှင့် မတူ၊ ရဲရှောင်အဖို့ သတိပင် လစ်သွားရတော့သည်။
ထိုသို့ သတိမလစ်ခင် သူခံစားလိုက်ရသည်မှာ စွမ်း အင်သိုလှောင်ရာအတွင်း ပင်လယ်သမုဒ္ဒရာကြီး တစ်ခု ရှိနေသလိုပင် ခံစားလိုက်ရခြင်း ဖြစ်သည်။
(ဟင် ပြီးဆုံးသွားပြီလား . . .)
ရဲရှောင်မှာ သတိမလစ်ခင် ထိုသို့သာစဉ်းစားလိုက် နိုင်တော့သည်။
. . .
ထိုအချိန် ဟန်ပိုင်ယွဲ့မှာ တောင်ထိပ်တစ်ခုပေါ်၌ အချိန်အတော်ကြာကြာ စောင့်နေရင်းဖြင့်ပျင်းရိငြီးငွေ့ လာလေသည်။
ထို့ကြောင့် မတ်တပ်ရပ်၍ အဝေးသို့ ငေးမျှော် ကြည့်လိုက်မိသည်။
ထိုအခါ မြင်လိုက်ရသည့် ရှုခင်းများကြောင့် သူ၏ စိတ်အစဉ်က လန်းဆန်းသွားတော့သည်။
(ဒီနေရာက ရှုခင်းတွေက တော်တော်လေးကို လှ တာပဲ၊ ငါမကြာခဏ ဒီလိုမျိုး တောင်ထပ်တွေပေါ်ကို တက်ပြီး ရှုခင်းတွေ ကြည့်ရင် ကောင်းမယ် . . .)
"အားလုံးကို အပေါ်စီးကကြည့်ရတဲ့ ခံစားချက်က တကယ်‌ကို ကောင်းတာပဲ . . ."
ဟန်ပိုင်ယွဲ့ သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
ထို့နောက် တစ်ဖက်သို့ လှည့်ကြည့်ရင်း အံ့ဩသွား ဟန်ဖြင့် -
"ဟင် ဘာဖြစ်တာလဲ အဲဒီမှာ ဘာတွေဖြစ်နေတာ လဲ၊ မီးခိုးတွေကလည်း ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းမတတ်ပါလား . . ."
ဟန်ပိုင်ယွဲ့ သူ၏မေးစေ့ကို ပွတ်ရင်း ရေရွတ်လိုက် သည်။
"အဲဒီမှာ ဘာပြဿနာများ ရှိနေတာပါလိမ့် . . ."
သို့သော် မည်သည့် ပြဿနာ ဖြစ်နေပါစေ သူ့အဖို့ သွား၍ မကြည့်နိုင်ပြီ။
ဝုဖနှင့်တိုက်ခိုက်ထား၍ အပြင်းအထန်ပင် ဒဏ်ရာ ရထားသည် မဟုတ်ပါလား။
"ဆရာသမားက ဒီမှာရှိနေတယ်၊ အဲဒီတော့ ကမ္ဘာ ပေါ်က ကျန်တဲ့ပြဿနာတွေကို ငါဘာဂရုစိုက်စရာလို လဲ၊ ဘာမှမလိုအပ်ဘူး . . ."
ဟန်ပိုင်ယွဲ့ တစ်ကိုယ်တည်း ထိုသို့ ရေရွတ်လိုက် ပြီးနောက် တစ်ဖက်သို့ လှည့်လိုက်ပြန်သည်။
"ဒီနေရာက တောတော့ တော်တော်လေးကို နက် တယ်၊ ဒါပေမယ့် ဒါကလည်း ငါ့ကိစ္စတော့ မဟုတ်ပါ ဘူးလေ . . ."
. . .
စင်စစ် သူကြည့်လိုက်သည့် နေရာက ပိုင်ရှင်းယွဲ့ နှင့် ဝရမ်ချူးချူးတို့ ရှိနေသော နေရာပင် ဖြစ်၏။
ထိုနေရာ၌ ဂိုဏ်းနှစ်ခုမှ လူများမှာ သူမတို့နှစ်ဦးကို အစွမ်းကုန်ပင် ကြိုးစား ရှာဖွေနေကြသည်။
ပိုင်ရှင်းယွဲ့တို့မှာမူ မြေအောက်ထဲ၌ ရှိနေ၍ အနား ယူရန် အချိန်ရရှိခဲ့သည်။
သို့သော် မြေပေါ်ရှိ ဂိုဏ်းကြီးနှစ်ခု မည်သည့်အရာ များ လုပ်နေသည်ကိုမူ အပြည့်အဝ မသိရှိခဲ့ကြပေ။
ထို့ကြောင့် ရန်သူ၏ အခြေအနေကို မသိရသော သူမတို့အဖို့ မည်ကဲ့သို့ ဗျူဟာကို ချမှတ်ရပါမည်နည်း။
သူမတို့၏ ကံတရားကို ကောင်းကင်ဘုံကသာလျှင် အဆုံးအဖြတ် ပေးနိုင်တော့ပေမည်။
ထိုအချိန် ပိုင်ရှင်းယွဲ့မှာ သူမ၏ စိတ်စွမ်းအင်များ ဖြင့် မြေပြင်ပေါ်ရှိ လှုပ်ရှားမှုများကို အာရုံခံကြည့်နေမိ သည်။
ထိုအခါ မြေပြင်ကို တူးဆွနေသည့် အသံများက တဖြည်းဖြည်းဖြင့် ချဉ်းကပ်လာသည်ကို ခံစားလိုက်မိ သည်။
ထို့ပြင် သူမတို့၏ အနီးနား၌ အင်အားကြီးသော လူအချို့ရှိနေသည်ကိုလည်း ခံစားမိလိုက်ပြီး လူအရေ အတွက်မှာလည်း ပိုမိုများပြားလာသည်ကို ခံစားလိုက် မိသည်။
ရန်သူများမှာ မိန်းကလေးနှစ်ဦးကို အခြားနေရာ၌ မရှိသည်ကို အတပ်သိနေသည့်အလား မြေပြင်ကို သဲ ကြီးမဲကြီး တူးဖော်၍ ရှာဖွေနေကြသည်။
ထို့ပြင် ၎င်းတို့မှာ ပိုင်ရှင်းယွဲ့တို့ ရှိနေသည့်နေရာ အထက်၌ ရှိနေကြခြင်း ဖြစ်သည်။
ထို့ကြောင့် ပိုင်ရှင်းယွဲ့၏ စိတ်ထဲ၌ -
(ရှာဖွေတာကလည်း တခြားနေရာ တစ်ခု ဖြစ်လို့ မရဘူးလား၊ ဘာလို့ ငါတို့ရဲ့ ခေါင်းပေါ်မှာများ ဖြစ်နေ ရတာလဲ၊ တခြားနေရာဆိုရင်တောင် ငါတို့အတွက်က အခွင့်အရေး ရှိနိုင်သေးတယ် . . .)
(အခု ငါ့ရဲ့ အာရုံခံနိုင်စွမ်းတွေကိုတောင်မှ သေချာ ဂရုစိုက်ပြီး လျှော့ချထားရတယ်၊ အခြေအနေကတော့ အတော်လေးကို စိတ်ဓာတ်ကျစရာပဲ . . .)
ဝရမ်ချူးချူး၏ အကြံပြုချက်အရဆိုလျှင် ယခုနေ ရာက အလုံခြုံဆုံး နေရာဖြစ်သည်။
အကြောင်းမှာ ယခုနေရာက ရန်သူများ စတင်၍ ထွက်ခွာသည့် နေရာပင် မဟုတ်ပါလား။
အကယ်၍ ရန်သူများမှာ ယခုနေရာ၌ ရှာဖွေပြီး မည်သည့်အရာမှမတွေ့လျှင် အခြားနေရာသို့ ထွက်ခွာ သွားကြမည်မှာ သေချာလှသည်။
ယခုနေရာ၌ တစ်သက်လုံး ရှိနိုင်ရန်မှာ မဖြစ်နိုင်။
မည်သူက ထိုမျှလောက်ထိ စိတ်ရှည်နေနိုင်ပါမည် နည်း။
ထို့ကြောင့် သူမတို့အဖို့ ရန်သူများ ထွက်သွားသည့် အချိန်ထိ မြေအောက်၌ နေရန် လိုအပ်ပေသည်။
သို့သော် ကံမကောင်းစွာဖြင့်ပင် ရန်သူများမှာ သူမ တို့ ရှိနေသည့် နေရာ၌ စည်းဝေးတိုင်ပင်ရန် ရွေးချယ် လိုက်ကြသည်။
ဤသည်မှာ မမျှော်လင့်သော အဖြစ်အပျက်တစ်ခု ဟု ဆိုသော်ငြား ကျိုးကြောင်းဆီလျော်မှုမူ ရှိနေသည်။
ရန်သူများမှာ အခြားနေရာများ၌ ရှာဖွေခဲ့ပြီး မည် သည့် အရာမှမတွေ့၍ လက်မှိုင်ချခဲ့ရသည် မဟုတ်ပါ လား။
ဝရမ်ချူးချူး၏ ဗျူဟာ မည်မျှကောင်းမွန်နေပါစေ အရာအားလုံးက ကောင်းကင်ဘုံ၏အလိုတော်အတိုင်း သာ ဖြစ်ပေလိမ့်မည်။
"ငါတို့တွေ တောင်ဘက်မှာ ပေ ၁၅၀ လောက်ထိ မြေကြီးတွေ တူးခဲ့ကြပြီးပြီ၊ ကျောက်တုံး ကျောက်ခဲ တွေ အားလုံးကိုလည်း ခြေမွခဲ့ပြီးကြပြီ ဒါပေမယ့် ဘာ ဆိုဘာမှ မတွေ့ခဲ့ကြရဘူး . . ."
လူတစ်ဦးမှ စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုလိုက် ၏။
"မြောက်ပိုင်းလည်း ဘာထူးလို့လဲ ဘာမှ မတွေ့ခဲ့ ရဘူး . . ."
"အနောက်ပိုင်းလည်း အတူတူပဲ . . ."
"အရှေ့ပိုင်းမှာလည်း အတူတူပဲ . . ."
ဆိုင်ရာဆိုင်ရာ အုပ်စုမှ ခေါင်းဆောင်များမှာ သူတို့ ၏ အခြေအနေများကို ပြောဆိုလိုက်ကြသည်။
ထိုစကားများကြောင့် စိမ်းပြာရောင် ဝတ်စုံ ဝတ် ထားသည့် အဘိုးကြီးတစ်ဦးမှာ မကျေမချမ်းပင် ဖြစ် သွားမိသည်။
ထိုအဘိုးကြီးမှာ ယခုရှိနေကြသော လူများကို ကြီး ကြပ်ကွပ်ကဲရသည့် လူလည်း ဖြစ်ဟန်တူသည်။
သူ၏ နာမည်က တန်ချင်းဖန်ဖြစ်ပြီး နေရောင် ဂိုဏ်း၏ တတိယ သက်ကြီးပညာရှင်လည်း ဖြစ်၏။
ယခုတာဝန်က သူတို့၏ ဂိုဏ်းအတွက် မည်မျှထိ အရေးပါမှန်းကိုလည်း သူကောင်းစွာ သိနေသည်။
မိန်းကလေးနှစ်ဦး၏ သတင်းကို ရလျှင်ရချင်း ယခု နေရာသို့ ရောက်လာခဲ့သော်လည်း ထိုမိန်းကလေးများ မှာ ပျောက်ချင်းမလှ ပျောက်သွားခဲ့သည်။
အကယ်၍ မိန်းကလေးနှစ်ဦးက သေဆုံးသွားသည် ဆိုလျှင်လည်း သူ့အဖို့ အတည်ပြုရန် လိုအပ်နေသည်။
ထိုသို့သာ မဟုတ်ပါက ဂိုဏ်းကြီးနှစ်ဂိုဏ်းလုံးအဖို့ ကံဆိုးမိုးမှောင်ကျသွားနိုင်ပေသည်။
ယခု အခြေအနေက မိန်းကလေးနှစ်ဦး သေလျှင် သေ သို့မဟုတ်ပါက ဂိုဏ်းကြီးနှစ်ခု ပြိုကွဲရန်သာ ရှိနေ သည်။
သို့သော် ၎င်းတို့မည်မျှကြိုးစားခဲ့ပါစေ မိန်းက‌လေး နှစ်ဦးကို မတွေ့နိုင်ခဲ့ချေ။
၎င်းတို့အတွက် နောက်ဆုံးမျှော်လင့်ချက်က ယခု ကဲ့သို့ တစ်တောလုံးကိုမီးရှို့ပြာချလိုက်ခြင်းပင် ဖြစ်၏။
ထိုနောက်ဆုံး မျှော်လင့်ချက်သာ ကျိုးပျက်သွားပါ က မည်သို့သော အရာများဖြစ်လာနိုင်သည်ကို တွေး ကြည့်ရန်မလို ပြေးကြည့်ရုံဖြင့်ပင် သိနိုင်ပေသည်။
ထို့ကြောင့် ဂိုဏ်းကြီးနှစ်ခုအဖို့ အရိုးကြေကြေ အ ရည်ခမ်းခမ်း မိန်းကလေးများကို ရှာဖွေရမည်သာ။
တန်ချင်းဖန်မှာ မူလတာအိုအလယ်အလတ်အဆင့် ပညာရှင်ပီပီ အရာရာကို ဆင်ခြင်တတ်ပြီး သတိလက် လွတ် နေတတ်သူ တစ်ဦးမဟုတ်ပေ။
သို့သော် ယခုအချိန်တွင်မူ ထိုအရာများက အသုံး မဝင်သလို ဖြစ်နေလေသည်။
သူမည်မျှ သတိထားနေပါစေ မိန်းကလေးနှစ်ဦးကို ရှာမတွေ့ဘဲ ဖြစ်နေသည် မဟုတ်ပါလား။
"ဒီအရပ်လေးမျက်နှာလုံးမှာ သူတို့ မရှိဘူးဆိုတာ သေချာလား . . ."
တန်ချင်းဖန်မှ ပြူးကျယ်သော မျက်လုံးများဖြင့် မေးလိုက်၏။
"အဲဒီ မိန်းမနှစ်ယောက်က မြေလျှိုးမိုးပျံပြီး ဒီအ တိုင်း ပျောက်သွားတယ်လို့ ပြောချင်နေတာလား၊ ငါ မယုံဘူး ထပ်ရှာကြစမ်း . . ."
တန်ချင်းဖန်မှာ သူ့ဘေးနားရှိ ဂိုဏ်းသားများကို ကြည့်ရင်း အမိန့်ပေးလိုက်သည်။
လက်ရှိအချိန်တွင် သူ့အဖို့ ဒေါသများ ထွက်လွန်း၍ သွေးများပင် အန်ထွက်ချင်နေမိသည်။
(တကယ့်စောက်ရူးတွေ စောက်သုံးမကျတဲ့ကောင် တွေ၊ တကယ့်ကို ငတုံးကောင်တွေပဲ . . .)
(ကြည့်ပါဦးကွာ ဒီလောက် လူအင်အားအများကြီး နဲ့ အဆင့်မြင့်ပညာရှင်တွေဖြစ်ပြီး မိန်းမနှစ်ယောက်ကို တောင် မိအောင် မဖမ်းနိုင်ဘူး၊ မင်းတို့ ဂိုဏ်းမှာရှိခဲ့တဲ့ အချိန်တွေက တကယ့်ကို အလဟဿပဲ၊ မင်းတို့တွေ အရူးကျင့်စဉ်တွေများ ကျင့်ကြံခဲ့တာလား . . .)
(ပြီးတော့ ကိုယ့်အသက်ကိုလည်း ပြန်ကြည့်ပါဦး၊ အသက်သာကြီးပြီး အချိန်မစီးတဲ့ကောင်တွေ၊ တကယ့် ခွေးအိုကြီးတွေ၊ တုံးအလိုက်တာကလည်း ချာလို့ . . .)
(ဒီနေရာ ငါ့ရှေ့မှာ ရှာမတွေ့ဘူးလို့ ဘယ်လိုစိတ် မျိုးနဲ့ လာပြောဝံ့ကြတာလဲ၊ မင်းတို့ကောင်တွေ လဲသာ သေလိုက်ကြတော့၊ စောက်သုံးမကျတဲ့ကောင်တွေ)
တန်ချင်းဖန်မှာ ဒေါသများထွက်နေလွန်း၍ သူ၏ အသက်ရှူသံများမှာလည်း ပြင်းထန်သထက် ပြင်း ထန်လာပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now