အခန်း (၁၁၄၉)(စာစဉ် ၈၃- အပိုင်း ၁)
“မထင်မှတ်ထားသော ပြောင်းလဲမှု”
ရဲရှောင်အား ကြည့်ရင်း ကျွင့်ယင်းလျန်၏ မျက် ဝန်းနက်များက နူးညံ့မှုအပြည့်ပင် ဖြစ်လာသည်။
(သူက ငါတို့ရဲ့ အမှတ်တရတွေကို ပြန်တွေးနေ တာ ဖြစ်လိမ့်မယ်၊ ငါတို့ရဲ့ အမှတ်တရတွေကသာ သူ့ ကို ဒီလို ဖြစ်အောင် လုပ်နိုင်မှာ၊ သူ့ပုံစံကိုလည်း ကြည့် ပါဦး . . .)
ကျွင့်ယင်းလျန် ထိုသို့တွေးရင်း နှုတ်ခမ်းကို တင်း တင်းစေ့ထားမိသည်။
(နောက်ကျသွားပြီလား . . .)
(အင်း တကယ်တော့ နောက်မကျသေးပါဘူးလေ)
တကယ်တမ်းတွင် ကောင်းကင်ဘုံအား သူမ ကျေး ဇူးတင်နေမိသည်။
အကယ်၍ ရဲရှောင်သာ မသေဆုံးခဲ့ပါက နောက် ထပ် နှစ်ပေါင်း ၁၀၀၀၀ လောက် ကြာလျှင်ပင် သူမကို လက်မခံလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် သူမအား လက်ထပ်ဖို့ဆိုသည်မှာလည်း အဝေးကြီးတွင် ရှိနေလိမ့်မည်။
တကယ်တမ်းတွင် ရှောင်ဧကရာဇ်၏ သေဆုံးမှုက သူမ၏ နှလုံးသားအား ကွဲကြေစေခဲ့သလို အခွင့်အရေး တစ်ခု ထပ်မံဖန်တီးပေးခြင်းဟုလည်း ဆိုနိုင်သည်။
တစ်နည်းအားဖြင့် ရဲရှောင် သေရာမှ ပြန်ရှင်လာ ခြင်းက ကံကောင်းမှု ဖြစ်သလို သူမအတွက်လည်း ကံ ကောင်းမှုဟု ဆိုနိုင်သည်။
ထို့ကြောင့် ကျွင့်ယင်းလျန်မှာ နိုးထနေပြီဖြစ်သည့် တိုင် သတိမရသေးသည့် ပုံစံမျိုး ဆက်ဟန်ဆောင် လိုက်သည်။
သူမ စိတ်ထဲ၌လည်း ထူးဆန်းသည့် ခံစားချက်မျိုး ခံစားနေရသည်။
ထိုသို့ ခံစားနေရသည်က ရဲရှောင်၏ မတူညီသည့် မျက်နှာကြောင့် မဟုတ်ဘဲ မျက်လုံးများ အတွင်း၌ ခံ စားချက်မျိုးစုံကို တွေ့မြင်နေရ၍ ဖြစ်သည်။
ယခု လူငယ်လေးမှာ ယခင်ရဲရှောင်မှန်း အတပ်သိ ထားပြီဖြစ်၍ မျက်နှာပုံစံ မည်သို့ဖြစ်နေပါစေ မျက်လုံး များ၌မူ အမှန်တရားများက ဖုံးကွယ်၍ မရနိုင်အောင် ထင်ဟပ်နေလေသည်။
YOU ARE READING