အခန်း (၁၆၅၁)(စာစဉ် ၁၃၀- အပိုင်း ၂)
“ကိုယ်ရံတော်ချုပ်”
“ခင်ဗျား နားလည်ဖို့လိုတယ် လူတိုင်းကို ခင်ဗျားရဲ့ အိမ်တော်ထိန်းဖြစ်စေချင်နေလို့ မရဘူးလေ . . .”
“အိမ်တော်ထိန်းတစ်ယောက်က အိမ်တော်ကြီးတစ်ခုလုံးကို ဦးဆောင်ရမှာ၊ ခင်ဗျား ဦးလေးဆောင်ကိုပဲ စဉ်းစားကြည့်လေ၊ ခင်ဗျားတို့ အိမ်တော်ရဲ့ သခင်လေးတောင် သူ့ရဲ့ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတာမလား . . .”
“အိမ်တော်ထိန်းဆိုတာ အိမ်မှာရှိတဲ့အရာအားလုံးကို ထိန်းချုပ်တာ၊ အခု ခင်ဗျားက ဒီအဘိုးကြီးကိုသိတာ ဖြင့် ရက်ပိုင်းလောက်ပဲရှိသေးတာကို ခင်ဗျားရဲ့ အိမ်တော်ထိန်းလုပ်ခိုင်းမလို့လား . . .”
“သူ့မှာ အင်အားကြီး ကျောထောက်နောက်ခံလည်းမရှိဘူး၊ တကယ်လို့ သူ့အစွမ်းတွေ ပြန်ရလာမယ်ဆိုရင် တောင် သူကဘာမှဟုတ်မှာ မဟုတ်ဘူး၊ ဒီလိုလူမျိုးက အိမ်တော်ထိန်းဖြစ်ဖို့ မထိုက်တန်ပါဘူး၊ နောက်တစ်ခါ ဒီလို အမှားမျိုးထပ်မလုပ်မိစေနဲ့၊ ကျုပ်ပြောတာ နားလည်မယ်ထင်ပါတယ် သခင် . . .”
ရဲရှောင်လည်း ခေါင်းသာခါယမ်းလိုက်ပြီးနောက် မည်သည့်စကားမှမဆိုတော့ချေ။ သို့သော် နောက်ပိုင်းတွင် မူ ရဲရှောင်၏နှုတ်မှ အိမ်တော်ထိန်းလုပ်ရန်အတွက် မည်သူ့ကိုမှ မကမ်းလှမ်းမိတော့ပေ။ ထို့အတူ ချိဟူမှာလည်း သူ၏ဆုံးဖြတ်ချက်က ဘဝတွင် အဆိုးရွားဆုံးဖြစ်ခဲ့သည်ကို မသိနိုင်တော့ချေ။
(ငါကအိမ်တော်ထိန်းတစ်ယောက်ဖြစ်လာဖို့ အခွင့်အရေးရရဲ့သားနဲ့ လက်လျှော့ခဲ့မိတယ်၊ အခွင့်အရေးက နှစ်ခါပြန်မရဘူး၊ ဒါကငါ့အတွက် အကြီးမားဆုံးနောင်တဖြစ်သွားမှာပဲ၊ ငါ့မှာသာ နောက်ထပ်ရွေးချယ်မှုရှိရင် ငါ သေချာပေါက်ကို အိမ်တော်ထိန်းလုပ်ဦးမှာ . . .)
(သူ့အိမ်တော်ထိန်းအဖြစ် ဘယ်လောက်ကြာအောင် လုပ်မလဲမေးရင် ငါကတော့ တစ်သက်လုံးလို့ကို ဖြေမိ မှာပဲ၊ တစ်သက်လုံးလုပ်ရင်လုပ်ရပါလေ့စေ . . .)
ချိဟူတစ်ယောက် နောက်ပိုင်းတွင် ထိုကဲ့သို့သာ ဖြေမိမည်မှာ အသေအချာပင်။
လက်ရှိအချိန်တွင်မူ ချိဟူမှာ အံ့ကိုတင်းတင်းကြိတ်ရင်းဖြင့် -
“အခုကစပြီး ငါ့ရဲ့ဘဝကို မင်းပိုင်ပါပြီ . . .”
ရဲရှောင်မှ ခေါင်းညိတ်လိုက်ရင်း -
“ခင်ဗျား ဒီအတွက် ကံကောင်းမှာပါ၊ ခင်ဗျားဘက်က ကျုပ်ကို ပွင့်ပွင့်လင်းလင်း ဆက်ဆံမယ်ဆိုရင် ကျုပ် ဘက်ကလည်း ခင်ဗျားကို ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံမှာပဲ . . .”
“ကျုပ်က အားနည်းနေသေးလို့သာ ခင်ဗျားကို စည်းရုံးရတာ၊ အခုလို အခွင့်အရေးရတဲ့အတွက် ခင်ဗျား သိပ် ကိုကံကောင်းတယ်လို့ ပြောလို့ရတယ်၊ ခင်ဗျားဘဝကို ကျုပ်ဆီပုံအပ်တယ်ဆိုတာလည်း ခင်ဗျားအတွက် အကောင်း ဆုံးရွေးချယ်မှုပဲ၊ ကျုပ်ထက် ခင်ဗျားကိုပိုပြီးသာအောင် လုပ်ပေးနိုင်တယ်လို့ ဘယ်သူမှရှိမှာမဟုတ်ဘူး . . .”
ရဲရှောင်မှ ပြုံးလျက် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။
“ဧကရာဇ်ခန်းမရဲ့ ကိုယ်ရံတော်ချုပ်ကြီး၊ ဘယ်လောက်တောင် ကြီးမြတ်တဲ့ဂုဏ်ဒြပ်လဲ ဟားဟားဟား . . .”
“ဟုတ်ပါပြီ . . .”
“မူလသူတော်စင်အဆင့်ခုနှစ်အောက်ပဲရှိတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ကိုယ်ရံတော် ချုပ်ကြီးပေါ့ . . .”
ချိဟူမှ ရယ်မောနေသော ရဲရှောင်အား မကြည်ကြည့်ကြည့်ကာ ပြောလိုက်သည်။
ရဲရှောင်မှ ပြုံးလိုက်ရင်း -
“ခင်ဗျားက အမြင်တော်တော်စူးရှတာပဲ၊ တော်တယ် သိပ်တော်တယ် အဘိုးကြီးဟူ . . .”
ရဲရှောင်၏ တုန့်ပြန်ချက်ကြောင့် ချိဟူ ကြောင်ငေးသွား၏။
(နေစမ်းပါဦး . . . သူကငါ့ကိုဘာလို့ အဘိုးကြီးဟူလို့ ခေါ်တာလဲ၊ ဆရာချိဟူလို့ မခေါ်တော့ဘူးလား . . .)
“ကိုယ်ရံတော်ချုပ်ကြီး ချိဟူ . . .”
ရဲရှောင်မှ ထပ်မံ၍ ထိုသို့ခေါ်ဆိုလိုက်၏။
ချိဟူလည်း ခေါင်းညိတ်ပြလိုက်ပြီး -
“ပြောပါ . . . ဧကရာဇ် . . .”
“ကျုပ်တို့မှာ လုံလောက်တဲ့ လူအင်အားမရှိသေးဘူး၊ အဲဒီတော့ ဖွဲ့စည်းပုံအရ ခင်ဗျားအတွက် မသင့်တော် သလို ဖြစ်နေလိမ့်မယ် . . .”
ရဲရှောင်မှ ချိဟူအားကြည့်ကာ ပြောလိုက်သည်။
“ကျုပ်နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်မယ်၊ ကိုယ်ရံတော်ချုပ်ကြီး ချိဟူက လက်ရှိ ဧကရာဇ်ခန်းမကြီးရဲ့ အိမ်တော်ထိန်းအဖြစ်လဲ တာဝန်ထမ်းဆောင်ရမယ် . . .”
ထိုသို့ပြောပြီးနောက် ရဲရှောင်လည်း ချက်ချင်းပင် ချာခနဲ လှည့်ထွက်လာခဲ့လိုက်၏။
“ဟမ် . . . ငါကနေဦး . . . နေဦး . . .”
ချိဟူလည်း ပြောချင်ရာပြောပြီး လေပမာ လျင်မြန်စွာ ထွက်ခွာသွားသော ရဲရှောင်အားကြည့်ရင်း သူ့နဖူးသာ ရိုက်ချပစ်လိုက်တော့၏။
“သေစမ်းကွာ . . .”
အစောပိုင်းတွင် သူမည်သို့ရွေးချယ်မှုပြုခဲ့ပါစေ အဆုံးသတ်၌ ကိုယ်ရံတော်ချုပ်လုပ်ရမည်သာမက အိမ်တော် ထိန်းတာဝန်လည်း ပူးတွဲယူရဦးမည်ဖြစ်၏။ စင်စစ် အချိန်ပိုင်း အိမ်တော်ထိန်းအဖြစ် ရဲရှောင်က တာဝန်ယူသွားခိုင်း ခြင်းပါပင်။
ထိုသို့ဆိုလျှင် နဂိုက သူ့အား အဘယ့်ကြောင့် ရွေးချယ်မှုပြုလုပ်ခိုင်းခဲ့ပါသနည်း။ အလွန်ဉာဏ်နီဉာဏ်များ လှသော ရဲရှောင်တကား။
“သေစမ်း . . . ဒီကောင်က ငါ့ကို အခွင့်အရေးယူသွားတာပဲ၊ လက်မခံနိုင်စရာကောင်းလိုက်တာ . . .”
ချိဟူတစ်ယောက် ရဲရှောင်၏ လှည့်ကွက်ထဲတွင် ကျရှုံးကာ အရူးလုပ်ခံရသလိုပင် ခံစားလိုက်ရ၏။ သို့သော် သူ့စိတ်ထဲ၌ အချိန်ပိုင်းအိမ်တော်ထိန်းနှင့် အချိန်ပြည့် အိမ်တော်ထိန်းတာဝန်ကို ကောင်းကောင်း ပိုင်းခြားနိုင်စွမ်း မရှိသေးဘဲ ဖြစ်နေပါတော့သည်။
. . .
နောက်တစ်နေ့တွင်ဖြစ်၏။
ချိဟူမှာ ဧကရာဇ်ခန်းမ၏ ကိုယ်ရံတော်ချုပ် ဖြစ်လာသည့်အတွက် ရဲရှောင်က အထိမ်းအမှတ်ပွဲတစ်ခုကို ကျင်းပပေးခဲ့သည်။ ထိုပွဲထဲတွင် သူနှင့်အဆင့်တူနှစ်ယောက်အားကြည့်၍ ချိဟူစိတ်ထဲ မကျေမချမ်း ဖြစ်နေမိ၏။
ထိုလူနှစ်ယောက်မှာ မန်ယုဂျန်နှင့် ဘူရှန်းဖန်တို့ပင်ဖြစ်လေသည်။ မန်ယုဂျန်မှာ ရှိသမျှ ဌာနပေါင်းစုံတို့၏ ခေါင်းဆောင်ဖြစ်ပြီး ဘူရှန်းဖန်မှာမူ အာဏာပါးကွက်သားကြီးဖြစ်၏။
ထို့ကြောင့် ဧကရာဇ်ခန်းမတွင် ဧကရာဇ်ဆိုသည့် ခေါင်းဆောင်အောက်၌ အင်အားကြီးပညာရှင် ၃ ယောက် ရှိလေသည်။
(ဒီနှစ်ကောင်က သိပ်ကိုအားနည်းတယ် အဲဒါတောင် သူကငါနဲ့အဆင့်တူဖြစ်နေသေးတယ် ဒါကြီးကတော့ တော်တော်လေးကို မခံမရပ်နိုင်စရာကောင်းလိုက်တာ . . .)
ချိဟူတစ်ယောက် သူ့ကိုယ်သူ နှိပ်စက်ခံနေရသလိုပင် ခံစားနေရလေသည်။
(ငါကဘယ်သူမလို့လဲ၊ အရောင်ခုနှစ်မျိုး အရှင်သခင် ၇ ပါးထဲက ၁ ပါး ချိဟူလေ၊ မန်ယုဂျန်က လေပြင်းတောင်ရဲ့ ခေါင်းဆောင်ဆိုပေမယ့် သူက ငါ့ထက်အဆင့်အများကြီးနိမ့်တယ်၊ ဘူရှန်းဖန်ဆိုရင်လည်း မူလ သူတော်စင်အဆင့်ခုနှစ်ပဲရှိသေးတယ်၊ အဲဒါတောင် ငါကသူတို့နဲ့ အဆင့်တူဖြစ်သွားပြီလား၊ ဒါကတော့ တော်တော် လေး ရှက်စရာကောင်းသွားပြီ . . .)
တကယ်တမ်းတွင် မန်ယုဂျန်နှင့် ဘူရှန်းဖန်တို့မှာလည်း ပျော်ရွှင်နေသည့်ပုံမပေါ်ကြချေ။
(ဒီအဘိုးကြီးက သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ အတော်ဆုံးလိုလို၊ အကောင်းဆုံးလိုလို လာလုပ်နေတယ် အဟမ့်၊ တကယ့်လက်တွေ့ မတိုက်ခိုက်ကြည့်ဘဲနဲ့ ဘယ်သူပိုသာလဲဆိုတာကို ဘယ်တော့မှ သိနိုင်မှာ မဟုတ်ဘူး . . .)
. . .
ဧည့်ခံပွဲပြီးနောက် ချိဟူလည်း ပထမဆုံး မိန့်ခွန်းကို ပြောကြားရလေသည်။
“ကိုယ့်လူတို့ . . . ငါတို့တွေ ရှေ့လာမယ့်နေ့ရက်တွေမှာ အတူတကွ ရှိနေကြရတော့မယ်၊ ငါကကိုယ်ရံတော် ချုပ်ဖြစ်သလို ဧကရာဇ်ခန်းမရဲ့ အိမ်တော်ထိန်းလည်းဖြစ်တယ် . . .”
“ဆိုလိုတာက မင်းတို့ရဲ့ ကျင့်ကြံမှုတွေ၊ လိုအပ်ချက်တွေနဲ့ ပတ်သက်တဲ့အရာအားလုံးက ငါနဲ့ဆိုင်တဲ့ သဘောပဲ၊ မင်းတို့ရဲ့ တာဝန်ကို မကျေပွန်ရင် နောင်တရကြလိမ့်မယ်၊ အမှန်တိုင်း ပြောရရင် ငါကနှုတ်မချိုဘူး၊ အဲဒီ တော့ ငါ့စကားတွေက ကြမ်းတမ်းရင် ကြမ်းတမ်းနေလိမ့်မယ်၊ မင်းတို့တွေ နားလည်လိမ့်မယ်လို့ ထင်ပါတယ် . . .”
ထိုမိန့်ခွန်းအဆုံးတွင် နားထောင်နေကြသော လူများအားလုံးမှာ ဒေါသထွက်သွားကြလေသည်။
(ဒီအဘိုးကြီးက ဘာတွေပြောနေတာလဲ . . .)
(နေရာလေးတစ်ခုရတာနဲ့ သူ့အရှိန်အဝါကို လာပြနေတယ် . . .)
ချိဟူက စကားလုံးအနည်းငယ်ဖြင့်ပင် ဧကရာဇ်ခန်းမရှိ လူများအား ဆန့်ကျင်သလိုပင် ဖြစ်ခဲ့လေသည်။ သို့သော် ရဲရှောင်ကမူ ထိုအခြေအနေများအားလုံးကို လျစ်လျူရှုရန်သာ ဆုံးဖြတ်လိုက်၏။
ယခုကိစ္စက ပြဿနာကြီးကြီးမားမား မဟုတ်၍ သူ့အဖို့ မည်သို့ အာရုံစိုက်နေစရာ လိုအပ်ပါမည်နည်း။ ဧကရာဇ်ခန်းမရှိ လူများ၏ အသက်အန္တရာယ်မရှိသရွေ့ ရဲရှောင်က မည်သို့မှ ကြားဝင်နှောက်ယှက်လိမ့်မည် မဟုတ် ပေ။
သိုင်းလောကအတွင်းရှိ လူများမှာ အနည်းဆုံးမူ ကိုယ့်လုပ်ပိုင်ခွင့်နှင့်ကိုယ်ရှိသင့်သည် မဟုတ်ပါလား။ ထို့ကြောင့် ရဲရှောင်လည်း ချိဟူအား နေချင်သလို နေခိုင်းရန်သာ ဆုံးဖြတ်ချက်ချလိုက်တော့၏။ မည်သို့ပင် ဆိုစေကာမူ နောက်ဆုံးတွင် ချိဟူမှာ ဧကရာဇ်ခန်းမထဲသို့ တရားဝင် ရောက်ရှိလာခဲ့ချေပြီ။
ထို့နောက်တွင် ရဲရှောင်လည်း သူ၏လူအင်အားအခြေအနေနှင့် ပတ်သက်၍ ထိန်းညှိမှုအနည်းငယ် ပြုလုပ်ခဲ့ လေသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ဧကရာဇ်ခန်းမမှာ ယခင်ကကဲ့သို့ အားနည်းခြင်းမရှိတော့ချေ။
ချိဟူ၊ မန်ယုဂျန်၊ ဘူရှန်းဖန်တို့မှာမူ ဧကရာဇ်ခန်းမ၏ အဓိက ထောက်တိုင်ကြီးများဖြစ်ကြ၏။ ထို့ပြင် မကြာ သေးမီက မူလသူတော်စင်အဆင့်ကိုးပညာရှင်အချို့ကို လူနာများထဲမှ ရဲရှောင် စည်းရုံးနိုင်ခဲ့၍ အင်အားကြီးလူများ စာရင်းထဲတွင် ထိုလူများလည်း ပါဝင်နေလေသည်။
ထိုမျှမက ဧကရာဇ်ခန်းမရှိ နဂိုရှိရင်းစွဲ လူ ၆၃ ယောက်မှာလည်း နှစ်ဝက်လောက် ကျင့်ကြံမှုများ ပြုလုပ်ပြီး ပြီဖြစ်၍ မူလသူတော်စင်အဆင့်သို့ ရောက်ရှိသွားကြပြီဖြစ်၏။ ထို့အတူ မန်ယုဂျန်၏ မိန်းမဖြစ်သူမှာလည်း ကျင့်ကြံ မှုများ ပြုလုပ်ရင်းဖြင့် မူလသူတော်စင်အဆင့်ခြောက်သို့ပင် ရောက်ရှိသွားခဲ့ချေပြီ။
ထို့ကြောင့် လက်ရှိအချိန်တွင် မန်ယုဂျန်နှင့်ပင် မိန်းမဖြစ်သူက အဆင့်တူနီးပါးဖြစ်နေပြီဟု ဆိုနိုင်သည်။
ထိုလူများပြီးနောက် ရဲရှောင်ကိုယ်တိုင်မှာလည်း မူလသူတော်စင်အဆင့်ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ဧကရာဇ်ခန်းမတွင် မူလသူတော်စင်အဆင့် ပညာရှင်ပေါင်း စုစုပေါင်း ၇၇ ယောက်ပင် ရှိနေလေပြီ။
ထို့ပြင် မူလနတ်ဘုရားအဆင့်ရှစ်နှင့်အထက် ပညာရှင်ပေါင်းမှာမူ ၆၇၀ ပင်ရှိနေ၏။ အားအနည်းဆုံးလူပင် လျှင် မူလနတ်ဘုရားအဆင့်ငါးရှိနေခြင်းဖြစ်သည်။ ဧကရာဇ်ခန်းမကြီးမှာ ထိုကဲ့သို့သော လူ ၂၀၀၀ ခန့်ဖြင့် ဖွဲ့စည်း ထားခြင်းပါပင်။
တစ်နည်းအားဖြင့် ဧကရာဇ်ခန်းမက အင်အားကြီးသော အဖွဲ့အစည်းကြီးတစ်ခုဟုပင်ဆိုနိုင်ပြီး လိုအပ်သည် ဆို၍ အတွေ့အကြုံနှင့် လက်တွေ့တိုက်ပွဲများသာ ရှိနေပါတော့သည်။
YOU ARE READING