1781--------1790

47 1 0
                                    

အခန်း (၁၇၈၁)(စာစဉ် ၁၄၁- အပိုင်း ၁)
“ရန်သူ့စခန်းသို့ချဉ်းကပ်ခြင်း”
ရဲယန်ဒွမ်၏ မျက်နှာတစ်ခုလုံး စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြူဖတ်ဖြူရော် ဖြစ်သွား၏။
အားအင်ချည့်နဲ့သွားသော ၎င်းအဖို့ တစ်စုံတစ်ခုကို ဖမ်းဆုပ်လှမ်းကိုင်ရန် ကြိုးစားလိုက်သည်။ ထိုအချိန် သူ၏ မျက်လုံးများမှာလည်း အရောင်ကင်းမဲ့လျက်ရှိ၏။
ကျောင်းယိပြောသည်မှာ မှန်ကန်လှသည်။ ဤသည်က ရဲယန်ဒွမ် အယောင်ဆောင်ထားသော ရဲချန်ချင်၏ ဘဝအဆုံးသတ်ပင်ဖြစ်၏။
တစ်ခါတစ်ရံတွင် ဘဝဆိုသည်က အလှည့်အပြောင်း ကြမ်းတတ်သည့် သဘာဝမျိုးရှိလေသည်။ စက္ကန့်ပိုင်း အတွင်းမှာပင် သုညဘဝရောက်သွားနိုင်ပြီး မျက်တောင်တစ်ခတ်စာအတွင်းမှာပင် ကောင်းကင်ထက်ပိုမိုမြင့်မား သည့် အခြေအနေသို့ ရောက်ရှိသွားနိုင်၏။
ယခု ရဲယန်ဒွမ်၏ ဘဝမှာလည်း ထို့အတူပါပင်။ သူ့အဖို့ မနေ့တစ်နေ့ကပင် ဖရိုဖရဲမြို့တစ်ခုလုံးကို သိမ်းပိုက် အုပ်စိုးနိုင်ခဲ့သော်လည်း ယခုအခါတွင်မူ မည်သည့်နေရာ၌ သေရမည်မှန်း မသိနိုင်တော့ပြီ မဟုတ်ပါလား။
သူ၏အခြေအနေက ထိုသို့ဖြစ်နေသည့်တိုင် ကျန်းယွမ်နှင့် အခြားလူနှစ်ဦးမှာမူ ပျော်ရွှင်နေကြလေသည်။ ၎င်းတို့က ကျယ်လောင်စွာ ရယ်မောလိုက်ကြရင်း -
“သခင်လေးရဲ . . . ငါတို့သွားတော့မယ်၊ မင်းကတော့ စိတ်အေးအေးထားပါ ငါတို့မင်းကိုအမြဲစောင့်ကြည့်နေ မယ်၊ မင်းဒုက္ခရောက်တဲ့အခါ၊ နွားတစ်ကောင်၊ ဝက်တစ်ကောင်၊ ကြက်တစ်ကောင်လိုမျိုး စော်ကားခံရတဲ့အခါကျရင် ငါတို့တွေက ပျော်ပျော်ကြီးကို ထိုင်ကြည့်နေကြမှာ ဟား ဟား ဟား . . .”
“ဘယ်လို . . . ကြက်ဟုတ်လား၊ သူက ကြက်မဟုတ်ပါဘူး သူက ဘဲပါ ဟား ဟား ဟား . . .”
ကျန်းလျန်၏ဘေးရှိ လူမှလည်း ရယ်မောလှောင်ပြောင်ရင်းဖြင့် ပြောလိုက်၏။
“နေစမ်းပါ . . . ဘဲဖြစ်ဖို့က လွယ်တာမှတ်လို့၊ ယုန်ဖြစ်တာကမှ ပိုလွယ်ဦးမယ် ဟား ဟား ဟား . . .”
ကျန်လူတစ်ဦးမှလည်း ဝင်ရောက်လှောင်ပြောင် ပြောဆိုလိုက်ပြန်သည်။
“မင်းတို့တွေ အပိုပြောမနေနဲ့ ကြက်က ကြက်ပါပဲကွာ . . .”
“ဟား ဟား ဟား . . . မင်းပြောတာမှန်တယ်၊ ငါတို့က မစဉ်းစားမိလိုက်လို့ . . .”
နောက်ဆုံးတွင် ကျယ်လောင်စွာ ရယ်မောရင်းဖြင့် သုံးယောက်လုံးမှာ ထွက်ခွာသွားကြပါတော့သည်။
. . .
“ဝေါ့ . . .”
ဆောက်တည်ရာမရ ဖြစ်သွားသော ရဲယန်ဒွမ်၊ ပါးစပ်မှ သွေးများအန်ထွက်လာ၏။
ကျောင်းယိ ပြေး၍ထူလိုက်သော်လည်း စိတ်ထဲတွင်မူ အတွေးပေါင်းမျိုးစုံ ဖြစ်နေမိသည်။
(ငါဘာလုပ်သင့်လဲ . . . ငါဘာလုပ်ရမလဲ . . .)
(ရဲချန်ချင်ကို လူတိုင်းပစ်ပယ်သွားလို့ရတယ် ဒါပေမယ့် ငါကတော့ ပစ်ပယ်သွားလို့မရဘူး၊ ငါကရဲချန်ချင်နဲ့ အတူတူရှိနေရမှာ၊ ငါသူ့ကိုထားခဲ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး . . .)
ကျောင်းယိမှာ အတွေးပေါင်းများစွာနှင့်အတူ ရဲချန်ချင်ကိုကြည့်နေရင်း စိတ်ထဲ အလွန်မုန်းတီးလာမိ၏။
(မျိုးနွယ်စုတွေရဲ့ ညွှန်ကြားချက်အတိုင်း ဘာလို့မလုပ်နိုင်ခဲ့ရတာလဲ၊ ဘာလို့ ရူးမိုက်တဲ့အရာတွေကို လုပ်ခဲ့မိ တာလဲ၊ ဘာလို့ သခင်လေးအစစ်နေရာကို အစားထိုးဝင်ဖို့ ကြိုးစားခဲ့ရတာလဲ . . .)
(ဒီလိုမျိုး ရူးမိုက်တဲ့အရာတွေကိုသာ မလုပ်ခဲ့ဘူးဆိုရင် ငါ့ဘဝကလည်း ဒီလိုစုတ်ပြတ်သတ်တဲ့ အဆုံးသတ် မျိုး ဖြစ်လာမှာ မဟုတ်ဘူး . . .)
(သူ့ကြောင့်သာ ငါကဒီလိုဖြစ်ရတာ၊ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး သူ့ကြောင့်ပဲ . . .)
ကျန်းယွမ် ရဲချန်ချင်အား ပြောဆိုခဲ့သည့်အချိန်က ကျယ်လောင်သောအသံကြီးဖြင့် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရဲစစ်သည်တော်ရှိလူများမှာ ကျန်းယွမ် ပြောသမျှကို ကြားခဲ့ကြလေသည်။
ထို့နောက်တွင် အခြေအနေကို ဂဃနဏသိရှိသွားသော ထိုလူများအဖို့ အချိန်မဆွဲဘဲ ထွက်ခွာသွားခဲ့ကြ၏။ ယခုနေရာတွင် ကြာကြာနေခြင်းက ၎င်းတို့အတွက် အကျိုးမဲ့စေနိုင်သည်ဟု ခံယူထားကြသည် မဟုတ်ပါလား။
ကျောင်းယိလည်း ရဲချန်ချင်အားခေါ်ရင်း အခန်းထဲမှ ထွက်လာခဲ့လိုက်၏။ ထိုအခါ ရဲစစ်သည်တော်၏ စခန်း ကြီးတစ်ခုလုံး ပြောင်ရှင်းနေသည်ကို တွေ့ရှိလိုက်ရသည်။
တကယ်တမ်းတွင် ထိုနေရာတစ်ခုတည်းသာမကဘဲ ရဲစစ်သည်တော်၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် အခြားနေရာများတွင်ပါ လူများမရှိကြတော့ခြင်းဖြစ်၏။ ထိုလူများမှာ ထွက်ပြေးရုံမက စခန်းရှိ ငွေကြေးဥစ္စာပစ္စည်း များကိုပင် ယူဆောင်သွားကြခြင်းဖြစ်သည်။
ဤသည်က ၎င်းတို့အတွက် အခွင့်အရေးကြီးတစ်ခုပင် မဟုတ်ပါလား။
“နောက်ဆုံးတော့ ငါတို့နဲ့ထိုက်တန်တာ ဒါပဲပေါ့ . . .”
ကျောင်းယိမှ သက်ပြင်းချရင်း စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်၏။
ထို့နောက် ရဲချန်ချင်ကို ကျောပိုးကာ ထိုနေ့ညတွင်ပင် ဖရိုဖရဲမြို့တော်မှ ထွက်ခွာသွားခဲ့လေသည်။ ထိုကဲ့သို့ ထွက်ခွာလာစဉ် ကျောင်းယိမှာ သတိကြီးကြီးထားခဲ့သော်လည်း လက်ရှိအချိန်တွင် ၎င်းတို့မှာ တစ်ကမ္ဘာလုံး၏ ရန်သူဖြစ်နေကြောင်းကို သိရှိထား၏။
ထို့ကြောင့် ထိုသို့သောအခြေအနေတွင် အမှားအယွင်းတစ်ခုကပင် သူတို့၏ အသက်ကို ဆွဲနှုတ်သွားနိုင်ပေ သည်။ သို့သော် ကျောင်းယိ မည်မျှထိ သတိပြုခဲ့ပါစေ မအောင်မြင်ခဲ့ပေ။
ရဲစစ်သည်တော်၏စခန်းမှ သူတို့ ထွက်ခွာလာကတည်းက လူအများစုက သတိပြုမိသွားကြသည် မဟုတ်ပါ လား။ ထို့ကြောင့် သူတို့မည်သည့်အရာလုပ်လုပ်၊ မည်သည့်နေရာသို့သွားသွား ထိုလူများက သိရှိနေသည့် သဘော ပါပင်။
“ပစ်မှတ်တွေ မြို့ထဲက ထွက်နေပြီ . . .”
“ငါတို့လူတွေကို ပြင်ဆင်ထားခိုင်းလိုက် . . .”
“အဆင်သင့်ပြင်ထားကြ . . . သူတို့ အသက်ရှင်နေမှဖြစ်မယ်၊ သူတို့ကို လွယ်လွယ် သေခွင့်မပေးနိုင်ဘူး . . .”
“အားလုံး အဆင်သင့်ပဲလား . . .”
. . .
ရဲရှောင်က ဒဏ်ရာရနေသော လူ ၁၇ ဦးအား သေခြင်းနှင့်ရှင်ခြင်းခန်းမသို့ ခေါ်ဆောင်သွားခဲ့လေသည်။
တိုက်ပွဲတွင် မျိုးနွယ်စုခုနှစ်စုမှ လူ ၂၁ ဦး ပါဝင်ခဲ့ပြီး သက်တော်စောင့် ၄ ဦးမှာမူ သေဆုံးသွားခဲ့ရ၏။ ကျန်လူ များမှာမူ ဒဏ်ရာကိုယ်စီရရှိခဲ့ကြလေသည်။
ထိုလူများကို ရဲရှောင်သာ ယာယီအသက်ဓာတ်ဆေးကို မတိုက်ကျွေးခဲ့ပါက ၎င်းတို့အနက် အချို့မှာ သေဆုံး သွားနိုင်ပေသည်။ လက်ရှိအချိန်တွင်မူ ထိုလူများမှာ သတိလစ်လျက်ရှိနေကြ၏။
“သူတို့ကို ကောင်းကောင်း ကုသပေးမှဖြစ်မယ်၊ အပြင်ဘက်မှာ အစောင့်ချထားကြ . . .”
ရဲရှောင် လူ ၁၇ ဦး၏ ဘေးနားသို့သွားရင်း ပြောလိုက်၏။ ထို့နောက် ထိုလူတစ်ယောက်ချင်းစီအား ထူးခြား အစွမ်းထက်အဆင့် ဆေးလုံးတစ်လုံးစီနှင့် စိတ်စွမ်းအင်ရေများကို တိုက်ကျွေးလိုက်သည်။
ထို့ကြောင့် သူတိုက်ကျွေးလိုက်သည့် ဆေးလုံးများမှာ လူနာများ၏ နှလုံးကို ထိန်းချုပ်ကာ အသက်ရှင်ခွင့် ပေးနိုင်တော့မည်ဖြစ်သည်။ ထို့နောက်တွင် ရဲရှောင်က အဆိပ်များနှင့် အပြင်ပန်းခန္ဓာကိုယ်များကို စတင်၍ ကုသ တော့၏။
လူနာများမှာ ၁၇ ယောက်ပင်ရှိနေ၍ ရဲရှောင် အတော်လေး ပင်ပန်းသွားရသည်ဟု ဆိုနိုင်သည်။ သို့သော် သူ၏လူနာ ၁၇ ယောက်လုံးကိုမူ တည်တည်ငြိမ်ငြိမ်ဖြင့် အသက်ရှူနိုင်အောင် စွမ်းဆောင်နိုင်ခဲ့၏။
ရဲရှောင်လည်း ထိုအခါမှ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။ မျိုးနွယ်စုခုနှစ်စုမှ လူများ အားလုံး အသက်ဘေးမှ လွတ်မြောက်သွားကြပြီ မဟုတ်ပါလား။
ရဲရှောင်စိတ်ထဲ ယခုကဲ့သို့ ဆိုးရွားလှသည့်လုပ်ရပ်မျိုးကို ရဲယန်ဒွမ်တစ်ယောက် လုပ်လိမ့်မည်ကို သိနေခဲ့ သည်။ ထိုလုပ်ရပ်ကြောင့်လည်း အရာအားလုံး ကံဆိုးမိုးမှောင်ကျလုနီးပါးပင် ဖြစ်ခဲ့ရလေသည်။
“ရဲစစ်သည်တော်တွေကို စောင့်ကြည့်ထားကြ . . . သူတို့မှာ အစွမ်းထက်ပညာရှင် နည်းနည်းပါးပါးလောက် ရှိနိုင်သေးတယ်၊ သူတို့တွေ ကျုပ်တို့ကို တိုက်ခိုက်လာနိုင်တယ်၊ ခုခံဖို့ကိုလည်း ပြင်ဆင်ထားကြ . . .”
ရဲရှောင်မှ အမိန့်ပေးလိုက်၏။
“ဘူရှန်းဖန် . . . ခင်ဗျားက ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ယူရမယ်၊ ခြေရာလက်ရာတော့မကျန်စေနဲ့၊ တစ်ခုခု ဖြစ်ပြီဆိုရင် အချိန်မီသတင်းပို့ပါ . . .”
“ကောင်းပါပြီ . . . ဧကရာဇ် . . .”
ဘူရှန်းဖန်လည်း အမိန့်ကိုနာခံပြီးနောက် ချက်ချင်းပင် ထွက်ခွာသွားလေသည်။
ရဲရှောင်စိတ်ထဲ ရဲချန်ချင်က ရှုံးမဲမဲကာဖြင့် ဧကရာဇ်ခန်းမအား တိုက်ခိုက်လာမည်ကို စိုးရိမ်နေခြင်းဖြစ်၏။ တကယ်တမ်းတွင် ရဲရှောင်က ရဲချန်ချင်ကို အထင်ကြီးမိနေခြင်းပါပင်။
လက်ရှိအခြေအနေအရ သူ့အဖို့ သတိလက်လွတ်နေ၍မရ၍ ထိုသို့စဉ်းစားထားမှ တော်ကာကျမည် မဟုတ် ပါလား။ အရာအားလုံးကို ထောင့်စေ့အောင် ကြိုတင်စဉ်းစားပြင်ဆင်ထားကာမှ ရလာဒ်က ကိုယ်လိုချင်သလို ဖြစ် လာနိုင်ပေလိမ့်မည်။
ဘူရှန်းဖန်လည်း ရဲရှောင်၏အမိန့်ကို နာခံပြီးသည့်အချိန်မှစ၍ လျင်မြန်စွာ ထွက်ခွာသွားခဲ့လေသည်။ ၎င်းတို့ ၏ ဧကရာဇ်ဖြစ်သူ ရဲရှောင် ကောင်းကင်ထက်မှလူအမည်ဖြင့် ခရီးနှင်ခဲ့စဉ် သူ့အဖို့လည်း များစွာ တိုးတက်ခဲ့ရ၏။
ထို့ကြောင့် လက်ရှိအချိန်တွင် သူ၏ကျင့်ကြံမှုအဆင့်က ထာဝရအဆင့်၏ အလယ်အလတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ တစ်နည်းအားဖြင့် ပန်းဘုရင်လောက်နီးပါး အင်အားကြီးနေသည့် သဘောပါပင်။
ထိုသို့သော အခြေအနေတွင် သူ့အနေဖြင့် ရဲစစ်သည်တော်မှလူများကို တစ်ယောက်ချင်းသာဆိုပါက အနိုင် ယူနိုင်မည်ဖြစ်ကြောင်း တွေးနေမိ၏။
ထိုသို့ဖြင့် ရဲစစ်သည်တော်များ၏ စခန်းအနားသို့ ကပ်လာချိန် သူ၏အရှိန်ကို လျှော့ချပစ်လိုက်သည်။ ရန်သူ များ၏ စခန်းပင် မဟုတ်ပါလား။
သူ့အဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသည့်တိုင် ထိပ်တန်းပညာရှင်များကိုမူ တစ်ပြိုင်နက်တည်း တိုက်ခိုက် ရန်မှာ မဖြစ်နိုင်ချေ။ ထို့ကြောင့် သတိကြီးကြီးထားလိုက်ခြင်းဖြစ်သည်။
ဘူရှန်းဖန်အနေဖြင့် တစ်ယောက်ချင်းအနိုင်ယူနိုင်သည့်တိုင် ထာဝရအဆင့်ပညာရှင်နှစ်ဦးနှင့်မူ တစ်ပြိုင် နက်တည်း တိုက်ခိုက်ရပါက အသက်ပင် ပါသွားနိုင်သည် မဟုတ်ပါလား။
ရဲစစ်သည်တော်များ၌လည်း ထာဝရအဆင့်ပညာရှင်များ ရှိနေလေသည်။ ထို့ကြောင့် ထိုသို့သော အင်အား ကြီး အဖွဲ့အစည်း၏ ရန်သူ့စခန်းသို့ လာရောက်သတင်းယူရခြင်းမှာ အန္တရာယ်များလွန်းလှသည်။
သေးငယ်သော အမှားအယွင်းလေးကပင် အသက်ကိုပင် နှုတ်ယူသွားနိုင်၍ ဘူရှန်းဖန်အဖို့လည်း သတိမြဲစွာ ထားလိုက်ခြင်းပင် ဖြစ်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now