အခန်း (၁၂၃၁)(စာစဉ် ၈၈- အပိုင်း ၁၃)
“ကြောက်မက်ဖွယ် အစီအစဉ်များ”
“ငါအရင် ပြောပါရစေ၊ ငါအရင် ပြောမယ် . . .”
လူ ၂ ဦးမှာ ပြောခွင့်မရမည်ကို စိုးရိမ်နေ၍ အလု အယက်ပင် ပြောချင်နေကြသည်။
“ဘာတွေ အော်ဟစ်နေတာလဲ အေးဆေးနေကြ စမ်း၊ ကဲ မင်းအရင်ပြော . . .”
ရဲရှောင်မှ ၂ ဦးအနက်မှ တစ်ဦးကို ရွေး၍ ပြောခွင့် ပြုလိုက်သည်။
ထိုလူမှာ ပျာသလဲလဲဖြင့်ပင် အရိုအသေပြုလိုက် ရင်း -
“ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် သခင် လေး၊ မင်းရဲ့ ကျေးဇူးကို ငါဘယ်တော့မှ မမေ့ပါဘူး”
ရဲရှောင်မှာမူ မျက်မှောင်ကြုတ်ရင်း နှာခေါင်းရှုံ့ လိုက်လေသည်။
ထို့ကြောင့် ထိုလူမှာ ထိတ်လန့်သွားပြီး ချက်ချင်း ပင် ကြည်လင် ပြတ်သားသော အသံဖြင့် စတင်၍ ပြောလိုက်တော့သည်။
“အစက စပြောရမယ်ဆိုရင် ရဲမျိုးနွယ်ရဲ့ ကိစ္စတွေ ကနေ စပြောရမှာပဲ၊ ရဲမျိုးနွယ်က သခင်လေး ရဲရှောင် ဆိုတာ ပါရမီပါတဲ့ လူငယ်လေးတစ်ယောက်၊ သူက ရေခဲလနန်းတော်ရဲ့ ဂိုဏ်းသားတစ်ယောက်လည်း ဖြစ် တယ်၊ တိမ်မြူခိုး နန်းတော်၊ ချင်းဟွာနန်းတော်နဲ့တို့ လည်း ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးရှိတယ် . . .”
“ကျုပ်တို့ ခေါင်းဆောင်တွေ အဲဒီသတင်းကို ကြား ရတဲ့အခါ သူတို့ တုန်လှုပ်သွားကြတယ်၊ ဂိုဏ်းချုပ်ကြီး ဝုဟူရှန်၊ ဥသျှောင်ကြီးနှစ်ပါးနဲ့ ကျန်တဲ့သက်ကြီးပညာ ရှင်တွေ အားလုံးက ဒီကိစ္စကို စိုးရိမ်နေကြတာပေါ့”
ထိုသို့ဖြင့် ထိုလူမှာ ရဲရှောင်အား ကရားရေလွှတ် တတွတ်တွတ်ပင် ပြောဆိုလိုက်တော့သည်။
သူတို့၏ အကြံအစည်များ၊ သူတို့ ဆွေးနွေးခဲ့ပုံများ၊ စီစဉ်ထားပုံများနှင့် ဝုဟူရှန်၏ ဆုံးဖြတ်ချက်များနှင့် အပေးအယူလုပ်ထားပုံများ၊ လုပ်ငန်းစဉ်များ အားလုံး ကို အသေးစိတ် ပြောပြလိုက်ခြင်း ဖြစ်သည်။
ထိုလူ၏ ပုံစံမှာ မည်သည့် အချက်အလက်ကိုမှ ပြောရန် မေ့မကျန်ခဲ့စေလိုသည့် ပုံပေါ်နေသည်။
![](https://img.wattpad.com/cover/350267301-288-k402189.jpg)
YOU ARE READING