1611-------1615

94 5 0
                                    

အခန်း (၁၆၁၁)(စာစဉ် ၁၂၇- အပိုင်း ၃)
“အသက်ကောင်းကင်စည်းချက်တေးသွား”
ဆရာရှောင်၏ မျက်နှာမှာ ဖြူရော်ရော်ပင်ဖြစ်နေ၏။ ထို့အတူ သူ့အား ပြောလိုက်သော ရဲရှောင်အား လှမ်း ကြည့်ရင်းလည်း ထိတ်လန့်နေမိလေသည်။
ထို့ကြောင့် ရုတ်တရက် စိတ်လွတ်သွားပြီး အရူးတစ်ယောက်ကဲ့သို့ပင် အော်ဟစ်လိုက်ပြီး -
“ဒါကအမှန်မဟုတ်ဘူး၊ ဒါကမဖြစ်နိုင်ဘူး မင်းကအားနည်းတယ် . . .”
“မင်းလိုအားနည်းတဲ့လူက ရုတ်တရက် ဒီလောက်ထိ အင်အားကြီးသွားတာ ဖြစ်ကိုမဖြစ်နိုင်ဘူး . . .”
“သူတို့က တောင်နဲ့ပင်လယ်ညီအစ်ကို၊ တောင်နဲ့ပင်လယ် ညီအစ်ကိုတွေ၊ ကောင်းကင်ဘုံအထက် လူသား နယ်ပယ်ရဲ့ ဒဏ္ဍာရီလာစာရင်းဝင်တဲ့လူတွေ . . .”
“လောကမှာ မဖြစ်နိုင်တဲ့အရာဆိုတာ မရှိဘူး၊ မဖြစ်သေးတာပဲရှိတယ် . . .”
ရဲရှောင်က ခပ်အေးအေးသာ ပြောလိုက်၏။
“ခင်ဗျားဒီမှာ မြင်တွေ့နေရတဲ့အရာတွေက ခင်ဗျားအတွက်တော့ မဖြစ်နိုင်ဘူးပေါ့ ဒါပေမယ့် ကျုပ်တို့တွေ အတွက်ကတော့ ဒါကသေချာပေါက်ကို ဖြစ်နိုင်တဲ့အရာပဲ . . .”
“သူတို့ ဘာကြောင့်သေသွားတယ်လို့ ခင်ဗျားထင်လဲ၊ ကျုပ်တို့ကရော ဘာလို့အနိုင်ရသွားတယ်လို့ထင်လဲ”
ရဲရှောင်က ပြုံးလျက် မေးလိုက်သည်။
“ဆရာရှောင် . . . ခင်ဗျားရဲ့စိတ်အခြေအနေတွေ ကြံ့ခိုင်ဖို့အတွက် အချိန်လိုနေသေးတယ် ဒါပေမယ့်လည်း အဲဒီလို မဖြစ်နိုင်တော့ပါဘူးလေ၊ ခင်ဗျားအတွက်က အချိန်စေ့သွားပြီ . . .”
ထိုစကားကြောင့် ဆရာရှောင် အကြီးအကျယ်ပင် ထိတ်လန့်သွား၏။ ထိုအခိုက်အတန့်တွင် တစ်စုံတစ်ခုကို လည်း သဘောပေါက်သွားမိပြီး ဒေါသအကြီးအကျယ်ပင် ထွက်သွားသည်။
(ငါ့ကို မာန်မဲလို့ရတဲ့အထဲမှာ မင်းမပါဘူး ရဲရှောင် . . .)
(မင်းဖြစ်လို့မရဘူး . . .)
ထိုအချိန်တွင် ဆရာရှောင်တစ်ယောက် စိတ်လွတ်ကာ အထိန်းအကွပ်မဲ့ဖြစ်သွား၏။ ထို့နောက် တစ်ဖက်သို့ လှည့်ကာ သူ၏ပုလွေကို ထုတ်လိုက်လေသည်။
တဖန် ပုလွေအား ရဲရှောင်ရှိရာဘက်သို့ ချိန်ရွယ်လိုက်ပြန်ရင်း ဒေါသတကြီးဖြင့် -
“ရဲရှောင် . . . ငါတို့တွေ သဘောတူညီထားတာရှိတယ် အဲဒီတော့ တိုက်ပွဲက ၅ ပွဲဖြစ်သင့်တယ်၊ ငါ့ဘက်က တိုက်ပွဲ ၄ ပွဲ ရှုံးခဲ့ပေမယ့် မင်းနဲ့နောက်ဆုံးတိုက်ခိုက်ဖို့အတွက် အခွင့်အရေးရှိသေးတယ်၊ မင်းနဲ့ငါ အဆုံးသတ်လိုက် ကြတာပေါ့ . . .”
ရဲရှောင်က ခပ်ထေ့ထေ့သာ ပြုံးလိုက်ရင်း -
“ဪ ဆရာရှောင် . . . ဆရာရှောင် . . .”
“ခင်ဗျားက ဉာဏ်နီဉာဏ်နက်များလှချည်လား၊ ကိုယ့်ကိုယ်ကိုယ် သေမှာသိနေတာတောင် မသေခင် ကျုပ် ကို သတ်ဖို့ စဉ်းစားနေသေးတယ်ပေါ့ . . .”
“ကောင်းပြီလေ . . . ကျုပ်မေ့သွားတယ် ခင်ဗျားက မှုတ်တဲ့နေရာမှာတင် တော်တာမဟုတ်ဘူး၊ ကျင့်ကြံမှု ပိုင်းမှာလည်း တော်တာပဲ . . .”
“ကဲပါကြာတယ် . . . ခင်ဗျားက မှုတ်တဲ့အပိုင်းနဲ့ ကျင့်ကြံမှုအပိုင်းမှာ ဘယ်အပိုင်းက ပိုတော်လဲ စောင့်ကြည့် ရသေးတာပေါ့ . . .”
ထိုစကားကြောင့် ဆရာရှောင် ဆွေ့ဆွေ့ခုန်သွားပြီး -
“ရဲရှောင် . . . မင်းက ငါ့ထက်ပိုပြီး သိက္ခာရှိတဲ့လူလိုလို ဘာလိုလို ဟန်ဆောင်မနေနဲ့၊ ငါ့ကိုလာပြီး အကဲဖြတ် မနေနဲ့၊ လာပြီးတော့လည်း မာန်မဲမနေနဲ့ မင်းကိုယ်မင်းများ ဘာထင်နေလဲ ထွီ . . .”
ရဲရှောင်က ဆရာရှောင်၏ စကားကြောင့် ပြုံးလိုက်ရင်း -
“ကောင်းပြီလေ . . . တကယ့်ကို တော်ဝင်ရတနာတစ်ပါးလို မွေးဖွားလာတဲ့ ဆရာရှောင်ကို ကြည့်ပါဦး . . .”
“အဲဒီလိုလူက အခုတော့ ယုတ်ညံ့တဲ့ စကားတွေကို ပြောနေပြီပေါ့ ဒါပေမယ့် ခင်ဗျား ကျုပ်ကို အထင်လွဲနေ တယ်၊ ကျုပ်က ခင်ဗျားကို စိုးရိမ်လို့ပါ၊ ဘာလို့လဲဆိုတော့ ဒီတိုက်ပွဲပြီးရင် အမှုတ်ကျွမ်းကျင်တဲ့လူဆိုတာ ရှိတော့မှာ မဟုတ်ဘူးလေ၊ ခင်ဗျားရဲ့ တေးသွားတွေကို နားဆင်ချင်တဲ့ လူတွေအတွက်တော့ ဆုံးရှုံးမှုကြီးတစ်ခုပေါ့ . . .”
ဆရာရှောင် မည်သို့မှ သည်းမခံနိုင်တော့။ ထို့ကြောင့် ရှေ့သို့ ခြေလှမ်းသုံးလှမ်း လှမ်းလိုက်၏။ ထို့နောက် ဝတ်ရုံကို ဟန်ပါပါ ဝေ့ယမ်းလိုက်ပြန်ရင်း -
“ရဲရှောင် . . . ငါ့လူတွေက သေသွားပြီ ဒါပေမယ့် မင်းလူတွေက ငါ့လူတွေထက် ပိုသာတယ်ဆိုတဲ့ အချက်ကို ပဲ မင်းသက်သေပြနိုင်သေးတယ်၊ မင်းကတော့ ငါ့စိန်ခေါ်မှုကို ရင်ဆိုင်ရမယ့်လူ၊ မင်းလိုကောင်က ငါ့ကိုသတ်နိုင်မယ် ထင်လို့လား . . .”
ရဲရှောင်က တည်ငြိမ်မှုအပြည့်ဖြင့် ရှေ့သို့သာ ဖြည်းညှင်းစွာ တိုးလိုက်ပြီး -
“ကျုပ်ကတော့ တတ်နိုင်တယ်လို့ပဲ ဖြေရမယ် ဒါပေမယ့် ခင်ဗျားကတော့ အဲဒါကို ယုံကြည်မှာ မဟုတ်ဘူး၊ ခင်ဗျား စိတ်နှလုံးသားထဲက အဲဒါကို ယုံကြည်နေရင်တောင် ခင်ဗျားက ဝန်ခံမှာ မဟုတ်ဘူး၊ အမှန်တိုင်းပြောရရင် အပြောထက် အလုပ်နဲ့သက်သေပြရတာပဲ ပိုကောင်းမယ်လို့ ကျုပ်ထင်တယ် . . .”
ဆရာရှောင်မှလည်း ခေါင်းညိတ်လိုက်ပြီး -
“ကောင်းပြီ . . . လုပ်လိုက်ကြတာပေါ့ အဆုံးသတ်လိုက်ကြမယ် . . .”
ထိုသို့ပြောပြီးနောက် ဆရာရှောင်လည်း သူ့ပတ်လည်အား ကြည့်လိုက်မိ၏။ သို့သော် သူ့အနားတွင် သူ့လူ တစ်ယောက်မျှ မရှိတော့၊ ဧကရာဇ်ခန်းမမှလူများသာလျှင် ရှိတော့၏။
ထို့ကြောင့် လက်ရှိအချိန်တွင် ဧကရာဇ်ခန်းမတစ်ခုလုံးအား သူတစ်ယောက်တည်းဖြင့် ရင်ဆိုင်ရတော့မည် ဖြစ်၏။ ထိုအချက်ကို ဆရာရှောင် စဉ်းစားမိသွားချိန် စိတ်နှလုံးသားတစ်ခုလုံး တုန်ခါသွားလေသည်။
ထို့ကြောင့် အကြောင်းပြချက်မရှိ ဟားတိုက်ရယ်မောလိုက်ရင်း -
“ဟား . . . ဟား . . . ဟား . . .”
“ငါမင်းကို မကြောက်ဘူး ရဲရှောင်၊ ဧကရာဇ်ခန်းမတစ်ခုလုံးကို ရင်ဆိုင်ရမယ်ဆိုရင်တောင် မကြောက်ဘူး”
ရဲရှောင်က ဖြည်းညှင်းစွာ ခေါင်းခါယမ်းလိုက်ရင်း -
“ခင်ဗျား ဘယ်လို ခံစားနေရမယ်ဆိုတာကို ကျုပ်သိပါတယ်၊ အခုလိုအချိန်မှာ ခင်ဗျားကိုယ်ခင်ဗျား အားပေး စကားပြောချင်နေတယ်ဆိုတာကိုလည်း ကျုပ်နားလည်တယ် ဒါကတော့ ဘာမှမဟုတ်ပါဘူး . . .”
“တကယ်တော့ ခင်ဗျားလူတွေ ဘယ်နှစ်ယောက်ခေါ်လာခေါ်လာ ကျုပ်ဂရုမစိုက်ဘူး၊ လူ ၄ ယောက်ဖြစ်ဖြစ် လူ ၄ ထောင်ပဲဖြစ်ဖြစ် ကျုပ်ဂရုမစိုက်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ရလာဒ်က အတူတူပဲ မဟုတ်လား . . .”
“နောက်ဆုံးကျ ခင်ဗျားတစ်ယောက်နဲ့ ဧကရာဇ်ခန်းမကို ရင်ဆိုင်ရမှာပဲလေ၊ ခင်ဗျားနဲ့အတူ ဧကရာဇ်ခန်းမ ကို လိုက်လာတဲ့ လူမှန်သမျှ သေကိုသေရမယ် ဒါသေချာတဲ့အရာပဲ . . .”
ရဲရှောင်က လက်နောက်ပစ်လျက် ခပ်အေးအေးသာ ပြောလိုက်၏။
“ဆရာရှောင် . . . ခင်ဗျား ဘာလို့များ စိတ်ကိုမလျှော့နိုင်နေရတာလဲ၊ ခင်ဗျား ပြောနေသလိုမျိုး တကယ်ပဲ သက်သေပြနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့ . . .”
“ဪဒါနဲ့ . . . ကျုပ်မေ့သွားတယ်၊ အေးလေ ခင်ဗျားက အမှုတ်သန်တဲ့လူပဲ အပြောကြီးတာ ဒီလောက် တော့ ရှိမှာပေါ့၊ နှစ်ခုလုံးက ပါးစပ်သုံးရတာပဲမလား . . .”
“ကဲစိတ်မရှိနဲ့ . . . အပြောလေးတွေလျှော့ ကျုပ်မစောင့်နိုင်တော့ဘူး . . .”
“ဟား . . . ဟား . . . ဟား . . .”
ရဲရှောင်၏ အပြောကြောင့် လူတိုင်း သဘောကျစွာဖြင့် ရယ်မောလိုက်ကြ၏။ ၎င်းတို့၏ ခေါင်းဆောင်က ရန်သူအား အေးအေးလူလူဖြင့် အဆုံးမဲ့အောင် စော်ကားနေသည် မဟုတ်ပါလား။
“ရဲရှောင် . . . မင်းသတိထားသင့်တယ် . . .”
“ငါ့ရဲ့ အသက်ကောင်းကင်စည်းချက် တေးသွားကို နားထောင်ကြည့်လိုက်၊ ဒါကငါ့ရဲ့အထူးတေးသွားတစ်ပုဒ် ပဲ၊ မင်းလေကျယ်နိုင်ဦးမလား ကြည့်ချင်သေးရဲ့ . . .”
ဆရာရှောင်က ဒေါသတကြီးဖြင့် ရဲရှောင်အားကြည့်ကာ ပြောလိုက်သည်။
“ဪ . . . ခင်ဗျားရဲ့ တင်ဆက်မှုကို ကျုပ်မခံယူဖူးသေးဘူး၊ အခုလို ခင်ဗျားက အလိုက်တသိဖျော်ဖြေမယ် ဆိုတော့လည်း ကျုပ်နားထောင်ရသေးတာပေါ့၊ ခင်ဗျားရဲ့ တင်ဆက်မှုက ကျုပ်ကို စိတ်ပျက်စေမလား စိတ်ကျေနပ် စေမလားဆိုတာ သိချင်မိသေးရဲ့ . . .”
ရဲရှောင်က ထူးမခြားနားဟန်မျိုးဖြင့်သာ ပြောလိုက်၏။ အရာအားလုံးက သူ၏ထိန်းချုပ်မှုအောက်၌ ရှိနေ သလိုပါပင်။
ဆရာရှောင်လည်း အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ကောင်းကင်ထက်သို့ ပျံဝဲသွား၏။ ထို့နောက် သူ၏ ပုလွေကို ပါးစပ်နား၌ ဟန်ပါပါဖြင့် တေ့လိုက်တော့သည်။
ခဏအကြာတွင် ချိုမြိန်လှသော တေးသွားများက လေနှင့်အတူ နေရာအနှံ့သို့ ပျံ့လွင့်သွား၏။ မသိပါက ကောင်းကင်ဘုံ၏ တေးသွားများအလားပါပင်။ ထိုတေးသွားများနှင့်အတူ ဆရာရှောင်မှာလည်း ကောင်းကင်ထက် တွင် လွင့်မျောလျက်သာရှိနေသည်။
ထိုအချိန် သူ၏ပုလွေမှ ထွက်ပေါ်လာသည့် တေးသွားများမှာ ကျယ်လောင်ခြင်းမရှိသည့်တိုင် လူတိုင်း၏ စိတ်နှလုံးအား ထူးခြားသည့် ခံစားမှုမျိုးကို ဖြစ်ပေါ်နေစေ၏။ စင်စစ် သူတို့၏ ငယ်စဉ်တောင်ကျေး ကလေးဘဝများ ကို ပြန်လည်မြင်ယောင်သွားကြခြင်းပါပင်။
သူတို့၏မိဘ၊ မိတ်ဆွေ၊ ညီအစ်ကိုမောင်နှစ်မများကို ပြန်လည်သတိရ တွေးတောမိသွားကြခြင်းဖြစ်၏။ ထို့ နောက်တွင် ပုလွေမှ ပျံ့လွင့်လာသည့် သံစဉ်များမှာ လူအုပ်ကြီးထံသို့ နေရာလွတ်မထား ပျံ့နှံ့သွားတော့သည်။
ထိုအခိုက်အတန့်တွင် ထိုလူများ၏စိတ်ထဲ သူတို့၏ ဘဝဇာတ်ကြောင်းကို သူတို့ပြန်လည်နားထောင်နေရ သလိုပင် ခံစားနေကြရလေသည်။ အံ့မခန်းလှသော တေးသွားများပါတကား။
အချို့ဆိုလျှင် သံစဉ်များကို နားထောင်ရင်းဖြင့် မျက်ရည်များပင် ဝေ့တက်လာကြ၏။ ထိုအချိန် ရဲရှောင်မှာ လည်း မတ်တပ်ရပ်လျက်ဖြင့် ဆရာရှောင်၏ တေးသွားကို နားဆင်လျက်ရှိနေသည်။
ထိုအခိုက်အတန့်တွင် သူ၏နှလုံးသား အနက်ရှိုင်းဆုံးနေရာ၌ နစ်မြုပ်နေသော မှတ်ဉာဏ်များ၊ ပုံရိပ်များမှာ ပြန်လည်တူးဖော်လိုက်သည့်အလား ဘွားခနဲ ပြန်ပေါ်လာ၏။
ငယ်ရွယ်စဉ် သူတောင်းစားလေးဘဝ၌ လူအများ၏ မညှာမတာ ရိုက်နှက်ခြင်းကို ခံနေရပုံ၊ အမွှာညီအစ်မ နှစ်ဦးကို ပြုစုစောင့်ရှောက်ခဲ့ရပုံ။
မောင်နှစ်မသုံးဦးသား အသက်ရှင်နိုင်ရေးအတွက် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရပုံ၊ ပြင်းထန်လှသော ရာသီဥတု များကို ဆင်းရဲစွာခံခဲ့ရပုံ၊ ခြုံစရာစောင်မရှိ သုံးယောက်သား နွေးထွေးမှုရစေရန်အတွက် တစ်ဦးနှင့်တစ်ဦး ပူးကပ်စွာ အိပ်ခဲ့ရပုံ။
ထိုပုံရိပ်များကို ပြဇာတ်သဖွယ် တစ်ခုပြီးတစ်ခု မြင်ယောင်လိုက်မိခြင်းဖြစ်၏။ ထိုပုံရိပ်များထဲတွင် သူ၏ ခြေလက်များ ကျိုးသွားခဲ့ရသည့် နေ့ရက်များကိုလည်း မမေ့ချေ။ ထိုနေ့တွင် ညီအစ်မနှစ်ဦးက သူ့လက်မောင်းကို ကိုင်ဆွဲရင်း ငိုကြွေးလျက်ရှိနေလေသည်။
ထိုမျှမကသေး . . .
ညီမဖြစ်သူများနှင့် ကွဲကွာပြီးနောက် သူ့ဆရာဖြစ်သူထံ တပည့်အဖြစ် ခံယူခဲ့သည့် နေ့ရက်များကိုလည်း ပြန်လည် မြင်ယောင်မိသွားလေသည်။ နောက်ဆုံးတွင် လူအများသိကြသည့် ဧကရာဇ်တစ်ပါးအဖြစ် ရောက်နိုင်ခဲ့၏။
ထို့နောက်တွင် အသက်အန္တရာယ်များစွာနှင့် ရင်ဆိုင်ခဲ့ရပြီး သေတွင်းမှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ရသည်။ ထိုမှတဖန် ချင်းရန်နယ်ပယ်အတွင်း ကျင်လည်ခဲ့ရသည့်နေ့ရက်များကို ပြန်မြင်ယောင်သွားမိပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now