1561------1570

142 3 0
                                    

အခန်း (၁၅၆၁)(စာစဉ် ၁၂၃- အပိုင်း ၅)
“ရဲရှောင်ကိုသတ်လိုက်”
“အစောင့်တွေအားလုံးက တင်းကြပ်တဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်၊ သတ်မှတ်ထားတဲ့နေရာမှာပဲ နေရ မယ်၊ အမိန့်တစ်ခုမရမချင်း တစ်လက်မမှ မရွေ့ကြနဲ့ . . .”
“ဒီလိုမျိုး ကျုပ်ပြောနေရတယ်ဆိုတာ ကျုပ်က ဧကရာဇ်ခန်းမထဲမှာ အစွမ်းထက်တဲ့ အစီရင်တွေ လုပ်မှာ မလို့ပဲ၊ အဲဒီအစီရင်တွေက လူ့အသက်ကို သေစေနိုင်တယ်၊ ကျုပ်ပြောနေတာတွေကို ခင်ဗျားတို့ နားလည်မယ်လို့ မျှော်လင့်ပါတယ် . . .”
ရဲရှောင်က အဖွဲ့အစည်း၏ အရေးပါဆုံးသော လူများကို စုစည်း၍ ထိုသို့မှာကြားခဲ့လေသည်။
ထို့နောက် သူလုပ်ထားသည့် အရာများကိုလည်း ထိုလူများအားလုံးအား ပြောပြလိုက်၏။ အကယ်၍ ခန်းမရှိ လူတစ်စုံတစ်ယောက်မှ အစီရင်များကို အမှုမဲ့အမှတ်မဲ့ဖြင့် ထိမိသွားမည်ဆိုလျှင် ထိုလူများအဖို့ အသက်ပင်ပါသွား နိုင်သည် မဟုတ်ပါလား။
ထို့ကြောင့် လူများမှာလည်း ရဲရှောင် မှာကြားသည်ကို ကောင်းစွာ နားလည်ကြလေသည်။ မိစ္ဆာဝိညာဉ်နက် နှင့် ဘိုင်လုံတို့မှာလည်း တောအုပ်အတွင်း လူအများအား နေရာချထားပေးရင်းဖြင့် ကူညီပေးလျက်ရှိနေကြသည်။
ထိုလူများအားလုံးမှာ တောအုပ်အတွင်းရောက်သည်နှင့် စိတ်စွမ်းအင်ချီဓာတ်များကို ခံစားလိုက်ကြရသည်။ ထိုနေရာက စိတ်စွမ်းအင်ချီဓာတ်များ သိပ်သည်းလွန်းလှသော နေရာတစ်ခုပင် မဟုတ်ပါလား။
လက်ရှိအချိန်တွင်‌ သေခြင်းနှင့်ရှင်ခြင်းခန်းမမှာလည်း အပြင်ကမ္ဘာထက် စိတ်စွမ်းအင်ချီဓာတ်များ ၁၀ ခန့် ပိုမိုသိပ်သည်းနေပြီဖြစ်သည်။ မူလသေခြင်းနှင့်ရှင်ခြင်းခန်းမကပင် အပြင်ကမ္ဘာထက် စိတ်စွမ်းအင်ချီဓာတ် ၁၀ ခန့် ပိုမိုများပြားခဲ့ခြင်းကြောင့် ယခုနေရာတွင်ဆိုလျှင်မူ အဆ ၁၀၀ ခန့်ကို ကွာခြားလွန်းနေပေလိမ့်မည်။
ထို့ကြောင့် ပညာရှင်များအဖို့ ထိုနေရာတွင် ကျင့်ကြံမှုပြုလုပ်လျှင် လျင်မြန်စွာပင် တိုးတက်လာနိုင်ကြမည် ဖြစ်ပါတော့သည်။
. . .
ရဲယန်ဒွမ်အတွက် ထိုနေ့ညက အိပ်မရသော နေ့တစ်နေ့ဖြစ်ခဲ့၏။
မျိုးနွယ်စုကြီး ၇ စုမှာလည်း တစ်ညလုံး အစည်းအဝေးပြုလုပ်ခဲ့ကြပြီး နံနက်မိုးသောက်ချိန်သို့ရောက်မှသာ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြလေသည်။
ထို့ကြောင့် ရဲယန်ဒွမ်မှာ သူ၏မဟာအစီအစဉ်ကြီးကို ဖရိုဖရဲမြို့တော်အတွင်း တရားဝင်စတင်တော့မည်ဖြစ် ၏။ ကြီးမြတ်သောရဲမျိုးနွယ်စုက သိုင်းလောကအတွင်း ပြန်လည်ရောက်ရှိလာခဲ့ပြီ မဟုတ်ပါလား။
ထိုအခြင်းအရာအတွက် ရဲယန်ဒွမ်က သူ့ကိုယ်သူ ဂုဏ်ယူဝံ့ကြွားရင်း စိတ်အားတက်ကြွလျက်ရှိသော်လည်း ရဲရှောင်အကြောင်း မစဉ်းစားဘဲမနေနိုင်အောင် ဖြစ်နေမိသည်။ ထိုသို့စဉ်းစားမိလိုက်သည့် အခိုက်တိုင်းလည်း သူ၏ ရင်တစ်ခုလုံး နာကျင်သွားရ၏။
သူကိုယ်တိုင်လည်း အဘယ့်ကြောင့် ထိုသို့ဆိုးဆိုးရွားရွား ခံစားနေရသည်ကို နားမလည်နိုင်ချေ။ သူ့စိတ်ထဲ ရဲရှောင်အား သတ်ဖြတ်ခြင်းထက် စည်းရုံးနိုင်ခြင်းက ပိုကောင်းမွန်သည်ကို ကောင်းစွာ သိထားသည့်တိုင် ထိုကဲ့သို့ ခံစားနေရခြင်းဖြစ်၏။
ရဲရှောင်က အံ့ဖွယ်သမားတော်တစ်ပါးပင် မဟုတ်ပါလား။ ထို့ကြောင့် ရဲရှောင် တစ်ယောက်တည်းကပင် ဧကရာဇ်ခန်းမတစ်ခုလုံးထက်ပင် ပို၍ တန်ဖိုးကြီးနေသည်။
မည်မျှထိဆိုလျှင် သူ့အနားတွင်ရှိနေသော မျိုးနွယ်စု ၇ စုထက်ပင် ပိုတန်ဖိုးကြီးနေကြောင်း ရဲယန်ဒွမ် ခံစား နေရခြင်းဖြစ်၏။ ထို့ကြောင့် ရဲရှောင်ကိုသာ သူစည်းရုံးနိုင်လိုက်ပါက သေချာပေါက်ပင် ကမ္ဘာကြီးအား အုပ်စိုးသွား နိုင်လိမ့်မည်။
သို့သော် ရဲရှောင်နှင့် တွေ့ပြီးသည့်နောက်တွင်မူ ထိုသို့စည်းရုံးမည့် အစီအစဉ်များကို ရဲယန်ဒွမ် မေ့လျော့ သွားခဲ့ရသည်။ ထိုအစား ရဲရှောင်ကိုပင် သတ်ဖြတ်ချင်လိုသည့် စိတ်များသာ ကြီးစိုးနေပြီး ကမ္ဘာကြီးပေါ်တွင် အချိန် ၁ စက္ကန့်မျှပင် အသက်မရှင်စေလိုတော့ပေ။
လက်ရှိအချိန်တွင်လည်း ထိုအစီအစဉ်အား လက်မလျှော့လိုသေးသည့်တိုင် မျိုးနွယ်စု ၇ စုက သဘောမတူ ကြမည်မှာ သေချာလှသည်။ သို့တိုင် ရဲယန်ဒွမ်က ဇွဲမလျှော့၊ အခန်းထဲသို့ ပြန်ရောက်ပြီးသည်နှင့် သက်တော်စောင့် ဖြစ်သူအား တစ်ချက်လွတ်အမိန့်ပေးလိုက်၏။
“ဖန်ရှန် . . . မင်းဒီနေ့ ဧကရာဇ်ခန်းမကိုသွားပြီး ရဲရှောင်ကို သတ်ခဲ့ . . .”
ရဲယန်ဒွမ်၏ စိတ်အစဉ်တွင် ရဲရှောင်အား သတ်ဖြတ်နိုင်ရေးကသာ ပထမဖြစ်နေသည်။ ထို့ကြောင့် ညတွင်း ချင်းပင် ရဲရှောင်အား သတ်ဖြတ်ခိုင်းစေလိုက်ခြင်းဖြစ်သည်။
သူ၏ ထိုအမိန့်ကြောင့် ပိန်ပိန်ပါးပါးနှင့် သက်တော်စောင့်မှာ ထိတ်လန့်သွားသော်လည်း အမိန့်က အမိန့်ပင် ဖြစ်နေ၏။ ထို့ကြောင့် သူ့အဖို့ မလွဲမသေ လိုက်နာရမည်သာ။
ရဲယန်ဒွမ်မှာလည်း သူ့အကြံအစည် အထမြောက်တော့မည် အတွေးဖြင့် အကျေနပ်ကြီး ကျေနပ်လျက်ရှိနေ ၏။ ရဲရှောင်က ယနေ့ည၌ သေခြင်းတရားမှ မည်သို့မှ လွတ်မြောက်နိုင်တော့ပြီဟု သူယုံကြည်နေမိသည် မဟုတ်ပါ လား။
သူလွှတ်လိုက်မည့် သက်တော်စောင့်ဖြစ်သူမှာ မူလသူတော်စင်အဆင့်ခြောက်ရှိနေပြီဖြစ်၍ ထိုသို့ ယုံကြည် နေမိခြင်းဖြစ်၏။ ထိုလူအား သူ၏မျိုးနွယ်စုမှ သူ့အားစောင့်ရှောက်ရန်အတွက် မျိုးနွယ်စုခေါင်းဆောင်ပိုင်းများမှ ထည့်ပေးလိုက်ကြခြင်းဖြစ်သည်။
ဧကရာဇ်ခန်းမရှိ အဆင့်မြင့်ဆုံးပညာရှင်မှာမူ မူလသူတော်စင်အဆင့်သုံးသာလျှင် ရှိနေသေး၏။ ထို့ကြောင့် ဖန်ရှန်က သေချာပေါက်ပင် သူ၏အမိန့်အား ကိစ္စပြတ်အောင် လုပ်နိုင်ပေလိမ့်မည်။
“ရဲရှောင်ဆိုတာ ဘာမှမဟုတ်ပါဘူး ဒီနေ့ညပြီးရင် ရဲရှောင်ဆိုတာ မရှိတော့သလို ဧကရာဇ်ခန်းမဆိုတာ လည်း ရှိတော့မှာ မဟုတ်ဘူး . . .”
ရဲယန်ဒွမ်အဖို့ မျိုးနွယ်စု ၇ စုမသိဘဲ ထိုသို့တိတ်တဆိတ် သတ်ဖြတ်ခိုင်းရခြင်းမှာ အခြားတော့မဟုတ်ပေ။ မျိုးနွယ်စုများ၏ အထောက်အပံ့များက သူ့အတွက် အရေးအကြီးဆုံးအရာဖြစ်ကြောင်း ကောင်းစွာ သိထားခြင်း ကြောင့်ဖြစ်၏။
ထို့ကြောင့် ရဲယန်ဒွမ်အနေဖြင့် လက်ရှိအချိန်တွင် မျိုးနွယ်စု ၇ စုအား မလွန်ဆန်နိုင်သေးခြင်းပင် ဖြစ်ပါ တော့သည်။
. . .
မဟူရာညဉ့်နက်ည . . .
ထိုအမှောင်ထုထဲတွင် ဖန်ရှန် ပြေးလွှားလျက်ရှိနေသည်။ ထို့အတူ သူ့ထံမှ သတ်ဖြတ်လိုသော ချီဓာတ်များ လည်း သိပ်သည်းစွာ ထွက်ပေါ်နေ၏။
ရဲရှောင်က သူ့အား စော်ကားခဲ့သည့်အချိန်များကို သူ့စိတ်ထဲ ယခုအချိန်ထိ မမေ့နိုင်သေးပြီ မဟုတ်ပါလား။ ထို့ကြောင့် ပြန်တွေးတိုင်း သူ့စိတ်ထဲ အလိုလို ဒေါသထွက်နေမိခဲ့လေသည်။
(သူက တကယ့်ကို ဖုန်မှုန့်လိုကောင် အဲဒါတောင် သူ့ကိုယ်သူ ကြီးမြတ်တဲ့ ရဲမျိုးနွယ်စုကလို့ ဟန်ဆောင်နေ သေးတယ်၊ ဒီကြီးမြတ်တဲ့ ရဲမျိုးနွယ်စုဆိုတဲ့နာမည်ကြောင့်သာ သူက ဒီအဖွဲ့အစည်းကြီးကို ပိုင်ဆိုင်ခဲ့တာ . . .)
(ငါ့သခင်လေးက သူ့သရုပ်မှန်ပေါ်အောင်လုပ်ခဲ့တာတောင် သူက နောင်တရတဲ့စိတ်ရှိပုံမပေါ်ဘူး အဲဒီအစား ကြောင်စုတ်တစ်ကောင်ကိုတောင် ငါ့သခင်လေးဆီတောင် လွှတ်လိုက်သေးတယ်၊ တော်တော်ကို စော်ကားတာပဲ)
(ငါ့ကိုလည်း လူရှေ့သူရှေ့မှာ သူ့လူကို တောင်းပန်စေချင်နေသေးတယ် ဒူးထောက်ပြီးတော့တောင် ခွင့်လွှတ် မှုကို တောင်းခံရမယ်ပေါ့ . . .)
(ငါဆိုတဲ့လူက သိုင်းလောကထဲမှာ ကျင်လည်လာခဲ့တာကြာပြီ၊ လူတွေအများကြီးကိုလည်း သတ်ဖြတ်ခဲ့ပြီး သွားပြီ ဒါပေမယ့် ငါ့ဘဝမှာ ဒီလိုစော်ကားခံရတာမျိုး တစ်ခါမှမခံခဲ့ဖူးဘူး . . .)
(မင်းကဘာမလို့လဲ မင်းတို့က တကယ်ကို ဘာမှမဟုတ်တဲ့ကောင်တွေပဲ၊ တော်တော်ကို အတင့်ရဲပါလား၊ အခုတော့ မင်းတို့ထိုက်နဲ့မင်းတို့ကံပဲ . . .)
(သခင်လေးက ငါ့ဂုဏ်သိက္ခာကို အဖတ်ဆယ်နိုင်ဖို့အတွက် အများကြီး အကုန်အကျခံခဲ့တယ်၊ သူကပဲ ငါ့ အစား တောင်းပန်ပေးခဲ့တယ် အခုတော့ ဒီတာဝန်ကို ငါ့ကိုပေးအပ်လိုက်ပြီ ဒါပေမယ့် ဟိုအဘိုးကြီးတွေက သိကြ တာ မဟုတ်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် သခင်လေးက ငါကလဲ့စားချေဖို့ အခွင့်အရေးပေးလိုက်တာပဲ ငါသေချာလုပ်မှဖြစ် မယ်၊ ရဲရှောင်ကို ခံစားရအောင်လုပ်မှဖြစ်မယ် . . .)
(မန်ယုဂျန် ပြီးတော့ ဘူရှန်းဖန် ငါမင်းတို့အားလုံးကို သတ်ပစ်မယ်၊ မင်းတို့ရဲ့သွေးနဲ့ ငါ့ခြေထောက်ကိုဆေး ပစ်မယ်၊ တစ်ယောက်မှကို အရှင်မထားဘူး . . .)
ထိုအတွေးနှင့်အတူ သတ်ဖြတ်လိုစိတ်များကြောင့် ဖန်ရှန်မှာ လေထဲတွင် လျင်မြန်စွာ ပျံသန်းလျက်ရှိသည်။ ခဏအကြာတွင် ဧကရာဇ်ခန်းမရှိ သစ်ပင်ကြီးများအား သူလှမ်းမြင်တွေ့လိုက်ရ၏။
(နေစမ်းပါဦး တစ်ခုခု ပြောင်းလဲနေသလိုပဲ ငါပဲအမှတ်မှားနေတာလား . . .)
(ဟင် . . . အစောင့်လည်း မရှိပါလား . . .)
(အေးပေါ့လေ . . . မျိုးနွယ်စု ၇ စုကြောင့်သာမဟုတ်ရင် ဧကရာဇ်ခန်းမက တိုက်ပွဲတွေဆိုတာတွေကိုတောင် အနိုင်ယူနိုင်မှာ မဟုတ်ဘူး၊ အခုတော့ အစောင့်တောင် မရှိတော့တဲ့ဘဝ . . .)
(ဒီနေ့တော့ မင်းတို့ကို တကယ့်ကမ္ဘာ့အစစ်အမှန်အကြောင်း ပြရသေးတာပေါ့ . . .)
ဖန်ရှန်လည်း ဧကရာဇ်ခန်းမအတွင်း ဆင်းသက်လိုက်ပြီး ထောင့်တစ်ထောင့်တွင် ပုန်းခိုလိုက်၏။ ထို့နောက် သူ၏အရိပ်များအား ရာပေါင်းများစွာအဖြစ် ခွဲထုတ်လိုက်ပြန်သည်။
ထိုအရိပ်များမှာ သူထုတ်လွှတ်လိုက်သည်နှင့် အရပ်မျက်နှာအသီးသီးသို့ မြားများပမာ တိုးဝင်သွားတော့၏။ စင်စစ် ဖန်ရှန်က ထိုနေရာတစ်ဝိုက်ရှိ အရာတိုင်းအား စစ်ဆေးကြည့်ရှုနေခြင်းဖြစ်သည်။
(ငါသူ့ရဲ့နောက်လိုက် ပုရွက်ဆိတ်ကောင်တွေကို အရင်သေအောင်သတ်ရမယ် ရဲရှောင်ကိုတော့ ငါနောက်မှ သတ်ပစ်မယ်၊ သူ့ကို သူ့နောက်လိုက်တွေ တစ်ယောက်ပြီး တစ်ယောက် သေတာကြည့်ခိုင်းပြီး စိတ်တွေပြိုလဲစေချင် သေးတယ်၊ သူခံစားရအောင် ငါလုပ်ချင်သေးတယ် . . .)
ရဲရှောင်နှင့် ပတ်သက်လျှင် ဖန်ရှန်၏စိတ်ထဲ ရက်စက်သော အတွေးပေါင်းစုံ တွေးလျက်ရှိနေလေသည်။
သို့သော် ခဏအကြာတွင် သူ့အဖို့ အံ့ဩထိတ်လန့်သွားရ၏။ အကြောင်းမှာ ဧကရာဇ်ခန်းမတစ်ခုလုံး ဗလာ နတ္ထိဖြစ်နေပြီး အိမ်များအတွင်း၌လည်း မည်သူမှ မရှိကြတော့၍ဖြစ်သည်။
(အင်း . . . မျိုးနွယ်စု ၄ ခုက ထွက်သွားကြပြီဆိုတော့ ဒီနေရာမှာ လူအများကြီး ကျန်တော့မှာ မဟုတ်ဘူး ဒါပေမယ့်လည်း မဟုတ်သေးပါဘူး ဘာလို့ဒီလောက်ထိ ဟာလာဟင်းလင်းကြီး ဖြစ်နေရတာလဲ . . .)
ဖန်ရှန်တွေးရင်း နားမလည်နိုင်ဖြစ်နေမိ၏။
(ဟိုလူတွေက ဘယ်ရောက်သွားတာလဲ ငါဖြင့်ယုံတောင်မယုံနိုင်ဘူး၊ နေရာတိုင်းကိုလည်း ငါထပ်တလဲလဲ စစ်ပြီးသွားပါပြီ အခန်းတိုင်းမှာက လူမရှိတာတွေချည်းပဲ တကယ်ဆို ဧကရာဇ်ခန်းမမှာ မျိုးနွယ်စု ၄ ခုရဲ့ အခန်းတွေ ကပဲ နေရာလွတ်တွေ ဖြစ်နေသင့်တာပေါ့ . . .)
(တခြားလူတွေကတော့ ဘယ်လိုပဲဖြစ်ဖြစ် နေ့စဉ်လုပ်ငန်းတွေကို လုပ်နေကြရမှာပဲလေ အခုက ခန်းမကြီး တစ်ခုလုံး ပြောင်းရွှေ့သွားသလိုကို တစ်ယောက်မှကို မရှိတော့တာ၊ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် မရှိကြ တော့တာပါလား . . .)
(ဒါကဘာသဘောလဲ ဘာတွေဖြစ်ကုန်တာလဲ သူတို့တွေက ငါလာမှာကို သိနေလို့လား၊ ငါလာမှာကို ကြိုသိ နေလို့ သူတို့တွေက ငါ့ကို ပုန်းနေကြတာများလား . . .)
ဖန်ရှန်လည်း ပတ်ပတ်လည်ကို ရှာဖွေကြည့်နေရင်းဖြင့် သေခြင်းနှင့်ရှင်ခြင်းခန်းမဘက်ရှိ တောအုပ်ကြီးထံ သို့ မျက်စိအကြည့်ရောက်မိသွားသည်။
(သူတို့တွေက ဒီထဲမှာများ ဝင်ပုန်းနေကြတာများလား . . .)
ဖြစ်နိုင်ခြေမှန်သမျှအား ဖန်ရှန်တစ်ယောက် တွေးတောနေမိပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now