1811-------1820

50 0 0
                                    

အခန်း (၁၈၁၁)(စာစဉ် ၁၄၃- အပိုင်း ၃)
“သားရဲအများအပြား စေလွှတ်ခြင်း”
ဒုတိယအသုတ်အဖြစ် ပြေးထွက်လာသော သားရဲများမှာ ကြီးမားလှသော ဝံပုလွေအုပ်ကြီးများဖြစ်ပြီး ကျား ကြီးများထက်ပင် အရွယ်အစားကြီးမားကြ၏။
အရေအတွက်အားဖြင့်မူ အကောင် ၁ သောင်းကျော်ခန့်ရှိလေသည်။ ထို့ပြင် အရွယ်အစားအားဖြင့်လည်း အရှည်ပေ ၂၀ ကျော်ခန့်ရှိ၍ အမြင့် ၁၀ ပေကျော်ခန့်ရှိကြ၏။ စင်စစ် မြင်းတစ်ကောင်ထက်ပင် ပို၍ကြီးမားနေခြင်း ပါပင်။
ထိုမျှမက ၎င်းတို့၏ အမွှေးများမှာလည်း ငွေရောင်တလက်လက် တောက်ပလျက်ရှိပြီး မျက်လုံးများမှာ လည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရဲရဲနီလျက်ရှိသည်။ တစ်နည်းအားဖြင့် သာမန်ဝံပုလွေများကဲ့သို့ အစိမ်းရောင်ဝံပုလွေများ မဟုတ်ဘဲ သွေးကဲ့သို့ ရဲရဲနီသော မျက်လုံးများရှိသည့် ဝံပုလွေအုပ်ကြီးပင်ဖြစ်၏။
“ဒါဒါဒါတွေက ဝံပုလွေတွေလား . . .”
လူတိုင်းမှာ ကြောက်မက်ဖွယ်ရာကောင်းသည့် ဝံပုလွေများကို မြင်တွေ့လိုက်ရသည့်အချိန် ထိတ်လန့်မှုနှင့် အတူ ဇောချွေးများပင် ပြန်သွားကြ၏။ ယခုကဲ့သို့ ထူးခြားသော ဝံပုလွေကြီးများမှာ ဒဏ္ဍာရီထဲတွင်သာ ရှိကြသည် မဟုတ်ပါလား။
ထိုဝံပုလွေကြီးများကို ငွေရောင်ဝံပုလွေများဟုခေါ်ကြ၏။ စင်စစ် ၎င်းတို့၏ အမွှေးများကြောင့် ထိုသို့ ခေါ်ဆို ကြခြင်းပါပင်။
ထို့ပြင် ထိုဝံပုလွေများမှာ အရွယ်အစားကြီးမားလာသည်နှင့် ပိုမို၍ အင်အားကြီးလာတတ်ကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်များမှာလည်း ကြံ့ခိုင်မာကြောလွန်းလှသည်။ ထိုမျှမက အမြန်နှုန်းမှာလည်း အလွန်လျင်မြန်လွန်းလှသဖြင့် လေထက်ပင် ပိုမြန်သည်ဟု ဆိုရိုးစကားရှိလေသည်။
မည်မျှထိဆိုလျှင် တစ်ညအတွင်း မိုင်ပေါင်း ၁ သောင်းနီးပါးခန့်ပင် ခရီးနှင်နိုင်ကြခြင်းဖြစ်၏။ ထိုထက်ပို၍ ကြောက်စရာကောင်းသည့်အချက်မှာ မျိုးပွားမှုနှုန်း လျင်မြန်ခြင်းပင်ဖြစ်သည်။
ငွေရောင်ဝံပုလွေ တစ်စုံမှ မျိုးပွားလိုက်ပါက ဝံပုလွေ ၁၀ ကောင်ကျော်ကိုပင် အသာလေး ပေါက်ဖွားနိုင်ကြ သည် မဟုတ်ပါလား။ ထို့ပြင် ထိုပေါက်ဖွားလာသည့် ဝံပုလွေငယ်လေးများမှလည်း ဆက်လက်၍ ပေါက်ဖွားနိုင်ပါ သေးသည်။
ထို့ကြောင့် အချိန် ၃ နှစ်အတွင်းမှာပင် မျိုးနွယ်စုကြီးတစ်စုအသွင် ဖြစ်သွားနိုင်ပသေည်။ ထိုအချက်ကို ကြည့်ရုံဖြင့် ၎င်းတို့၏ မျိုးပွားမှုနှုန်းက လွန်စွာကြောက်မက်ဖွယ်ရာကောင်းလွန်းလှသည်ကို မြင်တွေ့နိုင်၏။
အထက်ပါ အချက်များကြောင့် ငွေရောင်ဝံပုလွေများမှာ ဒဏ္ဍာရီလာ သတ္တဝါများဖြစ်သည်ဟု သတ်မှတ်ထား ကြပြီး အစွမ်းထက်ဆုံး သားရဲများစာရင်းတွင်လည်း ပါဝင်နေလေသည်။
ဒဏ္ဍာရီအရ ငွေရောင်ဝံပုလွေတစ်ကောင် အော်ဟစ်လိုက်လျှင် မိနစ်ပိုင်းအတွင်း ထောင်နှင့်ချီသော ဝံပုလွေ အုပ်များ ရောက်လာနိုင်ကြသည်ဟုဆိုသည်။
ထို့ကြောင့် သားရဲမျိုးနွယ်စုများ၊ သားရဲများနှင့်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများအနက် ငွေရောင်ဝံပုလွေများနှင့် တိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲက အဆိုးရွားဆုံးဖြစ်သည်ဟု ပြောစမှတ်ပြုကြ၏။
မည်မျှထိဆိုလျှင် ထိုတိုက်ပွဲမှာ နှစ်ပေါင်း ၃၇၀၀ တိုင်အောင် ကြာမြင်ခဲ့လေသည်။ ထိုနောက်ပိုင်းတွင်မူ ငွေရောင်ဝံပုလွေများမှာ သမိုင်းတွင်သာ ကျန်ရစ်ခဲ့တော့၏။
ထို့ကြောင့် ယခုအခါတွင် သောင်းနှင့်ချီသော ငွေရောင်ဝံပုလွေများကို မြင်တွေ့လိုက်ရ၍ အားလုံးမှာ အံ့ဩမှု နှင့်အတူ ထိတ်လန့်တုန်လှုပ်နေကြပါတော့သည်။
. . .
ဂျင်ဝေ၏ မျက်နှာက ပြိုတော့မည့် မိုးလိုပင် ပျက်ယွင်းလျက်ရှိနေ၏။
မပျက်ရိုးနေပါမည်လော . . .
သူ့အဖို့ အနက်ရောင်ရွှေကျား အကောင် ၁ ထောင်ကျော်ဖြင့် ရင်ဆိုင်နေရစဉ်မှာပင် ဒဏ္ဍာရီလာ ဝံပုလွေများ ဖြစ်သည့် ငွေရောင်ဝံပုလွေ အကောင် ၁ သောင်းကျော် ပေါ်လာသည် မဟုတ်ပါလား။
ထို့ကြောင့် သူတို့မည်သို့ပြုလုပ်နေပါစေ ထိခိုက်မှုမရှိအောင် မရှောင်တိမ်းနိုင်ကြတော့ချေ။ ပို၍ဆိုးသည်မှာ နောက်လည်းမဆုတ်နိုင် ဖြစ်နေကြခြင်းပါပင်။
သဘာဝခန်းမအဖို့ ယခုအချိန်က ဧကရာဇ်ခန်းမကြီးအား ရှင်းပစ်ရန် အခွင့်ကောင်းကြီးဖြစ်သည်။ သားရဲ များကို ရှင်းလင်းပြီးလျှင် ဧကရာဇ်ခန်းမကို အပိုင်သိမ်းယူနိုင်မည် မဟုတ်ပါလား။
ထို့ကြောင့် ယခုအခွင့်အရေးကြီးက သူ့ဘဝအတွက် ကြုံတောင့်ကြုံခဲ အခွင့်အရေးဖြစ်သည်ဟုပင် ယုံကြည် နေမိလေသည်။ သူ့အနေဖြင့် ယခုကဲ့သို့သော အခွင့်အရေးကြီးကို လက်လွတ်ဆုံးရှုံးခံလိုက်ရမည်ဆိုပါက ဧကရာဇ် ခန်းမက သဘာဝတရားခန်းမကြီးကို ပြန်လည်ခြိမ်းခြောက်လာနိုင်သည့် အဖွဲ့အစည်းကြီး ဖြစ်လာပေလိမ့်မည်။
ထိုအခါ သဘာဝတရားခန်းမအဖို့ အိပ်မက်ဆိုးကြီးတစ်ခုနှင့် ရင်ဆိုင်ရသလို ဖြစ်သွားမည်မှာ အသေအချာ ပင်။ သို့သော် ဝံပုလွေများမှာလည်း အင်အားကြီးလွန်းနေသဖြင့် သူ့အဖို့ အနိုင်ရရန် မည်သို့ပြုလုပ်ရပါမည်နည်း။
ဂျင်ဝေတစ်ယောက် စဉ်းစားနေရင်းဖြင့် ရုတ်တရက် ငွေရောင်ဝံပုလွေများအကြောင်း သတိရသွားမိ၏။
ငွေရောင်ဝံပုလွေများမှာ အသိဉာဏ်ရှိသော သားရဲများဖြစ်ကြသည်။ ထို့ကြောင့် ငွေရောင်ဝံပုလွေအကောင် ၁ သောင်းစီတွင် ဝံပုလွေဘုရင်တစ်ကောင်စီရှိပြီး ထိုဝံပုလွေဘုရင်မှာ အသိဉာဏ်အရှိဆုံးဖြစ်၏။
ထိုအတွက်ကြောင့် ဝံပုလွေတိုင်းမှာ ဘုရင်ဖြစ်သည့် ဝံပုလွေ၏ အမိန့်အတိုင်းသာ လိုက်နာကြရလေသည်။ အကယ်၍ ဝံပုလွေများကို အနိုင်ယူချင်ပါက ဝံပုလွေဘုရင်ကို သတ်ဖြတ်မှသာ ရနိုင်ပေလိမ့်မည်။
ဝံပုလွေဘုရင် သေဆုံးသွားပါက ကျန်ဝံပုလွေများမှာ စည်းလုံးမှု ပျက်ပြားကာ တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်တတ်ကြသည် မဟုတ်ပါလား။
ထို့ကြောင့် ထိုအချက်သာ မှန်ကန်ပါက ဂျင်ဝေအဖို့ ဝံပုလွေဘုရင်ကို ရှာဖွေရန်သာ လိုအပ်တော့၏။ ဂျင်ဝေ စိတ်ထဲ အတွေးများနှင့်အတူ ပျော်ရွှင်သွားမိလေသည်။
သို့သော် ဝံပုလွေဘုရင်ကို ရှာဖွေရန်ကလည်း လွယ်ကူသည့် အလုပ်တစ်ခုတော့ မဟုတ်ချေ။ ထို့ပြင် သူ့ထံ၌ ဝံပုလွေများကို သတ်ဖြတ်ရန် နတ်ဘုရားသတ်မြားများရှိနေသည့်တိုင် တစ်ကောင်ချင်းစီကိုမူ ထိမှန်အောင် ပစ်နိုင်ရ မည်ဖြစ်လေသည်။
ကြုံတွေ့နေရသော အခြေအနေများကြောင့် ဂျင်ဝေအဖို့ ကံဆိုးသော နေ့တစ်နေ့သာ ဖြစ်ပေသည်။ တကယ် တမ်းတွင် ထိုထက်ပို၍ ကံဆိုးသည်ဟုပင် ဆိုရပေမည်။
အကြောင်းမှာ ဂျင်ဝေစိတ်ထဲ နည်းလမ်းပေါင်းများစွာ ရှာဖွေနေသည့်အချိန်မှာပင် ရဲရှောင်က လက်ကိုထပ်မံ ဝေ့ယမ်းလိုက်သည် မဟုတ်ပါလား။
ထိုအခါ ဝံပုလွေကြီးများ၏ နောက်ကွယ်တွင် ရွှေရောင်ကျားသစ်ကြီးများက ကျယ်လောင်သော အသံများ ပေး၍ အော်ဟစ်ထွက်ပေါ်လာကြလေသည်။ တိုက်ပွဲအတွင်း ကျားသစ်ကြီးများပါ ဝင်ရောက်လာကြသည့် သဘော ပါပင်။
အဆိုပါ ကျားသစ်ကြီးများမှာ ငွေရောင်ဝံပုလွေများထက်ပင် ပိုမို၍ အရွယ်အစား ကြီးမားကြလေသည်။ ထို့ပြင် အရေအတွက်အားဖြင့်လည်း အကောင် ၂ ထောင်ခန့်ရှိနေ၏။ မြင်ရုံဖြင့်ပင် ကြောက်မက်ဖွယ်ကောင်းလွန်း လှသော မြင်ကွင်းတစ်ခုပါပင်။
“ခ . . . ခ . . . ခရမ်းရောင် ရွှေကျားသစ်တွေပါလား . . .”
တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်၏။
စင်စစ် ခရမ်းရောင် ရွှေကျားသစ်ဆိုသည်မှာ ရှားပါးမျိုးစိတ်တစ်ခုပင်ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ ထိုရှားပါးမျိုးစိတ်မှာ အကောင် ၂ ထောင်ကျော်ခန့်ပင် ရှိနေလေသည်။
အကယ်၍ ကျားသစ် ၁၀ ကောင်ကျော်လောက်တည်းသာဆိုပါက လူများအဖို့ စိုးရိမ်မိကြလိမ့်မည် မဟုတ် ပေ။ ယခုအခါတွင် အရေအတွက်အားဖြင့် များပြားနေ၍ မည်သို့မတုန်လှုပ်ဘဲ နေပါမည်နည်း။ ထို့ပြင် ၎င်းတို့ ယခု ရင်ဆိုင်နေရသည့် သားရဲများမှာ သာမန်သားရဲများမဟုတ်ကြ၍ ပို၍ထိတ်လန့်နေမိကြခြင်းဖြစ်သည်။
ငွေရောင်ဝံပုလွေများမှာ တိုက်ပွဲတိုက်ခိုက်ရာတွင် အသုံးဝင်လှပြီး  ခရမ်းရောင် ရွှေကျားသစ်ကြီးများမှာ တစ်ကောင်တည်း ကျက်စားလေ့ရှိသည့် သားရဲများဖြစ်ကြ၏။ သို့သော် တစ်ကောင်ချင်းစီမှာ လွန်စွာ အစွမ်းထက် လှပြီး လျင်မြန်မှုအပိုင်းတွင်လည်း စာဖွဲ့၍ပင် မရနိုင်ချေ။
ထို့ပြင် ၎င်းတို့၏ အမွှေးများမှာလည်း တန်ဖိုးလွန်စွာကြီးမားလှ၏။ ထို့ကြောင့် ချပ်ဝတ်တန်ဆာပြုလုပ်ရန် အတွက် အကောင်းဆုံးပစ္စည်းတစ်မျိုးပင် ဖြစ်လေသည်။
ထိုကဲ့သို့ တန်ဖိုးကြီးမားလှ၍ လူအတော်များများမှာ ခရမ်းရောင်ရွှေကျားသစ်ကြီးများကို အမဲလိုက်လေ့ရှိ တတ်ကြသည်။ သို့တိုင် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ အတွင်း အဆိုပါ ကျားသစ်ကြီးများကို မည်သူမှ မြင်တွေ့ဖူးကြ ခြင်းမရှိကြတော့ချေ။
ထို့ကြောင့် လက်ရှိအချိန်တွင် ယခုကဲ့သို့ ကျားသစ်အများအပြား ပေါ်လာလိမ့်မည်ဟု မည်သူမှ မထင်မှတ် ထားမိကြခြင်းဖြစ်သည်။ ထိုသို့ ကျားသစ် ၂ ထောင်ကျော်ခန့် ပေါ်လာ၍ သဘာဝတရားခန်းမမှ လူများမှာ မည်သို့မှ စိတ်များ ထိန်းချုပ်၍ မရကြတော့ချေ။
ကျားသစ်ကြီးများမှာ ၎င်းတို့အတွက် အိပ်မက်ဆိုးလိုပင် ဖြစ်တည်နေသည် မဟုတ်ပါလား။ သို့သော် အဆိုပါ အိပ်မက်ဆိုးက ထိုမျှလောက်နှင့် မရပ်တန့်သွားချေ။
ကျားသစ်ကြီးများ၏ နောက်ကွယ်တွင် ကြီးမားလှသော သားရဲကြီးများ ထွက်ပေါ်လာပြန်သည် မဟုတ်ပါ လား။ ထိုသားရဲကြီးများမှာ တစ်ကိုယ်လုံး မဲနက်လျက်ရှိပြီး အရွယ်အစားအားဖြင့်လည်း လွန်စွာကြီးမားကြ၏။
စင်စစ် ပြောင်ကြီးများပင် ဖြစ်ကြလေသည်။ သို့သော် အခြားပြောင်များနှင့်မတူညီသည်မှာ ယခုပြောင်ကြီး များ၏ ဦးခေါင်းထက်တွင် ချွန်ထက်လှသော ဦးချိုကြီးများ ရှိနေခြင်းဖြစ်၏။
အဆိုပါ ပြောင်ကြီးများမှာ ၎င်းတို့၏ ဦးချိုကြီးများကို ဝင့်ကာဝင့်ကာဖြင့် သဘာဝတရားခန်းမရှိရာဘက်သို့ တဟုန်ထိုး ပြေးလွှားသွားကြပြီဖြစ်သည်။ ထို့ပြင် မြင်သမျှ အရာအားလုံးကိုလည်း တွန်းတိုက်သွားကြ၏။ ထိုပြောင် ကြီးများမှာ လွန်စွာ အင်အားကြီးလွန်းလှသည် မဟုတ်ပါလား။
ထိုသို့ ပြောင်ကြီးများ၏ ကမှူးကရှူးထိုး ဝင်ရောက်သွားမှုကြောင့် သဘာဝတရားခန်းမမှာ အစည်းပြေသွား သည့် ဝါးများကဲ့သို့ ဖရိုဖရဲပင် ဖြစ်ကုန်ကြရ၏။
ထို့ပြင် ပြောင်ကြီးများ၏ သားရေမှာ အလွန်မာကြောလွန်းလှ၍ နတ်ဘုရားသတ်မြားများပင် ၎င်းတို့ကို သတ်ဖြတ်နိုင်ကြခြင်း မရှိပေ။ သဘာဝတရားခန်းမအဖို့ ၎င်းတို့၏ လက်နက်များဖြင့် ကြိုးစား၍ တိုက်ခိုက်ကြသည့် တိုင် ခြစ်ရာမျှလောက်ပင် ထင်ကျန်ရစ်အောင် လုပ်နိုင်ခြင်းဖြစ်၏။
ထိုအခြေအနေများကြောင့် ထာဝရအဆင့် ပညာရှင်များလည်း ပြောင်ကြီးများကို စတင်တိုက်ခိုက်ကြတော့ သည်။ ထိုအခါ ထာဝရအဆင့် ပညာရှင်များကြောင့် ပြောင်ကြီးများမှာ တစစီဖြစ်တည်သွားကြရ၏။
သို့သော် ကျန်ရစ်သည့် ပြောင်များမှာ နောက်သို့ဆုတ်မသွားဘဲ ရှေ့သို့ တရစပ်သာ တိုးဝင်သွားကြလေ သည်။ ထို့ကြောင့် သဘာဝတရားခန်းမအဖို့ အိပ်မက်ဆိုး မက်နေသလိုပင် ဖြစ်တည်နေရပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now