အခန်း (၁၂၅၉)(စာစဉ် ၉၀- အပိုင်း ၁၃)
“သင်ခန်းစာပေးခြင်း”(လျူချန်းဂျန်သာ ငတုံးငအ တစ်ယောက်ဆိုရင် ငါဒီလောက်ထိ တွေးမိမှာ မဟုတ်ဘူး ဒါပေမယ့် သူက ထူးချွန်တဲ့ ဓားရေးပညာရှင် တစ်ယောက်ပဲ၊ သူ့ရဲ့ ဓား ခုတ်ချက်ကို အခုချိန်ထိ ငါမှတ်မိနေသေးတယ်၊ တော် တော်ကို အံ့ဩစရာကောင်းတယ် . . .)
(နောက်ပြီး ရဲရှောင်ရဲ့ သစ္စာရှိ နောက်လိုက် တစ် ယောက်လည်း ဖြစ်တယ်၊ သူက ငါ့ကိုတောင် ဆရာ ၂ လို့ပဲ ခေါ်ခဲ့တာ၊ ဒါပေမယ့် အခု ဒီကောင်က ငါ့ကို မ ခန့်လိုက်ပုံများ လိလိလို့ လာခေါ်နေတယ်၊ ငါမင်းကို ဘယ်လို ပညာပြမလဲ စောင့်ကြည့်နေလိုက် . . .)
လိဝူလျန်မှာ ဒေါသထွက်လွန်း၍ သူ့အတွေး မဆုံး သေးခင်မှာပင် ဟန်ပိုင်ယွဲ့ကို ဓားဖြင့် ခုတ်ပိုင်းလိုက် သည်။
ဟန်ပိုင်ယွဲ့မှာမူ သူ့အား လိဝူလျန်မှ အလွယ်တကူ တော့ အနိုင်မယူနိုင်ဟု ယုံကြည်လိုက်မိသည်။
(မင်းရဲ့ ဓားခုတ်ချက်က အစွမ်းထက်တာကိုတော့ ငါဝန်ခံပါတယ် ဒါပေမယ့် ငါသာ လျင်လျင်မြန်မြန်နဲ့ ရှောင်တိမ်းနိုင်မယ်ဆိုရင် မခက်ခဲလောက်ဘူး . . .)
သို့သော် တကယ်တမ်း၌ လိဝူလျန်၏ ဓားချက် ကျ ရောက်လာသည့်အချိန်တွင်မူ ဟန်ပိုင်ယွဲ့မှာ ဘာလုပ် ရမှန်း မသိအောင် ဖြစ်သွားမိသည်။
သူ့အဖို့ ရှောင်တိမ်းရန် နေရာမရှိတော့သလိုလည်း ခံစားလိုက်ရ၏။
သူ၏ အလိုအလျောက် တုန့်ပြန်စိတ်ကြောင့်မူ ဓား ခုတ်ချက် တစ်ချက်ကို ရှောင်တိမ်းလိုက်နိုင်ခဲ့သည်။
လိဝူလျန်လည်း သူ၏ ဓားခုတ်ချက် မအောင်မြင် သွားသောကြောင့် အံ့ဩသွားပြီး နောက်ထပ် ဓားခုတ် ချက် တစ်ချက်ကို ချက်ချင်း ပြုလုပ်လိုက်သည်။
ထိုအခါမှ ဟန်ပိုင်ယွဲ့လည်း သတိလက်လွတ် မနေ ဝံ့တော့ဘဲ သူ၏ ဓားကို ဆွဲထုတ်လိုက်ကာ -
“လိကြီး မင်းကို ငါကြောက်လိမ့်မယ်လို့ ထင်နေ တာလား၊ ငါတို့ရဲ့ ညီအစ်ကို သံယောဇဉ်ကို မထိခိုက် ချင်ဘူးနော် . . .”
သူထိုသို့ ပြောနေစဉ်မှာပင် လိဝူလျန်မှာ ဓားခုတ် ချက်ပေါင်း ၁၀၀ ကျော်ကို ပြုလုပ်ပြီးပြီး ဖြစ်သည်။
ထို့ကြောင့် ဟန်ပိုင်ယွဲ့မှာ သူ၏ ဓားဖြင့် ပြင်းထန် သော ဓားခုတ်ချက်များကို ကာကွယ်နေရတော့သည်။
သူ့အဖို့ ခုခံရုံသာ တတ်နိုင်ပြီး ပြန်လည် တိုက်ခိုက် နိုင်စွမ်းမူ မရှိ၍ လိဝူလျန်မှ တိုက်ပွဲကို အနိုင်ယူနိုင် တော့မည်မှာ သေချာလှသည်။
ပထမအချက်အနေဖြင့် လိဝူလျန်မှာ ဟန်ပိုင်ယွဲ့ ထက် ကျင့်ကြံမှုနှုန်းတွင် သာလွန်နေပြီး ခေါင်းစည်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် ဟန်ပိုင်ယွဲ့အား ခုတ်ပိုင်းလိုက်သည့် ဓားခုတ်ချက်များမှာ ပိုမို၍ တိကျလေသည်။
ဒုတိယအချက်အနေဖြင့် ဟန်ပိုင်ယွဲ့မှာ လိဝူလျန် ၏ တောင်ကိုခုတ်ပိုင်းသည့် ဓားချက်ကို မြင်ကတည်း က စိတ်ဓာတ်ယိမ်းယိုင်နေပြီ ဖြစ်သည်။
ထိုသို့သော အမှားအယွင်း အသေးအမွှားလေးက ပင် တိုက်ပွဲအတွင်း များစွာ စကားပြောလေသည်။
အကယ်၍ ဟန်ပိုင်ယွဲ့သာ အနည်းငယ် အားနည်း သွားပါက သူသေချာပေါက်ကို ရှုံးနိမ့်သွားပေလိမ့်မည်။
ရဲရှောင်မှာမူ ဟန်ပိုင်ယွဲ့ ရှုံးနိမ့်မည်ကို အတပ်သိ ထားသည့်တိုင် ရလာဒ်ကို စိတ်မဝင်စား။
သူစိတ်ဝင်စားသည်မှာ လိဝူလျန်နှင့် တိုက်ခိုက် ရင်း ဟန်ပိုင်ယွဲ့ မည်သို့ တိုးတက်လာမည် ဆိုသည့် အချက်ကိုသာ။
ထိုအချိန် လိဝူလျန်မှာမူ အော်ဟစ်ကြုံးဝါးရင်း အဆက်မပြတ် တိုက်ခိုက်လျက် ရှိနေသည်။
ထို့ပြင် သူ၏ ဓားချက်များမှာလည်း ဟန်ပိုင်ယွဲ့၏ အသက်ကို သေစေနိုင်သည်အထိ စွမ်းအားကြီးလွန်း နေသည်။
ထို့ကြောင့် ဟန်ပိုင်ယွဲ့လည်း တန်ပြန်တိုက်ခိုက် နိုင်ရန် ကြိုးစားလိုက်သည်။
“ချွမ် . . .”
ဟန်ပိုင်ယွဲ့၏ ဓားနှင့် လိဝူလျန်၏ ဓား ထိထိမိမိ ပင် ထိမှန်သွားကြသည်။
ထိုဓားချင်းထိမိသည့် အသံက မိုင် ၁၀၀ အကွာ အဝေးကပင် ကြားနိုင်သည်အထိ ကျယ်လောင်လွန်း လှသည်။
ထို့ပြင် ထိချက်မှာ ပြင်းထန်လွန်း၍ နှစ်ဦးသားမှာ နောက်သို့ ခြေလှမ်း ၃ လှမ်းခန့် ပြိုင်တူပင် ဆုတ်ခွာ သွားကြရသည်။
ထိုဓားချက်မှာ ဟန်ပိုင်ယွဲ့၏ ပထမဆုံး တိုက်ခိုက် မှုဖြစ်သော်လည်း အကောင်းဆုံး တိုက်ခိုက်မှုတော့ မ ဟုတ်သေးချေ။
အခြားတစ်ဖက်၌လည်း ဓားခုတ်ချက်ပေါင်း ၁၀၀ ကျော်ကို ပြုလုပ်ခဲ့ပြီးသော လိဝူလျန်အတွက် ယခု ခုတ်ချက်မှာ သူ၏ အကောင်းဆုံး ခုတ်ချက်များထဲမှ တစ်ခုဟု ဆိုနိုင်သည်။
ထို့ကြောင့် နှစ်ဦးသားမှာ အနေအထား တူညီနေ သည်ဟုပင် ဆိုရမည်။
ထိုသို့ဆိုလျှင် ဟန်ပိုင်ယွဲ့မှာ လိဝူလျန်ထက် ကျင့် ကြံမှုနှုန်းအဆင့် မြင့်နေပါသလော။
ထိုအချိန် နှစ်ဦးလုံးမှာ ထိပ်သီးအဆင့်များ ဖြစ်ကြ ၍ အခြေအနေများကို သဘောပေါက်သွားကြ၏။
ဟန်ပိုင်ယွဲ့လည်း သူ့ဘက်မှ အသာစီးရသလို ဖြစ် သွား၍ တံတွေးတစ်ချက် မြိုချလိုက်ရင်း -
“လာစမ်းပါ လိလိ . . .”
“မင်းက ငါ့ရဲ့ ပြိုင်ဘက်မဟုတ်ပါဘူးလို့ ငါပြောခဲ့ သားပဲ၊ မင်းကို ငါကမကြာခင် အနိုင်ယူနိုင်တော့မှာပါ ငှက်ကလေးရဲ့ . . .”
ဟန်ပိုင်ယွဲ့မှာ ယုံကြည်မှုများ ရှိလာ၍ ထိုကဲ့သို့ပင် ပြောလိုက်လေသည်။
လိဝူလျန်လည်း အနည်းငယ် အံ့ဩသွားပြီးနောက် ဟန်ပိုင်ယွဲ့နှင့် မျက်လုံးချင်းဆုံအောင် ကြည့်လိုက်၏။
သူပြုလုပ်ခဲ့သော ဓားခုတ်ချက်မှာ သူ၏အကောင်း ဆုံး ဓားခုတ်ချက်ထဲမှ တစ်ခုဖြစ်၍ ဟန်ပိုင်ယွဲ့ကိုပင် မတော်တဆ သတ်မိသွားမည်ကို စိုးရိမ်ခဲ့မိသည်။
သို့သော် မမျှော်လင့်စွာပင် ဟန်ပိုင်ယွဲ့မှာ တိုက်ပွဲ အတွင်း မယုံနိုင်အောင်ပင် အစွမ်းထက်လာခဲ့သည်။
လိဝူလျန်၏ ကြီးမားလှသော ဓားပြားကြီး၏ ခုတ် ချက်ကိုပင် ပြန်လည် ခုခံနိုင်ခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့်ပင် လိဝူလျန်မှာ ပို၍ပင် အံ့အားသင့်ခဲ့ရ သည်။
ထိုအချိန် ဟန်ပိုင်ယွဲ့ ပြောလိုက်သည့် စကားများ ကြောင့် လိဝူလျန်အဖို့ တဖန်ပြန်၍ ဒေါသထွက်လာ လေသည်။
(မင်းက ငါ့ထက် ကျင့်ကြံမှုအဆင့် မြင့်နေတော့ ရော ဘာဖြစ်လဲ . . .)
(မင်းရဲ့တိုက်ခိုက်မှုတွေကို ကြည့်ကတည်းက မင်း ရဲ့ စိတ်အခြေအနေနဲ့ အတွေ့ကြုံက မင်းရဲ့ကျင့်ကြံမှု နှုန်းထက် အားနည်းနေတာကို ငါသိသားပဲ၊ ဒါနဲ့ပဲ ဒီလို ဓားခုတ်ချက်လေး တစ်ချက် လုပ်နိုင်တာကို နိုင်တော့ မယ်လို့ ထင်နေတယ်ပေါ့ ဟာသပဲ . . .)
ခဏအကြာတွင် လိဝူလျန်လည်း ပြန်၍ တိုက်ခိုက် လိုက်ပြန်သည်။
လိဝူလျန်မှာ ဟန်ပိုင်ယွဲ့၏ ကျင့်ကြံမှုအခြေအနေ ကို သိထားပြီးဖြစ်၍ ကောင်းစွာ ပြင်ဆင်ထားပြီ ဖြစ် သည်။
ထို့ကြောင့် မရပ်မနား တရပ်စပ် တိုက်ခိုက်လိုက် ၏။
လိဝူလျန်အဖို့ သူပိုင်ဆိုင်ထားသော အတွေ့အကြုံ များဖြင့် ဟန်ပိုင်ယွဲ့ကို အနိုင်ယူနိုင်မည် ဆိုသည့်တိုင် သတိလက်လွတ်တော့ မပြုမူဝံ့ချေ။
ထို့အတွက်ကြောင့် ဟန်ပိုင်ယွဲ့၏ အားနည်းချက် ကို သိနေသော သူ့အနေဖြင့် ထိုအားနည်းချက်ကိုသာ ဦးတည်၍ တိုက်ခိုက်လိုက်၏။
ထို့ပြင် ရဲရှောင်လည်း ရှိနေသဖြင့် လိဝူလျန်မှာ သူ အခင်မင်ရဆုံး လူရှေ့၌ သိက္ခာမကျလိုပေ။
သို့ဖြစ်၍ တိုက်ခိုက်မှု ဟန်ပန်ကိုပင် ပြောင်းလိုက် ပြီး စွမ်းအင်များကို ပိုမိုထည့်သွင်းလိုက်သည်။
ထိုအခါ ဓားအလင်းတန်းများမှာ နေရာအနှံ့သို့ ထွက်ပေါ်သွားကြသည်။
ထိုဓားအလင်းတန်းများကြောင့် ဟန်ပိုင်ယွဲ့ပင် မျက်စိများ ပြာဝေသွားမတတ် ခံစားလိုက်ရ၏။
ထို့နောက် လိဝူလျန်၏ မုန်တိုင်းသဖွယ် ဓားချက် များကို အဆက်မပြတ် ခုခံနေရတော့သည်။
“ချွမ် ချွမ် ချွမ် . . .”
လိဝူလျန်၏ ဓားချက်များက ဟန်ပိုင်ယွဲ့၏ ဓားထံ သို့ မိုးစက်မိုးပေါက်များကဲ့သို့ပင် ထိမှန်နေသည်။
မည်မျှထိဆိုလျှင် တစ်ချက် ထိမှန်၍ မဆုံးခင်မှာ ပင် နောက်တစ်ချက်က ထပ်မံကျရောက်လာခြင်း ဖြစ် သည်။
ထို့ကြောင့် ဟန်ပိုင်ယွဲ့အဖို့ သူ၏ ဓားကို ဝေ့ယမ်း ရင်းဖြင့်သာ ခုခံနေရပါတော့သည်။
ဓားချက်များ ကျဆင်းလာလေလေ ခုခံဖို့ရာ ခက်ခဲ လေလေပါပင်။
အကယ်၍ ဓားချက်တစ်ချက်ကိုသာ မခုခံနိုင်ပါက မသေလျှင်တောင် အနည်းဆုံး ဒဏ်ရာအပြင်း အထန် ရရှိသွားနိုင်သည်။
ထို့ကြောင့်ပင် ဟန်ပိုင်ယွဲ့မှာ ထိတ်လန့်နေရလေ သည်။
(သူက တကယ်ပဲ ငါ့ကို သတ်ဖို့ ကြိုးစားနေတာ လား . . .)
“ဆရာသမား ငါ့ကို ကူပါဦး၊ ငါထပ်ပြီး မထိန်းနိုင် တော့ဘူး . . .”
သို့သော် ရဲရှောင်မှ ကူညီဖို့ မဆိုထားနှင့်၊ စကား တစ်ခွန်းနှင့်ပင် မတုန့်ပြန်ခဲ့ချေ။
လိဝူလျန်၏ ဓားချက်များက တရပ်စပ် ကျနေခြင်း ဖြစ်၍ ဟန်ပိုင်ယွဲ့၏ မျက်လုံးများထဲ၌ ထိုဓားအလင်း တန်းများမှလွဲ၍ မည်သည့်အရာကိုမှ မြင်နိုင်ခြင်း မရှိ တော့ပေ။
ထို့ကြောင့် အားကုန်သုံး၍ပင် ခုခံနေရတော့သည်။
ကံကောင်းသည့် အချက်မှာ သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများ တိုးတက်လာ၍ ယခုလောက်ထိ ခံသာ နေခြင်း ဖြစ်သည်။
ထိုသို့သာ မဟုတ်ပါက သူ့အဖို့ မလွယ်ကူလောက် ချေ။
အကယ်၍ သူသာ အသီးများကို မစားခဲ့ပါက မိုး စက်မိုးပေါက်များသဖွယ် ဓားချက်များ အောက်တွင် တစစီဖြစ်သွားမည်မှာ ကြာနှင့်လောက်ပြီ။
လက်ရှိအချိန်တွင် ဟန်ပိုင်ယွဲ့မှာ ဇောချွေးများပြန် အောင်အထိ ခုခံနေရပါတော့သည်။
. . .
တောင်၏ ဘေးဘက်တွင် ဖြစ်သည်။
လိဝူလျန်မှ ရဲရှောင်အား ကြည့်လိုက်ရင်း -
“ရှောင်ရှောင် . . .”
“ဘာတွေများ ဖြစ်ခဲ့တာလဲ ဘာလို့ ဟန်ပိုင်ယွဲ့ရဲ့ ကျင့်ကြံမှုအဆင့်က မြန်မြန်ဆန်ဆန်နဲ့ တိုးတက်လာခဲ့ ရတာလဲ၊ သူက ငါ့ထက်တောင် ကျင့်ကြံမှုအပိုင်းမှာ ပို အားကောင်းနေသလိုပဲ၊ သူ ကံကောင်းစေတဲ့ အရာ တစ်ခုခုကိုများ တွေ့ခဲ့လို့လား . . .”
ရဲရှောင်မှာမူ လိဝူလျန်၏ အမေးကို ပြန်မဖြေ၊ ဓား ချက်များကို အသည်းအသန် ခုခံနေသည့် ဟန်ပိုင်ယွဲ့ ကိုသာ ငေးကြည့်နေသည်။
တကယ်တမ်းတွင် ဟန်ပိုင်ယွဲ့၏ ဘေး၌ ဓားကြီး တစ်လက်မှလွဲ၍ အခြားအရာများ မရှိပေ။
သို့သော် ဟန်ပိုင်ယွဲ့မှာ အမှန်တရားကို မသိဟန် ဖြင့် လိဝူလျန်၏ ဓားခုတ်ချက်များကိုသာ အဆက် မပြတ် ခုခံကာကွယ်လျက် ရှိနေလေသည်။
ထိုအခါမှ ရဲရှောင်လည်း -
“ဒါကမင်းရဲ့ ခေါင်းစည်းအဆင့် အစွမ်းလား . . .”
လိဝူလျန်မှ အံ့ဩသွားဟန်ဖြင့် -
“မင်းရဲ့ခေါင်းစည်း အဆင့်ကရော . . .”
ရဲရှောင်မှ ခဏတာမျှ နှုတ်ဆိတ်သွားပြီးနောက် -
“ငါကမင်းလောက် ခေါင်းစည်းအဆင့်မှာ သိပ်ပြီး မကောင်းသေးပါဘူး၊ ငါ့ရဲ့ အဆင့်က တစစီဖြစ်အောင် လုပ်တာပဲ၊ တကယ်တော့ ငါကရေခဲလ နန်းတော်က ဥသျှောင်ကြီး သုံးပါးဆီက သင်ခဲ့တဲ့ အရာကို ရခဲ့တာ ပေါ့ . . .”
လိဝူလျန်မှ ခဏတာ နှုတ်ဆိတ်နေပြီးနောက်မှ -
“မင်းရဲ့ အစွမ်းက ပိုပြီး အသုံးဝင်မယ် ထင်တယ်၊ ငါကအစွမ်းနှစ်ခုကို ယူခဲ့တယ်လေ၊ တစ်ခုက ပစ်မှတ် ကို မလွဲချော်စေတဲ့အရာပေါ့ . . .”
“ငါကတစ်ယောက်ယောက်ကို ပစ်မှတ်ထားလိုက် ပြီဆိုရင် ငါ့ရဲ့ဓားခုတ်ချက်က ဘယ်တော့မှ မလွဲတော့ ဘူး၊ နောက်တစ်ခုက ဟန်ပိုင်ယွဲ့ အခုရင်ဆိုင်နေရတဲ့ အရာမျိုးပဲ၊ မမြင်နိုင်တဲ့ ဓားချီဓာတ်တွေနဲ့ တိုက်ခိုက် တာမျိုးပေါ့ . . .”
လိဝူလျန်မှ ဆက်လက်၍ -
“တကယ်တမ်းကျ ဒုတိယ အစွမ်းဆိုတာ ပထမ အစွမ်းကနေ ဆင့်ပွားထားတဲ့ အရာပဲ၊ ငါ့ရဲ့တိုက်ခိုက်မှု ကို ပိုပြီး ပြင်းထန်သထက် ပြင်းထန်အောင် လုပ်လို့ရ တယ်၊ အဲဒီတော့ တိုက်ခိုက်မှုကနေ လွဲချော်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ . . .”
“ငါအခု ဟန်ပိုင်ယွဲ့ကို သုံးထားတာ လှောင်ချိုင့် အဆင့် အစွမ်းမျိုးပဲ၊ ဒါပေမယ့် တကယ်တော့ မဟုတ် ဘူး၊ ခေါင်းစည်းအဆင့်ကိုမှ ငါ့ဘာသာငါ ပုံစံအသစ်ကို ပြောင်းလဲထားတာ . . .”
“မင်းက ရေခဲလနန်းတော်ရဲ့ ဥသျှောင်ကြီး သုံးပါး ဆီကနေ တစစီလုပ်တဲ့ အစွမ်းကို သိခဲ့ရတယ်၊ အဲဒီ အပေါ်မှာ မင်းကိုယ်တိုင်ကလည်း တစ်ခုခု ထပ်ပြီး ပေါင်းစပ်လို့ ရသေးတယ်မလား . . .”
လိဝူလျန်မှ ရဲရှောင်အား သိချင်ဟန်ဖြင့် မေးလိုက် ၏။
“ကြည့်ရတာ မင်းက အရာဝတ္တုတွေကို တစစီဖြစ် အောင် လုပ်နိုင်ရုံမကဘူး ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှု တွေကိုလည်း တစစီခွဲခြမ်းစိတ်ဖြာနိုင်မယ် ထင်တယ်၊ ပြိုင်ဘက်ကို ထွင်းဖောက်မြင်နိုင်ပြီး တိုက်ခိုက်မှုတွေ ကို အဖြေထုတ်နိုင်မယ့် နည်းလမ်းမျိုးပေါ့ . . .”
ရဲရှောင်မှ ခေါင်းညိတ်လိုက်ရင်း -
“ဟုတ်တယ် ရန်သူရဲ့ တိုက်ခိုက်မှုတွေက ဘယ် လောက်ပဲ ကောင်းကောင်း ငါ့ရဲ့ တစစီလုပ်ပစ်နိုင်တဲ့ အစွမ်းနဲ့ ခွဲခြမ်းစိတ်ဖြာနိုင်တယ်၊ ဆိုလိုတာက သူတို့ သုံးလိုက်တဲ့ တိုက်ကွက်ရဲ့အားနည်းချက်၊ အနာအဆာ ကို ရှာနိုင်တဲ့ သဘောပေါ့၊ ဒါကအစပဲ ရှိပါသေးတယ်၊ ဒီလိုပဲ လုပ်နိုင်လိမ့်မယ်လို့ ငါလည်း ယူဆတယ်လေ”
လိဝူလျန်မှ -
“ဒါကတကယ်ကို ကောင်းတဲ့ အစွမ်းပဲ . . .”
“ငါ့ရဲ့ ဒီအစွမ်းက ရန်သူပတ်ချာလည်က လေဟာ နယ်ကို ပိတ်ဆို့ပြီး လောင်ချိုင့်တစ်ခုထဲ ရောက်အောင် လုပ်လိုက်တဲ့ သဘောပဲ ဒါပေမယ့် ဒီအစွမ်းက ခေါင်း စည်းအဆင့်မှာ ရောက်နေတဲ့ ရန်သူကိုဆို အသုံးမဝင် ဘူး၊ ငါတစ်ခါ စမ်းကြည့်ဖူးသေးတယ် အလုပ်မဖြစ်ပါ ဘူး . . .”
ထို့နောက် ဟန်ပိုင်ယွဲ့အား လှမ်းကြည့်လိုက်ပြန် ရင်း -
“ဒါပေမယ့် အခုမှ အဆင့်တက်တဲ့ ဟိုကောင်ကို စမ်းကြည့်တာတော့ မဆိုးဘူးပဲ၊ ဟိုမှာ ကြည့်ပါဦး သူ့ ခမျာ ဘယ်လောက်တောင် ရုန်းကန်နေရလဲ၊ သူ့မှာ ဓားတွေကိုတောင် သေချာမမြင်နိုင်တော့ဘူး . . .”
“ဒီဓားတွေက ကြမ်းတမ်းပြီး အစွမ်းထက်တဲ့ ပုံစံ မျိုး ပေါက်နေပေမယ့် မူလတာအို အဆင့်မြင့် ပညာရှင် ဒါမှမဟုတ် အဲဒီထက်နိမ့်တဲ့ လူတွေအပေါ်မှာပဲ သက် ရောက်မှု ရှိနိုင်တာလေ၊ ဓားမိုးတွေက သူ့အပေါ်ကို အဆက်မပြတ် ရွာကျနေတာ၊ ငါ့ရဲ့ ဓားလှောင်ချိုင့်က ဒီနေ့မှာတော့ အလုပ်ဖြစ်သားပဲ . . .”
“ဟား ဟား ဟား . . .”
လိဝူလျန်၏ စကားကြောင့် ရဲရှောင်မှ အားရပါးရ ပင် ရယ်မောလိုက်လေသည်။
ထိုအချိန် ဟန်ပိုင်ယွဲ့မှာ တိုက်ပွဲအတွင်း တဖြည်း ဖြည်းနှေးကွေးလာပြီး သူ့လက်ထဲရှိ ဓားကိုပင် လျင် မြန်စွာ မလှုပ်ရှားနိုင်တော့ချေ။
“အင်း သူကလည်း ငတုံးငအတော့ မဟုတ်ပါဘူး၊ ကြည့်ရသလောက် မကြာခင်မှာ လျှို့ဝှက်ချက်ကို သိရ တော့မှာပါ . . .”
လိဝူလျန်မှ ရေရွတ်လိုက်၏။
“ငါသိသားပဲ မင်းက သူ့ကို လေ့ကျင့်ပေးစေချင်နေ တာမလား၊ မင်းကိုယ်တိုင်ကျ သူနဲ့ နီးစပ်လွန်းတော့ သူ့ကို မလေ့ကျင့်ပေးနိုင်ဘူး၊ အခု ငါနောက်ထပ် စွမ်း အားတစ်ခုလောက် ထပ်ထည့်လိုက်ဦးမယ်၊ အဲဒါမှ သူ ငါ့ကို ပါးစပ်မသမ်းရမ်း ရဲတော့မှာ . . .”
“သတိထားဦး ငါတို့က ညီအစ်ကိုတွေနော်၊ သူသင် ခန်းစာရလောက်ပြီဆိုရင် ရပ်တန့်လိုက်ပါတော့ . . .”
ရဲရှောင်မှ စိုးရိမ်ဟန်ဖြင့် ပြောလိုက်၏။
“မစိုးရိမ်ပါနဲ့ ငါကသူတစ်ခါမှ မရဖူးတဲ့ ခံစားမှုမျိုး ကို ပေးမလို့ပါ၊ ဒါကို သူ့တစ်ဘဝလုံး အမှတ်ရနေစေရ မယ် . . .”
လိဝူလျန်မှ အံကြိတ်ရင်း ပြောလိုက်သည်။
ရဲရှောင်မှာမူ နှာခေါင်းကို ပွတ်ရင်း ပြုံးရုံသာ ပြုံး လိုက်တော့သည်။
ထိုအချိန် လိဝူလျန်မှ တစ်ဖက်ကို လှည့်တော့မည် ပြုစဉ်မှာပင် -
“ရှောင်ရှောင် . . .”
“မင်းဘာလို့ ဟိုကောင်လေးရဲ့ ပုံစံ ပြန်မပြောင်း သေးတာလဲ၊ မင်းရဲ့မျက်နှာကြီးက တကယ်ကို ရုပ်ဆိုး လွန်းတယ် . . .”
ထို့နောက် တစ်ချက် ခုန်လိုက်ပြန်ရင်း လေထဲမှ -
“ဆိုးတာမှ တော်တော်ကို ဆိုးတာ ကျွင့်ယင်းလျန် က မင်းကို ဘာကြည့်ပြီး ကြိုက်လဲ မသိဘူး၊ သေချာ တယ် သူမျက်စိမှောက်သွားတာပဲ ဖြစ်ရမယ်၊ အလှ တရားဆိုတာက မျက်စိပသာဒ ဖြစ်စေတဲ့ အရာပဲလေ၊ ဒါပေမယ့် သူကတော့ ဘယ်လိုဖြစ်သွားလဲ မသိပါဘူး”
လိဝူလျန်၏ စကားကြောင့် ရဲရှောင်မှာ ပါးစပ် အဟောင်းသားပင် ဖြစ်သွားရသည်။
အကယ်၍ လိဝူလျန်သာ လေပေါ်သို့ ခုန်တက် မ သွားပါက ရဲရှောင်နှင့် တစ်ပွဲတစ်လမ်း စမ်းရတော့မည် သာ ဖြစ်ပါတော့သည်။
YOU ARE READING