အခန်း (၁၃၈၅) (စာစဉ် ၉၉- အပိုင်း ၁၃)
“မယုံနိုင်ခြင်း”“ကောင်းတဲ့ အချက်တစ်ချက်ကတော့ အခု သူတို့မှာ ကလေး အသစ် ရသွားတာပဲ . . .”
ရဲရှောင် ရေရွတ်လိုက်မိသည်။
သူ၏ ပုံစံက ဝမ်းနည်းနေသည့် ပုံစံမျိုးလည်း ပေါက် နေလေသည်။
“ဒါကသူတို့အတွက် အကောင်းဆုံး ချွေးသိပ်စရာ လည်း ဖြစ်သလို အကောင်းဆုံး အလျော်ရလိုက်တာ လည်း ဖြစ်တယ် . . .”
ရဲရှောင် ထိုသို့ ပြောပြီးချိန် သက်ပြင်းရှည်ကြီးချလိုက် မိပြန်သည်။
ထိုသက်ပြင်းက ရဲနန်ရှန်တို့ လင်မယားနှစ်ယောက် လုံးအတွက် ဖြစ်သလို သူ၏ ဝမ်းနည်းမှုကို ဖော်ပြလိုက် ခြင်းလည်း ဖြစ်သည်။
ထိုအချိန်တွင် ကျွင့်ယင်းလျန်နှင့် ပိုင်အာတို့မှာ ရွက် ဖျင်တဲအတွင်းသို့ ပြန်ရောက်လာကြသည်။
ကျွင့်ယင်းလျန်မှ ရဲရှောင်အား ကြည့်ကာ ပြုံးလိုက် ရင်း -
“ရှင့်ရဲ့ ကိုယ်လုပ်တော်က ရှင့်ဆီကို ပြန်လာတယ်ဆို မှတော့ ရှင့်အနားမှာပဲ ခစားခိုင်းလိုက်ပါမယ် . . .”
“ပြီးတော့ ရှင်တို့လည်း မတွေ့တာ ကြာပြီဆိုတော့ ကျွန်မ မနှောက်ယှက်တော့ပါဘူး . . .”
ပြောပြောဆိုဆိုဖြင့် ကျွင့်ယင်းလျန်မှ ရွှမ်ပိုင်အား ရှေ့ သို့ တွန်းပို့လိုက်ရင်း -
“မင်းက ဒီမှာ ဘာရပ်လုပ်နေတာလဲ ကိုယ့်သခင်ကို ခစားတော့လေ . . .”
ထို့နောက် ကျွင့်ယင်းလျန်လည်း ပြုံးလျက်ပင် အပြင် သို့ ထွက်ခွာသွားတော့သည်။
သို့သော် ထိုအပြုံးထဲတွင် မနာလိုမှုများ အပြည့်ပင် ဖြစ်နေသည်။
မည်သည့် မိန်းမက ကိုယ့်ယောက်ျား၏ အနားတွင် အခြားသော မိန်းမကို ရှိစေချင်ပါမည်နည်း။
မည်သည့် မိန်းမက နာကျင်မှုကို ထိန်းချုပ်ကာ ကိုယ့် ယောက်ျား၏ အနားသို့ အခြားသော မိန်းမကို တွန်းပို့ ရက်နိုင်ပါမည်နည်း။
ယခု ကျွင့်ယင်းလျန် လုပ်နေသော လုပ်ရပ်များက ရဲရှောင်ကို ချစ်လွန်း၍သာ ဖြစ်တော့သည်။
(ရွှမ်ပိုင်ကတော့ တကယ်ကို ကောင်းသွားတာပဲ ငါ့မှာ တော့ သူ့နဲ့ ပြန်ဆုံတွေ့ဖို့ နှစ်ပေါင်းများစွာ စောင့်စားခဲ့ရ လိုက်တာ သူတို့ကတော့ အခု စောစောစီးစီး ပြန်ဆုံသွား နိုင်ကြပြီ . . .)
ရဲရှောင်လည်း မတ်တပ်ရပ်လိုက်ပြီး ရှက်ရွံ့နေသည့် ပိုင်အာကို လှမ်း၍ ကြည့်လိုက်သည်။
ပိုင်အာ၏ မျက်နှာတစ်ခုလုံးက နီရဲနေပြီး သူနှင့် မျက် လုံးချင်း မဆုံစေရန် ကြိုးစားနေပုံပါပင်။
ရဲရှောင်မှ -
“ပိုင်အာ . . .”
“မင်းက ငါနဲ့ နည်းနည်း စိမ်းနေသလိုပဲ လာပါဦး ငါ့ အနားလာပါဦး ငါမင်းကို သေချာ ကြည့်ပါရစေဦး၊ မင်းရဲ့ မျက်နှာလေးကို ကြည့်ချင်လို့ပါ . . .”
ရဲရှောင် စကားကြောင့် ရွှမ်ပိုင် ဘာလုပ်ရမှန်း မသိ ဖြစ်သွားမိသည်။
သူမ၏ မျက်နှာကိုလည်း ရဲရှောင်အား ပြသရန် ရုတ် တရက် ထိတ်လန့်မိသလိုလည်း ဖြစ်သွားမိ၏။
သို့သော် နောက်ဆုံးတွင် ရဲရှောင် အနားသို့ တိုးကပ် သွားပြီး တိုးညှင်းသော အသံဖြင့် ချွဲနွဲ့ကာ ခေါ်လိုက်မိ သည်။
“အစ်ကိုကြီး . . .”
ရဲရှောင်လည်း ရင်းနှီးခဲ့ဖူးသည့် အသံလေးကို ပြန်၍ ကြားလိုက်ရသောအခါ ရင်ထဲရှိ စိတ်ရိုင်းများကို မထိန်း ချုပ်နိုင်တော့ချေ။
ပိုင်အာနှင့် မတွေ့ရသည်မှာ ကြာမြင့်နေပြီ မဟုတ်ပါ လား။
သူ ကျွင့်ယင်းလျန်နှင့် ရှိခဲ့စဉ်က ငေးကြည့်ရုံသာ ငေး ကြည့်ခဲ့ရပြီး အဆင့်တက်ခဲ့ရခြင်း မရှိခဲ့ပေ။
ယခုအခါ ပိုင်အာ ပြန်ရောက်လာပြီဖြစ်၍ သူ၏ ဆန္ဒ များကို ဖြည့်ဆည်းနိုင်တော့မည် ဖြစ်သည်။
ထို့ကြောင့် ပိုင်အာ၏ လက်ကို လှမ်းဆွဲလိုက်ပြီး -
“လာစမ်းပါဦး မင်းကို သေချာကြည့်ဦးမယ် . . .”
“မင်းနဲ့ မတွေ့ရတာ တော်တော်တောင် ကြာသွားပြီ မင်းဝလာတာလား မှန်းစမ်း သေချာအောင် မင်းကို ထိ ကြည့်ပါရစေဦး . . .”
ရွှမ်ပိုင်လည်း ရဲရှောင်၏ ရင်ခွင်ထဲ တိုးဝှေ့၍ ပစ်ဝင် လိုက်သည်။
ထိုနေ့ညသည် ရဲရှောင်အတွက် ပျော်ရွှင်မှုအတိဖြင့် ဖုံးလွှမ်းနေသည့် ညတစ်ညပင် ဖြစ်ခဲ့ပါတော့သည်။
. . .
နောက်တစ်နေ့တွင် ဖြစ်သည်။
ရဲရှောင်အဖို့ တစ်ညလုံး တစ်စက္ကန့်မျှ မအိပ်စက်ခဲ့ရ သေးသည့်တိုင် အားပြည့်အင်ပြည့်ပင် ဖြစ်နေလေသည်။
သို့သော် ပြဿနာ တစ်ခုမူ ရှိ၏။
ထိုပြဿနာက သူ၏ ခါးကို မတ်မတ် မရပ်နိုင်တော့ ခြင်းပင် ဖြစ်သည်။
မဖြစ်ရိုး နေပါမည်လော။
တစ်ညလုံး ဆက်တိုက်ဆိုသလို လှုပ်ရှားခဲ့ပြီး ပုံစံမျိုး စုံဖြင့် ပိုင်အာကို စိတ်လှုပ်ရှားမှုများ ပေးစွမ်းခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့် ရဲရှောင် ရွက်ဖျင်တဲထဲမှ ထွက်ခွာသွားချိန် ပိုင်အာမှာ အားအင်ချိနဲ့စွာဖြင့် အိပ်ရာထက်၌ ပက်လက် ကျန်နေခဲ့ရသည်။
မည်မျှထိဆိုလျှင် သူမ၏ လက်ချောင်းတစ်ချောင်းကို ပင် မမနိုင်တော့ခြင်း ဖြစ်သည်။
ရွှမ်ပိုင်လည်း အိပ်ရာထက်တွင် လဲလျောင်းနေရင်း ကတုန်ကယင်ပင် ဖြစ်နေမိသည်။
(သူက ဘာလို့ ဒီလောက်ထိ အင်အားကြီးလာရတာ လဲ၊ ငါ့မှာ သေတော့မလိုတောင် ဖြစ်နေပြီ . . .)
ရွှမ်ပိုင်အဖို့ စိတ်ရှိတိုင်း ကဲခဲ့သော ရဲရှောင်ကြောင့် မျက်လုံးများပင် မူးဝေနေပြီး တစ်ကိုယ်လုံး ထုံကျင်နေရ သည်။
ရဲရှောင်က မယုံနိုင်အောင်ပင် ရွှမ်ပိုင်ကဲ့သို့ မိန်းမမျိုး ကို တစ်ညတည်းဖြင့် ပျော့ခွေသွားအောင် စွမ်းဆောင်နိုင် ခဲ့ခြင်း ဖြစ်၏။
နှစ်ဦးသား၏ ကိုယ်လုံးတီး တိုက်ပွဲမှာ တစ်ညလုံးကို ကြာမြင့်ခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့် ကျွင့်ယင်းလျန် အခန်းထဲသို့ ဝင်လာသည့် အချိန်ထိ ရွှမ်ပိုင်မှာ အားနည်းလွန်းနေ၍ ချက်ချင်း မထ နိုင်သေးချေ။
ကျွင့်ယင်းလျန်မှ အိပ်ရာထက်တွင် ပက်လက်ဖြစ်နေ သော ရွှမ်ပိုင်အား ကြည့်ရင်း ခနဲ့တဲ့တဲ့ဖြင့် -
“ဪ ပိုင်အာ ပိုင်အာ . . .”
“မင်းကတော့ တစ်ညလုံး ခက်ခက်ခဲခဲကို ဖြတ်သန်း ခဲ့ရမှာပဲ . . .”
ထိုစကားကြောင့် ရွှမ်ပိုင် ရှက်ရွံ့သွားသော်လည်း ပြန် ပြောရန်ပင် အားအင်ချိနဲ့နေ၍ စကားသံမှာ ထွက်မလာ ချေ။
ထို့ကြောင့် မျက်လုံးများကိုသာ မှိတ်ရင်း လျစ်လျူရှု နေလိုက်လေသည်။
“ကျွတ် ကျွတ် . . .”
“သူက မိန်းကလေးတွေကို စိတ်ကျေနပ်အောင် လုပ် ပေးတဲ့ နေရာမှာ တကယ်ကို ကြောက်စရာကောင်းတာပဲ၊ ငါတို့ရဲ့ သနားစရာ ပိုင်အာလေးကိုလည်း ကြည့်စမ်းပါဦး၊ အခုတော့ အိပ်ရာထဲမှာ ခွေလဲနေတာပဲ . . .”
ကျွင့်ယင်းလျန်မှ ခနဲ့ပြီးရင် ခနဲ့လိုက်သည်။
ပြောပြီးကာမှ ထိုစကားကို ပြန်စဉ်းစားမိရင်း သူမ ကိုယ်တိုင်ပင် ရှက်ရွံ့သွားမိသည်။
ရဲရှောင်၏ မိန်းမအဖြစ် ခံယူထားသော်လည်း သူမက ယခုအချိန်ထိ ယင်ဖိုပင် မသန်းဖူးသည့် အပျိုစင်လေးပင် မဟုတ်ပါလား။
“လျန်လျန် . . .”
“နောက်ကျရင် မင်းကိုလည်း ဒီလိုခွေလဲသွားအောင် ငါလုပ်ပေးမှာပါ . . .”
ရဲရှောင်မှ ရွက်ဖျင်တဲအတွင်း ဝင်လာရင်း ပြုံးလျက် ပြောလိုက်သည်။
ကျွင့်ယင်းလျန်မှာ ထိုစကားကြောင့် မျက်နှာနီရဲသွား ပြီး -
“အကျင့်မကောင်းတဲ့လူ ရှင်ကတော်တော်ကို အတင့် ရဲနေပါလား . . .”
. . .
တောင်ကြားအတွင်း၌ အရပ်မျက်နှာအသီးသီးမှ လူ များစွာ စုရုံးရောက်ရှိနေကြသည်။
ကျွင့်ယင်းလျန်၊ ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့မှာ သတင်း အချက်အလက်များ ရှာဖွေရန် ထွက်သွားကြချေပြီ။
အကယ်၍ အန္တရာယ်ရှိသောအရာ တစ်ခုခုပေါ်ပေါက် လာပါက သူမတို့အနေဖြင့် တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ဖေးမနိုင်ကြမည် ဖြစ်သည်။
ထို့ပြင် သူမတို့ သုံးယောက်လုံးကို ချင်းရန်နယ်ပယ်ရှိ မည်သူကမှ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။
မိန်းကလေး သုံးဦးမှာ အသီးများကိုလည်း စားသုံးခဲ့ ပြီးပြီဖြစ်၍ ယခုနေ ဝုဖနှင့် ဆုံတွေ့လျှင်ပင် ထွက်ပြေး လွတ်မြောက်နိုင်စွမ်း ရှိနေသည်။
ထို့ကြောင့်သာ ရဲရှောင်လည်း ယုံကြည်စိတ်ချစွာဖြင့် နေနေမိခြင်း ဖြစ်သည်။
သူအံ့ဩနေမိသည့် လူမှာ လိဝူလျန်ပင် ဖြစ်၏။
မနက်ပိုင်း ရဲရှောင် ရွက်ဖျင်တဲမှ ထွက်လာသည့် အ ချိန် လိဝူလျန်မှ မိန်းကလေး တစ်ဦးအား ပွေ့ထားသည် ကို အံ့ဩစွာဖြင့် မြင်တွေ့လိုက်ရသည်။
လိဝူလျန်က သူ၏ ရွက်ဖျင်တဲအတွင်းမှ အဆိုပါ မိန်း ကလေးနှင့်အတူ ထွက်လာခြင်း ဖြစ်သည်။
ထို့ပြင် လိဝူလျန်၏ ပုံစံက အားပြည့်အင်ပြည့် ဖြစ်နေ ရုံမက ကျေနပ်သည့် အရိပ်အယောင်မျိုးလည်း ဖြစ်နေ လေသည်။
သို့သော် ဘေးရှိ မိန်းကလေး၏ မျက်နှာမှာမူ အားမရှိ သလို ဖြစ်နေသည်။
ထိုမြင်ကွင်းကို ကြည့်ခြင်းအားဖြင့် လိဝူလျန်က ပျော် ရွှင်ဖွယ်ကောင်းသည့် အရာတစ်ခုကို ဖန်တီးခဲ့မှန်း သိသာ လှသည်။
မှန်ပေသည်။
လိဝူလျန်တို့လည်း ရဲရှောင်ကဲ့သို့ ကိုယ်လုံးတီး တိုက် ပွဲကို ဆင်နွှဲခဲ့ခြင်းပါပင်။
ထိုမျှထိ ရဲရှောင် အံ့ဩခြင်း မရှိသေး။
သူအံ့ဩမိသည်မှာ လိဝူလျန် ဘေးရှိ မိန်းကလေးမှာ ရေခဲတိမ်တိုက်နန်းတော်၏ ဂိုဏ်းချုပ် ရှဲ့ဒါယူနှင့် တူနေ ခြင်း ဖြစ်သည်။
ရဲရှောင် သူ့မျက်လုံးသူ မယုံနိုင်၍ ကြိမ်ဖန်များစွာပင် ပွတ်သပ်၍ ကြည့်လိုက်မိသည်။
(ဟင် . . .)
(ငါထင်တာ မမှားဘူးဆိုရင် ဒါရှဲ့ဒါယူများလား၊ သူ့ရဲ့ အငွေ့အသက်တွေက ထူးဆန်းနေသလိုပဲ . . .)
ဤသည်မှာ ရွှမ်ပိုင်၏ သွေးသောက် ရန်သူတော်ကြီး ပင် ဖြစ်၏။
ထိုစဉ် ရဲရှောင် စိတ်ထဲ အရေးကြီးသည့် အရာတစ်ခု ကို သတိရမိသွားသည်။
(ငါတစ်ခုခုများ လွဲချော်သွားခဲ့တာလား၊ ဘာတွေ ဖြစ် ကုန်တာလဲ . . .)
(ဘယ်လိုပဲဖြစ်ဖြစ် ထားလိုက်ပါတော့ ငါ့ညီအစ်ကိုရဲ့ ပျော်ရွှင်မှုထက် ဘယ်အရာကမှ အရေးမကြီးပါဘူး . . .)
(ဒါပေမယ့် သူတို့က ဘယ်တုန်းက တစ်ယောက်နဲ့ တစ်ယောက် ကြိုက်သွားကြတာလဲ၊ ဒါကြီးက အံ့ဩစရာ ကောင်းလွန်းမနေဘူးလား . . .)
(အခုလည်း ကြည့်စမ်းပါဦး အလှလေးနဲ့ သားရဲကြီး ကျနေတာပဲ . . .)
ရဲရှောင် စိတ်ထဲ တွေးလေနားမလည်နိုင်ပင် ဖြစ်နေမိ သည်။
“ဟေ့ မင်းတို့နှစ်ယောက်က ဘယ်လိုဖြစ်ကြတာလဲ”
ရဲရှောင်မှ တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သည်။
ရှဲ့ဒါယူမှာ ရှက်ရွံ့သည့် ပုံမျိုးဖြစ်သွားသော်လည်း လိ ဝူလျန်၏ လက်မောင်းကို ဆုပ်ကိုင်ထားတုန်းပါပင်။
လိဝူလျန်မှ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး -
“ဟား ဟား ဟား လာပါကွာ ငါမင်းကို မိတ်ဆက်ပေး ရဦးမယ် ဒါကအဟမ်း . . .”
“ဒါကမင်းညီရဲ့ မိန်းမပဲကွ . . .”
လိဝူလျန်က သူ့ကိုယ်သူ အစ်ကိုကြီး မဟုတ်တော့ သည်ကို သတိရမိသွား၍ ညီလေးဟု ပြန်ပြောင်းသုံးနှုန်း လိုက်ခြင်း ဖြစ်သည်။
“ဟာ မင်းတို့က မြန်လွန်းလှချည်လား . . .”
ရဲရှောင်မှ ပါးစပ်အဟောင်းသားဖြင့် မေးလိုက်သည်။
“ဘယ်တုန်းက ချိတ်မိသွားကြတာလဲ . . .”
ရှဲ့ဒါယူမှာ ရှက်ရွံ့သွားပြီး ရဲရှောင်အား ဒေါသတကြီး လှမ်းကြည့်လိုက်သည်။
သို့သော် ရဲရှောင်က လိဝူလျန် အလွန်လေးစားရသည့် အစ်ကိုတစ်ဦး ဖြစ်နေ၍ အခြေအတင် စကားမျိုး မပြောဝံ့ တော့ချေ။
“ဘယ်တုန်းက ချိတ်သွားတာလဲဆိုတာ ဘာကို ပြော ချင်တာလဲ . . .”
လိဝူလျန်မှ မကျေမချမ်းဖြင့် ပြောလိုက်သည်။
“ဘယ်တုန်းကမှ မချိတ်ဘူး ငါတို့က မြင်မြင်ချင်းပဲ ကြိုက်သွားကြတာပဲ၊ စကားလုံးနည်းနည်းလေးနဲ့ ငါတို့ လက်ထပ်ဖြစ်လိုက်ကြတယ်လေ၊ ဒီလို ကံကောင်းမှုမျိုး ကို ငါတို့က ဘယ်လိုလုပ် လွဲချော်ခံတော့မှာလဲ . . .”
“အဲဒါကြောင့် ငါတို့တွေက ပြီးခဲ့တဲ့ ညမှာ အချစ်ည ကို ကျော်ဖြတ်ခဲ့ကြတာကွ . . .”
လိဝူလျန်မှ သွားများပင် ပေါ်အောင် ပြုံးကာ အလွန် ကျေနပ်နေသည့် ဟန်မျိုးဖြင့် ပြောလိုက်ပါတော့သည်။
YOU ARE READING