အပိုင်း (၁၂၃၃)(စာစဉ် ၈၉- အပိုင်း ၁)
“အပြည့်အဝ သက်သာသွားခြင်း”
အသီး၏ အာနိသင်များ ထွက်ပေါ်လာချိန် စိတ် စွမ်းအင် ချီဓာတ်များလည်း ထွက်ပေါ်လာပြီ ဖြစ်၏။
မူလတာအိုအဆင့်ရှိသည့် ပညာရှင်များအဖို့ အဆို ပါချီဓာတ်များကို ချေဖျက်နိုင်မည်ဖြစ်ပြီး မူလတာအို ၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
သို့သော် မူလတာအို အဆင့်အောက်ရှိ လူများမှာ မူ စွမ်းအင်ပေါက်ကွဲမှုကြောင့် သေဆုံးသွားနိုင်သည်။
ထို့ကြောင့် ထိုစွမ်းအင်များကို မူလတာအို အဆင့် အောက်ရှိ မည်သူမှချေဖျက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ် ပါ။
တစ်နည်းအားဖြင့် အသီး၏ စွမ်းအင်များက ယခု နယ်ပယ်ရှိ မည်သူမဆိုထက် ပိုမို၍ များပြားသည်ဟု ဆိုနိုင်သည်။
ရဲရှောင်ပင်လျှင် ယခုကဲ့သို့ အလွန်အစွမ်းထက်လှ သည့် အချိန်မျိုးရောက်ရှိနေသည့်တိုင် ဝရမ်ချူးချူးကို ဒီအတိုင်း ကယ်တင်နိုင်ခြင်း မရှိခဲ့ဘူး မဟုတ်ပါလား။
ရဲရှောင်မှ သူလုပ်ခဲ့သည့် အပြုအမူအတွက် နောင် တရနေသည့် အချိန်မှာပင် အဖြူရောင် အရိပ်တစ်ခု ထွက်ပေါ်လာသည်။
စင်စစ် အားဟူ ရောက်ရှိလာခြင်းပင် ဖြစ်၏။
ရဲရှောင်လည်း အားဟူကို မြင်လိုက်ရသောအခါ မျှော်လင့်ချက် ရှိသွားသလို ခံစားလိုက်ရသည်။
ထို့ကြောင့် သူတစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် အားဟူမှာမူ ချူးချူးပေါ်သို့ ခုန်တက်နှင့်ပြီးသား ဖြစ် နေသည်။
အတိအကျဆိုရလျှင် ချူးချူး၏ စွမ်းအင်သိုလှောင် ရာ အနီး ထိုင်လိုက်ခြင်း ဖြစ်၏။
ခဏအကြာတွင် ချူးချူး၏ ခန္ဓာကိုယ်မှ စိတ်စွမ်း အင် ချီဓာတ်များမှာ လျင်မြန်စွာပင် ထွက်ပေါ်လာကြ သည်။
ထို့နောက်တွင် သူမ၏ အခြေအနေမှာ လုံခြုံသွား ပြီး ကျင့်ကြံမှုမှာလည်း တစ်ဆင့်ပြီး တစ်ဆင့် ဆိုသလို မြင့်တက်သွားတော့သည်။
YOU ARE READING