#စာစဉ်၉၀မှာ၁၄ပိုင်းလုံးရှည်လာလို့စာပိုဒ်မဖြတ်ပေးတော့ပါဘူးနော်
အခန်း (၁၂၄၇)(စာစဉ် ၉၀- အပိုင်း ၁)
“အမွှာဓား ရိုက်ချက်”
ထိုအချိန်မှာပင် အက်ကွဲကွဲ အသံတစ်ခု ထွက်ပေါ် လာပြန်သည်။
“ယွဲ့ရှောင် မင်းမှားနေပြီ ငါတို့ကသာ ငါတို့ရဲ့ မျက် နှာကို ပြဝံ့ရင် ဘာလို့ ဒီမှာပုန်းနေရမှာလဲ . . .”
ယွဲ့ရှောင်မှ အေးစက်စက်ဖြင့် -
“ဟုတ်တာပေါ့ ငါကရူးမိုက်တဲ့ မေးခွန်းကို မေးမိ တာပဲ၊ မင်းတို့ လူလုံးပြခြင်း မပြခြင်းက အရေးမကြီး ဘူး၊ မင်းတို့က ဘယ်လိုပဲဖြစ်ဖြစ် သေရတော့မှာပဲ၊ အဲ ဒီတော့ မင်းတို့ရဲ့ မျက်နှာကို ပြသွားလည်း ဘာမှမထူး ဘူး၊ ဘာမှ မပြောင်းလဲဘူး . . .”
ထိုစကားကြောင့် တစ်ဖက်မှ အေးစက်စက်ဖြင့် ရယ်မောလိုက်ပြန်ရင်း -
“ယွဲ့ရှောင်က တကယ့်ကို သူရဲကောင်းဆန်ပြီး ခေါင်းသိပ်မာတဲ့ အမျိုးသမီးပဲ၊ ဒါပေမယ့် ဒါကဘယ် တော့ အဆုံးသတ်မလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ၊ ယွဲ့ရှောင်နဲ့ ယွဲ့ဟန်တို့က ဘယ်လောက် အစွမ်းထက် လဲဆိုတာကို သိချင်မိသေးရဲ့၊ လူတွေ ပြောသလိုရော တကယ် အစွမ်းထက်ကြရဲ့လား . . .”
ပြောနေရင်းဖြင့် တစ်ဖက်လူ၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုသော အရိပ်အယောင်များ လွှမ်းမိုးသွား ၏။
ထို့နောက် အက်ကွဲကွဲ အသံဖြင့်ပင် -
“အက်ကွဲကျောက်စိမ်း ဗျူဟာ . . .”
ထိုအချိန် လက်နက်ပျံများ၏ တန်ပြန်ထိမှန်ခြင်း ကို ခံလိုက်ရသော လူ ၁၆ ယောက်မှာ သတ်ဖြတ်လို သော အငွေ့အသက်များနှင့်အတူ မတ်တပ်ရပ်လျက် ရှိနေကြသည်။
စင်စစ် အက်ကွဲကျောက်စိမ်း ဗျူဟာမှာ တိုက်ပွဲ အတွင်း အသေခံ တိုက်ခိုက်သော အစီအစဉ် တစ်ခုပင် ဖြစ်၏။
ထို့ကြောင့် ပစ်မှတ်မှာ သေခြင်း မသေခြင်းထက် ထိုဗျူဟာကို လုပ်လိုက်သော လူများမှာ သေဆုံးကြရ မည် ဖြစ်သည်။
အတိအကျဆိုရလျှင် အက်ကွဲကျောက်စိမ်း ဗျူဟာ မှာ တစ်စုံတစ်ဦးက မိမိ၏ အသက်ကို စတေးခံကာ အခြားလူအား ပစ်မှတ်ကို သတ်ဖြတ်ရန် အခွင့်အရေး ဖန်တီးပေးခြင်းပါပင်။
“အက်ကွဲကျောက်စိမ်း ဗျူဟာ ဟုတ်လား . . .”
ယွဲ့ဟန်မှ ခနဲ့တဲ့တဲ့ ပြုံးရင်း ပြောလိုက်သည်။
“ကိုယ့်ကိုယ်ကိုယ်လည်း ကြည့်ကြပါဦး အသုံး မဝင်တဲ့ အမှိုက်တွေလိုပဲ၊ အဲဒါတောင်များ သူတို့ကိုယ် သူတို့ ကျောက်စိမ်းလို့ ခေါ်နေသေးတယ် . . .”
ယွဲ့ဟန်၏ စကားအဆုံးတွင် လူ ၁၄ ဦးမှာ သူမတို့ ထံသို့ ပြေးဝင်လာနေပြီ ဖြစ်သည်။
ရန်သူများမှာ သူတို့ကိုယ်သူတို့ စတေးခံ၍ တိုက် ခိုက်ကြတော့မည်ပါလော။
ထိုလူများ၏ ဓားအလင်းတန်းများမှာလည်း အ မှောင်တောအုပ်အတွင်း လင်းလက်သွားပြီး မိုးကောင်း ကင်ကြီး တစ်ခုလုံးကိုပင် လွှမ်းခြုံသွားသလိုပါပင်။
ထိုအလင်းရောင်များအတွင်း အနက်ရောင်အစက် အပျောက်များကဲ့သို့ အရာများ ဝံပျဲလာသည်ကိုလည်း တွေ့လိုက်ကြရ၏။
“ဟင် ဒါကရွှေအပ်ပါလား . . .”
ယွဲ့ဟန်မှ ဒေါသတကြီး ရေရွတ်လိုက်သည်။
“ဒီကျင့်စဉ်က နေဦး မင်းတို့က ရေခဲတိမ်တိုက်နန်း တော်ကလား . . .”
အက်ကွဲကွဲ အသံပိုင်ရှင်မှာ ယခုအဖွဲ့ကို ဦးဆောင် လာသည့် ခေါင်းဆောင်ဖြစ်ဟန်တူသည်။
ထိုလူမှ အေးစက်စက် ရယ်မောလိုက်ရင်း -
“ယွဲ့ဟန်က တော်တော်ကို ဗဟုသုတ ကြွယ်ဝတဲ့ မိန်းကလေးပဲ၊ ဒါပေမယ့် ဒီရွှေအပ်ကို ရေခဲတိမ်တိုက် နန်းတော်ကလွဲပြီး တခြားလူတွေ မသုံးတတ်တော့ဘူး လို့ ထင်နေတာလား . . .”
စင်စစ် ထိုလူမှာ ငြင်းဆန်လိုက်ခြင်းပါပင်။
မည်သို့ပင် ဆိုစေကာမူ ပြင်းထန်သော တိုက်ပွဲကြီး တစ်ခု စတင်တော့ပေမည်။
ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့လည်း ကျောချင်းကပ်၍ သူမတို့၏ ဓားများကို ထပ်တလဲလဲ ဝေ့ယမ်းလိုက်ကြ သည်။
ထိုအခါ စက်ဝိုင်းခြမ်း အကာအကွယ် ဖြစ်သွားပြီး တိုက်ခိုက်မှုများကို ကာကွယ်နိုင်မည် ဖြစ်သည်။
ရန်သူ ၁၄ ဦး၏ တိုက်ခိုက်မှုမှာ ကိုယ့်ကိုယ်ကိုယ် အသေခံသည့် တိုက်ခိုက်မှုမျိုး ဖြစ်သော်လည်း မည်သူ ကမှ ယွဲ့ရှောင်တို့ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။
ထို့အတူ ရဲနန်ရှန်နှင့် ယွဲ့ဂေါင်ရွှဲ့တို့မှာလည်း အ ကောင်းဆုံး ကာကွယ်ခံထားရ၍ အနည်းငယ်မျှ မထိ ခိုက်ကြပေ။
ထို့နောက် တိုက်ပွဲများမှာ ပြင်းထန်သထက် ပြင်း ထန်လာပါတော့သည်။
ခဏအကြာတွင် တစ်စုံတစ်ဦး၏ အော်ဟစ်သံကို ကြားလိုက်ရ၏။
“အား . . .”
လူ ၁၄ ဦးအနက် အမျိုးသမီး တစ်ဦးမှာ သူမ၏ ခန္ဓာကိုယ်နေရာ ၆ ခုမှ သွေးများ ထွက်လာပြီး အော် ဟစ်လိုက်ခြင်းဖြစ်သည်။
တစ်ပြိုင်တည်းမှာပင် ထိုအမျိုးသမီးမှာ လေထဲသို့ လွင့်ပျံထွက်သွားပြန်သည်။
“ဝိညာဉ်လှိုင်း နှင်းတိုက်ကွက် . . .”
“ဘုန်း . . .”
အမျိုးသမီးတစ်ဦးမှာ သူမ၏ ဓားဖြင့် ရုတ်တရက် ရဲနန်ရှန်ကို ခုတ်ပိုင်းရန် ပြင်စဉ်မှာပင် အရိပ်တစ်ခုက လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
ထိုအရိပ်မှာ ယွဲ့ရှောင်ဖြစ်ပြီး အမျိုးသမီး၏ မြင် ကွင်းရှေ့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ထိုအမျိုးသမီး၏ ဓားမှာ အလွန်ပြင်းထန်လှသည့် တိုင်အောင် ယွဲ့ရှောင်မှာ ခြေတစ်ဖက်ကိုသာ အနည်း ငယ်ကြွ၍ လျင်မြန်စွာ ကန်ထုတ်ပစ်လိုက်သည်။
ထိုကန်ချက်မှာ ရန်သူ အမျိုးသမီး၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။
ထို့ကြောင့် ထိုအမျိုးသမီးမှာ နာကျင်စွာ အော်ဟစ် လိုက်ပြီး သူမ၏ ဓားမှာလည်း နောက်သို့သာ ပြန်ကန် ထွက်သွားလေသည်။
ကန်ချက်မှာ ပြင်းထန်လွန်း၍ ခန္ဓာကိုယ် အတွင်း ပိုင်း ထိသွားသည့်ထင် ရန်သူအမျိုးသမီးမှာ သွေးများ ပင် အန်ထွက်သွားခဲ့ရသည်။
“ယွဲ့ရှောင်နဲ့ ယွဲ့ဟန်တို့က တကယ့်ကို ထိပ်သီး ပညာရှင်တွေပဲ၊ လူတွေ ပြောတာ တကယ်ကို မှန်နေ တာပါလား . . .”
အက်ကွဲကွဲ အသံပိုင်ရှင်မှာ မခံချိ မခံသာဖြစ်နေ သည့် ပုံမျိုးဖြင့် ပြောလိုက်သည်။
ထို့အတူ ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့၏ တိုက်ခိုက်မှု ကို မြင်သောအခါ သူမတို့နှစ်ဦးကို ထိခိုက်အောင် လုပ် ရန်မှာ မဖြစ်နိုင်ကြောင်း သဘောပေါက်သွားမိသည်။
ထို့ကြောင့် သူ၏လူများကို စတေးခံခြင်းက တစ် ယောက်ပြီး တစ်ယောက် သေသွားရုံမှလွဲ၍ အခြားမရှိ နိုင်တော့ပေ။
ထိုလူမှာ ထိုအချက်ကို ကောင်းစွာ သိရှိသွား၍ အချိန်မဖြုန်းတော့ဘဲ ကောင်းကင်ထက်သို့ မော့၍ ထူးခြားသည့် အသံတစ်သံကို ပြုလုပ်လိုက်၏။
ထိုအခါ လူတစ်ဒါဇင် ကျော်ခန့်မှာ အရပ်မျက်နှာ အသီးသီးမှ ပေါ်လာကြလေသည်။
ထပ်ရောက်လာသော ထိုလူများ အားလုံးမှာလည်း အနက်ရောင် အဝတ်အစားများကို ဝတ်ဆင်ထားကြ ပြီး မျက်နှာဖုံးများကို တပ်ဆင်ထားကြ၏။
မည်းမှောင်နေသော အမှောင်တောအုပ်ကြီး၌ ထို လူများ၏ ပုံစံက ပိုမိုခြောက်ခြားဖွယ်ပင် ကောင်းနေပါ သေးသည်။
ထိုလူများမှာ ပေါ်လာသည်နှင့် မည်သည့် စကား တစ်ခွန်းမှ မပြောဘဲ တိုက်ပွဲကိုသာ ဝင်ရောက် တိုက် ခိုက်လိုက်ကြသည်။
မိန်းကလေးနှစ်ဦးမှာ လူများ ထပ်မံရောက်လာ၍ စိုးရိမ်စိတ်ဝင်သွားကြပြီး ယခင်လို ယုံကြည်ချက် ရှိ သည့် ပုံမျိုး မရှိတော့ပေ။
ထို့ကြောင့် တစ်ယောက်နှင့် တစ်ယောက် အပြန် အလှန် အဓိပ္ပာယ်ပါသည့် အကြည့်မျိုးဖြင့်သာ ကြည့် လိုက်ကြတော့သည်။
အဖြစ်အပျက်များ အားလုံးက ရဲနန်ရှန် ခန့်မှန်း ထားသည့်အတိုင်း ဖြစ်ပျက်လာသည် မဟုတ်ပါလား။
သို့သော် မိန်းကလေးနှစ်ဦးမှာ စိုးရိမ်မှု ရှိနေကြ သည့်တိုင် ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ သတိ မြဲမြံ စွာ ရှိနေကြသည်။
ထိုအချိန် ဓားအလင်းတန်းများမှာ ပိုမို၍ လင်း လက်လာကြပြီး ညီအစ်မနှစ်ဦးမှာလည်း မူလတာအို အဆင့်ပညာရှင် အယောက် ၃၀ လောက်နှင့် စတင် တိုက်ခိုက်နေပြီဖြစ်သည်။
အပြန်အလှန် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြ ခြင်းဖြစ်၍ ၎င်းတို့၏ ဓားအလင်းတန်းများမှာ သက်တံ့ များအလားပင် ဖြစ်တည်နေကြသည်။
ရန်သူများမှာ အမွှာညီအစ်မ နှစ်ဦး၏ တိုက်ခိုက်မှု များကြောင့် နောက်သို့သာ တဖြည်းဖြည်း ဆုတ်ခွာ နေရသည်။
မိန်းကလေးနှစ်ဦးမှာမူ အားနည်းသွားခြင်း မရှိဘဲ ရန်သူများကို ဖိဖိ၍သာ တိုက်ခိုက်နေတော့သည်။
ထို့ကြောင့် ပြင်းထန်လှသော တိုက်ကွက်များနှင့် ရင်ဆိုင်နေရ၍ ရန်သူများမှာ ချွေးများပင် ပြန်လာကြ လေသည်။
မည်မျှထိဆိုလျှင် ၎င်းတို့၏ မျက်နှာဖုံးများပင် ချွေး များဖြင့် ရွှဲစိုလာခြင်း ဖြစ်သည်။
ထိုအချိန် ခေါင်းဆောင်ဖြစ်သူမှာ အော်သံတစ်ခုကို ပြုလုပ်လိုက်ပြန်သည်။
ထိုအော်သံကြောင့် ကြံ့ကြံ့ခံ တိုက်ခိုက်နေသော လူများမှာ ပျော်ရွှင်သွားကြပုံပါပင်။
ဟန်ပင် မဆောင်နိုင်တော့ဘဲ နောက်သို့ လျင်မြန် စွာ ဆုတ်ခွာသွားကြတော့သည်။
သို့သော် ထိုသို့ ဆုတ်ခွာလိုက်၍ တိုက်ပွဲအတွင်း အားနည်းချက်ကို ပြသလိုက်သလို ဖြစ်သွားခဲ့သည်။
ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့လည်း အခွင့်အရေးကို ပိုင် ပိုင်နိုင် ရယူကာ တွေဝေခြင်းအလျဉ်းမရှိ ဓားများဖြင့် ခုတ်ပိုင်းလိုက်ကြ၏။
ထိုအခါ လူ ၃ ဦးမှာ တစ်ယောက်ပြီး တစ်ယောက် အော်ဟစ်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာလည်း နှစ်ပိုင်းပြတ်ကုန်ကြလေသည်။
ရန်သူများမှာ လူခွဲ၍ ထွက်ပြေးသွားခြင်း ဖြစ်၍ ယခုကဲ့သို့ ၃ ဦးသာ သေဆုံးသွားရခြင်း ဖြစ်သည်။
ထိုသို့မဟုတ်ဘဲ အတူတကွသာ ရှိနေမည် ဆိုပါက လူအများအပြားကို ခုတ်ပိုင်းလိုက်နိုင်မည်သာ။
ထိုကဲ့သို့ ရုန်းရင်းဆန်ခတ် ဖြစ်နေသော အချိန်၌ အသံတစ်သံ ထွက်ပေါ်လာပြန်သည်။
“ဘုန်း . . .”
ထိုအသံအဆုံးတွင် မြေပြင်တစ်ခုလုံး ပြိုကျသွား ပြီး မရေမတွက်နိုင်သော ဓားပျံများမှာ မြေအောက်မှ ပေါ်ထွက်လာကြသည်။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းလှ သည့် စွမ်းအားများ ထွက်ပေါ်လာပြန်သည်။
ထိုစွမ်းအားများမှာ မြေကြီးတွင်းထဲသို့ ကျခါနီးဖြစ် နေသည့် ရဲနန်ရှန်တို့ ၆ ယောက်ထံသို့ ဦးတည်လိုက် ခြင်း ဖြစ်၏။
ယွဲ့ရှောင်လည်း လျန်မြန်စွာ လှုပ်ရှားလိုက်ပြီး ဓား ကို ဝေ့ယမ်းကာ ဓားအလင်းတန်းများ ထုတ်လွှတ် လိုက်သည်။
ထိုအလင်းတန်းများမှာ နဂါး တစ်ကောင်အလား လင်းလက်သွားပြီး သူမတို့ ၆ ဦးကို ရစ်ပတ်ကာ ပေ ၃၀၀ ခန့်အကွာသို့ မြင့်တက်သွားစေ၍ တွင်းနက်ထဲ ကျမည့် အရေးမှ ကယ်တင်လိုက်နိုင်ခဲ့သည်။
ထိုအချိန် ယွဲ့ဟန်၏ ဓားအလင်းတန်းမှာလည်း ချီအကာအကွယ် တစ်ခု ဖြစ်ပေါ်သွားကာ လက်နက် များ အားလုံးကို တားဆီးနိုင်လိုက်ပြန်သည်။
ထိုစဉ် မြေပြင်အောက်မှ အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားပြီး မျက်နှာဖုံးများ တပ်ဆင်ထားသည့် လူ ၉ ဦးမှာ ထပ်မံထွက်ပေါ်လာသည်။
ထိုလူများမှာ တစ္ဆေ သရဲများနှင့်ပင် တူနေပြီး ကြက်သီးထဖွယ် ကောင်းလွန်းလှသည်။
“မင်းတို့ တတ်နိုင်တာ ဒါအကုန်ပဲလား ယွဲ့ရှောင်နဲ့ ယွဲ့ဟန် . . .”
ယွဲ့ဟန်မှ အေးစက်စက်ဖြင့် -
“ရှင်တို့က တကယ်တော့ ကြွက်တွေလိုပဲ ဘာဆို ဘာမှကို မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီးအထင် ကြီးမနေကြနဲ့ . . .”
ရန်သူခေါင်းဆောင်မှ အက်ကွဲကွဲ အသံဖြင့် -
“ငါတို့တွေက ဘာဖြစ်ဖြစ် ဆိုးဆိုးကောင်းကောင်း ဒါကတိုက်ပွဲရဲ့ အဖြေမဟုတ်ဘူး၊ ငါတို့တွေက အိမ်ကို အသက်ရှင်လျက်နဲ့ ပြန်သွားကြရမယ့် လူတွေပဲ၊ မင်း တို့ကတော့ အဆိပ်မိပြီး ချင်းဟွာနန်းတော်ကိုပြန်သွား နိုင်မှာ မဟုတ်တော့ဘူး၊ မိန်းမလှလေး နှစ်ယောက်က အရိုးခြောက်တွေ ဖြစ်သွားတော့မှာ နှမြောစရာပဲ . . .”
ယွဲ့ဟန်က ဟက်ခနဲပင် ရယ်လိုက်ရင်း -
“အိပ်မက်မက်မနေနဲ့ . . .”
သို့သော် ထိုသို့ပြောပြီးချိန် ရုတ်တရက် သူမ၏ မျက်နှာမှာ ပျက်ယွင်းသွားလေသည်။
ယွဲ့ရှောင်မှ ရန်သူများကို ကြည့်ရင်း ယွဲ့ဟန်အား-
“ယွဲ့ဟန် နင်ထိထားလား . . .”
ယွဲ့ဟန်မှာ ဖြူရော်နေသော မျက်နှာဖြင့် -
“ဘာမှမဖြစ်ပါဘူး ငါအနည်းဆုံးတော့ သူတို့ တစ် ယောက်ချင်းစီကို သတ်နိုင်သေးတယ် . . .”
သို့သော် ခဏအကြာတွင် သူမ၏ ဖြူရော်နေသော မျက်နှာမှာ အစိမ်းရောင် သန်းလာလေသည်။
ယွဲ့ရှောင်မှာ ယွဲ့ဟန်၏ မျက်နှာအား လှမ်းကြည့် ရင်း မျက်မှောင်ကြုတ်ကာ -
“ဒါဘာအဆိပ်လဲ ဘာလို့ ဒီလောက်ထိ ပြင်းနေရ တာလဲ . . .”
ခေါင်းဆောင်ဖြစ်သူမှ -
“ဒါကသာမန် အဆိပ်မျိုး မဟုတ်ဘူးဆိုတာ ငါအာ မခံတယ်၊ ထောင်ခြောက်တွေဆိုတာက မင်းတို့အပေါ် အလုပ်ဖြစ်မှာ မဟုတ်ဘူးလေ၊ အဆိပ်ငွေ့တွေနဲ့လည်း အလုပ်ဖြစ်မှာ မဟုတ်ဘူး၊ နောက် လက်နက်ပုန်းတွေ နဲ့ ပစ်တာလည်းအတူတူပဲ အလုပ်ဖြစ်မှာ မဟုတ်ဘူး”
“ချုံခိုတိုက်ခိုက်တာ၊ လျပ်တပြက် တိုက်ခိုက်တာ တွေ အားလုံးကလည်း မင်းတို့နဲ့ တိုက်ခိုက်တဲ့ အချိန် မှာ အသုံးဝင်မှာ မဟုတ်ဘူး၊ ဒါပေမယ့် ငါတို့ဘာလို့ ဒီလိုတွေ လုပ်နေတုန်းပဲလားဆိုတာ မင်းတို့သိလား”
“ဟား ဟား ဟား . . .”
“ငါတို့က ဒီကိုလာပြီး ကိုယ့်ကိုယ်ကိုယ် အသေခံ မယ်များ ထင်နေတာလား၊ ငါတို့မှာ ယုံကြည်ချက်မရှိ ရင် ဘယ်လာခဲ့ပါ့မလဲ၊ ငါတို့က မင်းတို့တွေ ငါတို့ကို သတ်နိုင်တယ်လို့ ထင်အောင် အားနည်းချက် ပြပေးခဲ့ တာ၊ မင်းတို့က ထင်ထားတဲ့အတိုင်း ငါးစာကို ဟပ်ခဲ့ တာပဲ၊ ဆရာမ ယွဲ့ဟန် အခုတော့ မင်းအဆိပ်မိပြီပေါ့”
“ဒီအဆိပ်က မင်းကို သေစေနိုင်လောက်တဲ့အထိ အစွမ်းထက်တယ်၊ အခုတော့ ကမ္ဘာပေါ်က ထိပ်သီး ပညာရှင် နှစ်ယောက်ရဲ့ ဘဝက အဆုံးသတ်တော့မယ် ဟား ဟား ဟား . . .”
ယွဲ့ဟန်က -
“မင်းတို့တွေ ဘယ်အချိန်က လုပ်လိုက်တာလဲ၊ ငါ့ ဘက်က သတိလက်လွတ်သွားတာ ရှိမယ်ဆိုပေမယ့် အမြဲတမ်း ငါ့စွမ်းအင် အကာအကွယ်အောက်မှာ ရှိနေ တာပဲ၊ မင်းတို့ရဲ့ အဆိပ်က ငါ့ရဲ့ အကာအကွယ်ကို ဖြတ်ပြီး လာတယ်လို့ ပြောချင်တာလား အဓိပ္ပာယ်မရှိ လိုက်တာ . . .”
“ငါမင်းကို သေချာရှင်းပြချင်တာပေါ့ မင်းမေးစရာ တောင် မလိုပါဘူး ဘာဖြစ်လို့လဲဆိုတော့ ဒါကဆရာမ ယွဲ့ဟန်ကို အောင်အောင်မြင်မြင်နဲ့ အဆိပ်ခတ်လိုက် နိုင်တာမလို့လေ . . .”
ထိုလူမှာ အဆိပ်များ၏ လွှမ်းမိုးမှုကို ယွဲ့ဟန် ခံရ စေရန် အချိန်ဆွဲသည့်အနေဖြင့် စိတ်ရှည်လက်ရှည်ပင် ရှင်းပြနေခြင်း ဖြစ်သည်။
“ပထမတိုက်ခိုက်မှုလုပ်တဲ့အချိန်မှာ ငါတို့က လက် နက်ပျံတွေ ပါမကဘူး မိုင်တစ်ထောင် ကိုယ်ပျောက် အမှုန့်တွေကိုပါ သုံးခဲ့တယ် . . .”
“အဲဒီအမှုန့်တွေက အနံ့၊ အရအသာ မရှိဘူး၊ အ ဆိပ်လည်း မရှိဘူး၊ သာမန်အားဖြင့် ဒါကို လူတွေကို ခြေရာခံတဲ့ နေရာမှာသုံးတယ်၊ လူတွေကို မထိခိုက်စေ တဲ့ အရာပေါ့၊ အဲဒါကြောင့် မင်းတို့ သတိပြုမိကြမှာ မဟုတ်ဘူး . . .”
ထို့နောက် ထိုလူမှ ဆက်လက်၍ -
“ဒါပေမယ့် ဒုတိယ တိုက်ခိုက်မှု လုပ်တဲ့အခါမှာ မင်းကို ငါတို့ ကျန်းဂျိအမှုန့်နဲ့ ထိတွေ့သွားကြတယ်၊ ဒါကလည်း အနံ့အရသာမရှိ၊ အရောင်မရှိ၊ အဆိပ်မရှိ တဲ့ အရာပဲ .. .”
“အဲဒီအချိန်တုန်းက ယွဲ့ရှောင် မင်းက လေပေါ်မှာ ဆိုတော့ ငါတို့က ယွဲ့ဟန်ကိုပဲ ထိအောင် လုပ်နိုင်ခဲ့ တယ် . . .”
ယွဲ့ဟန်မှ ဒေါသထွက်သွားသော်လည်း သက်ပြင်း သာ ချလိုက်ပြီးနောက် -
“ကြည့်ရသလောက် ဒီအဆိပ်မရှိတဲ့ အမှုန့်နှစ်မျိုး ပေါင်းစပ်သွားပြီး အဆိပ်ဖြစ်သွားပုံပဲ . . .”
အနက်ရောင် ဝတ်ရုံနှင့် လူမှ ရယ်မောလိုက်ရင်း -
“ဟဲဟဲ မိုင်တစ်ထောင် ကိုယ်ပျောက် အမှုန့်နဲ့ ကျန်းဂျိအမှုန့်တို့က အဆိပ်မရှိဘူးဆိုတာ တကယ်ပါပဲ ဒါပေမယ့် ဒီလိုအဆိပ်က သက်ရောက်မှု ကြီးကြီးမား မား ရှိစေမှာ မဟုတ်ဘူး . . .”
ယွဲ့ရှောင်မှ အေးစက်စက်ဖြင့် -
“ဒီအဆိပ်က သက်ရောက်မှု ရှိစေမှာ မဟုတ်ဘူး အဲဒါကြောင့် ငါတို့ကသတိမပြုမိခဲ့ဘူးပေါ့၊ စိတ်ဝင်စား စရာပဲ နောက်ထပ် တတိယ ပစ္စည်းတစ်မျိုးလည်း ပါ မယ် ထင်တယ်၊ ငါပြောတာ မှန်လား . . .”
ဝတ်ရုံနက်ဝတ် လူမှ ပြုံးလိုက်ရင်း -
“ဒါပေါ့တတိယပစ္စည်းလည်း ရှိသေးတယ်၊ ဘာလို့ ငါတို့က ကိုယ့်အားနည်းချက်ကိုယ် ပြသလိုက်လည်း ဆိုတာသိလား၊ မင်းတို့တွေဘက်က ပြင်းပြင်းထန်ထန် တိုက်ခိုက်လာတာကို လိုချင်လို့ပဲ၊ ငါတို့တွေက ရေခဲ တံတွေးကို ငုံထားခဲ့ကြတယ်လေ၊ အဲဒီရေခဲတံတွေးဆို တာကလည်း အဆိပ်မရှိဘူး၊ အဆိပ်ဖြေတဲ့ ပစ္စည်း တစ်မျိုးတောင် ဖြစ်နေသေးတယ် . . .”
“ဒါပေမယ့် သွေးနဲ့ပေါင်းစပ်သွားပြီး လေထဲပျံ့နှံ့ သွားတဲ့အခါ မိုင်တစ်ထောင် ကိုယ်ပျောက် အမှုန့်နဲ့ ကျန်းဂျိအမှုန့်တို့ကို အဆိပ်အဖြစ် ပြောင်းလဲသွားစေ တယ်လေ၊ အဲဒီ မတူညီတဲ့ ပစ္စည်းသုံးမျိုးကို ပေါင်းစပ် လိုက်တဲ့အခါ ငါတို့က ချင်းရန်နယ်ပယ်ရဲ့ သမိုင်းမှာ အကောင်းဆုံး အဆိပ်ကို ဖန်တီးလိုက်နိုင်တာပေါ့”
“ဘယ်သူမှ ရှင်သန်နိုင်မှာ မဟုတ်တဲ့ အေးစက်ရေ ခဲ အဆိပ်ပေါ့ ဟား ဟား ဟား . . .”
ထိုလူမှာ စကားအဆုံး၌ ကျယ်လောင်စွာ ရယ်မော လိုက်ပြီး ယွဲ့ဟန်ကို လှမ်းကြည့်လိုက်ပြန်သည်။
“ဆရာမယွဲ့ဟန် မင်းအခု တစ်ကိုယ်လုံး အေးလာ သလို ခံစားလာရတယ်မလား၊ ငါတော့ မင်းကို တော် တော် လေးစားသွားမိပြီ၊ ငါတို့ အတွေ့အကြုံအရ သာ မန်လူဆိုရင် အခုချိန် မြေပြင်ပေါ်မှာ လဲကျလောက်နေ ပြီ ဒါပေမယ့် မင်းကတော့ ကြံ့ကြံ့ခံပြီး ရပ်နေတုန်းပဲ၊ အထင်ကြီးစရာကောင်းလိုက်တာ ဟား ဟား ဟား”
ယွဲ့ဟန်မှ မျက်မှောင်ကြုတ်လျက် -
“အေးစက်ရေခဲအဆိပ် ဟုတ်လား ဘယ်လိုအဆိပ် များလဲ၊ ဒါကငါ့ကို ထိခိုက်စေမယ်လို့ တကယ်ပဲ ထင် နေတယ်ပေါ့၊ အခု ဘာလို့လဲတော့ မသိဘူး ငါဖြင့် မအေးပဲ ပူနေတယ် . . .”
“ဟား ဟား ဟား ပူတယ်ဟုတ်လား မှန်တာပေါ့”
အနက်ရောင် ဝတ်ရုံနှင့် လူမှာ ကျယ်လောင်စွာ ရယ်မောလိုက်ပြန်သည်။
“ဒီလို ပြင်းထန်တဲ့ အဆိပ်က အစွန်းနှစ်ဖက် အာ နိသင်မျိုး ရှိတယ်၊ ဒီအဆိပ် ခန္ဓာကိုယ်ထဲ ရောက်တဲ့ အချိန် ခန္ဓာကိုယ်အတွင်းပိုင်း ကိုယ်တွင်းအင်္ဂါတွေကို သက်ရောက်မှု ဖြစ်သွားမယ်၊ ပြီးရင်တော့ ကုသဖို့ မဖြစ်နိုင်တော့ဘူး . . .”
“ဒီလိုအဆိပ်နဲ့ ထိခိုက်ခံရတဲ့ လူတွေရဲ့ အရေပြား တွေက အက်ကွဲကုန်ကြရမှာ၊ တကယ်တော့ မင်းတို့ နှစ်ယောက်ဆိုတာ ဘာမှ မဟုတ်ပါဘူးကွ ဟား ဟား ဟား . . .”
“ယွဲ့ဟန် မင်းတို့ ညီအစ်မနှစ်ယောက်လုံးက တစ် ပြိုင်တည်း သေကြရတော့မှာပါ၊ မင်းတို့ ဘဝကတော့ ပြီးသွားပြီ . . .”
. . .
အနက်ရောင် ဝတ်လူမှာ ကျယ်လောင်စွာ ရယ် မောလိုက်ပြီး သူ၏ လက်ကို ဝေ့ယမ်းကာ အခြား လူများအား အမိန့်ပေးလိုက်၏။
အမိန့်အဆုံး၌ ထိုလူများမှာ ချက်ချင်းပင် တိုက် ခိုက်ကြတော့မည် ဖြစ်သည်။
သို့သော် အနက်ရောင် ဝတ်လူမှာ လက်ကာပြရင်း သူ၏ လူများကို ဟန့်တားလိုက်ပြန်သည်။
တိုက်မည် ပြုပြီးမှ မတိုက်ခိုက်တော့၍ အစီအစဉ် ပြောင်းသွားပုံပါပင်။
စင်စစ် ယွဲ့ဟန်၏ ခန္ဓာကိုယ်အတွင်း အဆိပ်များ ပိုမိုပြန့်နှံ့စေရန် ရည်ရွယ်နေကြခြင်း ဖြစ်သည်။
အကယ်၍ ယွဲ့ဟန်သာ လဲကျသွားပါက ယွဲ့ရှောင် မှာလည်း အဆိပ်မိနေသည့် ညီမဖြစ်သူကိုသာ ကာ ကွယ်နေရမည်ဖြစ်၍ သူတို့အဖို့ အလွယ်တကူ အနိုင်ရ သွားနိုင်သည်။
ထိုအချိန် ယွဲ့ရှောင်၏မျက်နှာမှာမူ ရေခဲတမျှ အေး စက်နေပြီး ဓားကို ဝေ့ယမ်းလျက် ရှိနေသည်။
သူမအဖို့ လက်ရှိတွင် တိုက်ခိုက်မှု မှန်သမျှကို ကာ ကွယ်ရန်လည်း တာဝန်အပြည့်ရှိနေရပြီး ယွဲ့ဟန်ကို လည်း စိတ်ပူနေရပါသေးသည်။
ထို့ကြောင့် ယွဲ့ဟန်အား လှမ်းကြည့်လိုက်ပြီး -
“အဆိပ်ကို ကုသနိုင်ဖို့ပဲ ပထမဆုံးစဉ်းစား ကိုယ့်ရဲ့ စွမ်းအင်တွေကို တိုက်ခိုက်တဲ့နေရာမှာ အသုံးမပြုနဲ့၊ ငါသူတို့ရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ပေးနိုင်တယ်”
ယွဲ့ဟန်မှာမူ ချွေးများပြန်နေပြီး အံကို တင်းတင်း ကြိတ်ကာ -
“ငါကြိုးစားခဲ့ပြီးသွားပြီ အလုပ်မဖြစ်ဘူး . . .”
ထိုစကားကြောင့် ဝတ်ရုံနက်ဝတ်လူမှာ ကျေနပ် ဟန်ဖြင့် ဟက်ဟက်ပက်ပက်ပင် ရယ်မောလိုက်ရင်း-
“ဟား ဟား ငါတို့တွေ ဒါကိုအချိန်အကြာကြီး စီ စဉ်ခဲ့ကြရတာ၊ လူတွေအများကြီးလည်း ဆုံးရှုံးခံခဲ့ကြ ရတယ်၊ ဒါတောင် မင်းလွတ်သွားပြီး အေးစက်ရေခဲ အဆိပ်ကို ကုသနိုင်မယ်ဆိုရင် ငါ့လည်ပင်းငါ ဒီနေရာ မှာ ဖြတ်ပြီး သတ်သေပစ်လိုက်မယ် . . .”
ထိုလူ၏ အသံက ယုံကြည်မှု အပြည့်ပင် ရှိနေ၍ သူ၏ လူများမှာလည်း စိတ်အားတက်ကြွလာကြလေ သည်။
ထိုအချိန် ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့မှာ စွမ်းအင်များ ယုတ်လျော့လာသလို ခံစားလိုက်ရပြီး တိုက်ခိုက်မှုမှာ လည်း နှေးကွေးလာသည်။
သူမတို့၏ ပုံစံက တိုက်ခိုက်မှုများ ထပ်မံ မလုပ်နိုင် တော့သည့် ပုံပါပင်။
ရဲနန်ရှန်မှာမူ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားပြီး ယွဲ့ဂေါင်ရွှဲ့နှင့် ကျောချင်းကပ်ထားကာ ရန်သူ များ၏ တိုက်ခိုက်မှုကို ကာကွယ်လျက် ရှိနေသည်။
သို့သော် သူတို့နှစ်ဦးမှာ အားနည်းလွန်းနေ၍ ရန် သူများ၏ တိုက်ခိုက်မှုကို ခံရချိန် သွေးများ အန်ထွက် သွားစမြဲပင် ဖြစ်နေရသည်။
နှစ်ယောက်လုံးမှာ မူလတာအို အဆင့်နှစ်သာရှိနေ သေး၍ ထိပ်သီးပညာရှင်များနှင့် ရင်ဆိုင်ရချိန် အား အင်ချိနဲ့နေကြခြင်း ဖြစ်သည်။
သူတို့သာ ထိုသို့ ဖြစ်နေသည်ဆိုလျှင် ချင်းရွှဲ့နှင့် ဝုရွှဲ့တို့က ပို၍ပင် ဆိုးနေပါသေးသည်။
မူလတာအို အဆင့်ပင် မရှိသေးသော သူမတို့အဖို့ တိုက်ပွဲအစအနများကပင် သူမတို့၏ အသက်ကိုနှုတ် ယူသွားနိုင်သည် မဟုတ်ပါလား။
ထို့ကြောင့် အခြေအနေများမှာ ပိုမို၍ ဆိုးရွားလာခဲ့ လေသည်။
ယွဲ့ရှောင်မှာလည်း သူမ၏ ဓားကို အဆက်မပြတ် ဝေ့ယမ်းနေရပြီး ယွဲ့ဟန်၏ မျက်နှာမှာလည်း သွေးပင် မရှိတော့ချေ။
ထို့အတူ သူမလက်ထဲရှိဓားမှာလည်း စွမ်းအားများ ကင်းမဲ့လာသလိုပါပင်။
သို့သော် အံကိုတင်းတင်းကြိတ်လိုက်ပြီး -
“တကယ်ကိုပဲ ချင်းရန်နယ်ပယ်ရဲ့ အစွမ်းထက်ဆုံး အေးစက်ရေခဲ အဆိပ်ပါလား၊ ရေခဲတိမ်တိုက် နန်း တော်ရဲ့ ပြိုင်ဘက်ကင်း အဆိပ်နည်းစနစ် တစ်မျိုးပဲ၊ အခု ရှင်တို့ အားလုံးက ရေခဲတိမ်တိုက် နန်းတော်က ဆိုတာ သေချာသွားပြီ . . .”
“အား . . .”
ပြောနေရင်းဖြင့် ယွဲ့ဟန်၏ ပါးစပ်မှ သွေးများ အန် ထွက်လာပြီး သူမ လက်ထဲရှိ ဓားကိုပင် တင်းတင်း မ ဆုပ်ကိုင်နိုင်တော့ချေ။
ထို့ကြောင့် ဓားမှာ မြေပြင်ပေါ်သို့ ထိုးစိုက်ကျသွား လေသည်။
မတ်မတ်မရပ်နိုင်တော့သော သူမမှာလည်း ထိုဓား ကို အမှီသဟဲပြုကာ မလဲကျအောင် ထိန်းထားနေရ သည်။
သို့သော် ဟန်ချက် ပျက်နေပြီဖြစ်၍ ဓားပင် ကွေး နေရပြီ ဖြစ်သည်။
အနေအထားမှာစက္ကန့်မရွေး လဲကျသွားတော့မည့် ပုံမျိုးဖြစ်နေရ၍ ယွဲ့ဟန်မှာ အသက်ကိုပင် ပြင်းစွာ ရှူနေရလေသည်။
နာကျင်မှု ဝေဒနာမှာလည်း ကြီးစွာဖိစီးလာ၍ သူမ အဖို့ အိန္ဒြေပင် မဆည်နိုင်တော့ဘဲ ဆံပင်များမှာ မျက် နှာတစ်ခုလုံးကို ဖုံးလွှမ်းလျက်ပင် ရှိနေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ခေါင်းဆောင်ဖြစ်သူမှာ ရယ်မောလိုက်ရင်း -
“ဟား ဟား အခု မင်းတို့တွေ အမှန်တရားကို သိ သွားပြီမလား၊ ဟိတ်ကောင်တွေ အားလုံးသွားကြမယ်၊ သူတို့ကို အမြန်ဆုံးသာ လက်စသတ် ပေးလိုက်ကြ တော့၊ ငါတို့တွေ ဒီတိုက်ပွဲကို မြန်မြန် အဆုံးသတ်ပြီး အောင်မြင်မှုနဲ့အတူ အိမ်ပြန်ကြမယ် . . .”
ကျန်လူများမှာလည်း အခြေအနေများကို သိနေ၍ ယုံကြည်မှုအပြည့်ဖြင့် ယွဲ့ဟန်တို့ရှိရာသို့ တဟုန်ထိုး ပြေးဝင်သွားကြသည်။
ရန်သူများ၏ စိတ်ထဲတွင် တိုက်ပွဲမှာ အဆုံးသတ် ပြီဟု တွေးနေကြပြီး သူတို့ကိုယ်သူတို့ အနိုင်ရမည်ဟု လည်း တွက်ဆလျက် ရှိနေကြသည်။
ထိုအချိန် မိန်းကလေး နှစ်ဦးမှာမူ တစ်ဦးမှာ ပြိုလဲ နေပြီဖြစ်၍ ပြီးပြည့်စုံသော စက်ဝိုင်း အကာအကွယ် အစီရင်ကြီးကို လုပ်နိုင်စွမ်း မရှိတော့ချေ။
ထို့ကြောင့် သူမတို့သာ မရှိတော့ပါက ကျန်ရှိသော အားနည်းသည့် လူ ၄ ဦးကို ရန်သူများမှ အလွယ်တကူ ပင် သတ်သွားနိုင်သည်။
ရန်သူဘက်မှ အဆင့်မြင့် မူလတာအို ပညာရှင် အယောက် ၃၀ ခန့်မှာလည်း လေးမှပစ်လွှတ်လိုက် သည့် မြားများပမာ တဟုန်ထိုး ပြေးလာနေကြပြီ ဖြစ် သည်။
သို့သော် ထိုအချိန်မှာပင် ခေါင်းငုံ့လျက် ငြီးငြူနေ သော ယွဲ့ဟန်မှာ ရုတ်တရက် ခေါင်းကိုမော့လိုက်၏။
ထိုအခါ မျက်နှာပေါ်သို့ ကျနေသည့် ဆံပင်များမှာ လေထဲတွင် ဝဲပျံသွားပြီး သူမ၏ တောက်ပလျက်ရှိနေ သော မျက်လုံးအစုံကို ရန်သူများ မြင်တွေ့လိုက်ရလေ သည်။
ထိုမျက်လုံးများက အချိန်မရွေး ပေါက်ကွဲတော့ မည့် မီးတောင်ကြီးလိုပင် ဖြစ်နေ၍ အဆိပ်မိထား သည့် ပုံမျိုး မရှိတော့သည်ကို သက်သေထူလျက်ရှိနေ သည်။
ထိုအချိန် သူမ၏ တိုက်ကွက်ကို ပုံဖော်လိုက်နိုင်ပြီ လည်း ဖြစ်သည်။
သူမအဖို့ ထိုတိုက်ခိုက်မှုကို ပြုလုပ်နိုင်ရန်အတွက် အချိန်အကြာကြီး စွမ်းအင်များကို စုစည်းခဲ့ရသည်။
တစ်ချိန်တည်းမှာပင် ယွဲ့ရှောင်မှာလည်း ဓားနှင့် အတူ လေကိုခွင်း၍ ပျံသန်းသွား၏။
ယွဲ့ရှောင်ဘက်မှ ထိုသို့ လှုပ်ရှားမှုပြုချိန် ယွဲ့ဟန် မှာမူ မြေကြီးတွင် စိုက်ဝင်နေသော သူမ၏ ဓားကို အပေါ်သို့ ဆွဲထုတ်လိုက်၏။
ထိုအခါ အပေါ်သို့ ကြွတက်လာသော ဓားနှင့်အတူ စွမ်းအင် ပေါက်ကွဲသံများက ကြောက်ခမန်းလိလိပင် ထွက်ပေါ်လာကြသည်။
ထိုသို့ဖြင့် ညီအစ်မနှစ်ဦးမှာ တစ်ဦးက ဘယ်၊ တစ် ဦးက ညာတွင် ရှိနေလျက် ဓားအလင်းတန်းများ ကိုယ် စီထုတ် လွှတ်လိုက်၍ ပေါင်းစပ်လိုက်ကြလေသည်။
ထိုကဲ့သို့ ပေါင်းစပ်ချိန် မိုးကြိုးပစ်သံများ ထွက် ပေါ်လာပြီး ကမ္ဘာတစ်ခုလုံးကိုပင် သိမ့်သိမ့်တုန်သွား စေခဲ့သည်။
“အမွှာဓားရဲ့ ရိုက်ချက် ကမ္ဘာတစ်ခုလုံး အေးစက် သွားစေရမယ် . . .”
စင်စစ် ဓားအလင်းတန်းများနှင့် ပေါင်းစပ်လိုက် ကြခြင်းပါပင်။
ခဏအကြာတွင် ဓားအလင်းတန်းများမှာ နေရာ အနှံ့သို့ ပေါက်ကွဲထွက်ကုန်ကြတော့သည်။
“မ မဖြစ်နိုင်လိုက်တာ . . .”
“ဒါဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ . . .”
ရန်သူများမှာ ၎င်းတို့၏ မျက်စိနှင့် အတပ်မြင်တွေ့ ရသည့်တိုင် မယုံကြည်နိုင်အောင် ဖြစ်သွားကြသည်။
(ယွဲ့ဟန်က အဆိပ်မိပြီး အင်အားချိနဲ့သွားတာ မဟုတ်ဘူးလား၊ အခုကျ သူ့မှာ စွမ်းအင်တွေက ဘယ် ကနေ ရောက်လာတာလဲ . . .)
ရန်သူများ အံ့အားသင့်နေရသည်မှာလည်း အပြစ် မဆိုသာ။
ယွဲ့ဟန်မှာ အေးစက်ရေခဲအဆိပ်ကို ထိမှန်ခဲ့သည့် တိုင် ဘာမှမဖြစ်သည့်အတိုင်း အေးအေးလူလူပင် ဖြစ် နေသည် မဟုတ်ပါလား။
သူတို့စိတ်ထဲ ထိုသို့ ယုံကြည်ခဲ့မိ၍လည်း ညီအစ်မ နှစ်ဦးကို တစ်ပြိုင်တည်းဖမ်းဆီးရန် ကြိုးစားခဲ့ကြခြင်း ပါပင်။
သို့သော် မမျှော်လင့်စွာပင် ယွဲ့ဟန်မှာ အရှိန်အဝါ အပြည့်ဖြင့် စွမ်းအင် အပြည့်ပင် ဖြစ်နေသည်။
(ဘယ်လိုဖြစ်ကုန်တာလဲ . . .)
(ဒါကဟာသ တစ်ပုဒ်လိုပါပဲလား၊ ငါတို့က အသက် စွန့်ပြီးဒီလိုတိုက်ခိုက်ဖို့ ကြိုးစားခဲ့ရတာလေ၊ ဒါတောင် ဒီမိန်းမက စွမ်းအင်အပြည့်နဲ့ ငါတို့ကို ပြန်တိုက်ခိုက် တော့မှာတဲ့လား . . .)
(ဒါကြီးက ရယ်စရာကောင်းမနေဘူးလား ငါတို့ကို အရူးလုပ်နေသလိုပဲ . . .)
ရန်သူများမှာ ထိုသို့ တွေးရင်း ချွေးစေးများပင် ပြန် လာကြသည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ ဒီအေးစက်ရေခဲအဆိပ်က မင်းကို မထိခိုက်ဘူး ဟုတ်လား . . .”
ရန်သူ ခေါင်းဆောင်မှာ မယုံကြည်နိုင်မှုနှင့်အတူ ဒေါသများရောစွက်၍ မေးခွန်းထုတ်လိုက်သည်။
သို့သော် ထိုမေးခွန်း မဆုံးသေးခင်မှာပင် သူ့ထံသို့ လင်းလက်လှသော ဓားအလင်းတန်း တစ်ခု တိုးဝင် လာနေပြီ ဖြစ်သည်။
“အဆိပ်တွေက အားလုံးက မရှိတော့ဘူး၊ အဆိပ် ဆိုတာ တကယ်တော့ ဘာဆိုဘာမှမဟုတ်ဘူး၊ ငါက ဖြင့် အေးအေးဆေးဆေးပဲ မမြင်ဘူးလား . . .”
“အခုတော့ ရှင့်ရဲ့ စကားအတိုင်း ကိုယ့်လည်ပင်း ကိုယ်ဖြတ်ပေတော့ . . .”
ယွဲ့ဟန်၏ အေးစက်စက် စကားသံအဆုံးတွင် ထို နေရာတစ်ခုလုံး အဖြူရောင် ဓားအလင်းတန်းများဖြင့် ဖုံးလွှမ်းသွားသည်။
ထို့ကြောင့် ထိုဧရိယာအတွင်းရှိသော အနက်ရောင် ဝတ် လူများအားလုံးမှာ တိုက်ခိုက်မှုကို ခံလိုက်ကြရ တော့သည်။
အမွှာဓားရိုက်ချက်မှာ အမွှာညီအစ်မ နှစ်ယောက် ပေါင်းစပ်လိုက်သည့် အစွမ်းထက်ဆုံး တိုက်ကွက် တစ် ခုလည်း ဖြစ်၏။
ထိုတိုက်ခိုက်မှုမှာ အစွမ်းထက်လွန်းလှ၍ ဝုဖကို ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိလေသည်။
သို့သော် ပြီးပြည့်စုံသော တိုက်ကွက် တစ်ခုတော့ မဟုတ်ချေ။
အကြောင်းမှာ ပထမအချက်အနေဖြင့် နှစ်ယောက် ထဲမှ တစ်ယောက်မှာ ထိုဓားအလင်းတန်း တိုက်ကွက် ကို မပြုလုပ်မီ စွမ်းအင်များကို လုံလောက်အောင် စု စည်းရသည်။
တကယ်တမ်းတွင် တိုက်ပွဲအတွင်း သေရေရှင်ရေး ဖြစ်နေသော အချိန်မျိုးတွင် ထိုသို့ စွမ်းအင်စုစည်းနိုင် မည့် အချိန်မှာ ရနိုင်လိမ့်မည် မဟုတ်ပေ။
အမှားအယွင်း တစ်ခုကပင် သူမတို့ကို အသက်ပါ သွားစေနိုင်သည် မဟုတ်ပါလား။
ဒုတိယအချက်အနေဖြင့် ထိုကဲ့သို့ တိုက်ခိုက်မှုကို အပြင်းထန်ဆုံး လုပ်ရမည့်အချိန်တွင် မိန်းကလေးနှစ် ဦးလုံးမှာ သူမတို့၏ ကာကွယ်နိုင်သည့် အနေအထား ကို အနိမ့်ဆုံးဖြစ်အောင် လုပ်ထားကြရသည်။
အကယ်၍ ထိုအချိန်မျိုးတွင် သူမတို့ကိုသာ တိုက် ခိုက်လိုက်မည် ဆိုပါက အပြင်းအထန်ပင် ဒဏ်ရာရရှိ သွားနိုင်သည်။
ထို့ကြောင့် တစ်ဖက်ရန်သူမှ ထိုလျှို့ဝှက်ချက်ကို သာ သိပါက သူမတို့အဖို့ အခက်တွေ့နိုင်ပေသည်။
ထိုအချက်များကြောင့် သူမတို့ သုံးခဲ့သည့် တိုက် ကွက်က အလွန်အန္တရာယ်များလှပြီး ပြီးပြည့်စုံသော တိုက်ကွက်မဟုတ်ဟု ဆိုရခြင်းပါပင်။
ထိုတိုက်ကွက်က ရန်သူများကို သတ်နိုင်သော် လည်း အခန့်မသင့်ပါက ကိုယ့်ရှူးကိုယ် ပြန်ပတ်လာ နိုင်သည် မဟုတ်ပါလား။
သို့သော် ကံကောင်းသည့် အချက်မှာ ရန်သူများမှ ယွဲ့ဟန်ကို အဆိပ်မိစေရန် အချိန်ဆွဲနေသည့်အချိန် သူမမှာလည်း စွမ်းအင်များကို လိုသလို စုစည်းခွင့်ရရှိ ခဲ့သည်။
ထို့ကြောင့် သူမတို့မှာ ယခုကဲ့သို့ ခက်ခဲလှသော တိုက်ကွက်မျိုးကို အောင်မြင်စွာ ပြုလုပ်နိုင်လိုက်ခြင်း ဖြစ်သည်။
ထိုအချိန် ခြောက်ခြားဖွယ် ကောင်းသည့် အော် ဟစ်သံများ၊ သွေးများမှာ နေရာအနှံ့မှ ထွက်ပေါ်လာ ပါတော့သည်။
YOU ARE READING