အခန်း (၁၂၁၃)(စာစဉ် ၈၇- အပိုင်း ၉)
“ကြောက်မက်ဖွယ် တိုက်ခိုက်မှု”
ဝရမ်ချူးချူးမှာ ရစ်သိုင်းနေသော မြူခိုးများထဲ လည်ပတ်နေရာမှ ပြုတ်ကျလာလေသည်။
သူမ၏ ပါးစပ်မှလည်း သွေးများ မြင်မကောင်း အောင် အန်ထွက်နေပြီး လေထဲတွင် သွေးညှီနံ့များက လွင့်ပျံနေသည်။
တစ်ချိန်တည်းမှာပင် မြူခိုးများအတွင်းမှ ကြာဖူး များ အားလုံးမှာ လှုပ်ခတ်လာကြပြီး တဖြည်းဖြည်း ကြီးမားလာကြသည်။
ထိုမြင်ကွင်းက ကြာဖူးများ ပွင့်ရန် အားယူနေကြ သည်နှင့်ပင် တူနေပါသည်။
ခဏအကြာတွင် ကြာဖူးများမှာ ဖြည်းညှင်းစွာဖြင့် ဖူးပွင့်လာကြပြီး ကမ္ဘာတစ်ခုလုံးသို့ လတ်ဆတ်သော ရနံ့များ ဖုံးလွှမ်းသွားသည်။
မည်မျှထိ လှပသော မြင်ကွင်းတစ်ခု ဖြစ်နိုင်ပါမည် နည်း။
သို့သော် ဝရမ်ချူးချူး၏ အသက်မှာမူ ထိုအချိန်၌ ကုန်ဆုံးရတော့မည် ဖြစ်သည်။
ထိုအချိန် မြူခိုးများအတွင်း၌ ပွင့်ဖတ်များမှာ ရုတ် တရက် တဖြုတ်ဖြုတ်ဖြင့် ကြွေကျကုန်သည်။
တကယ်တမ်းတွင် ထိုကြွေကျသွားသော ပွင့်ဖတ် များမှာ လှပသလောက် ကြောက်စရာကောင်းလွန်းလှ သည်။
မည်မျှထိ ကြောက်မက်ဖွယ်ကောင်းနေပါသနည်း။
လေတိုးသံများနှင့်အတူ လည်နေသော ပွင့်ဖတ် များမှာ ဧရိယာတစ်ခုလုံးကို ထိခိုက်စေနိုင်သော တိုက် ခိုက်မှုမျိုး ဖြစ်နေခြင်းကြောင့်ပါပင်။
ထိုစဉ် မူလအိပ်မက်အဆင့်ခုနှစ်မျှသာရှိသောလူ တစ်ဦးမှ သူ၏ဓားကို ဝေ့ယမ်း၍ ချက်ချင်းပင် ပွင့်ဖတ် များကို ခုခံရန် ကြိုးစားလိုက်သည်။
“ချွမ် . . .”
သို့သော် ဓားမှာ ပွင့်ဖတ်များနှင့် ထိသွားသည်နှင့် တစစီပင် ဖြစ်သွားရတော့သည်။
ထိုအချိန် ပွင့်ဖတ်များမှာလည်း အလွန်လျင်မြန် သော နှုန်းဖြင့် လည်ပတ်လျက်ရှိပြီး သူ၏ ခန္ဓာကိုယ် ထံသို့ တိုးဝင်လာနေလေသည်။
YOU ARE READING