အခန်း (၁၃၁၃)(စာစဉ် ၉၄- အပိုင်း ၁၁)
“နာကျည်းမှုများဖြင့် တိုက်ခိုက်ခြင်း”ပြင်းထန်လှသော စွမ်းအင်လှိုင်းနှစ်ခု ကောင်းကင် ထက်၌ ထိတွေ့သွားကြသည်။
“ဘုန်း . . .”
ထိုအခါ မမြင်နိုင်သော စွမ်းအင်လှိုင်း ပေါက်ကွဲမှု များမှာ အရပ်မျက်နှာ အသီးသီးသို့ ရေပွက်တစ်ခုပမာ နှယ် ပျံ့နှံ့သွား၏။
ထိုအခါ ရွာငယ်လေးပေါ်ရှိ ကောင်းကင်ထက်တွင် လရောင်နှင့် ကြယ်ရောင်များ တစ်ပြိုင်နက်တည်း ဖြာ ကျသွားသလို လင်းထိန်သွားပါတော့သည်။
ထို့အတူ သစ်ပင်များ အားလုံးမှာလည်း အဝေးသို့ လွင့်ထွက်ကာ အပိုင်းပိုင်း ပြတ်ထွက်သွားပြီး ရွာထဲရှိ အိမ်တစ်ဝက်ခန့်မှာ ပြိုလဲကုန်ကြသည်။
ထို့ကြောင့် ရွာသားများ၏ ဆောက်တည်ရာမရ အော်ဟစ်နေသည့် အသံများကလည်း လေပြင်းများနှင့် အတူ ရောထွေးယှက် ပျံ့လွင့်လျက် ရှိသည်။
ထိုအခြင်းအရာကို ကြည့်ချင်းအားဖြင့် ထိပ်သီးကြီး များ၏ တိုက်ပွဲအရှိန်က မည်မျှပြင်းထန်သည်ကို တွေး ကြည့်ပါလေ။
ရဲရှောင်မှ ဝုရှန်၏ တိုက်ခိုက်မှုကို အကောင်းဆုံး ကာကွယ် တားဆီးနိုင်လိုက်သော်လည်း လက်ဝါးရိုက် ချက်၏ စွမ်းအင်သက်ရောက်မှုမှာမူ ကြီးမားခဲ့သည်။
ထိုအချိန်က ဝုရှန်ကို တားဆီးနိုင်ရန် ရဲရှောင်အဖို့ တိုက်ခိုက်မှုကို အလျင်စလို ပြုလုပ်ခဲ့ရခြင်း ဖြစ်သည်။
ထိုသို့သာ မဟန့်တားနိုင်ခဲ့ပါက ရွာငယ်လေး၏ အ ဖြစ်က မတွေးဝံ့စရာပင်။
လက်ရှိတွင်ပင် စွမ်းအင်လှိုင်းနှစ်ခု ထိတွေ့သွားမှု ကြောင့် ရွာငယ်လေးအပေါ် သက်ရောက်မှုများစွာ ဖြစ် သွားခဲ့သည် မဟုတ်ပါလား။
ထိုသို့ဖြစ်သွားရခြင်းအပေါ်တွင်မူ ရဲရှောင်အဖို့ ဘာ မှ မတတ်နိုင်၍ သက်ပြင်းသာ ချလိုက်မိတော့သည်။
စွမ်းအင်လှိုင်း သက်ရောက်မှုကြောင့် သစ်ပင်များ၊ အိမ်များစွာကို ဆုံးရှုံးခဲ့ရပြီး လူအတော်များများလည်း ဒဏ်ရာ ရရှိခဲ့ကြသည်။
YOU ARE READING