1219-------1220

142 11 0
                                    

အခန်း (၁၂၁၉)(စာစဉ် ၈၈- အပိုင်း ၁)

“ဖန်သားနန်းတော်”

ခန်းမထဲရှိ လူများမှာ အလင်းတန်းနှင့် အသားကျ နေကြသည့် ပုံမျိုးပါပင်။

ထို့ကြောင့် ဦးညွှတ်အရိုအသေပြုလိုက်ရင်း-

“မိဖုရားကို နှုတ်ဆက်ပါတယ် . . .”

ထိပ်ဆုံး၌ ထိုင်နေသော ခရမ်းရောင်ဝတ်ရုံဝတ်လူ မှာ အလိုမကျဟန်ဖြင့် အမျိုးသမီးအား ကြည့်လိုက် ရင်း -

“မိဖုရား အခုငါတို့က အရေးကြီးတဲ့ အစည်းအဝေး လုပ်နေတာ ဘာလို့ ရုတ်တရက်ကြီး ဝင်လာရတာလဲ၊ ပြောစရာရှိ အစည်းအဝေးပြီးမှ ပြောလို့မရဘူးလား”

သို့သော် အမျိုးသမီးမှာ စိုးရိမ်နေသည့်ဟန်ဖြင့် -

“အားလုံး မတ်တပ်ရပ်ကြပါ . . .”

“ဒါကအရေးပေါ်ကိစ္စပဲ ကျွန်မ ဘုရင်မင်းမြတ်ကို အခုပြောမှကို ဖြစ်မှာမလို့ပါ၊ ကျွန်မရဲ့ အပြုအမူတွေ အတွက် တောင်းပန်ပါတယ် . . .”

ပြောပြောဆိုဆိုဖြင့် အမျိုးသမီးမှာ ခရမ်းရောင် ဝတ်ရုံဝတ် လူရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် သွား လိုက်၏။

ထို့ကြောင့် လူများမှာ မိဖုရားအားကြည့်ရင်း အံ့ဩ နေမိကြလေသည်။

(ဘယ်လိုဖြစ်တာလဲ . . .)

(မိဖုရားက အမြဲတမ်း တည်ငြိမ်တဲ့လူပါ၊ ဒါပေမယ့် ဘာလို့ အခုလို ပုံစံမျိုး ဖြစ်နေရတာလဲ . . .)

ခရမ်းရောင် ဝတ်ရုံဝတ် လူမှ မျက်မှောင်ကြုတ် လျက် -

“ဘာကိစ္စမလို့ ဒီလောက်ထိ အရေးကြီးနေရတာ လဲ . . .”

မိဖုရားလည်း စိုးရိမ်နေသည့် ဟန်ဖြင့် -

“မီးတောက်က မြင့်တက်လာပြီ၊ ကျွန်မစိတ်ထဲမှာ ခံစားနေရတယ် ကြည့်ရတာ ယွဲ့အာက နိုးထလာပြီနဲ့ တူတယ် . . .”

“ဘာ မင်းဘာပြောလိုက်တာလဲ . . .”

ခရမ်းရောင်ဝတ်ရုံနှင့် လူမှာ အံ့ဩလွန်း၍ ထိုင်နေ ရာမှ ချက်ချင်းပင် မတ်တပ်ထရပ်လိုက်မိသည်။

ထိုလူမှာ အရပ် ၆ ပေခန့်ရှိ၍ ခန္ဓာကိုယ် ကြံ့ခိုင် သော လူတစ်ဦးလည်း ဖြစ်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now