1279---------1282

150 11 6
                                    

အခန်း (၁၂၇၉)(စာစဉ် ၉၂- အပိုင်း ၅)
“မကြာမီ ထွက်ခွာမည်”

“အမာရွတ်တွေ ငါ့ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေ တောင် မရှိတော့သလိုပဲ . . .”
ရဲနန်ရှန်မှ သူ့ခန္ဓာကိုယ်အား ဟိုဒီကိုင်ကြည့်ရင်း မယုံနိုင်ဟန်ဖြင့် ပြောလိုက်သည်။
တိုက်ပွဲများစွာကို ရင်ဆိုင်ခဲ့ရသော စစ်သူကြီးတစ် ဦးအဖို့ ဒဏ်ရာအမာရွတ် မရှိဘဲ မည်သို့ ဖြစ်နိုင်ပါမည် နည်း။
အမာရွတ်ဆိုသော အရာများက သူရဲကောင်းတစ် ဦး၏ အမှတ်သညာများပင် မဟုတ်ပါလား။
သို့သော် ယခုအခါ ရဲနန်ရှန်မှာ သူရဲကောင်းတစ်ဦး ထက် အိမ်ထောင်ရှင် အမျိုးသားတစ်ဦး ဖြစ်နေချေပြီ။
ထို့ကြောင့် ယခင်ထက်ပင် သူ့ခန္ဓာကိုယ်ကို ပိုဂရု စိုက်ခဲ့ပြီး ပိုနုပျိုလိုခဲ့သည်။
ယခုအခါတွင်မူ ခန္ဓာကိုယ်ပေါ်ရှိ အမာရွတ်များမှာ ထူးဆန်းစွာဖြင့်ပင် ၂ ရက်အတွင်း ပျောက်ကွယ်သွားခဲ့ သည်။
ထို့ပြင် အသားအရည်မှာလည်း ဆယ်ကျော်သက် တစ်ဦးအလား ချောမွေ့လာသည်။
ယွဲ့ဂေါင်ရွှဲ့မှာလည်း ထို့အတူပါပင်၊ နုပျိုလာပြီး အသားအရည်များ ချောမွေ့လာခဲ့သည်။
ထို့ကြောင့် သူမကိုယ် သူမ ကြည့်မိချိန်တိုင်း ကျေ နပ်သည်ထက်ပင် ပိုသည့် ခံစားချက်များကို ခံစားခဲ့ရ သည်။
စင်စစ် ရဲနန်ရှန်နှင့် မဆုံတွေ့ခင်၊ ချင်းဟွာနန်း တော်၏ နတ်သမီး ဖြစ်ခဲ့စဉ်တုန်းကထက်ပင် ပိုမိုနုပျို နေခြင်း ဖြစ်သည်။
“ဘာတွေ ဖြစ်ကုန်တာလဲ . . .”
“ဘာလို့ ဒီလိုပြောင်းလဲမှုတွေ ကျွန်မတို့ဆီမှာ ဖြစ် ကုန်တာလဲ . . .”
ယွဲ့ဂေါင်ရွှဲ့မှ ကျေနပ်သည့် ဟန်ဖြင့် သူမကိုယ်သူမ မှန်ထဲ လှမ်းကြည့်ရင်း‌ ပြောလိုက်၏။
ရဲနန်ရှန်မှ အသံခပ်အုပ်အုပ်ဖြင့် -
“ဖြစ်နိုင်တာက ယင်နဲ့ယန် . . .”
“မင်းသိတယ်မလား ယောက်ျားနဲ့ မိန်းမ အတူတူ နေကြတဲ့အခါ မင်းသိပါတယ် . . .”
“အဲဒီလို လုပ်ရင် တိုးတက်မှုတွေ ရှိနိုင်တယ်လေ”
ယွဲ့ဂေါင်ရွှဲ့မှ ရှက်သွေးဖြာသွားပြီး -
“အရှက်မရှိလိုက်တာ အပိုတွေ မပြောစမ်းနဲ့၊ ထပ် ပြောနေမယ်ဆိုရင် ညကျ ရှင်တစ်ယောက်တည်း အိပ်ရ မယ်မှတ် . . .”
. . .
ထိုဖြစ်ရပ်က သူတို့အတွက် အဖြေမရှိသော ပုစ္ဆာလို ပင် ဖြစ်နေသည်။
နှစ်ပေါင်းများစွာ ကြာသည့်တိုင် သူတို့ ငယ်ရွယ် နုပျိုနေကြလိမ့်မည်။
နှစ်ပေါင်းထောင်နှင့်ချီ၍ အသက်ရှည်ကြသည့်တိုင် သူတို့နှစ်ဦး ယခင်အတိုင်း ရှိနေကြဦးမည်။
မပြောင်းမလဲ ထာဝရ ငယ်ရွယ် နုပျိုသွားကြမည် သာ။
မည်သို့ ဖြစ်ခဲ့ပါသနည်း။
သူတို့နှစ်ဦးအတွက် အဖြေမရှိသော ပုစ္ဆာဖြစ်သော် လည်း ထိုဖြစ်ရပ်ကို လုပ်ခဲ့သော လူအတွက်မူ အဖြေ က ရှိနှင့်ပြီးသားပါပေ။
ရဲရှောင်မှ ထူးခြားအစွမ်းထက်သည့် နုပျိုဆေးလုံး များကို တိုက်ကျွေးခဲ့၍ ဖြစ်သည်။
ဤသည်ကား ရိုးရှင်းလှသော အဖြေပါပင်။
ထူးခြား အစွမ်းထက်အဆင့် နုပျိုဆေးလုံးများမှာ အလွန် အစွမ်းထက်လှသည်။
ထို့ကြောင့် ဝမ်အာနှင့် ချူးအာတို့ပင် ထိုဆေးလုံး များကို အလွန် လိုချင်ခဲ့ကြသည်။
ထိုနုပျိုဆေးကို ပြုလုပ်ရန် ရှာဖွေရန်ပင် မလွယ် သည့် နှစ်တစ်သောင်းရှိသော နှင်းကြာပန်းကို လိုအပ် သည်။
ဝမ်အာနှင့် ချူးအာတို့မှာ ထိုကြာပန်းကို မော်တယ် ကမ္ဘာ၌ ရှာဖွေခဲ့ကြဖူးသည်။
ထို့ပြင် မုန်တိုင်းအိမ်တောင်၏ ဩဇာအာဏာကို သုံးကာ ဆေးလုံးကို မရရအောင် ပြုလုပ်စေခဲ့သည်။
ရဲရှောင် စိတ်နှင့်သာဆိုလျှင် ထိုသို့သော ဆေးလုံး မျိုးကို သဘောမကျချေ။
ထူးခြားအစွမ်းထက် ဆေးလုံးဖြစ်၍ သာမန် ဆေး လုံးများထက် ပိုအာနိသင်ရှိသည်မှာ မှန်သည်။
သို့သော် ဆေးလုံးကို လုပ်ရန်အတွက် တန်ဖိုးကြီး ပစ္စည်းများစွာ ကုန်ဆုံးရ၍ ဖြစ်သည်။
ဤသည်မှာ နှမြောစရာကောင်းလှသည် မဟုတ်ပါ လား။
သို့တိုင် ရဲရှောင်မှာ မိဘများအား ထိုဆေးလုံးများ ကို ရက်ရက်ရောရောပင် တိုက်ကျွေးခဲ့သည်။
ဝမ်အာနှင့် ချူးအာတို့အတွက် ဆေးလုံးလုပ်ပေးစဉ် က နှစ်တစ်သောင်း ကြာပန်းအချို့ကို ရဲရှောင် ရရှိခဲ့ သည်။
ထို့ပြင် ဆေးတောင်ကြီးသို့ ရောက်စဉ်ကလည်း ဆေးပစ္စည်းများစွာကို စုဆောင်းနိုင်ခဲ့သည်။
ထို့ကြောင့် မိဘများအားအတွက် နုပျိုဆေးလုံးများ ကို အားဟူအား ပြုလုပ်ခိုင်းစေခဲ့သည်။
ထိုဆေးလုံးများက ထာဝရ နုပျိုစေနိုင်သော အစွမ်း မျိုးကို ပေးစွမ်းနိုင်ကြ၏။
ရဲရှောင် မကြိုက်သော်လည်း ထိုဆေးလုံးများက ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ရှိ မိန်းကလေး များပင် လိုချင်နေသည့် ဆေးလုံးများ မဟုတ်ပါလား။
အလှတရားဆိုသည်က မိန်းကလေးများ မက်မော သော အရာပင် ဖြစ်ပါတော့သည်။
. . .
ဇန်ယွန်ဖေ့နှင့် ဇုဂျူရှန်တို့ နေထိုင်သည့် အခန်းထဲ တွင် ရဲရှောင် ရောက်ရှိနေ၏။
ရဲရှောင်မှ -
“အစ်ကိုကြီးဇန် . . .”
“ကျုပ်တို့ရဲ့ ဂိုဏ်းချုပ်ယွဲ့က ပညာရှင်တွေနဲ့အတူ တူ ပျောက်ဆုံးနေတယ် ဟုတ်လား . . .”
ရဲရှောင် မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
ဇန်ယွန်ဖေ့တို့မှာ ထိုကိစ္စကို ယခင်က မပြောပြခဲ့ဘဲ ယခုမှသာ ပြောပြလိုက်ခြင်း ဖြစ်သည်။
(ဥသျှောင်ကြီး သုံးပါးလုံးက ငါ့ကို ပြန်လာစေချင် တာလည်း အံ့ဩစရာ မရှိပါဘူး၊ သိုင်းလောကထဲမှာ ကိုယ့်ဘာကိုယ် ရပ်တည်တာက အန္တရာယ်များလွန်း တယ်၊ အမှားအယွင်းလေး တစ်ခုကပဲ အသက်ပါသွား စေနိုင်တယ် . . .)
“ခွန်ရှောင် ငါတို့ ဘယ်တော့သွားကြမလဲ . . .”
ဇန်ယွန်ဖေ့မှ ရဲရှောင်အား ကြည့်ရင်း မေးလိုက်၏။
ဇန်ယွန်ဖေ့၏ သဘောအတိုင်းဆိုလျှင် ရဲရှောင်အား အစောကြီးကတည်းပင် ခေါ်သွားသည်မှာ ကြာလှချေ ပြီ။
သို့သော် ၁၈ နှစ်လုံးလုံး ကွဲကွာပြီး ယခုမှ ပြန် ဆုံစည်းရသည့် မိသားစု၏ ပျော်ရွှင်မှုကို မဖျက်ဆီးလို၊ မနှောက်ယှက်လိုပေ။
ပိုအရေးကြီးသည့် အချက်မှာ ရဲရှောင်၏ ကျင့်ကြံမှု အဆင့်မြင့်မားသွားသည်ကို ဇန်ယွန်ဖေ့တို့မှာ သဘော ပေါက်ခြင်း မရှိခဲ့ကြပေ။
သူတို့စိတ်ထဲ ရဲရှောင်ကို မူလတာအို အဆင့်တစ်၌ ရှိသေးသည်ဟုသာ ထင်မှတ်နေမိကြသည်။
ရဲရှောင်၏ အသက်အရွယ်နှင့် မူလတာအို အဆင့် တစ် ဆိုသည်ကပင် အံ့ဩစရာကောင်းလွန်းနေပါပြီ။
ပုံမှန်အခြေအနေမျိုးတွင်သာ ဆိုပါက ထိုသို့သော လူတစ်ယောက်မှာ ချင်းရန်နယ်ပယ်၌ လွတ်လပ်စွာ သွားလာနေသည့်တိုင် စိတ်ချလက်ချ ရှိနိုင်သည်။
သို့သော် ယခုအချိန်မှာ ပုံမှန်အခြေအနေ မဟုတ် တော့။
ဇန်ယွန်ဖေ့နှင့် ဇုဂျူရှန်တို့ပင် အပြင်ဘက်၌နေထိုင် သည့် ကာလပတ်လုံး သတိမပြတ် ထားနေရသည်။
ထို့ကြောင့် မူလတာအို အဆင့်တစ်ဆိုလျှင် ဆိုဖွယ် ရာ မရှိတော့ချေ။
လျှို့ဝှက်အဖွဲ့အစည်းကြီးမှ ဝတ်ရုံနက်ဝတ် လူများ ရုတ်တရက် ပေါ်လာပြီး အားလုံးကို သတ်ဖြတ်သွား မည်ကို ဇန်ယွန်ဖေ့တို့မှာ အချိန်ပြည့်စိုးရိမ်နေရသည်။
အကယ်၍ ရဲရှောင်၏ စွမ်းအားအစစ်အမှန်ကိုသာ သိသွားမည်ဆိုပါက ဂိုဏ်းသို့ပြန်ခေါ်ရန် လိုအပ်တော့ မည် မဟုတ်ပါ။
ထိုကဲ့သို့သော ထိပ်သီးပညာရှင်မျိုးသာ သိုင်းလော ကအတွင်း သတ်ခံရမည်ဆိုလျှင် ထိုလူမှာ မည်သည့် နေရာသို့ ရောက်ရှိနေပါစေ လုံခြုံလိမ့်မည် မဟုတ်ပေ။
“သုံးရက်အတွင်းပေါ့ ကျုပ်တို့တွေ သုံးရက်ကြာရင် သွားကြမယ် . . .”
ရဲရှောင်မှ လေးလေးနက်နက်ပင် ပြောလိုက်သည်။
“ကောင်းပြီ . . .”
ဇန်ယွန်ဖေ့နှင့် ဇုဂျူရှန်တို့လည်း ရဲရှောင်ထံမှအဖြေ ရလိုက်ပြီဖြစ်၍ စိတ်သက်သာရာ ရသွားကြသည်။
ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့လည်း အစ်ကိုဖြစ်သူ ထွက် ခွာတော့မည်ကိုသိ၍ သူမတို့လည်း သိုင်းလောကထဲ တိုက်ပွဲများ ဝင်ရောက်ဆင်နွှဲရန် ဆုံးဖြတ်လိုက်ကြ သည်။
တစ်ချိန်တည်းမှာပင် လျှို့ဝှက် အဖွဲ့အစည်းကြီး၏ အချက်အလက်များကို ဖော်ထုတ်နိုင်ရန်လည်း ကြိုး စားကြဦးမည် ဖြစ်သည်။
ရဲနန်ရှန်နှင့် ယွဲ့ဂေါင်ရွှဲ့တို့လည်း မသွားစေချင်ကြ သည့်တိုင် ရေခဲလနန်းတော်၌သာ သားဖြစ်သူ လုံခြုံ မည်ကို သိ၍ မတားရက်ကြတော့ပေ။
ထိုနေ့ညတွင် ယွဲ့ဂေါင်ရွှဲ့မှ ရဲရှောင်အား ချင်းဟွာ နန်းတော်မှ ရခဲ့သည့် ပုလဲလုံး ၄ လုံး၊ သန့်စင်သော ရေ ခဲကြာပန်း အစေ့ ၄ စေ့နှင့် ရေခဲအဆီအနှစ် ဝိညာဉ် ၁ ခုတို့ကို တိတ်တဆိတ် ပေးအပ်ခဲ့သည်။
ထိုအရာများက တန်ဖိုးကြီးရှားပါး ပစ္စည်းများ ဖြစ် နေ၍ ရဲရှောင်လည်း အံ့ဩသွား၏။
ထို့ကြောင့် မိခင်ဖြစ်သူမှ ထိုပစ္စည်းများအား သူ့ကို အကုန်အစင်ကို ပေးနေ၍ မည်သို့ လက်ခံနိုင်ပါမည် နည်း။
ရဲရှောင် ငြင်းဆန်နေ၍ ယွဲ့ဂေါင်ရွှဲ့မှ အလိုမကျဟန် ဖြင့် -
“မင်းဒီလိုမျိုး ဘာလို့ ခေါင်းမာနေရတာလဲ ယူသာ ယူလိုက်စမ်းပါ၊ ငါ့သားကိုမှ ငါဒါတွေ မပေးရရင် ဘယ် သူ့ကို သွားပေးရမှာလဲ နောက်ပြီးတော့ အမေနဲ့ မင်း အဖေက သိုင်းလောကထဲမှာ ခြေမချဖို့ ဆုံးဖြတ်လိုက် ကြပြီးပြီ၊ နိမိတ်စီရင်စုက ဒီလိုရတနာတွေနဲ့ မလိုက် ဖက်တဲ့ နေရာတစ်ခုပဲ၊ အဲဒါကြောင့် အမေပေးတာကို ယူသာယူလိုက်စမ်းပါ၊ ဒါတွေက မင်းအတွက် အများ ကြီး အကူအညီဖြစ်လိမ့်မယ်၊ ငါ့သားက သိုင်းလောက ထဲမှာ အောင်မြင်မှုတွေ ယူမှာဆိုတော့ သားနဲ့အတူတူ ဒီရတနာတွေကို ဆောင်သွားပါ အဲဒါမှ အမေလည်း စိုး ရိမ်စရာ မလိုမှာ . . .”
ထိုသို့‌ပြောနေသည့် ယွဲ့ဂေါင်ရွှဲ့၏ မျက်လုံးများမှာ ဝမ်းနည်းစိတ်ကြောင့် ရဲရဲနီလျက် ရှိနေပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now