အခန်း (၁၆၀၁)(စာစဉ် ၁၂၆- အပိုင်း ၇)
“တိုက်ပွဲအား လာကြည့်ကြခြင်း”
“မင်းက ငါ့ညီအစ်ကိုတွေကို တစ်ယောက်ပြီးတစ်ယောက် သေစေချင်တယ်ပေါ့၊ မင်းရဲ့အသုံးမဝင်တဲ့လူတွေ နဲ့ ငါ့ကို အဲဒီလိုလုပ်နိုင်မယ်များ ထင်နေတာလား၊ ဒါကတော့ ဟာသတစ်ပုဒ်လိုပဲ . . .”
ရဲရှောင်က ဆရာရှောင်၏ လူ ၄ ယောက်အားကြည့်ကာ အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
ထို့ကြောင့် ရှုကျောင်းလျူနှင့် ရှုကျောင်းရှန်တို့မှာ မခံချိမခံသာပင် ဖြစ်သွားကြ၏။ ဆရာရှောင်မှာမူ ဂရုမပြု သည့်အလား ရယ်မောလျက်သာရှိနေသည်။
မည်သို့ပင်ဖြစ်စေကာမူ ရဲရှောင်၏လက်ရှိစကားက သူ၏စိန်ခေါ်မှုအား လက်ခံလိုက်သည့် သဘောမျိုးပင် ဖြစ်နေသည်။ ထို့ကြောင့် သူ့စိတ်ထဲ ဧကရာဇ်ခန်းမကြီး ပြိုကွဲတော့မည်ဟုပင် ယုံကြည်ထားလိုက်တော့သည်။
ရှုညီနောင်မှာ အဆင့်အားဖြင့် မူလသူတော်စင်အဆင့်လေးသို့ ရောက်ရှိနေကြသည့် ပညာရှင်များဖြစ်ကြ၏။ အခြားလူနှစ်ဦးမှာမူ သူ၏မျိုးနွယ်စုမှ အထူးသက်တော်စောင့်များဖြစ်ပြီး မူလသူတော်စင်အဆင့်ခုနှစ် ပညာရှင်များ ဖြစ်လေသည်။
ဆရာရှောင်က သူ၏ဝါးပုလွေကို ပြင်ဆင်ပြီးဖြစ်၍ မျိုးနွယ်စုမှ နောက်ထပ် သက်တော်စောင့် ၂ ဦးအား ထပ်မံ၍ စေလွှတ်လိုက်ကြခြင်းဖြစ်၏။
ထို့ကြောင့် ဆရာရှောင်စိတ်ထဲ မျိုးနွယ်စု ၇ စုရှိမှသာ သူ၏လူများကို ရဲရှောင်က အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ထားမိလေသည်။ ဖရိုဖရဲမြို့တော်အတွင်း သူ၏လူများကို မည်သူမှအနိုင်မယူနိုင်ဟု တွေးထင်ထားသည့် ပုံပါပင်။
ထို့ပြင် ဧကရာဇ်ခန်းမအကြောင်း ဆရာရှောင် ကောင်းကောင်းကြီး သိထား၏။ လွန်ခဲ့သော တစ်လခန့်ကမှ ရဲရှောင်ရှိရာ ဧကရာဇ်ခန်းမသို့ သူရောက်ရှိခဲ့သည် မဟုတ်ပါလား။ ထို့အတွက်ကြောင့် သူ့စိတ်ထဲ ရဲရှောင် အတော် လေးပင် သွေးပျက်နေပြီဟု တထစ်ချ ယုံကြည်ထားလေသည်။
နောက်တစ်ချက်မှာ ရဲရှောင်က ဧကရာဇ်ခန်းမ၏ ခေါင်းဆောင်ဖြစ်သည့်တိုင် မူလနတ်ဘုရားအဆင့်သာ ရှိသေးသည်ဟု သူ့စိတ်ထဲ ထင်မှတ်ထားမိ၏။ လူတစ်ယောက်အဖို့ မည်မျှထိ လျင်မြန်စွာ တိုးတက်ပါစေ တစ်လ အတွင်း အဆင့်ငါးထက်တော့ မပိုနိုင်ချေ။
ထို့ပြင် ဘူရှန်းဖန်မှာလည်း မူလသူတော်စင်အဆင့်တစ်သာလျှင် ရှိသေး၏။ ထို့ကြောင့် ဘူရှန်းဖန်လျှင် ထိုမျှ ဆိုလျှင် အခြားလူနှစ်ဦးမှာ ပို၍ပင် အားနည်းပေဦးမည်။
ဆရာရှောင်လည်း ထိုအချက်များကြောင့် ရဲရှောင်တို့ကို လျစ်လျူရှုထားခြင်းပါပင်။ မည်မျှထိဆိုလျှင် သူ့စိတ် ထဲ၌ ရဲရှောင်ဘက်မှ လူများကို သူ့လူတစ်ယောက်တည်းဖြင့်ပင် အနိုင်ယူနိုင်မည်ဟု ယုံကြည်ထားခြင်းဖြစ်၏။ တစ်နည်းအားဖြင့် လွယ်ကူသော တိုက်ပွဲတစ်ခုဖြစ်မည်ဟု မှတ်ယူထားသည့် သဘောဟုပင် ဆိုနိုင်သည်။
“ငါတို့ အခုသဘောတူညီမှုပြီးသွားပြီဆိုတော့ အပိုတွေပြောမနေနဲ့တော့ တိုက်ခိုက်ကြတာပေါ့ . . .”
ရှုကျောင်းလျူမှ ရှေ့သို့တစ်လှမ်းတိုးရင်း ပြောလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏အေးစက်မာကြော လွန်းသော မျက်လုံးများဖြင့်လည်း ရဲရှောင်ကို စိုက်ကြည့်နေလေသည်။
လွန်ခဲ့သောလက ဆရာရှောင်နှင့်အတူ လိုက်လာခဲ့ချိန်က ရဲရှောင်၏ စော်ကားမှုကို သူခံရခဲ့သည် မဟုတ်ပါ လား။ ထို့ကြောင့်ပင် ရှုကျောင်းလျူက အခွင့်သာခိုက် ကလဲ့စားပြန်ချေလိုနေခြင်းပါပင်။
“ဧကရာဇ်ရဲ . . . ခင်ဗျား အရင်ထွက်မလား ဒါမှမဟုတ် ခင်ဗျားလူတွေကို အရင်ထွက်စေချင်လား . . .”
ရှုကျောင်းလျူက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
ရဲရှောင်မှ ရယ်မောလိုက်ရင်း -
“မင်းကလား . . . မင်းက ငါ့ကိုတိုက်ခိုက်မယ်ပေါ့လေ . . .”
“မန်ယုဂျန် . . . ကျုပ်တို့ညီအစ်ကိုတွေကို ထွက်လာပြီး တိုက်ပွဲလာကြည့်ခိုင်းလိုက် . . .”
မန်ယုဂျန်လည်း အားရဝမ်းသာဖြင့် -
“ကောင်းပါပြီ . . .”
ထို့နောက်တွင် မန်ယုဂျန်လည်း ကျယ်လောင်သော အော်သံကြီးနှင့်အတူ အမိန့်တစ်ခုပေးလိုက်တော့၏။ ထိုအမိန့်ပေးသံဆုံးသည်နှင့် သေခြင်းနှင့်ရှင်ခြင်းခန်းမ၏ ကောင်းကင်ထက်တွင် လူ ၅၀၀ ခန့်ပေါ် ချက်ချင်းပင် ပေါ်လာကြသည်။ နဂိုက မည်သူမည်ဝါမှ မရှိသည့်အနေအထားမှ ရုတ်ချည်းပေါ်လာကြခြင်းပါပင်။
သို့သော် ထိုသို့လူများစွာ ထွက်ပေါ်လာကြသည့်တိုင် ဆူညံမှု စိုးစဉ်းမျှမရှိချေ။ တိတ်ဆိတ်မှုက နဂိုအတိုင်း ရှိမြဲတိုင်းရှိနေခြင်းဖြစ်၏။
“လူအုပ်စု ၃ စုက ဘယ်ဘက်ခြမ်းကိုသွား . . .”
မန်ယုဂျန်က အမိန့်ပေးလိုက်၏။
ထို့ကြောင့် သက်လတ်ပိုင်းအရွယ် လူတစ်ဦးမှလည်း မန်ယုဂျန်၏အမိန့်အား နာခံသည့်ဟန်ဖြင့် -
“ကောင်းပါပြီ ဆရာ . . .”
ထို့နောက် ထိုလူလည်း လက်ကိုဝေ့ယမ်းလိုက်သည့်အခါ လူ ၅၀၀ မှာ တစ်ချိန်တည်းဆိုသလိုပင် ရွေ့လျား သွားကြပြီး ဘယ်ဘက်ခြမ်းတွင် ၉ ယောက်စီတန်း၍ မတ်တပ်ရပ်လိုက်ကြလေသည်။
ထိုလူများအားလုံးက တိုက်ပွဲကို ရှင်းရှင်းလင်းလင်း မြင်ရရန်အတွက် သေချာစွာ ရပ်လိုက်ကြခြင်းပါပင်။ ထို အတန်း ၃ တန်းစီ၏ရှေ့တွင်မူ ခေါင်းဆောင်တစ်ယောက်စီမှ မတ်တပ်ရပ်လျက် ရှိနေကြပြန်၏။ ယခုရှိနေကြသော လူများမှာ ကျားယူနစ်၊ နဂါးယူနစ်နှင့် မြွေယူနစ်မှ လူများပင် ဖြစ်ကြလေသည်။
ဆရာရှောင်နှင့် သူ့လူများလည်း ထိုလူများကိုမြင်သောအခါ ယခင်ကကဲ့သို့ မလှောင်ပြောင် မရယ်မောကြ တော့ချေ။ ထိုအစား ၎င်းတို့၏စိတ်ထဲ ထိတ်ပင်ထိတ်လန့်နေကြပါသေးသည်။
ထိုလူများအနက် အားအနည်းဆုံးလူပင်လျှင် မူလနတ်ဘုရားအဆင့်ရှစ်ရှိနေသည် မဟုတ်ပါလား။ ထို့ပြင် အုပ်စု ၃ စု၏ခေါင်းဆောင်များမှာလည်း မူလသူတော်စင်အဆင့်နှစ် ပညာရှင်များ ဖြစ်ကြလေသည်။ ထို့ကြောင့် အင်အားကြီးအုပ်စုတစ်ခုဟုပင် ဆိုနိုင်၏။
ထိုအုပ်စုကြီးမှာ အမိန့်အတိုင်း လှုပ်ရှားကြသည်မှာလည်း အံ့ဩစရာကောင်းလွန်းလှသည်။ သို့သော် သက် တော်စောင့်နှစ်ဦးမှာမူ ထိုလူများ၏အဆင့်နှင့်ပတ်သက်လျှင် စိတ်မဝင်စားကြပေ။ ထိုလူများက အားနည်းလွန်းကြ သည် မဟုတ်ပါလား။
သို့သော် အမိန့်ခံပြီး အစီအစဉ်တကျလုပ်တတ်သည့် အဖွဲ့ကြီးနှင့် မူလသူတော်စင်အဆင့် ပညာရှင်များသာ အတူတကွ တိုက်ခိုက်လိုက်မည်ဆိုပါက အလွယ်တကူဖြင့် ယှဉ်နိုင်မည်မဟုတ်မှန်း သဘောပေါက်သွားကြ၏။
ထိုလူများက အားလုံးက စနစ်တကျလေ့ကျင့်ထားပြီး ပူးပေါင်းဆောင်ရွက်မှု အားကောင်းသည့် လူများပင် မဟုတ်ပါလား။
မည်သို့ပင်ဆိုစေကာမူ ယခုရောက်လာသောလူများက ရန်သူများကို ထိတ်လန့်အံ့ဩသွားစေနိုင်သည့် အနေ အထားမျိုးသာ ဖြစ်နေသည်။
ထိုအချိန်မှာပင် လူသုံးဦး ဦးဆောင်သည့် နောက်ထပ်လူ ၅၀၀ မှာ ကောင်းကင်ထက်မှ ပေါ်လာကြပြန်၏။ ထိုလူများမှာ ကြွက်ယူနစ်၊ နွားယူနစ်နှင့် ယုန်ယူနစ်တို့မှ ဖြစ်ကြသည်။
“မင်းတို့က ညာဘက်ခြမ်းကနေ ကြည့်ရမယ် . . .”
မန်ယုဂျန်က ကြည်လင်ပြတ်သားသော အသံဖြင့် အမိန့်ပေးလိုက်၏။
“ကောင်းပါပြီ ဆရာ . . .”
ခဏအကြာတွင် မျောက်ယူနစ်၊ မြင်းယူနစ်နှင့် ဆိတ်ယူနစ်တို့မှ လူများလည်း ထပ်မံ၍ ပေါ်ထွက်လာကြပြန် ၏။ ထိုလူများမှာ မြောက်ဘက်တွင် စီတန်း၍ သေသပ်စွာ ရပ်လိုက်ကြသည်။ အခြားယူနစ်များဖြစ်သည့် ကြွက် ယူနစ်၊ ခွေးယူနစ်နှင့် ဝက်ယူနစ်တို့မှာမူ တောင်ဘက်တွင်ရပ်လိုက်ကြ၏။
လက်ရှိအချိန်တွင် ဧကရာဇ်ခန်းမရှိ ယူနစ် ၁၂ ခုမှ လူ ၂၀၀၀ ကျော်တို့မှာ သက်ဆိုင်ရာနေရာအသီးသီး၌ နေရာယူပြီးကြပြီဖြစ်သည်။ ထို့ကြောင့် ကောင်းကင်တစ်ခွင်လုံးပင် လူများဖြင့် ပြည့်နှက်သွားတော့သည်။
တကယ်တမ်းတွင် ဘူရှန်းဖန်၏ လက်အောက်၌ လူ ၁၂ ယောက်ရှိနေသေး၏။ ထိုမျှမက မန်ယုဂျန် လက် အောက်ရှိ လူပေါင်း ၉၉ ယောက်လည်း ကျန်ရှိနေသေးသည်။ ထို့ကြောင့် ဧကရာဇ်ခန်းမ၏လူပေါင်း ၂၁၁၈ ယောက်မှာ တိုက်ပွဲကြည့်ရန်အတွက် အသင့်ဖြစ်နေချေပြီ။
ဆရာရှောင်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း အံ့ဩတုန်လှုပ်နေမိ၏။ မည်သည့်အကြောင်းပြချက်ဖြင့် ထိုလူ များကို လာရောက်ကြည့်ရှုခိုင်းသည်ကိုလည်း သူစဉ်းစားမရအောင် ဖြစ်နေမိလေသည်။
ထို့ကြောင့် ရဲရှောင်အား လှမ်းကြည့်လိုက်ရင်း -
“ဧကရာဇ်ရဲ . . . မင်းက ငါတို့ကို အနိုင်ကျင့်ဖို့ စဉ်းစားနေတာလား . . .”
ဆရာရှောင်က အပြင်ပန်းတွင် တည်ငြိမ်ဟန်ဆောင်နေသော်လည်း စိတ်ထဲတွင်မူ ခြောက်ခြားနေမိလေပြီ။ အရှုံးသမားဆိုသည်က အရှုံးသမားပင် မဟုတ်ပါလား။
ရဲရှောင်က ဆရာရှောင်အား အထင်သေးဟန်ဖြင့် ကြည့်လိုက်ရင်း -
“မင်းကိုလား . . . မင်းကိုနိုင်ဖို့အတွက် ငါတို့က ဒီလောက်လူအများကြီး လိုတယ်လို့ ထင်နေတာလား၊ မင်း က မင်းကိုယ်မင်း တော်တော်ကြီးကို အထင်ကြီးနေတာပဲ . . .”
ဆရာရှောင်က အေးစက်စက်ဖြင့် -
“ဒါဆို မင်းကဘာလို့ လူအများကြီးကို ထွက်လာခိုင်းရတာလဲ . . .”
“ဘာလဲ . . . မင်းကို အားပေးစေချင်လို့လား၊ အားပေးမယ့်လူတွေ ခေါ်ထားတယ်ပေါ့လေ . . .”
ရဲရှောင်က နှုတ်ခမ်းများ ကွေးအောင်ပင် ပြုံးလိုက်ရင်း -
“ငါတို့တွေ ဆရာရှောင်ရဲ့ လူတွေနဲ့ တိုက်ခိုက်ကြမယ် . . .”
“ညီအစ်ကိုတို့ . . . မင်းတို့တွေ ငါတို့ရဲ့အောင်မြင်မှုကို ကြည့်ထားကြ . . .”
ရဲရှောင်က သူ့လူများကိုကြည့်ကာ ပြုံးလျက် ပြောလိုက်ပါတော့သည်။
YOU ARE READING