အခန်း (၁၅၉၆)(စာစဉ် ၁၂၆- အပိုင်း ၂)
“ဂုဏ်သိက္ခာတိုက်ပွဲ”
(သူတို့အားလုံးကို အနိုင်ယူနိုင်ပါ့မလားဆိုတာ ငါ့ကိုယ်ငါ မသေချာဘူး၊ တကယ်လို့ ငါအနိုင်ယူနိုင်မယ်ဆိုရင် တောင် ကောင်းကင်ဘုရင်တွေက ပြန်ပြီးလက်တုန့်ပြန်လာနိုင်တယ် . . .)
ရဲဟုန်ချန်က ကောင်းကင်ဘုရင်များကို အောင်မြင်မှုမရှိခဲ့သည့်အချိန် ရဲဟုန်ချန်၏ မျိုးဆက်သစ်မှ ၎င်းတို့၏ သားတော်များကို အနိုင်ယူမည့်အဖြစ်အား ကောင်းကင်ဘုရင်များအနေဖြင့် လက်ခံကြလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ရဲယန်ဒွမ်အဖို့ မည်သို့ဆက်လုပ်ပါမည်နည်း။ အခြေအနေများက သူ့အတွက် အဘက်ဘက်မှ ခက်ခဲလွန်းနေသည် မဟုတ်ပါလား။
အဘိုးကြီးများမှာမူ ရှေ့တိုးရခက် နောက်ဆုတ်ရခက်ဖြစ်နေသော ရဲယန်ဒွမ်အား လှောင်ပြောင်နေသည့် အကြည့်များဖြင့် ကြည့်နေကြလေသည်။ သူတို့၏ အပြင်ပန်းသွင်ပြင်က တည်ငြိမ်နေသည့်တိုင် စိတ်ထဲနှလုံးသားထဲ မှပင် အမှန်တကယ်ကို လှောင်ပြောင်နေကြခြင်းဖြစ်၏။
(မင်းက ဒါနဲ့ပဲ ထိုက်တန်တယ် . . .)
(မင်းအမှားလုပ်ခဲ့ပြီဆိုတာကို သိပြီမဟုတ်လား ဒီလောက်ဆို မင်းနောင်တရသင့်နေပြီ . . .)
(အခုဘာဆက်လုပ်မှာလဲ မင်းကတော့ ပြီးသွားပြီ . . .)
အဘိုးကြီးများအဖို့ ရဲယန်ဒွမ် မည်သို့စဉ်းစားနေသည်ကို မသိကြချေ။ အကယ်၍ သူတို့သိမည်ဆိုပါကလည်း ရဲယန်ဒွမ်အား ပက်ပက်စက်စက်ပင် ပြောဆိုမိကြလိမ့်မည်။
“ထွီ . . .”
“တော်တော်အရှက်မဲ့တဲ့ကောင်ပဲ၊ ဒီကောင်က အိပ်မက်ထဲမှာ လမ်းလျှောက်နေတဲ့လူ . . .”
“သူတို့ရဲ့သားတွေဆိုတာ တကယ့်ကိုကျားတွေလိုပဲ ဒါပေမယ့် မင်းကတော့ သိုးငယ်လေးတစ်ကောင်နဲ့ပဲ တူ နေတယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ဦး . . .”
အဘိုးကြီးများအဖို့ သေချာပေါက်ပင် ထိုသို့သာပြောမိမည်သာ။
ရဲယန်ဒွမ်လည်း ဆုံးဖြတ်ချက်ချရန်အတွက် အတော်လေးပင် စဉ်းစားယူလိုက်ရ၏။ သုံးရက်ကြာပြီးနောက် တွင်မူ နောက်ဆုံးအမိန့်ကို ပေးလိုက်တော့သည်။
“အားလုံးကို ငါ့မြို့ကနေ ထွက်သွားခိုင်းလိုက် . . .”
ရဲယန်ဒွမ်က ထိုဆုံးဖြတ်ချက်ကို အချိန်အတော်ယူကာ စဉ်းစားခဲ့ရခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ သူနှင့် သဘာဝတရားခန်းမက ကမ္ဘာ့ရန်များဖြစ်နေကြပြီး လက်ရှိအချိန်တွင် မုန်တိုင်းအိမ်တော်မှာလည်း သူ့အား မုန်းတီးနေချေပြီ။
ထို့ကြောင့် သူ့အနေဖြင့် ထိုအခြေအနေအား ပြောင်းလဲနိုင်ရန်မရှိတော့သောကြောင့် အဆုံးစွန်ထိ ဆန့်ကျင် ရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်မှ ရပ်တန့်လိုက်ပါက သူလုပ်ခဲ့သမျှ အရာအားလုံး သဲထဲရေသွန်ဖြစ် သွားနိုင်သည် မဟုတ်ပါလား။
အကယ်၍ သူ့ဘက်မှသာ စစ်ပွဲကိုစတင်လိုက်ပါက ပထမအချက်အနေဖြင့် မုန်တိုင်းအိမ်တော်က သူတို့အား ပြန်လည်တိုက်ခိုက်လာကြပေလိမ့်မည်။ ဒုတိယအချက်အနေဖြင့် အခြားသောအင်အားစုများမှာလည်း တန်ပြန်၍ တိုက်ခိုက်လာကြပေလိမ့်မည်။
သို့သော် ရှေ့ဆက်မတိုးဘဲ ရပ်တန့်လိုက်ပါကလည်း သဘာဝတရားခန်းမက ရဲစစ်သည်တော်များအား အထင်အမြင်သေးသွားနိုင်ပေသည်။
(ဘာလဲ . . . အခုတော့ တစ်ဖက်လူတွေက တော်ဝင်မျိုးနွယ်တွေဖြစ်တာနဲ့ပဲ နောက်ဆုတ်တော့မှာလား)
(အရင်တုန်းကကျ အားနည်းတဲ့လူတွေကို အနိုင်ကျင့်ပြီး ပျော်နေတဲ့ကောင်၊ မင်းက အင်အားနည်းတဲ့လူတွေ ကိုကျ အနိုင်ကျင့်ပြီး အင်အားကြီးတဲ့လူတွေကိုကျ ကြောက်တယ်ပေါ့ . . .)
သဘာဝတရားခန်းမအနေဖြင့် ရဲယန်ဒွမ်အား ထိုသို့သာ ယူဆကြပေလိမ့်မည်။
(ငါတို့က အဆုံးမဲ့ပင်လယ်ထဲမှာ မုန်တိုင်းအိမ်တော်ထက်တောင် သာလွန်နေသေးတယ်၊ ငါတို့တုန်းကကျ ဆန့်ကျင်ခဲ့ပြီး မုန်တိုင်းအိမ်တော်ကို ဆန့်ကျင်ဖို့ကျ ကြောက်နေတယ်ပေါ့ . . .)
ရဲယန်ဒွမ်အဖို့ ယခုတိုက်ပွဲက အခြားသောအရာများထက် ဂုဏ်သိက္ခာချင်း ယှဉ်ပြိုင်ရသည့် တိုက်ပွဲမျိုးသာ ဖြစ်နေသည်။ အဖွဲ့အစည်းနှစ်ခုထဲက မည်သည့်အဖွဲ့အစည်းကိုမဆို အထင်အမြင်သေးခြင်းက ကောင်းကင်ဘုရင် များကို စော်ကားသလိုသာ ဖြစ်နေလိမ့်မည်။
ထို့ကြောင့် ရဲယန်ဒွမ်က အားလုံးကို တပြေးညီ ဆန့်ကျင်ရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။ သူ၏ ဆုံးဖြတ်ချက် နှင့်အတူ ရဲစစ်သည်တော်များမှာလည်း သူ့အမိန့်အား တသွေမတိမ်း နာခံကြရတော့သည်။
အဘိုးကြီးများလည်း ရဲယန်ဒွမ်၏ အပြုအမူများကြောင့် သက်ပြင်းသာချလိုက်မိကြ၏။ ထိုအခိုက်အတန့် တွင် သူတို့၏ရင်ထဲ၌ အချက်နှစ်ချက်သာလျှင် ရှိတော့သည်။
ပထမအချက်အနေဖြင့် တောင်ကောင်းကင်နှင့် အရှေ့ကောင်းကင်ဘုရင်နှစ်ပါးမှာ ယခုကဲ့သို့ မြို့ငယ်လေးရှိ တိုက်ပွဲကို အာရုံစိုက်ကြလိမ့်မည် မဟုတ်ပေ။ ကောင်းကင်ဘုရင်များအဖို့ မြို့ငယ်လေးရှိ တိုက်ပွဲက ကလေးများ၏ ရန်ပွဲနှင့်ပင် တူနေသည် မဟုတ်ပါလား။
အကယ်၍ ဆရာကြီးရဲသာ ပြန်ရောက်လာပါက ကောင်းကင်ဘုရင်များအဖို့ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွား ကာ အာရုံစိုက်ကောင်း စိုက်သွားနိုင်ပေသည်။ သို့သော် ယခုရှိနေသည်မှာ ရဲမျိုးနွယ်စု၏ မျိုးဆက်ဖြစ်သူ ရဲယန်ဒွမ် သာ ဖြစ်နေသည်။
ပို၍အရေးကြီးသည့်အချက်မှာ ရဲယန်ဒွမ်က သဘာဝတရားခန်းမ၊ မုန်တိုင်းအိမ်တော်နှင့် ရှဲ့အင်အားစုတို့၏ နယ်မြေများကို သိမ်းပိုက်သွားနိုင်လျှင်ပင် အဆုံးမဲ့ပင်လယ်အတွင်းရှိ မြို့ငယ်လေးတစ်မြို့အား အပိုင်စားရရှိလိုက် ခြင်းသာ ဖြစ်တည်နေလိမ့်မည်။
သို့သော် မုန်တိုင်းအိမ်တော်၊ သဘာဝတရားခန်းမနှင့် ညီနောင်မဟာမိတ်အဖွဲ့တို့မှာမူ ၎င်းတို့၏ အင်အား အစစ်အမှန်ကို ယခုအချိန်ထိ ထုတ်ဖော်ပြသခဲ့ခြင်းမရှိသေးချေ။ ထို့ကြောင့် အနိုင်အရှုံးအား ပြောနိုင်ရန်မှာ အချိန် အားဖြင့် စောနေပေသေးသည်။
ဒုတိယအချက်အနေဖြင့် အဘိုးကြီးများ သက်ပြင်းချမိသည်မှာ ဆုံးဖြတ်ချက်အား အချိန်လွန်ခါမှချမိသော ကြောင့် ဖြစ်၏။ သူတို့ထင်ထားသည်ထက် ရဲယန်ဒွမ်၏ ဆုံးဖြတ်ချက်က ၃ ရက်မျှ ပိုမိုကြာမြင့်သွားသည် မဟုတ်ပါ လား။
ရဲယန်ဒွမ်အနေဖြင့် သိသာနေသော အခြေအနေများကြားတွင် အချိန်ထိုမျှလောက်ထိ မယူဘဲ အမြန်ဆုံး ဆုံးဖြတ်ချက်ချခဲ့သင့်ပေသည်။ သို့သော် ရဲယန်ဒွမ်က ရက်အနည်းငယ်အကြာထိ အချိန်ယူပြီးကာမှ ဆုံးဖြတ်ချက် ချခဲ့လေသည်။
ထိုသုံးရက်ဆိုသည့်ပမာဏက ကွာခြားမှုများစွာ ဖြစ်ပေါ်သွားစေနိုင်သည် မဟုတ်ပါလား။ ထိုအခိုက်အတန့် တွင် အဘိုးကြီးများ၏စိတ်ထဲ ရဲရှောင်အကြောင်း မစဉ်းစားဘဲမနေနိုင်အောင် ဖြစ်သွားမိသည်။
အကယ်၍ ရဲရှောင်သာဆိုပါက ဆုံးဖြတ်ချက်ကို တွေဝေခြင်းအလျဉ်းမရှိဘဲ ချက်ချင်းပင် ချမှတ်ပစ်နိုင်သည်။ သိုင်းလောက၏ စည်းမျဉ်းအရ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ရမည်ဖြစ်၍ အဘယ့်ကြောင့် တွေဝေကာ အချိန် ဆွဲနေပါမည်နည်း။
ထိုသို့ဆုံးဖြတ်ချက်ချသည့်အပေါ်တွင်လည်း ကောင်းကင်ဘုရင်များအနေဖြင့် ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ သိုင်းလောကတွင် လူတိုင်းက စည်းမျဉ်းများကို လိုက်နာကြ၍ စည်းမျဉ်းနှင့်အညီလုပ်ဆောင်သည့် ဆုံးဖြတ်ချက်များ က မည်သို့ပြဿနာရှိနိုင်ပါမည်နည်း။
သို့သော် ယခုအခါတွင်မူ ရဲယန်ဒွမ်က ဆုံးဖြတ်ချက်ချရန်အတွက် ၃ ရက်တာမျှပင် ကြာမြင့်ခဲ့လေသည်။
မြင်သာအောင် ပြောရမည်ဆိုလျှင် အပြေးပြိုင်ပွဲတစ်ခု၌ တစ်ရက်လျှင် လူတစ်ယောက်က မိုင် ၁၀၀ ပြေးနိုင် သည်ဟုဆိုလျှင် ၎င်းထက်အရင်ပြေးခဲ့သူက ရှေ့သို့ကြိုရောက်နှင့်နေပေလိမ့်မည်။
ယခု ရဲရှောင်နှင့် ရဲယန်ဒွမ်ကြားရှိ ကွာခြားမှုမှာလည်း ထိုအတိုင်းပင်ဖြစ်၏။ ရဲယန်ဒွမ် စပြေးသည့်အချိန် ရဲရှောင်က မိုင် ၃၀၀ အကွာအဝေးသို့ပင် ရောက်ရှိနေနိုင်သည် မဟုတ်ပါလား။ ဤသည်က အစပိုင်း ကွာခြားမှုပင် ဖြစ်ပြီး အချိန်ကြာမြင့်သွားသည်နှင့် ပို၍ပင် ကွာခြားသွားနိုင်ပေသည်။
ရဲစစ်သည်တော်များမှာလည်း ယခုမှ စတင်တိုက်ခိုက်ကြမည်ဖြစ်၍ ၃ ရက်ကြာမြင့်မှုက ၎င်းတို့၏အားနည်း ချက်ကို ထုတ်ဖော်ပြသလိုက်သလို ဖြစ်သွားခဲ့၏။ ရဲစစ်သည်တော်များက ယခင်တိုက်ပွဲများ၌ အနိုင်တိုက်နိုင်ခဲ့သည့် တိုင် ယခုအခါတွင်မူ ၃ ရက်ကြာအောင် လှုပ်ရှားမှုရပ်တန့်ခဲ့သည် မဟုတ်ပါလား။
ဤသည်က မုန်တိုင်းအိမ်တော်ကို ကြောက်ရွံ့ခြင်းကြောင့်သာဖြစ်မည်ဟု လူတိုင်းအဖို့ သေချာပေါက်ပင် တွေးထင်မိသွားနိုင်သည်။ ထိုသို့မဟုတ်ကြောင်း ရဲယန်ဒွမ် မည်သို့ရှင်းပြနေပါစေ လူတိုင်း၏စိတ်ထဲ၌ ထိုကဲ့သို့သာ ထင်မှတ်သွားကြမည်သာ။
ရဲယန်ဒွမ်အနေဖြင့် ထိုသို့အချိန်မဆွဲဘဲ တိုက်မည့်အတူတူ၊ ရလာဒ်မပြောင်းမည့်အတူတူ ဆုံးဖြတ်ချက်ကို ပြတ်သားစွာချခဲ့ပါက လူများ၏ပါးစပ်ဖျား၌ ချီးမွှမ်းကြမိမည်မှာ အသေအချာပင် ဖြစ်တော့သည်။
. . .
ရဲစစ်သည်တော်များဘက်မှ တိုက်ပွဲကို စတင်သည်နှင့် မုန်တိုင်းအိမ်တော်မှ လူများမှာ သူတို့ပိုင်ဆိုင်သည့် အရာများကို ဖျက်ဆီးသွားပြီးနောက် တိုက်ခိုက်မှုကို ရှောင်ရှားကာ မြို့ထဲမှ ထွက်ခွာသွားကြလေသည်။ ထို့ကြောင့် ရဲယန်ဒွမ်အဖို့ မည်သို့မှ မတတ်နိုင်ဘဲ ဖြစ်နေရတော့၏။
“ရဲယန်ဒွမ် . . .”
မုန်တိုင်းအိမ်တော်၏ အရှင်သခင် သခင်ကြီးဘိုင်တစ်ယောက် ထိုသတင်းကိုကြားလိုက်ရချိန် ပြုံးရုံသာပြုံး လိုက်မိ၏။
“ကြီးမြတ်တဲ့ ရဲမျိုးနွယ်စုရဲ့သွေး . . .”
“ငါကတော့ သူတို့တွေ အပိုပြောနေခဲ့တယ် ထင်ခဲ့တာ၊ ရဲမျိုးနွယ်စုရဲ့ မျိုးဆက်သစ်က တကယ့်ကို ငတုံးပါ လား၊ ဝုရှဲ့တောင်မှ ဒီလိုလူမျိုးကို အေးအေးဆေးဆေး အနိုင်ယူနိုင်တယ်၊ မန်ဝုဇန်ဆိုရင်တော့ ပြောမနေနဲ့တော့”
“ရဲစစ်သည်တော်တွေနဲ့ ရဲယန်ဒွမ်ဆိုတာ ငါတို့အလေးထားရမယ့်လူတွေ မဟုတ်ဘူး၊ ငါတို့တွေ သူတို့ကို လျစ်လျူရှုထားလို့ကိုရတယ် . . .”
“ဒီရဲယန်ဒွမ်ဆိုတဲ့လူက တကယ့်ကို လူရွှင်တော်တစ်ယောက်ပဲ၊ သူက ဘယ်လိုနည်းနဲ့မျှ ငါ့ရဲ့ပြိုင်ဘက်ဖြစ် မလာနိုင်ဘူး . . .”
သခင်ကြီးဘိုင်မှ ခပ်အေးအေးသာ ပြောလိုက်၏။
“ဒါပေမယ့် အခုကစပြီး ငါတို့တွေ သတိလက်လွတ်ဖြစ်လို့မရတော့ဘူး . . .”
သူထိုသို့ပြောလိုက်ချိန် မုန်တိုင်းအိမ်တော်ရှိ အခြားခေါင်းဆောင်ငယ်များမှာ ခေါင်းညိတ်လျက် နာခံလိုက် ကြလေသည်။
(ဆိုလိုတာက ငါတို့တွေ သူတို့ကို သတ်ချင်သလို သတ်လို့ရတယ်လို့ ဆိုလိုတာလား . . .)
. . .
“လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်အဖွဲ့တစ်ဖွဲ့ကို ဖရိုဖရဲမြို့တော်ဆီ စေလွှတ်လိုက်၊ ပြီးရင် ပြဿနာကို တစ်ခါတည်း အဆုံးသတ်လာခိုင်းလိုက် . . .”
သဘာဝတရားခန်းမမှ ခေါင်းဆောင်မန်မှ အမိန့်ပေးလိုက်၏။
ထိုအချိန် တစ်စုံတစ်ယောက်မှ -
“ရဲယန်ဒွမ်က ရဲမျိုးနွယ်စုရဲ့ မျိုးဆက်သစ်ပဲ၊ ကျုပ်တို့တွေ သူ့ကိုအပြစ်ပေးရမယ် ဒါပေမယ့် သူတို့ကို ကျုပ် တို့က သတ်ရမှာလား၊ တကယ်လို့ သတ်လိုက်ရင် . . .”
“ဘာမှစိုးရိမ်စရာမလိုပါဘူး . . .”
မန်ဝုဇန်မှ ခပ်အေးအေးသာ ပြောလိုက်သည်။
“ရဲမျိုးနွယ်စုက ဒီအတွက်တိုက်ခိုက်လာမယ်ဆိုရင်လည်း နှစ်ပေါင်း ၁ သိန်းကြာအောင် သူတို့ရဲ့ တိတ်ဆိတ် မှုကို ဖျက်ဆီးရာရောက်သွားမှာပေါ့၊ သူတို့တွေ ပြန်ပြီးပြိုကွဲသွားလိမ့်မယ် . . .”
“ရှင်းရှင်းပြောရရင် ရဲမျိုးနွယ်စုက တိုက်ခိုက်လာရင် ငါတို့အတွက် ပိုတောင်မှ ကောင်းသေးတယ်၊ အဲဒီတော့ မင်းတို့တွေ ဒီအတွက် ဘာမှစဉ်းစားနေစရာမလိုဘူး . . .”
မန်ဝုဇန်က ခပ်ပြတ်ပြတ်ပင် အမိန့်ပေးလိုက်၏။
“လုပ်စရာရှိတာ လုပ်ကြမယ် . . .”
. . .
“လုပ်စရာရှိတာ လုပ်ကြမယ် . . .”
လင်းဝုရှဲ့မှလည်း သူ့လူများအား မန်ဝုဇန်အတိုင်း ထပ်တူညီသည့် အမိန့်မျိုးကို ပေးလိုက်ပါတော့သည်။
YOU ARE READING