အခန်း (၁၇၀၁ - က)(စာစဉ် ၁၃၃- အပိုင်း ၁၃)
"ကျုပ်ခင်ဗျားကို ကူညီနိုင်တယ်"
"ပန်းဘုရင်ကြီး . . ."
ရဲရှောင်မှ ခြောက်ကပ်ကပ်ပြုံးရင်း ခေါ်လိုက်သည်။
"ကျုပ်တို့ကြားက ပြဿနာက ညှိနှိုင်းလို့မရတဲ့အရာမှ မဟုတ်တာ၊ ကျုပ်တို့တွေ စေ့စပ်ညှိနှိုင်းကြတာပေါ့၊ ဘာလို့လဲဆိုတော့ ကျုပ်က ခင်ဗျားဖြစ်နေတဲ့အရာကို ဖြေရှင်းပေးနိုင်တယ်လေ၊ တစ်ခါတစ်လေ ရန်သူဖြစ်ရတာ ထက် မိတ်ဆွေဖြစ်ရတာကို ပိုကောင်းပါတယ် . . ."
ရဲရှောင် ထိုသို့ပြောနေချိန် ဟင်းလင်းပြင်ကြီးအတွင်းမှ သိပ်သည်းလှသော ချီဓာတ်များမှာ ရဲရှောင်၏ ခန္ဓာ ကိုယ်အတွင်းသို့ စီးဝင်နေလျက်ရှိသည်။ ထို့ပြင် ထူးခြားအစွမ်းထက်ဆေးလုံး ၂ လုံး၏ အကူအညီကြောင့် ရဲရှောင်၏ စွမ်းအင်များမှာ လျင်မြန်စွာပင် ပြည့်ဝလာလေသည်။
ထို့ကြောင့် နဂိုက ဖြူရော်ရော်ဖြစ်နေသော ရဲရှောင်၏မျက်နှာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်လာပြီး စွမ်းအင်များ ကုန်ဆုံးလုနီးပါးဖြစ်နေသော စွမ်းအင်သိုလှောင်ရာမှာလည်း စွမ်းအင်များ ပြန်လည်ပြည့်ဝလာ၏။
ပန်းဘုရင်မှာမူ အံ့ဩသော အမူအယာဖြင့်သာ ရှိနေလေသည်။ ထို့နောက် ရဲရှောင်အား ကြည့်လိုက်ရင်း -
"ငါဖြစ်နေတဲ့ ပြဿနာ ဟုတ်လား . . ."
"ဟုတ်တယ်လေ အခု ခင်ဗျားဖြစ်နေတဲ့ ပြဿနာပေါ့ . . ."
ရဲရှောင်မှ ပြုံးလျက် ပြောလိုက်သည်။
"အဲဒါက ဘာလဲဆိုတာ ကျုပ်အတိအကျမသိပေမယ့် ခင်ဗျား ဒီမှာရှိနေတာ အကြောင်းပြချက်တစ်ခုတော့ ရှိရမယ်ဆိုတာကို ကျုပ်သိနေတယ်၊ နှစ်ပေါင်း ၁ သိန်းလောက်နီးပါးကို ဒီမှာရှိနေတဲ့ အကြောင်းပြချက်တစ်ခုပေါ့"
ပန်းဘုရင်မှာ မည်သည့်စကားမှမဆို၊ အေးစက်စက်သာ ရယ်မောလိုက်၏။
"အဆုံးမဲ့ဝိညာဉ်တောင်ကြားဆိုတာ ကျောက်တုံးတွေနဲ့ ပြည့်နှက်နေတဲ့နေရာ ဘာသက်ရှိမှ ဒီမှာမရှိဘူး၊ ဒါပေမယ့် ပန်းတွေနဲ့ ပတ်သက်ပြီး နာမည်ကျော်ပန်းဘုရင်က ဒီနေရာမှာနှစ်ပေါင်းများစွာ နေနေတယ်၊ သူ့ရဲ့အရင် အချိန်က အောင်မြင်မှုတွေကို စွန့်ခွာပြီးတော့ကို နေနေတာ . . ."
"ကျုပ်ထင်တာတော့ ခင်ဗျားက အသက်ဓာတ်စွမ်းအင်တွေကို တော်တော်လေးလိုအပ်နေတာပဲ၊ အဲဒီတော့ ဒီနေရာက အသက်ဓာတ်စွမ်းအင်တွေကို ခင်ဗျား ဆာလောင်မွတ်သိပ်မှုအပြည့်နဲ့ စုပ်ယူနေမယ်ဆိုတာကို ကျုပ်သိ နေတယ်၊ ခင်ဗျားကြောင့်လည်း ဒီနေရာက အသက်မဲ့လာရတာပေါ့ . . ."
"ခင်ဗျား ဒါကိုမငြင်းနိုင်ပါဘူး၊ ခင်ဗျား ကိုယ့်မျက်နှာကိုယ် ပြန်ကြည့်လိုက် ဒါကလုံးဝကို ခိုင်မာတဲ့ သက်သေ တစ်ခုပဲ၊ ခင်ဗျားက အသက်ဓာတ်စွမ်းအင်တွေကို အများကြီး စုပ်ယူနိုင်လောက်တဲ့အထိ အင်အားကြီးပေမယ့် ခင်ဗျားမျက်နှာက အသက်ဝင်မှုမရှိတော့ဘူး၊ ခင်ဗျားမျက်နှာက လူသေကောင်တစ်ယောက်လိုပဲ . . ."
"ဒါတင်မကသေးဘူး တိုက်ခိုက်တဲ့အချိန် ခင်ဗျားရဲ့မျက်လုံးတွေက စူးရှသလို ထင်ရပေမယ့် တကယ်တမ်း ကျ အသက်မဲ့သလို ဖြစ်နေတယ်၊ ဒါကဘာအဓိပ္ပာယ်လဲ၊ အဲဒီအတွက်အဖြေကို ကျုပ်ပြောနေစရာတောင် မလိုဘူး ဟုတ်တယ်မလား ခင်ဗျားဘာသာ ခင်ဗျားအသိဆုံးပါ . . ."
ရဲရှောင်မှ ပန်းဘုရင်အားကြည့်ကာ ပြောလိုက်သည်။
"ခင်ဗျားက နာမည်ကျော် ပန်းဘုရင်တစ်ယောက်၊ အဲဒါတောင် ဒီမှာနေပြီး သေမှာကို စောင့်နေတယ်၊ ဒါကြီး က ထူးဆန်းတဲ့ကိစ္စတစ်ခုပဲ ဒါပေမယ့် ခင်ဗျားကို ကျုပ်ကြည့်ရသလောက် ခင်ဗျားရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ဘာမှထူးခြားတယ်လို့ မတွေ့ရဘူး၊ ဒါကလည်း ထူးဆန်းနေတယ် . . ."
"ကျုပ်ထင်တာတော့ ခင်ဗျား ပန်းပင်တွေကို ထိန်းချုပ်တဲ့အချိန် တခြားထူးဆန်းတဲ့ ပန်းပင်မျိုးစိတ်တွေက ခင်ဗျားအပေါ် သက်ရောက်မှုတစ်ခုခု ဖြစ်တဲ့ပုံပဲ၊ အဲဒါကြောင့်ပဲ ခင်ဗျားရဲ့ မူလအသက်ဓာတ် စွမ်းအင်တွေ ဆုံးရှုံး ကုန်ရတာ . . ."
"ဒီနေရာမှာ ခင်ဗျား မတ်တပ်ရပ်နေနိုင်တယ်ဆိုတာ ပန်းပင်တွေရဲ့ အသက်ဓာတ်စွမ်းအင်တွေကို သုံးနေလို့ ပဲ၊ အဲဒီလို သုံးမှလည်း ခင်ဗျားက အသက်ရှင်နိုင်မှာလေ၊ ခင်ဗျားက ပန်းဘုရင်တစ်ယောက်ပဲ မဟုတ်လား . . ."
"ပန်းဘုရင်ပီပီ ဒီနေရာက ပန်းတွေရဲ့ အထောက်အပံ့နဲ့ အသက်ရှင်နိုင်တယ် ဒါပေမယ့် ခင်ဗျား ဒီနေရာမှာပဲ နေမှရမှာ ဒီနေရာကနေ ယောင်လို့တောင် ခွာသွားလို့ မရဘူး . . ."
ရဲရှောင်မှ အတပ်သိဟန်ဖြင့် ပြောလိုက်၏။
ပန်းဘုရင်မှာမူ ရဲရှောင်၏စကားများကို နားထောင်ရင်းဖြင့် တုန်လှုပ်အံ့ဩလျက်ရှိနေသည်။ ထို့ကြောင့် ရဲရှောင်အား ပါးစပ်အဟောင်းသားဖြင့်ပင် ကြည့်နေမိ၏။
ရဲရှောင်မှ ဆက်လက်၍ -
"ခင်ဗျားက နာမည်ကျော် ပန်းဘုရင်ကြီးတစ်ယောက် . . . ကမ္ဘာပေါ်မှာရှိတဲ့ အစွမ်းထက်ဆုံး ပညာရှင်တွေ ထဲက တစ်ယောက်ပေါ့၊ ပန်းတွေဆိုတာကလည်း သာမန်ထက်ကို ထူးကဲလွန်းတယ် အဲဒီတော့ ခင်ဗျားကို တန်ပြန် သက်ရောက်စေခဲ့တဲ့ ပန်းက သာမန်တော့ မဟုတ်လောက်ဘူး၊ ကြည့်ရတာ ကောင်းကင်နဲ့ မြေကြီးက စွမ်းအင်တွေ ကို နှစ်ပေါင်းများစွာ စုပ်ယူခဲ့တဲ့ ပန်းပဲဖြစ်ရမယ် . . ."
"ဒါပေမယ့် ခင်ဗျားက အင်အားကြီးတယ်ဆိုတော့ ခင်ဗျားကို ဒီလောက်ထိ ထိခိုက်အောင်လုပ်နိုင်မယ်လို့ မထင်ဘူး . . ."
ရဲရှောင်က ခိုင်မာပြတ်သားစွာဖြင့် ပြောလိုက်၏။
"ခင်ဗျားရဲ့ လက်ရှိအခြေအနေတွေအရ ပြောရမယ်ဆိုရင် အဲဒီပန်းက ကမ္ဘာဦးဆေးပင်လေးပင်လိုမျိုး အစွမ်း ထက်တဲ့ ပန်းပဲဖြစ်ရမယ် ဒါမှမဟုတ် ဒီဆေးပင်တွေထဲက တစ်ခုများလား . . ."
ပန်းဘုရင်မှာမူ တုန်လှုပ်ပြီးရင် တုန်လှုပ်လျက်ရှိနေ၏။
ရဲရှောင်လည်း ခဏတာမျှ နားလိုက်ရင်း ပန်းဘုရင်၏ မျက်နှာအား အကဲခတ်လိုက်သည်။ ထိုအခါ ပန်း ဘုရင်၏ မျက်နှာမှာ ထူးခြားသော အရိပ်အယောင်များကို မြင်တွေ့လိုက်ရ၍ သူ၏အထင် မှန်ကန်နေကြောင်း သိ လိုက်ရ၏။
ထိုအချိန် ငှက်လေးမှာလည်း ဟင်းလင်းပြင်ကြီးထဲမှနေ၍ ရဲရှောင်အား ပြောပြပေးလျက်ရှိနေသည်။
ထို့ကြောင့် ရဲရှောင်မှ ယုံကြည်မှုရှိစွာဖြင့် -
"ကြည့်ရတာ ကျုပ်မှန်နေပြီ မဟုတ်လား၊ ဆေးပင်ကြီး လေးပင်ထဲက တစ်ပင်ပါပဲလား . . ."
"ထူးထူးခြားခြား စဉ်းစားကြည့်ရအောင် အမှောင်ဆေးပင်များလား ဒါမှမဟုတ် သုံးပေအမြင့်ရှိတဲ့ အနီရောင် ဆေးပင်လား၊ ရောင်စုံဗူးသီးခြောက် အဲဒါမှမဟုတ်ရင် ဟင်းလင်းပြင်ကြံ . . ."
"ဒါပေမယ့် ခင်ဗျားက ပန်းဘုရင်ဆိုတော့ ရောင်စုံဗူးသီးခြောက်နဲ့ ဟင်းလင်းပြင်ကြံကိုတော့ စိတ်ဝင်စားမှာ မဟုတ်ဘူး ဘာလို့လဲဆိုတော့ အဲဒါတွေက ပန်းတွေ မဟုတ်ဘူးလေ၊ ခင်ဗျားလို ပန်းဘုရင်နဲ့ ဒါတွေက ဘယ်ကိုက် ညီပါ့မလဲ . . ."
"ကျုပ်အထင်ပြောရမယ်ဆိုရင် ခင်ဗျား သုံးပေအမြင့်ရှိတဲ့ အနီရောင်ပန်းကို တွေ့ခဲ့တဲ့ပုံပဲ . . ."
ပန်းဘုရင်မှာ အသက်ပြင်းပြင်းသာရှူလျက်ရှိ၏။ မည်သည့်စကားမှတော့ မပြောချေ။
ထိုအချိန် ရဲရှောင်မှာမူ ဟင်းလင်းပြင်ကြီး၏ အကူအညီဖြင့် စွမ်းအင်များကို ပြန်လည်စုဆောင်းလျက်ရှိနေ သည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်မှ ဒဏ်ရာများမှာလည်း လျင်မြန်စွာပင် သက်သာသွားလေသည်။
ယခုကဲ့သို့သော အခြေအနေတွင် ပန်းဘုရင်မှ တိုက်ခိုက်လာပါက သူ့အဖို့ အနည်းဆုံးမူ ထွက်ပြေးခွင့်ရရှိနိုင် ပေလိမ့်မည်။ သို့သော် မမျှော်လင့်စွာပင် လက်ရှိအချိန်၌ ပန်းဘုရင်၏ ပုံစံက အင်အားချည့်နဲ့သလိုပင် ဖြစ်နေလေ သည်။
ထို့ပြင် သူ၏သတ်ဖြတ်လိုသော အငွေ့အသက်များမှာလည်း ပျောက်ကွယ်သွားခဲ့ချေပြီ။ ထိုအစား မလှုပ် မယှက်ဖြင့် ကျောက်ရုပ်ကြီးတစ်ရုပ်အလားသာ ရပ်နေ၏။
ထိုအချိန် တောင်တန်းများပေါ်ရှိ ပန်းများမှာလည်း ရုတ်တရက် ညှိုးခြောက်သွားပြီး သေဆုံးကုန်လေသည်။ ရဲရှောင် ပြောသည့်စကားများက ပန်းဘုရင်၏ ရင်အစုံအား တည့်တည့်ထိမှန်သွားသည် မဟုတ်ပါလား။
ထို့ကြောင့် ထိုမြင်ကွင်းကိုကြည့်ရင်း ရဲရှောင်စိတ်ထဲ အနည်းငယ်ပင် သနားစိတ်ဝင်သွားမိ၏။
"သုံးပေအမြင့်ရှိတဲ့ အနီရောင်ပန်းက ကမ္ဘာကြီးဆေးပင်လေးပင်ထဲက တစ်ခုပဲ၊ ဒါပေမယ့် သူ့နာမည်မှာက အနီရောင်ပါပေမယ့် အနီရောင်တော့ မဟုတ်ဘူး ပြီးတော့ သူ့ပုံစံက သစ်ပင်တစ်ပင်လို ပုံစံမျိုး မဟုတ်သလို မြက်ပင် တစ်ပင်လို ပုံစံမျိုးလည်း မဟုတ်ဘူး . . ."
"တကယ်တော့ ပန်းတစ်ပွင့်တောင် မဟုတ်ဘူး ရောင်စုံကမ္ဘာကြီးတစ်ခုပဲ၊ ခင်ဗျားရဲ့ ထူးခြားတဲ့ နည်းစနစ် တွေနဲ့ ဒါကိုထိန်းချုပ်ဖို့ ကြိုးစားတဲ့အချိန် ခင်ဗျား အမှားလုပ်မိခဲ့တယ်၊ ဒါကခင်ဗျား လိုသလို ထိန်းကျောင်းလို့ရမယ့် ပန်းမျိုး မဟုတ်ဘူးလေ၊ အဲဒါကြောင့် ခင်ဗျား ထိခိုက်သွားရတာက ကျိုးကြောင်းဆီလျော်ပါတယ် . . ."
"သုံးပေအမြင့်ရှိတဲ့ အနီရောင်ပန်းကြောင့်ရတဲ့ ဒဏ်ရာက ထူးဆန်းတယ်၊ ခင်ဗျား အသက်ရှင်နေတာတောင် တော်တော်ကံကောင်းတယ် ပြောရမယ်၊ အဲဒါမှမဟုတ်လည်း ဒီပန်းကိုယ်တိုင်က ခင်ဗျားကို တကယ်သေစေလိုတဲ့ ရည်ရွယ်ချက်မရှိတာမျိုးလည်း ဖြစ်နိုင်တယ် . . ."
"တစ်စုံတစ်ယောက်က ဒီလိုသဘာဝတရားကနေ ဖြစ်ပေါ်လာတဲ့ပန်းကို စိန်ခေါ်တယ်ဆိုတာ ကောင်းကင် တာအိုကို ဆန့်ကျင်နေတာပဲ ဒါပေမယ့် သိုင်းလောကမှာ မျှော်လင့်ချက်ဆိုတာတော့ ရှိစမြဲပဲလေ၊ ခင်ဗျားက ပန်း တွေနဲ့ ယှဉ်တွဲပြီး ဒီနေရာမှာ အသက်ရှင်လျက်နေနိုင်တယ် ဒါကလည်း ကောင်းကင်တာအိုကြောင့်ပဲ . . ."
"ခင်ဗျားမှာ မျှော်လင့်ချက်လေး နည်းနည်းတော့ရှိတယ် အဲဒါကို ခင်ဗျား အသုံးချနိုင်တယ် ဒါပေမယ့် ခင်ဗျား ကိုယ်ခင်ဗျား အချိန်မနှောင်းခင် မကယ်တင်နိုင်ဘူးဆိုရင် နောက်ဆုံးမှာ ခင်ဗျား သေရလိမ့်မယ် . . ."
ရဲရှောင်မှ ခေတ္တမျှ နားလိုက်၏။ ထို့နောက်မှ ဆက်လက်၍ -
"သေခြင်းနဲ့ရှင်ခြင်းခန်းမက ကျုပ်ရဲ့ ထူးခြားတဲ့ကုသမှုတွေကို ခင်ဗျား ကြားဖူးလောက်မယ်လို့ ထင်ပါတယ်၊ ခင်ဗျား အသက်ရှင်ဖို့အတွက် ကျုပ်နည်းလမ်းတွေကို ကူညီပြီး ရှာပေးနိုင်တယ် ဒါပေမယ့် ဒါကခင်ဗျား ရွေးချယ်မှု လုပ်ရမယ့်အရာပဲ . . ."
ပန်းဘုရင်မှ အံ့ဩသွားဟန်ဖြင့် -
"ဘာရွေးချယ်မှုလဲ . . ."
သိုသော် ထိုသို့ပြောပြီးမှ အမှားလုပ်မိလိုက်ပြီဖြစ်ကြောင်း ပန်းဘုရင်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတိပြု မိသွားသည်။ သူ့အဖို့ လွတ်လပ်ချင်နေပြီဖြစ်သောကြောင့် စကားလုံးများကို နှစ်ခါမစဉ်းစားဘဲ ပြောလိုက်မိသည် မဟုတ်ပါလား။
(ဒီလူငယ်လေး . . . သူ့မှာငါ့ကို ကူညီနိုင်မယ့် အစွမ်းအစမျိုး ဘယ်လိုရှိနိုင်မှာလဲ . . .)
စင်စစ် ပန်းဘုရင်က ရဲရှောင်ကို သိနေရခြင်းမှာ ကောင်းကင်ထက်ကလူဆိုသည့် ဂုဏ်ဒြပ်ကြောင့်မဟုတ်ဘဲ သေခြင်းနှင့်ရှင်ခြင်းခန်းမ၏ ပဲ့ကိုင်ရှင် အံ့ဖွယ်သမားတော်ဆိုသည့် ဂုဏ်ပုဒ်ကြောင့်သာ သိနေခြင်းဖြစ်သည်။ အဆိုပါ ဂုဏ်ပုဒ်က ကမ္ဘာကြီးတစ်ခုလုံးအတွက် အံ့ဩဖွယ်ရာပင် မဟုတ်ပါလား။
သေခြင်းနှင့်ရှင်ခြင်းခန်းမ စတင်ခဲ့ကတည်းက ရဲရှောင်မှ လူများစွာကို သေရာမှ ပြန်ရှင်နိုင်အောင် ကုသပေး နိုင်ခဲ့သည်။ ထိုအချက်ကပင် ကမ္ဘာတစ်ခုလုံးအား တုန်လှုပ်စေနိုင်သည့် အချက်ပင်ဖြစ်၏။
"ငါ့အခြေအနေနဲ့ ပတ်သက်ပြီး မင်းပြောတာ မှန်ကောင်းမှန်မှာပေါ့၊ အကြောင်းအကျိုးလည်း ခိုင်လုံချင်ရင် ခိုင်လုံမှာပေါ့လေ ဒါပေမယ့် မင်းက လူတွေပြောတဲ့ အံ့ဖွယ်သမားတော်ဖြစ်တော့ရော ဘာဖြစ်လို့လဲ . . ."
"မင်းကိုယ်မင်းလည်း ကြည့်ပါဦး သိပ်ကိုအားနည်းလွန်းတယ်၊ မင်းလို အားနည်းတဲ့လူက ငါ့ကို ဘယ်လိုများ ရွေးချယ်မှုလုပ်ပေးနိုင်မှာလဲ . . ."
ပန်းဘုရင်မှ ရဲရှောင်အားကြည့်ရင်း အေးစက်စက်ပင် ပြောလိုက်သည်။
"မင်းက ငါ့အတွက်တော့ ပုရွက်ဆိတ်တစ်ကောင်လောက်ကို အားနည်းတယ်၊ ငါလက်ပြန်တစ်ချက်လောက် ရိုက်လိုက်တာနဲ့ မင်းကိုသတ်နိုင်ရုံတင်မကဘူး မင်းရဲ့ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်နိုင်တယ်၊ ငါ့ကို အရူးလုပ်လို့ရနိုင်မယ် များထင်နေတာလား မင်းက ငါ့ကိုလာပြီး အချိန်ဆွဲနေတာပဲ . . ."
"မင်းက ငါ့ကို အဲဒီလိုအချိန်ဆွဲပြီး မင်းရဲ့ဒဏ်ရာတွေကို ကုသနိုင်အောင် ကြိုးစားနေတာမလား၊ မင်းငါ့လက် ကနေ တစ်ကြိမ်တစ်ခါ လွတ်မြောက်ကောင်း လွတ်မြောက်သွားနိုင်ပေမယ့် အမြဲတမ်းတော့ ကံကောင်းနေနိုင်မှာ မဟုတ်ဘူးလေ၊ မင်းက ငါ့ကို တကယ်ပဲ ကူညီနိုင်မယ်လို့ ထင်နေတာလား . . ."
ပန်းဘုရင်မှ ရဲရှောင်အား စူးရှသော မျက်လုံးများဖြင့်ကြည့်ကာ ပြောလိုက်ပါတော့သည်။
YOU ARE READING