အခန်း (၁၁၃၉)(စာစဉ် ၈၂- အပိုင်း ၅)
"ရဲနန်ရှန်၏ ဒုက္ခ"
မိန်းကလေးနှစ်ဦးမှာ ကောင်းကင်ထက်၌ ပျော်ပါး နေကြသဖြင့် သတိလက်လွတ်ဖြင့် ရှိနေကြသည်။
ထို့ကြောင့် အင်အားကြီးသော လူတစ်ဦး ချဉ်းကပ် လာသည်ကို သတိမပြုမိခဲ့ကြခြင်း ဖြစ်သည်။
ထိုစဉ် ရဲရှောင်မှာမူ လျပ်စီးအလား လျင်မြန်စွာပင် တံခါးဝသို့ ပြေးထွက်သွား၏။
သစ်ရွက်လှုပ်တိုင်း ရယ်တတ်သည့် အရွယ်မဟုတ် တော့သော်လည်း နှလုံးသားမြစ်အတွင်းမှ စီးဆင်းလာ သည့် ရင်ခုန်သံစည်းချက်များကို သူ့အဖို့ မထိန်းချုပ် နိုင်အောင်ပင် ဖြစ်နေရသည်။
ကျွင့်ယင်းလျန်မှာမူ ရဲအိမ်တော်၏ တံခါးဝ၌ ငြိမ် သက်စွာပင် ရပ်နေလျက် ရှိသည်။
သူမ၏ အလှက အထက်တန်းစားဆန်၍ ကြာပန်း တစ်ပွင့်အလား တင့်တယ်ကာ သန့်ရှင်းစင်ကြယ်လွန်း သည်။
ထိုမျှ လှပလွန်းသော အမျိုးသမီး ရဲအိမ်တော်သို့ ဆိုက်ရောက်လာ၍ ရဲမြို့တော်ကြီး တစ်ခုလုံး တဖန် တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။
ယခုရက်ပိုင်းအတွင်း ထူးဆန်းဖွယ်ရာကိစ္စများမှာ တစ်ခုပြီးတစ်ခု ဖြစ်ခဲ့၍ အားလုံးမှာ အံ့ဩမှင်သက်ခဲ့ ကြရသည် မဟုတ်ပါလား။
ပထမဦးစွာ မျိုးနွယ်စု၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသည့် လူက ပြန်ရောက်လာပြီး မျိုးနွယ်စုခေါင်းဆောင်နေရာ ကို အရယူနိုင်ခဲ့သည်။
ထို့နောက် ထိုလူ၏သားဖြစ်သူ ရဲရှောင်မှာ မျိုးနွယ် စုအတွင်းရှိ ပြိုင်ဘက်များ အားလုံးကို တစ်ယောက် မကျန် ရှင်းလင်း သုတ်သင်ခဲ့သည်။
ထိုအချိန် ချင်းဟွာနန်းတော် ရောက်လာပြီး ရဲမျိုး နွယ်ကို ခြိမ်းခြောက်ချိန် တိမ်မြူခိုးနန်းတော်နှင့် ရေခဲ လနန်းတော်တို့ ပေါ်လာပြီး ရဲမျိုးနွယ်ဘက်မှ ရပ်တည် ကူညီပေးခဲ့ကြသည်။
ထို့ကြောင့် ချင်းဟွာနန်းတော်၏ နတ်သမီးလည်း ကုန်းကောက်စရာမရှိအောင် သိက္ခာကျဆင်းကာ ပြန် ထွက်ခွာသွားခဲ့ရသည်။
YOU ARE READING