အခန်း (၁၆၂၁)(စာစဉ် ၁၂၇- အပိုင်း ၁၃)
“နောက်တွင် တစ်စုံတစ်ယောက်ရှိနေခြင်း”
ရဲရှောင်မှ တည်ငြိမ်သော အသံဖြင့် -
“ကျုပ်တို့တွေ အခုတော်တော်များများ စကားပြောပြီးသွားပြီ ခင်ဗျားအခု ဘယ်လိုခံစားရလဲ၊ ကျုပ်ခင်ဗျား ကို အနားပေးသင့်နေပြီထင်တယ် . . .”
“အခုလောလောဆယ်တော့ အိပ်ရာထဲမှာပဲနေဦး မြေကြီးပေါ်ခြေမချနဲ့ဦး ဘာလို့လဲသိလား ခင်ဗျား မြေကြီး ပေါ်ကို ခြေချလိုက်တာနဲ့ ကောင်းကင်ကိုးခုရွှေချီဓာတ်တွေက ခင်ဗျားအပေါ် သက်ရောက်လာမှာမလို့ပဲ၊ တကယ်လို့ ကျုပ်ပြောသလို မလုပ်ရင်တော့ ဖြစ်လာသမျှကိစ္စ ကျုပ်လည်း တာဝန်ယူနိုင်မှာ မဟုတ်ဘူး . . .”
ထို့နောက် ရဲရှောင်လည်း အဘိုးကြီး မည်သည့်စကားမှ ပြန်မပြောနိုင်ခင်မှာပင် အခန်းထဲမှ ထွက်ခွာသွား တော့၏။
နဂိုက အဘိုးကြီးမှာ အိပ်ရာထဲမှထရန်ပင် ဟန်ပြင်နေပြီဖြစ်သည်။ သို့သော် ရဲရှောင်၏ သတိပေးစကား ကြောင့် အဘိုးကြီးမှာ ဆက်ပင် မလှုပ်ရှားဝံ့တော့ဘဲ ရပ်တန့်လိုက်ရ၏။
(ဒီကောင်လေးက ကောင်းကင်ကိုးခုရွှေချီဓာတ်အကြောင်း ကောင်းကောင်းသိတာပဲ . . .)
(ဒီချီဓာတ်က မြေကြီးနဲ့ထိလိုက်ရင် သက်ရောက်မှုဖြစ်လာမယ်ဆိုတာ သူက ဘယ်လိုလုပ်သိတာလဲ . . .)
(အင်း . . . သူထင်တာမှန်မယ်ထင်တယ်၊ ဒြပ်စင် ၅ ခုစနစ်ထဲမှာ သတ္တုဆိုတာက မြေကြီးထဲကလာတယ်၊ ရွှေရောင်ချီဓာတ်တွေကလည်း မြေကြီးထဲကနေ ဖြည်းဖြည်းချင်းထွက်ကြတယ် . . .)
(ငါဒီကိုမရောက်ခင်က ကောင်းကင်နဲ့မြေကြီးကြားထဲမှာရှိတဲ့ စိတ်စွမ်းအင်ချီဓာတ်တွေကို စုပ်ယူနိုင်ဖို့ကြိုး စားခဲ့တယ် ဒါပေမယ့် ငါပိုပြီးတော့ ခံစားလို့မကောင်းလာခဲ့ဘူး၊ အခုတော့ အဲဒီလိုဖြစ်ခဲ့တဲ့ အကြောင်းအရင်းကိုသိခဲ့ ရပြီ . . .)
(ငါ့ခန္ဓာကိုယ်ထဲက စိတ်စွမ်းအင်ချီဓာတ်တွေကို အရင်စွန့်ထုတ်ပြီးမှ ကောင်းကင်ကိုးခုရွှေချီဓာတ်တွေကို လောင်ကျွမ်းစေခဲ့သင့်တာ၊ ကောင်းကင်ကိုးခုရွှေချီဓာတ်တွေက ဖယ်ထုတ်ရတာ အရမ်းကို ခက်ခဲတာ၊ ဒါတောင် ဒီကောင်လေးက ဒီလျှို့ဝှက်ချက်ကို သိနေတယ် တော်တော်ကို အထင်ကြီးစရာကောင်းသွားပြီ . . .)
အဘိုးကြီးလည်း အိပ်ရာပေါ် ပြန်ထိုင်လိုက်ပြီးနောက် အတွေးနယ်ချဲ့နေမိ၏။
(ဒီကောင်လေးက အတွေ့အကြုံကြွယ်ဝတယ်၊ ဗဟုသုတကြွယ်ဝတယ်၊ ဆေးပညာရပ်မှာလည်း ကျွမ်းကျင် တယ် ပြီးတော့ သူ့ရဲ့ ရှုထောင့်အမြင်တွေကလည်း အထင်ကြီးစရာပဲ၊ ငါ့စကားကို ငါတည်အောင်လုပ်နိုင်မယ်ဆိုရင် တော့ ကံကောင်းတာပါပဲ၊ တကယ်လို့ ငါတည်အောင်မလုပ်နိုင်ဘူးဆိုရင်တော့ ကံဆိုးမှာပေါ့ . . .)
(သူ့ပုံစံကကြည့်ရတာ လောင်းကြေးထပ်ထားသလိုပဲ ဒါပေမယ့် ငါ့ဘက်က ဆန့်ကျင်လိုက်မယ်ဆိုရင်လည်း သူက သူ့ရဲ့ကံတရားပဲဆိုပြီး လက်ခံမှာပဲ၊ တကယ်လို့ ငါ့ကတိငါတည်လိုက်မယ်ဆိုရင် သူက သူ့ကုသမှုသူ လုပ်ပေး မှာပဲ . . .)
. . .
ရဲရှောင် အပြင်ဘက်သို့ရောက်ချိန် လက်ကိုဝေ့ယမ်းလိုက်ပြီးနောက် ဒူချင်းကွမ်အား လှမ်းခေါ်လိုက်သည်။ ထို့နောက် လေသံတီးတိုးဖြင့် -
“ချင်းကွမ် . . . အဘိုးကြီးကို သေချာကြည့်ထား . . .”
“သူ့ခြေထောက်ကို မြေကြီးပေါ် မချစေနဲ့၊ နေရောင်လည်း မထိစေနဲ့၊ ပြတင်းပေါက်တွေ အကုန်ပိတ်ထား၊ သူ့ကို သေချာလေး ဂရုစိုက်ပါ ပြီးတော့ ခင်ဗျားသူ့ကို ဒေါသထွက်အောင် သွားသွားမလုပ်စမ်းပါနဲ့ သူက အသက် အရွယ်ကြီးနေတဲ့ အဘိုးကြီးတစ်ယောက် အဲဒါကိုသတိထား . . .”
ဒူချင်းကွမ်လည်း ခေါင်းညိတ်လိုက်ပြီးနောက် -
“ဧကရာဇ် . . . ဒီအဘိုးကြီးက တကယ့်ကို မာန်မာနကြီးလွန်းတယ် . . .”
“ကျုပ်တို့ သေခြင်းနဲ့ရှင်ခြင်းခန်းမက တည်ထောင်ပြီးကတည်းက လူတွေအများကြီးကို ကယ်တင်ခဲ့တယ်၊ ဒါပေမယ့် ဒီလိုမျိုး ကြောက်စရာကောင်းတဲ့လူကို မတွေ့ခဲ့ဖူးဘူး . . .”
“အခုလည်းကြည့်လေ . . . ကျုပ်တို့ကို မတရားဆက်ဆံနေတာမျိုးရှိလို့လား၊ သူကတောင် ကျုပ်တို့အပေါ် မှာ အကြွေးတင်နေတာလေ . . .”
ရဲရှောင်က လေးနက်သော အသံဖြင့် -
“လူတစ်ယောက်ကို ကူညီမယ်ဆိုရင် အဆုံးစွန်ထိသာ ကူညီပေးလိုက်ပါ၊ အခုလည်း သူ့ကို ကျုပ်တို့ ကုသမှု ပေးမယ် ဆုံးဖြတ်လိုက်ပြီးကတည်းက သူအသက်ရှင်အောင်ကို ကျုပ်တို့လုပ်ပေးမှရမယ် . . .”
“သူက လူကောင်းဖြစ်ဖြစ် လူဆိုးဖြစ်ဖြစ် ကျုပ်တို့ဂရုစိုက်နေစရာမလိုဘူး၊ သူ့ကို ဂရုစိုက်ပဲ စိုက်ပေးလိုက်ပါ၊ ကျုပ်တို့တွေ သူ့ဆီကနေ ဘာမှမလိုအပ်ဘူး၊ ခင်ဗျား အများကြီး စဉ်းစားမနေပါနဲ့၊ သူပြန်ကောင်းတဲ့အချိန်ကျရင် သူထွက်သွားမှာပေါ့၊ ဘာမှအရေးမကြီးပါဘူး ကျုပ်ပြောတာ နားလည်တယ်မလား . . .”
ဒူချင်းကွမ်မှ ရိုကျိုးဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ရင်း -
“ကျုပ်သိပါပြီ ဧကရာဇ် . . .”
သို့သော် နှုတ်မှ ထိုသို့ပြောလိုက်သည့်တိုင် စိတ်ထဲ၌မူ ဒူချင်းကွမ်တစ်ယောက် နားမလည်နိုင်အောင် ဖြစ်နေ မိလေသည်။
(ငါတို့ ဧကရာဇ်က ဘယ်တုန်းက ဒီလောက်ထိ သဘောကောင်းတဲ့လူ ဖြစ်သွားရတာလဲ . . .)
(သူက လူတိုင်းအပေါ် ဆက်ဆံပြီဆိုရင် အမြဲတမ်း အိန္ဒြေတစ်ခွဲသားနဲ့ ဆက်ဆံတတ်တာလေ ဒါပေမယ့် ဘာလို့ အခုကျ အရမ်းကို စိတ်ရှည်တဲ့ပုံပေါက်နေရတာလဲ၊ သူက ခါတိုင်းဆို အဲဒီလောက်ထိ စိတ်ဓာတ်ပျော့ညံ့တဲ့ လူမျိုး မဟုတ်ပါဘူး . . .)
(ဒါကြီးက ထူးဆန်းလိုက်တာ . . .)
. . .
အဘိုးကြီးမှာ အိပ်ရာထက်တွင် လဲလျောင်းနေရင်းဖြင့် -
“အပြင်ဘက်က ပြောနေတဲ့ အသံတွေကို ငါမကြားနိုင်ဘူးများ ထင်နေလို့လား . . .”
“တော်တော်ကို စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးပဲ အဟမ့် . . .”
အဘိုးကြီးတစ်ကိုယ်တည်း ခပ်တိုးတိုးရေရွတ်လိုက်၏။
. . .
ရဲရှောင် သူ့အခန်းထဲသို့ ပြန်သွားပြီးနောက် တံခါးအား ပိတ်လိုက်၏။
(ကျုပ်ပြောတာ မကြားရင် ခင်ဗျား ဘယ်စိတ်ဝင်စားစရာကောင်းပါတော့မလဲ . . .)
ရဲရှောင်အဖို့ အဘိုးကြီးနှင့် စကားပြောဆိုပြီးနောက် နေသာထိုင်သာရှိသွား၏။ ထို့ကြောင့် လက်ရှိအချိန်တွင် သူ့အနေဖြင့် အရေးကြီးကိစ္စများကို လုပ်ရပေတော့မည်။
ဆရာရှောင်အား မေးခွန်းထုတ်ရသည်မှာလည်း အရေးကြီးသည့်ကိစ္စများပင် မဟုတ်ပါလား။
ဆရာရှောင်မှာမူ ရဲရှောင်အား ထိတ်လန့်နေပြီဖြစ်၍ မည်သည့်မေးခွန်းမေးမေး အမှန်အတိုင်း မကွယ်မဝှက် ဖြေဆိုလျက်ရှိနေ၏။ မည်မျှထိဆိုလျှင် တစ်ချို့အဖြေမှာ ရှည်လျားလွန်းလှ၍ ရဲရှောင်ပင် စိတ်အနှောက်အယှက်ဖြစ် နေရလေသည်။
သို့သော် ယခုအခါတွင် စုယဲ့ယွဲ့အကြောင်း သူပိုမိုသိလိုက်ရချေပြီ။
အရှေ့ကောင်းကင်၏ ဘုရင်နှင့်ဘုရင်မမှ စုယဲ့ယွဲ့အား လွန်စွာ ချစ်ခင်သည့်အကြောင်း။
ဘုရင်မ၏ အထောက်အပံ့ကြောင့် ယဲ့ယွဲ့၏ အရှိန်ဩဇာက လွန်စွာ ကြီးမားနေပြီဖြစ်သည့်အကြောင်း။
ထို့ပြင် သူ၏ဂုဏ်ပုဒ်မှာ နတ်သမီးယဲ့ယွဲ့ဖြစ်နေပြီး အရှေ့ကောင်းကင်တစ်ခွင်လုံးရှိ လူတိုင်း သူမအား သိကြ ကြောင်း။ လက်ရှိအချိန်တွင် ယဲ့ယွဲ့မှာ အလွန်အရေးပါသည့် လူဖြစ်နေပြီဖြစ်ကြောင်းသိရှိခွင့်ရခဲ့ခြင်းဖြစ်သည်။
ထိုမျှမက ကျင့်ကြံမှုအဆင့်မှာလည်း လွန်စွာ မြင့်မားနေပြီး မူလသူတော်စင်အဆင့်ငါးအထိပင် ရှိနေပြီဖြစ် ကြောင်း၊ ဘုရင်မ၏ ချစ်ခင်မှုအား အပြည့်အဝရရှိထားပြီး ဘုရင်မက သူမအနား ယဲ့ယွဲ့ ခဏလေး မရှိလျှင်ပင် အခေါ်လွှတ်တတ်ကြောင်းကိုလည်း သိရှိခွင့်ရခဲ့လေသည်။
စင်စစ် စုယဲ့ယွဲ့မှာ ဘုရင်နှင့်ဘုရင်မ၏ တကယ့်သမီးအရင်းပမာ ချစ်ခင်ခံနေရခြင်းဖြစ်သည်။ ထို့ကြောင့် အရှေ့ကောင်းကင်ရှိ မင်းသားမင်းသမီးများအားလုံးမှာ ယဲ့ယွဲ့အပေါ် မနာလိုဒေါသထွက်နေကြလေသည်။
ရဲရှောင်မှာမူ သူ၏မိန်းကလေး ယခုကမ္ဘာတွင် အဆင်ပြေပြေရှိနေသည်ကို ကြားလိုက်ရ၍ စိတ်အေး လက်အေး ဖြစ်သွားမိ၏။ သို့သော် ဆရာရှောင်၏ ပြောစကားများအရ စုယဲ့ယွဲ့က ထိုသို့ကောင်းကောင်းမွန်မွန်နေနေ ရသည့်တိုင် ပျော်ရွှင်ခြင်းအလျဉ်းမရှိကြောင်း ထပ်ဆောင်းသိလိုက်ရလေသည်။
ထိုမပျော်ရွှင်မှုကြားတွင် စုယဲ့ယွဲ့က ကျင့်ကြံမှုပိုင်းကိုသာ အာရုံစိုက်ပြီး ကျင့်ကြံခဲ့လေသည်။ သူမအတွက် က ဘုရင်နှင့် ဘုရင်မသာလျှင် ခင်တွယ်အားကိုးရာရှိ၏။ ကျန်သောလူ မည်သူနှင့်မျှ သူမ ရင်းနှီးခြင်းမရှိပေ။
ထို့အတူ အခြားသော မင်းသားမင်းသမီးများမှာလည်း သူမနှင့် နီးနီးကပ်ကပ် မနေကြချေ။ ထို့ကြောင့် ယဲ့ယွဲ့ ၏ ဘဝက နန်းတော်ကြီးထဲတွင် မိတ်ဆွေအပေါင်းအသင်းများစွာ မရှိဘဲ ဖြစ်နေရလေသည်။
ရဲရှောင် ထိုအကြောင်းကိုကြားသိရချိန် စိတ်မကောင်း ဖြစ်မိသွား၏။ မော်တယ်ကမ္ဘာတွင် အပေါင်းအသင်း များခဲ့သော စုယဲ့ယွဲ့၏ဘဝက ယခုကမ္ဘာတွင် အပေါင်းအသင်းမရှိ အထီးကျန်နေရသည်မှာ သနားစဖွယ်ကောင်း လွန်းလှသည် မဟုတ်ပါလား။
ဆရာရှောင်အား ဒုတိယအကြိမ် မေးခွန်းများမေးပြီးနောက် ရဲရှောင် အတွေးနယ်ချဲ့နေမိပြန်သည်။
ထို့နောက် သေခြင်းနှင့်ရှင်ခြင်းခန်းမအတွင်း လှည့်လည်သွားလာပြီးနောက် ရုတ်တရက် ကောင်းကင်ထက် သို့ ပျံတက်လိုက်သည်။ သစ်ပင်ကြီးတစ်ပင်ထိပ်သို့ရောက်သို့သောအခါ ဆင်းသက်လိုက်ပြီး ယဲ့ယွဲ့အကြောင်း တွေး မိလိုက်သည်။
နောက်ဆုံးတွင်မူ သက်ပြင်းရှည်ကြီးကိုသာ ချလိုက်တော့၏။ လက်ရှိအချိန်တွင် သူ့အဖို့ အင်အားဆိုသည် က အဓိကကျနေသည် မဟုတ်ပါလား။
အကယ်၍ သူ့ထံ၌သာ လုံလောက်သော အင်အားမျိုးရှိနေပါက ရဲယန်ဒွမ်ကို ဂရုစိုက်နေစရာမလိုပေ။ ထို့ပြင် ရဲယန်ဒွမ်ကိုသာမက အခြားသော အင်အားစုများကိုလည်း ဂရုစိုက်နေစရာ မလိုအပ်ချေ။
ထိုသို့သော အနေအထားမျိုးရှိပါက စုယဲ့ယွဲ့၊ ရွှမ်ပိုင်နှင့် ကျွင့်ယင်းလျန်တို့ကို သူအဖို့ သေချာပေါက်ပင် လိုက် ရှာမိပေလိမ့်မည်။
ရဲရှောင် မည်သည့်အချိန်မှ အင်အားကြီးလာပါမည်နည်း။ သူချစ်ရသော လူများကို ကာကွယ်ပေးနိုင်မည့် အင်အားမျိုး မည်သည့်အချိန်မှ ရှိလာပါမည်နည်း။
ကောင်းကင်ဘုံအထက် လူသားနယ်ပယ်တွင် အဆင့်မြင့်ပညာရှင်များစွာ ရှိနေလေသည်။ ထို့ကြောင့် ယခု အချိန်တွင် အင်အားကြီးလူများကို ယှဉ်ပြိုင်နိုင်မည့်အနေအထားမျိုး ရဲရှောင်ထံ၌ မရှိသေးပေ။
ထိုအချိန်တွင် သူ့အနောက်ဘက်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
“ဘာတွေများ ဒီလောက်ထိ သက်ပြင်းချနေရတာလဲ . . .”
“မင်းက ငယ်ငယ်လေး ရှိသေးတာပဲ . . .”
ရဲရှောင်လည်း အံ့ဩတကြီးဖြင့် နောက်သို့ လှည့်ကြည့်လိုက်ချိန် ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ပိန်ပိန်ပါးပါး လူတစ်ဦးကို တွေ့လိုက်ရသည်။ ထိုလူ၏ မျက်လုံးများမှာ ကြယ်နှစ်စင်းကဲ့သို့ပင် တောက်ပလွန်းလှ၏။ မသိပါက မျက်လုံးများအတွင်း စကြာဝဠာကြီးတစ်ခုလုံး ရှိနေသလိုပါပင်။
ထိုမြင်ကွင်းကို ရဲရှောင် တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်နေသည့်တိုင် စိတ်ထဲ၌မူ တုန်လှုပ်နေမိလေသည်။ မူလသူတော်စင်အဆင့်သို့ ရောက်ပြီးကတည်းက သူ၏အာရုံခံနိုင်စွမ်းမှာ လွန်စွာမြင့်မားခဲ့ရသည့်တိုင် ယခုအခါတွင် သူ မည်သို့မှ သတိမထားမိခဲ့ချေ။
ထိုအဆင့်သို့ရောက်ပြီးကတည်းက သူအာရုံမခံနိုင်သည့် လူမရှိခဲ့ခြင်းဖြစ်သည်။ အနီရောင်ဖီးနစ်၊ ဆရာဂွမ် နှင့် ဘူရှန်းဖန်တို့ပင်လျှင် သူ့အနားသို့ တိတ်တဆိတ် ချဉ်းကပ်လာနိုင်ခဲ့ကြခြင်းမရှိချေ။
မည်မျှထိဆိုလျှင် ယွဲ့ယုယုပင် သူ့အာရုံခံနိုင်စွမ်အား မလွန်ဆန်နိုင်ခြင်းဖြစ်သည်။ သို့သော် ယခုအခါတွင်မူ မည်သည့်အာရုံခံမှုမှ သူ့ထံ၌ အချက်မပြခဲ့ပေ။
လူတစ်ယောက်လုံး သူ့အနောက်၌ တိတ်ဆိတ်စွာ ရှိနေသည့်တိုင် ရဲရှောင်အဖို့ သတိမထားခဲ့မိခြင်းဖြစ်ပါ တော့သည်။
YOU ARE READING