1721--------1730

51 2 0
                                    

အခန်း (၁၇၂၁)(စာစဉ် ၁၃၆- အပိုင်း ၁)
“ဒီဘဝ ဒီမျှနဲ့ ရှိစေတော့”
ရဲရှောင်မှ ‌ခေါင်းညိတ်လိုက်ရင်း -
“ကျုပ်သိပါပြီ . . . ကျုပ်လုပ်မယ်လို့ ကတိပေးပါတယ် . . .”
“ငါတို့ရဲ့ ကျင့်စဉ်ကြီးတွေက ဒီကျောက်စိမ်းပြားထဲမှာရှိတယ်၊ ငါတို့ ထွက်သွားတဲ့အချိန်ကျရင် မင်းဒါတွေကို ဖတ်နိုင်တယ်၊ စိတ်ကြိုက် အသုံးပြုနိုင်တယ် . . .”
“မင်းက ပိုအစွမ်းထက်တဲ့ကျင့်စဉ် ကျင့်ကြံနေတယ်ဆိုတာ ငါတို့သိပါတယ်၊ အဲဒါကြောင့်လည်း ငါတို့ရဲ့ ကျင့်စဉ်တွေကို မင်းတကယ်လိုချင်မှာ မဟုတ်ဘူး ဒါပေမယ့် ငါတို့ရဲ့ ကျင့်စဉ်တွေက တခြားကျင့်စဉ်တွေကို ပိုပြီး နားလည်စေဖို့ မင်းကိုအထောက်အပံ့ပေးနိုင်လိမ့်မယ် . . .”
“ပြီးတော့ ငါတို့မင်းဆီကနေ ကတိတစ်ခုထပ်လိုချင်သေးတယ် အဲဒါကတော့ တခြားမဟုတ်ပါဘူး ငါတို့ရဲ့ ကျင့်စဉ်တွေအားလုံးကို လူတစ်ယောက်တည်းဆီ မပေးပစ်ပါနဲ့ . . .”
ဂျိချင်းရှောင်မှ ရဲရှောင်အားကြည့်ကာ ကတိတောင်းလိုက်သည်။
“ဘာလို့လဲဆိုတော့ ဒီဟာတွေ အကုန်လုံးကိုသာရသွားရင် အဲဒီလူက အောင်မြင်မှုကို ရေရှည်ထိန်းထားနိုင် မှာ မဟုတ်ဘူး . . .”
ရဲရှောင် ခဏတာမျှ နှုတ်ဆိတ်နေပြီးနောက်မှ -
“ကျုပ်သိပါပြီ၊ လူတွေဆိုတာမှာ ကန့်သတ်ချက်ရှိတယ် အဲဒီတော့ တစ်ခုတည်းအပေါ်မှာပဲ အာရုံစိုက်တာ ပိုကောင်းပါတယ်၊ လူတိုင်းက နှစ်ခု ဒါမှမဟုတ် နှစ်ခုထက်ပိုတဲ့နယ်ပယ်တွေမှာ စွမ်းဆောင်နိုင်မယ် မထင်ဘူး . . .”
ထိုစကားကြောင့် စီချင်းချန်မှ အထင်ကြီးသွားဟန်ဖြင့် ထောက်ခံလိုက်သည်။
“ဟုတ်တာပေါ့ . . .”
“ဧကရာဇ်ရဲ . . . မင်းအပေါ် ငါအကြွေးတင်သွားခဲ့ပြီ၊ ငါတို့ ကြိုးစားခဲ့တာတွေကို အလဟဿ မဖြစ်စေချင် ဘူး၊ မင်းဘယ်လူကို ရွေးချယ်ပြီး ငါတို့ရဲ့ ကျင့်စဉ်တွေကို သင်ကြားပေးမလဲဆိုတာလည်း အရေးမကြီးဘူး ဒါပေမယ့် မင်းရဲ့ အကူအညီကို ငါတို့နောက်တစ်ခုလောက် ထပ်တောင်းရဦးမယ် အဲဒါက ငါတို့နှစ်ယောက်လုံး လိုချင်နေတဲ့ အရာပေါ့ . . .”
စီချင်းချန်မှ သက်ပြင်းရှည်ကြီးချရင်း ပြောလိုက်ပြန်သည်။
“အနှိုင်းမဲ့အဆင့်ရဲ့အထက်မှာ ဘာအဆင့်ရှိသေးလဲဆိုတာ ငါတို့သိချင်တယ်၊ ဒီကမ္ဘာကြီးရဲ့ ကန့်သတ်ချက် ကို ကျော်လွန်သွားတဲ့ အဆင့်ကိုရောက်နိုင်ဖို့ ငါတို့တစ်ဘဝလုံး ကြိုးစားခဲ့ကြရတယ် ဒါပေမယ့် နတ်ဘုရားအပြစ် ဒဏ် ငါတို့ဆီရောက်လာတဲ့အချိန်မှာတော့ ဒီအခွင့်အရေးကို ငါတို့လက်လွတ်ဆုံးရှုံးခဲ့ရတယ်လေ . . .”
“ငါတို့အတွက် ဒုတိယအခွင့်အရေးဆိုတာ မရနိုင်တော့ဘူး၊ ငါတို့က လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက အခြေအနေတွေကို မြင်နိုင်သလို နောက်နှစ်သန်းပေါင်းများစွာက အခြေအနေတွေကိုလည်း မြင်နိုင်ပေမယ့် ငါတို့ လိုချင်တဲ့ အဖြေကိုတော့ ဘယ်တော့မှ မမြင်နိုင်ခဲ့ကြဘူး . . .”
“အဲဒါကြောင့်ပဲ ငါတို့တွေ ဒီထက်ပိုမြင့်တဲ့ အဆင့်ကိုတက်နိုင်ဖို့ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ကြရ တယ်၊ အဲဒီအတွက် ငါတို့နောင်တရသလားဆိုရင် နောင်တတော့ မရပါဘူး ဒါပေမယ့် အဖြေက ဘာလဲဆိုတာကို တော့ သိချင်မိသေးတယ် . . .”
“အနာဂတ်ကိုမြင်နိုင်ဖို့ ငါတို့ရဲစွမ်းအင်တွေ အကုန်အစင် အသုံးပြုလိုက်တဲ့အချိန်မှာ ဒီကမ္ဘာကြီးရဲ့ ကံကြမ္မာ ကို ဆန့်ကျင်နိုင်တဲ့ ကောင်းကင်တာအိုရဲ့အလွန်မှာ တစ်စုံတစ်ယောက်ကို ငါတို့မြင်တွေ့လိုက်ရတယ် . . .”
“ကောင်းကင်တာအိုရဲ့အလွန်မှာရှိတဲ့ တစ်စုံတစ်ယောက် ဟုတ်လား . . .”
ရဲရှောင် အံ့အားသင့်သွား၏။
“ဟုတ်တယ် အဲဒါက မင်းပဲ၊ မင်းက ကောင်းကင်တာအိုရဲ့အလွန်ကို ရောက်သွားလိမ့်မယ် . . .”
စီချင်းချန်မှ ရဲရှောင်အားကြည့်ကာ ပြောလိုက်သည်။
“ဒါပေမယ့် ငါတို့တွေ ပြီးခဲ့တဲ့ မင်းရဲ့အကြောင်းအရာတွေကို မြင်နိုင်ပေမယ့် နောက်ပိုင်းဖြစ်လာမယ့် မင်းရဲ့ အနာဂတ်ကိုတော့ မမြင်နိုင်ခဲ့ကြဘူး . . .”
ထိုစကားကြောင့် ရဲရှောင် အတွေးနယ်ချဲ့မိသွား၏။
“ကမ္ဘာကြီး မပျက်စီးသွားစေပဲနဲ့ ကမ္ဘာကြီးရဲ့ ကန့်သတ်ချက်ထက်ကို ကျော်လွန်ပြီး တစ်စုံတစ်ယောက် ရောက်နိုင်မယ်ဆိုရင် အဲဒီလူက မင်းပဲဖြစ်လိမ့်မယ်၊ မင်းကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်ဘူး၊ အဲဒါကြောင့်လည်း ငါတို့ရဲ့ ကံကြမ္မာကို မင်းဆီပုံအပ်ခဲ့တာပဲ . . .”
စီချင်းချန်မှ ပြုံးလျက် ရဲရှောင်အား စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
ရဲရှောင်မှာ မျက်လုံးပြူးသွားရင်း -
“ကျုပ်ဟုတ်လား . . . ကျုပ်ရဲ့ ပြန်လည်မွေးဖွားမှုလား အဲဒါဆိုရင် အဲဒီတုန်းက ကျုပ်ရဲ့ဝိညာဉ်ကို ကယ်တင် ပေးခဲ့တာ ခင်ဗျားတို့လား၊ အဲဒါခင်ဗျားတို့ကြောင့်လား . . .”
ဂျိချင်းရှောင်မှ မချိပြုံးပြုံးလိုက်ရင်း -
“မဟုတ်ပါဘူး ဧကရာဇ်ရဲ . . . မင်းက ငါတို့ကို အထင်ကြီးလွန်းနေပြီ၊ ငါတို့က အတိတ်နဲ့ အနာဂတ်ကို မြင် နိုင်တဲ့အစွမ်းရှိတယ်ဆိုပေမယ့် ကောင်းကင်တာအိုရဲ့ ကြီးမြတ်တဲ့ စွမ်းအားတွေရဲ့ အလွန်ကိုတော့ မရောက်နိုင်သေး ဘူးလေ . . .”
“ငါတို့ အသက်ရှင်နိုင်ပေမယ့် ကမ္ဘာကြီးပျက်မယ်မှန်းသိတဲ့အချိန် ငါတို့လက်သင့်မခံနိုင်ခဲ့ကြဘူး ဒါပေမယ့် အနာဂတ်မှာ ငါတို့အဖြေကို ရှာတွေ့နိုင်မယ်လို့ ယုံကြည်ခဲ့ကြတယ်၊ အဲဒါကြောင့် ငါတို့တွေ အနာဂတ်ကို ကြည့်ခဲ့ တာပဲ၊ အဲဒီအချိန်မှာ နောက်ထပ် နှစ်ပေါင်း ၁ သိန်း ၈ သောင်းအကြာမှာရှိတဲ့ မင်းကို ငါတို့မြင်ခဲ့တယ်လေ . . .”
“မင်းကို အဲဒီလို မြင်ရရုံရှိသေးတယ် ငါတို့ရဲ့ စွမ်းအင်တွေ အကုန်လုံးက ကုန်သွားခဲ့ပြီ၊ ငါတို့က အဲဒီလို အခွင့်အရေးလေးရနိုင်ဖို့ ငါတို့ရဲ့ စွမ်းအင်အကုန်အစင်ကို သုံးခဲ့ရတာပဲ . . .”
ရဲရှောင်အဖို့ နားမလည်နိုင်အောင်ပင် ဖြစ်သွား၏။
(သူတို့က ငါ့ကို ဘာမှမလုပ်ခဲ့ဘူးဆိုရင် တစ်ယောက်ယောက်ကများ လုပ်ခဲ့တာလား . . .)
(ကောင်းကင်တာအိုဆိုတာက ဘာကိုဆိုလိုချင်တာလဲ . . .)
(ကောင်းကင်တာအို . . . ငါဖြင့် နားမလည်နိုင်တော့ဘူး . . .)
“အဲဒီတော့ ငါတို့ရဲ့ ဝိညာဉ်စွမ်းအားတွေကို ဆုံးရှုံးခဲ့တယ်၊ ငါတို့မှာ ကျန်ရစ်ခဲ့တာဆိုလို့ ငါတို့အသက်ရှူနေ နိုင်သေးတဲ့ ကျင့်ကြံမှုစွမ်းအားလေးတွေပဲ ကျန်တော့တယ် အဲဒီတော့ ငါတို့တွေ မသေခဲ့ဘူးဆိုပေမယ့် မကြာခင် သေရတော့မှာ . . .”
“နောက်ဆုံးတော့ ငါတို့လည်း နောက်ဆုံးတိုက်ပွဲကြီးကို တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တယ် အဲဒီအချိန် ငါတို့ရဲ့ စွမ်းအားတွေကလည်း တစ်ကမ္ဘာလုံးကို လွှမ်းခြုံသွားလိမ့်မယ် . . .”
“ငါတို့နောက်ဆုံးလိုချင်တဲ့ အချက်ကတော့ မင်း ဒီကမ္ဘာကြီးရဲ့ ကန့်သတ်ချက်ကို ကျော်လွန်သွားနိုင်ပြီဆို ရင် အမှန်တရားကို ငါတို့ဆီပြောပြပေးပါ . . .”
ဂျိချင်းရှောင်မှ သက်ပြင်းချရင်း ပြောလိုက်၏။
“ငါတို့ ကမ္ဘာကြီးကို မပျက်စီးစေချင်ဘူး အဲဒါကြောင့် ငါတို့တွေ ကမ္ဘာကြီးပေါ်က နှုတ်ဆက်ထွက်ခွာသွားခဲ့ ကြတယ်၊ ငါတို့ရဲ့ စိတ်ဝိညာဉ်တွေကတော့ ဒီကမ္ဘာကြီးပေါ်မှာ ကောင်းကင်တာအိုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ရှိနေကြလိမ့်မယ် . . .”
“မင်းဒီကမ္ဘာကြီးရဲ့ ကန့်သတ်ချက်ကို ကျော်လွန်နိုင်သွားပြီဆိုရင် ငါတို့အကြောင်း တွေးရုံပဲတွေးလိုက်ပါ၊ အဲဒါဆိုရင် ငါတို့အာရုံခံမိလိမ့်မယ် . . .”
စီချင်းချန်မှ ပြောလိုက်ပြန်၏။
“ဒါကငါတို့လိုချင်တဲ့ အလိုချင်ဆုံးအရာတစ်ခုပဲ၊ ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ရဲ့အထက်မှာ ဘာ ရှိနေလဲဆိုတာကို ငါတို့သိချင်တယ်၊ ကောင်းကင်တာအိုရဲ့အထက်မှာ ဘာရှိတယ်ဆိုတာကိုလည်း ငါတို့သိချင်တယ်၊ ကျေးဇူးပြုပြီး ငါတို့ကို အဲဒါလေး ပြောပြပေးပါ . . .”
ဂျိချင်းရှောင်နှင့် စီချင်းချန်တို့မှာ ပြုံးလျက်ပင် ပြောလိုက်ကြသည်။ ထိုအချက်များက ၎င်းတို့၏ အလိုချင်ဆုံး အလိုဆန္ဒများပင် မဟုတ်ပါလား။
ထိုအပြုံးများကြောင့် ရဲရှောင်စိတ်ထဲ နွေးထွေးသွားသလိုပင် ခံစားလိုက်ရ၏။ သူရဲကောင်းကြီးများမှာ ကျင့်ကြံမှုများကို ချစ်မြတ်နိုးကြသူများပီပီ ၎င်းတို့၏ ကျင့်စဉ်များကို အလဟဿ အဖြစ်မခံခဲ့ကြပေ။ ထို့ကြောင့် စိတ်နှလုံးဖြူစင်လှသော လူများဟုပင် ဆို၍ရနိုင်သည်။
သို့သော် ထိုပညာရှင်ကြီးများမှာ ကျင့်စဉ်များထဲ၌သာ ၎င်းတို့၏စိတ်ကို နှစ်မြုပ်ထားခဲ့ကြသော်လည်း သူတို့ ၏ ရည်မှန်းချက်ကို ပြည့်ဝအောင်မူ မလုပ်နိုင်ခဲ့ကြပေ။
“ငါတို့ရဲ့ စိတ်စွမ်းအင်တွေက ဒီကမ္ဘာမှာ မိနစ်အနည်းငယ်လောက်ပဲ နေနိုင်တာ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ မင်းရဲ့အဆုံးမရှိတဲ့ ဟင်းလင်းပြင်ကြီးက ငါတို့ကို အချိန်ကြာကြာနေနိုင်ဖို့ အကူအညီပေးခဲ့တယ်၊ အခုတော့ ဒီကမ္ဘာ ကြီးပေါ်ကနေ ငါတို့ပျောက်ကွယ်သွားဖို့ အချိန်ကျပြီ . . .”
ဂျိချင်းရှောင်မှ -
“ဧကရာဇ်ရဲ . . . ဂရုစိုက်ပါ . . .”
စီချင်းချန်မှလည်း ရဲရှောင်အားကြည့်လိုက်ရင်း ဂျိချင်းရှောင်အတိုင်းပင် ပြောလိုက်၏။
“ဧကရာဇ် . . . ဂရုစိုက်ပါ . . .”
ရဲရှောင်၏စိတ်ထဲ လေးလံသွားသလိုပင် ခံစားလိုက်ရ၏။ သူ့အဖို့ အနှိုင်းမဲ့ပညာရှင်ကြီးနှစ်ပါးနှင့် ခဏမျှသာ အချိန်ကုန်ဆုံးခဲ့ရသော်လည်း အချိန်ကြာမြင့်စွာ တည်ရှိခဲ့ဖူးသည့် လူများကဲ့သို့ ခံစားလိုက်ရသည် မဟုတ်ပါလား။
ထို့ကြောင့် ထိုလူနှစ်ဦး ကမ္ဘာကြီးပေါ်မှ ထာဝရပျောက်ကွယ်သွားတော့မည်ကို သိရသည့်အချိန် သူ့စိတ်ထဲ ဝမ်းနည်းသွားမိလေသည်။
“ကျုပ်ပြောချင်တာက အခုလို ထာဝရပျောက်ကွယ်သွားမယ့်အစား တခြားရွေးချယ်စရာရှိသေးလား . . .”
ရဲရှောင်မှ ပညာရှင်ကြီးနှစ်ပါးအား ဆက်၍ နေစေလိုသေးသည့်ဟန်ဖြင့် မေးလိုက်သည်။
“ခင်ဗျားတို့ပြောခဲ့သလိုပဲပေါ့ . . . ခင်ဗျားတို့ရဲ့ ကျင့်ကြံမှုတွေကပဲ နတ်ဘုရားအပြစ်ဒဏ်တွေကို ရင်ဆိုင်ခဲ့ စေရတာ ဒါပေမယ့် အခု ခင်ဗျားတို့က သေသွားပြီ၊ ကျန်တာဆိုလို့ ခင်ဗျားတို့ရဲ့ စိတ်စွမ်းအင်အပိုင်းအစလေးပဲ ကျန် ရစ်တော့တာ . . .”
“အဲဒီလို အပိုင်းအစလေးပဲ ကျန်တော့တာတောင် နတ်ဘုရားအပြစ်ဒဏ်က ခင်ဗျားတို့ နောက်ကို လိုက်နေ တုန်းပဲလား၊ ခင်ဗျားတို့က မှတ်ဉာဏ်နဲ့ အသိစိတ်လောက်ပဲရှိတော့တဲ့ စိတ်ဝိညာဉ်တွေလေ အဲဒီတော့ ကျုပ်ပြော ချင်တာ နောက်ဘဝကို ကူးဖို့ဆိုတာက မခက်ခဲဘူးမလား . . .”
ဂျိချင်းရှောင်မှ မချိပြုံးပြုံးလိုက်ရင်း -
“မင်းကတော့ လက်တွေ့မကျတာတွေ ပြောနေပြန်ပြီ၊ မင်းကိုယ်တိုင်လည်း နတ်ဘုရားအပြစ်ဒဏ်တွေကို ရင်ဆိုင်ခဲ့ရတာပဲ၊ ဒီကမ္ဘာကြီးရဲ့ ကန့်သတ်ချက်ထက်ကို ကျော်လွန်နေတဲ့ စွမ်းအားတွေဆိုရင် မင်းလည်း မခံနိုင်ဘူး လေ၊ အခု ငါတို့တွေ နောက်ဘဝမှာ ပြန်လည်မွေးဖွားမယ်ဆိုရင်တောင် ဘယ်လိုပဲဖြစ်ဖြစ် ဒီနတ်ဘုရားအပြစ်ဒဏ် ကို ခံရဦးမှာပဲ၊ ငါတို့တွေ ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူး . . .”
“ငါတို့တွေက အနှေးနဲ့အမြန်ဆိုသလိုပဲ ဖျက်ဆီးခံရမှာ၊ ငါတို့က အနာဂတ်ကိုရှာဖွေနိုင်ဖို့ ငါတို့ရဲ့ စိတ်စွမ်း အင်တွေကို အများကြီး သုံးခဲ့ရတယ် ပြီးတော့ ငါတို့မျိုးဆက်သစ်တွေရဲ့နေရာ လုံခြုံစေဖို့အတွက်၊ ငါတို့ရဲ့ စိတ်စွမ်း အင်တွေကို ဒီကျောက်စိမ်းပြားနှစ်ခုထဲမှာ ချန်ရစ်ခဲ့နိုင်ဖို့ အများကြီး ကြိုးစားခဲ့ရတယ် . . .”
“အဲဒီတော့ ကောင်းကင်တာအိုက ငါတို့ကို အပြစ်မပေးဘူးဆိုရင်တောင် ငါတို့တွေ နောက်ဘဝကို ကူးနိုင်ဖို့ ဘယ်အစွမ်းအစရှိတော့မှာလဲ၊ ငါတို့ရဲ့ ဝိညာဉ်စွမ်းအားတွေက လုံးဝကို ကုန်စင်သွားပြီ . . .”
စီချင်းချန်မှ ရဲရှောင်အားကြည့်ကာ စိတ်မသက်သာရာဟန်ဖြင့် ပြောလိုက်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now