အခန်း (၁၄၃၉ - က)(စာစဉ် ၁၀၅- အပိုင်း ၂)
“အဆုံးသတ်ခြင်း”
အရှေ့ခန်းမနှင့် အနောက်ခန်းမ။
ထိုခန်းမနှစ်ခုက ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး ဂိုဏ်းများ ဖြစ်ကြ၏။
ဆိုလိုသည်မှာ ရဲရှောင်တို့ လက်ရှိ ရင်ဆိုင်နေရသည့် အရှေ့ခန်းမကလည်း အနောက်ခန်းမကဲ့သို့ပင် အင်အား ကြီးလှသည်။
ထို့ကြောင့် ၎င်းတို့၏ မိစ္ဆာစွမ်းအင် အရင်းအမြစ်မှ ထွက်ပေါ်လာသည့် အနက်ရောင် ချီဓာတ်များမှာလည်း အားကောင်းလျက် ရှိနေသည်။
ရွှမ်ပိုင်နှင့် ကျွင့်ယင်းလျန်တို့ ၅ ဦးပင် ထိုချီဓာတ်များ ကို ထိန်းချုပ်နိုင်ရန် စွမ်းအင်များစွာ ကုန်ဆုံးခဲ့ကြရသည် မဟုတ်ပါလား။
ထိုသို့သော အချိန်မျိုးတွင် အစွမ်းထက်သော ရန်သူ များကို အင်အားသုံး၍ ပြန်လည် တိုက်ခိုက်နိုင်ခြင်း မရှိ တော့ပေ။
ထို့ကြောင့် မိစ္ဆာများနှင့် ရင်ဆိုင်ခဲ့ရသည့် တိုက်ပွဲများ တစ်လျှောက်တွင် ယခုတိုက်ပွဲက သူတို့ အားလုံးအတွက် အဆိုးရွား အခြေအနေဟု ဆိုနိုင်သည်။
သို့သော် ရဲရှောင်က လေထဲ၌ ပျံသန်းရင်း ရန်သူများ စွာကို သတ်ဖြတ်နိုင်နေ၍ အခြေအနေများက ပြန်လည် ဦးမော့လာနိုင်ခဲ့သည်။
ထိုသို့ဖြင့် ရန်သူများစွာ သတ်ဖြတ်ပြီးနောက် ရဲရှောင် လည်း နဂိုရှိရာ နေရာသို့ ပြန်သွားလိုက်သည်။
ထို့နောက် သူ၏ ဓားကြီးကို ထပ်မံဝေ့ယမ်းကာ ဓား အလင်းတန်းများစွာကို ဝုဖနှင့် ချီဖန်လီတို့ထံသို့ သက် ရောက်သွားစေလိုက်သည်။
တိုက်ပွဲတစ်လျှောက်၌လည်း ရဲရှောင်က သူ၏ ကြယ် ဓားကြီးဖြင့် အနည်းဆုံး ရန်သူ ၇၀၀ ကျော်ကို သတ်ဖြတ် နိုင်ခဲ့သည်။
ထိုလူများအနက် လူ ၇၀၀ မှာ မူလတာအို အဆင့် မြင့် ပညာရှင်များ ဖြစ်ကြပြီး အရှေ့ခန်းမ၏ အရေးပါ သော လူများလည်း ဖြစ်ကြသည်။
ထိုဖြစ်ရပ်ကြောင့် ဝုဖနှင့် ချီဖန်လီတို့မှာ မျက်လုံးပြူး မျက်ဆံပြူးဖြင့် ဒေါသများ ထွက်နေကြသည်။
သို့သော် ရဲရှောင်၏ အင်အားပြင်းလှသော တိုက်ခိုက် မှုများကြောင့် ထိုဒေါသများကို ဖွင့်မထုတ်နိုင်ဘဲ နောက် သို့သာ ဆုတ်ခွာနေရလေသည်။
ထို့ကြောင့် ရဲရှောင်၏ တိုက်ခိုက်မှုများကို တားဆီးလို သည့်တိုင် မတားဆီးနိုင်ဘဲ ဖြစ်နေရ၏။
သူတို့ကိုယ် သူတို့ ပြန်ထိန်းချုပ်နိုင်သည့် အချိန်တွင် မူ ရဲရှောင်က လူပေါင်းများစွာကို သတ်ဖြတ်ပြီးနှင့်ချေပြီ။
ဓားအလင်းတန်း တစ်ချက် . . .
ရန်သူခေါင်း နှစ်ခေါင်း . . .
ထိုနည်းဖြင့် ရဲရှောင်က ရန်သူများစွာကို စိတ်ရှိတိုင်း သတ်ဖြတ်နေခြင်း ဖြစ်သည်။
ထိုသို့ သတ်ဖြတ်နေသည့်တိုင် ရဲရှောင်က ပင်ပန်း နွမ်းနယ်နေသည့် ဟန်မျိုးလည်း မရှိချေ။
ဝုဖ စိတ်ဓာတ်ကျဆင်းသွား၏။
သူ့အဖို့ ယခင်က လက်တစ်ဖက် ဝေ့ယမ်းလိုက်ရုံဖြင့် ရဲရှောင်ကို သတ်ဖြတ်နိုင်သည့် အချိန်များစွာ ရှိခဲ့ဖူးသည်။
ရဲရှောင်ကို ရှုံးနိမ့်ခဲ့စဉ်ကပင် ကျင့်ကြံမှုပိုင်း၌ ရဲရှောင် ထက် သာလွန်နေသေးသည်။
ထိုစဉ်က သူရှုံးနိမ့်ခဲ့ရသည်မှာလည်း ရဲရှောင်၏ ကျင့် စဉ်ကြောင့် ဖြစ်သလို ထူးခြားဆန်းပြားသော လက်နက် များကြောင့်လည်း ဖြစ်သည်။
ရဲရှောင်ထက် အားနည်း၍တော့ မဟုတ်ချေ။
သို့သော် ယခုအခါတွင်မူ ရဲရှောင်က သူတွေ့ဖူးသည် ထက် အင်အားများစွာ သာလွန်နေသည်ကို တွေ့လိုက်ရ ၏။
ရဲရှောင် မည်မျှထိ အစွမ်းထက်နေသည် ဆိုသည်ကို ပင် သူမမှန်းဆနိုင်တော့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဝုဖ အကြီးအကျယ်ပင် အံ့ဩတုန်လှုပ်နေ မိသည်။
ယခင်က ကမ္ဘာ့အစွမ်းထက်ဆုံး ပညာရှင် ဖြစ်ခဲ့သော် လည်း ယခု ရဲရှောင်နှင့် တစ်ယောက်ချင်း တိုက်ခိုက်ရ မည်ဆိုပါက မည်သို့မှ မလွယ်နိုင်တော့ချေ။
ရဲရှောင်၏ တိုက်ကွက် ၁၀ ကိုပင် ခုခံနိုင်တော့မည် မဟုတ်ကြောင်း ဝုဖ သဘောပေါက်သွားခြင်း ဖြစ်သည်။
ရဲရှောင်ကို အဆုံးသတ်ပစ်မည်ဟု ကြုံးဝါးထားသည့် တိုင် ယခုအခါတွင်မူ ထိုကြုံးဝါးမှုက ရယ်စရာတစ်ခုလို ဖြစ်နေကြောင်းကိုလည်း အသိတရား ဝင်သွားသည်။
ရဲရှောင်၏ ဒဏ္ဍာရီက စီးဆင်းနေသော ရေပမာ ရပ် တန့်၍ မရနိုင်တော့သလိုပါပင်။
ထိုအချိန် ရဲရှောင်၏ ဓားအလင်းတန်း ဖျတ်ခနဲ လင်း လက်သွားပြီး ချက်ချင်းဆိုသလိုပင် သူ့ထံသို့ ဦးတည်လာ သည်။
ထိုချွန်ထက်လှသော ကြယ်ဓားကြီးကို ဝုဖ မခုခံဝံ့။
ထို့ကြောင့် ချက်ချင်းပင် ဘေးသို့သာ ရှောင်တိမ်းပြီး သူ့ဓားရှည်ဖြင့် ရဲရှောင်၏ လည်ပင်းထံသို့ လျပ်တပြက် ပြန်လည် တိုက်ခိုက်လိုက်သည်။
သို့သော် ဓားဆန့်ထုတ်လိုက်သည့် အချိန်မှာပင် သူ ၏ ဓားမှာ မယုံနိုင်ဖွယ်ကောင်းအောင် နှစ်ပိုင်းပြတ်ထွက် သွားသည်။
“ချွမ် . . .”
ဝုဖ အံ့အားသင့်နေသည့် မျက်လုံးများဖြင့် ရဲရှောင်ကို ကြည့်လိုက်သည်။
သို့သော် သူ၏ အံ့ဩမှုက ထိုမျှနှင့် မပြီးသေး။
ခဏအကြာတွင် ထိုနှစ်ပိုင်းပြတ်ထွက်သွားသော ဓား မှာ အမှုန့်ဖြစ်သွားရပြန်သည်။
ယခုအခါ ဝုဖ၏ လက်စွဲတော် ဓားကြီး လုံးဝ ပျက်စီး သွားရချေပြီ။
ဝုဖအဖို့ ထိုဓားတင် ပျက်စီးသွားရသည် မဟုတ်ပေ။
နာကျင်မှုကြောင့် အောက်ကို ငုံ့ကြည့်လိုက်ချိန် သူ၏ လက်ရှိ အရေပြားနှင့် ကြွက်သားများကို ရဲရှောင်က ခုတ် ပိုင်းပြီးနေသည်ကို တွေ့လိုက်ရသည်။
သူမြင်နေရသည်က ဖြူဖြူဖွေးနေသော လက်မှ အရိုး များကိုပင် ဖြစ်၏။
ထိုအရိုးများ၌လည်း သွေးဆို၍ တစ်စက် တစ်လေမှ ပင် မရှိတော့ချေ။
ထိုမြင်ကွင်းကို တုန်လှုပ်နေသော မျက်လုံးများဖြင့် ကြည့်ရင်း နာကျင်မှုများကိုပင် ဝုဖ မေ့လျော့သွားသည်။
မည်မျှထိဆိုလျှင် သူ့ရင်ဘတ်၌ အပေါက်ကြီး ဖြစ်နေ သည်ကိုပင် မခံစားမိတော့ခြင်း ဖြစ်သည်။
ထိုအပေါက်ကြီးထံမှ သွေးများကလည်း တသွန်သွန် စီးကျလျက် ရှိနေသည်။
ထိုလက္ခဏာက ရဲရှောင်၏ တိုက်ခိုက်မှုကြောင့် ဝုဖ ၏ ကိုယ်တွင်းအင်္ဂါများ အားလုံး ပျက်စီးသွားပြီဆိုသည့် အဓိပ္ပာယ်ပါပင်။
သို့သော် ထိုအချိန်ထိ ဝုဖက သူ၏ အခြေအနေကို သတိမပြုမိသေးချေ။
ရဲရှောင်ကိုသာ မနာလို၊ လေးစားသော အကြည့်များ ဖြင့် ငေးကြည့်လျက် ရှိနေ၏။
နောက်ဆုံးတွင် အက်ကွဲကွဲ အသံကြီးဖြင့် -
“ရဲရှောင် . . .”
“မင်း မင်း ရောက်သွားပြီလား . . .”
“မင်း ရွှေအမြုတေအဆင့်ကို ရောက်သွားပြီလား”
ရဲရှောင် နှုတ်ခမ်းများ ကွေးအောင်ပင် ပြုံးလိုက်ရင်း-
“အင်း . . .”
“ခင်ဗျားက ကမ္ဘာ့အစွမ်းထက်ဆုံး ပညာရှင် ဖြစ်ခဲ့ဖူး တော့ တခြားလူတွေထက် ပိုသိမှာပါ၊ ကျုပ်အကြောင်းကို အခုလည်း သိနေပြီ မဟုတ်ဘူးလား . . .”
“ဟုတ်တယ် မနေ့ကပဲ ကျုပ် အဲဒီနောက်ဆုံးအဆင့် ကို တက်လှမ်းနိုင်ခဲ့ပြီ . . .”
ဝုဖ ခေါင်းငိုက်စိုက်ကျသွား၏။
ရဲရှောင်၏ အဖြေကြောင့် စိတ်ဓာတ် ကျဆင်းသွားရ သည့် ပုံပါပင်။
ခဏအကြာတွင် ဝုဖ၏ သက်ပြင်းချသံကြီး ထွက်ပေါ် လာပြီး ခန့်မှန်းရခက်သည့် အရိပ်အယောင်များလည်း သူ့ မျက်နှာထက်၌ ယှက်သန်းသွားသည်။
ထို့နောက် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြန် ပြီး ကျယ်လောင်သော အသံကြီးဖြင့် -
“ရွှေအမြုတေနယ်ပယ် . . .”
“ချင်းရန်နယ်ပယ်ရဲ့ အဆင့်အမြင့်ဆုံးနယ်ပယ် . . .”
“ငါ့ဘဝမှာ ဘယ်တော့မှ မရောက်နိုင်ခဲ့တဲ့ အဆင့်ပဲ ဟား ဟား ဟား . . .”
“ဝုဖဆိုတဲ့ ငါကရွှေအမြုတေအဆင့် ပညာရှင် တစ် ယောက်ရဲ့ လက်ထဲ သေရတာနဲ့တင် ကံကောင်းသွားပြီ၊ ဒါကတော့ . . .”
ဝုဖ ဆက်မပြောနိုင်တော့။
သူပြောမည့် စကားများက သက်ပြင်းများအဖြစ်သာ ပြောင်းလဲသွားတော့သည်။
အကြောင်းမှာ သူ၏ ခန္ဓာကိုယ်က တစစီ ဖြစ်တည် သွား၍ ဖြစ်သည်။
ခေါင်း၊ လက်နှင့် ခြေများပါမကျန် တစ်ပိုင်းတစ်စစီ ဖြစ်တည်သွားခြင်းပါပင်။
နောက်ဆုံးတွင် ထိုခန္ဓာကိုယ် အစိတ်အပိုင်း ၆ ခုတို့ မှာ တစစီ ဖြစ်တည်သွားပြီးနောက် အမှုန်အမွှားအဖြစ် ပျောက်ကွယ်သွားပါတော့သည်။
လေထဲ၌ ဘာမှ မကျန်ရှိတော့အောင် ပျောက်ကွယ် သွားခြင်းဖြစ်သည်။
ထို့အတူ သူ ပိုင်ဆိုင်ဖူးခဲ့သော ကမ္ဘာ့ပြိုင်ဘက်ကင်း ဂုဏ်ပုဒ်လည်း နဂုံးချုပ်သွားလေပြီ။
ဤသည်ကလည်း ရှောင်ဧကရာဇ်၏ တိုက်ကွက် ၃ ခု အောက်တွင် အဆုံးသတ်သွားရခြင်း ဖြစ်သည်။
ဝုဖ၏ နောက်ဆုံးဘဝက ရဲရှောင်အပေါ် မနာလိုမှု၊ လေးစားမှုများဖြင့်သာ ဇာတ်သိမ်းသွားရလေသည်။
ထိုအချိန် အသက်ရှင်လျက်ရှိနေသေးသော ချီဖန်လီ မှာမူ ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး ကတုန်ကယင် ဖြစ်နေသည်။
အဖြစ်အပျက်များက မယုံနိုင်ဖွယ် ကောင်းလွန်း၍ ကောင်းကင်ကြီးကို မော့ကြည့်နေသည့် သူ၏ အကြည့် များကို မရုတ်သိမ်းနိုင်သေးချေ။
ကမ္ဘာ့အစွမ်းထက်ဆုံး ပညာရှင်ဖြစ်ခဲ့ဖူးသည့် ဝုဖပင် ရဲရှောင်၏ တိုက်ခိုက်မှုကို မခံနိုင်ဘဲ သေဆုံးသွားရသည် မဟုတ်ပါလား။
ထိုသို့ သေဆုံးသွားစေအောင်လည်း ရဲရှောင်က တိုက် ကွက် ၃ ကွက်သာ ထုတ်သုံးခဲ့၏။
ထို့ပြင် ထိုသို့ တိုက်ခိုက်နေချိန်ကလည်း ရဲရှောင်က ဝုဖ တစ်ယောက်တည်းနှင့် ရင်ဆိုင်နေခြင်း မဟုတ်ပေ။
သို့တိုင်အောင် ရဲရှောင်၏ တိုက်ခိုက်မှုများအောက်၌ ဝုဖ အသက်ပေးသွားခဲ့ရလေသည်။
ရဲရှောင်၏ စွမ်းအားများက မည်မျှထိ ပြင်းထန်လွန်း နေပါသနည်း။
ချီဖန်လီ၏ နှုတ်ခမ်းများ တဆတ်ဆတ် တုန်ယင်လာ ပြီး စိတ်ဓာတ် ကျဆင်းသွားသည်။
ရဲရှောင်လည်း ဟိတ်ဟန်အပြည့်ဖြင့် သူ၏ ကြယ် ဓားကြီးကို မြှောက်လိုက်ပြီး ချီဖန်လီထံ ချိန်ရွယ်လိုက် သည်။
သွေးသောက်ထားသော ထိုဓားကြီး၏ ဓားသွားများ ပေါ်၌လည်း သွေးများက ခြောက်ခြားဖွယ်ကောင်းအောင် တစက်စက် ကျဆင်းလျက် ရှိနေသည်။
ချီဖန်လီ ထိုမြင်ကွင်းကို ကြည့်ရင်း နေစရာမရှိအောင် ပင် ထိတ်လန့်လာသည်။
“ချီဖန်လီ . . .”
“ခင်ဗျား မိစ္ဆာကြီးရဲ့ နောက်လိုက်အဖြစ် နေနေရတာ ပင်ပန်းနေပြီလား၊ ပျင်းရောပျင်းနေပြီလား၊ ကျုပ်ဖြင့် သိ ချင်လိုက်တာ . . .”
“ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ခင်ဗျား လွတ်မြောက် သွားတော့မှာပါ . . .”
ရဲရှောင် ချီဖန်လီအား အေးစက်စက်ကြည့်ရင်း ပြော လိုက်သည်။
ချီဖန်လီမှ ခေါင်းခါယမ်းရင်း ရယ်မောကာ -
“ရဲရှောင် . . .”
“မင်း ဒီအတွက် နောင်တရလိမ့်မယ် . . .”
“မိစ္ဆာခေါင်းဆောင်ကြီးက ဒီလိုမျိုး လုံးဝ အဖြစ်ခံမှာ မဟုတ်ဘူး . . .”
ရဲရှောင် အေးစက်စက် ပြုံးလိုက်ရင်း -
“မိစ္ဆာခေါင်းဆောင်ကြီး ဟုတ်လား . . .”
“အမှန်တိုင်းပြောရရင် သူ့အပေါ် အဲဒီလောက်ကြီးထိ အထင်မကြီးထားဘူး . . .”
ချီဖန်လီမှ ထပ်မံ၍ ခေါင်းခါယမ်းလိုက်ပြန်သည်။
သူ၏ ပုံစံက တစ်စုံတစ်ခုကို ပြောချင်သည့်တိုင် ပြော မထွက်သည့် ပုံမျိုး ဖြစ်နေသည်။
“ချီဖန်လီ . . .”
“အရှေ့ခန်းမရဲ့ ဂိုဏ်းချုပ်ကြီး . . .”
“ခင်ဗျားက ကျုပ်ထင်ထားတာထက်ကို အများကြီး ပိုအားနည်းနေပါလား . . .”
ရဲရှောင်က ချီဖန်လီကိုကြည့်ရင်း အံ့ဩဟန်ဖြင့် ပြော လိုက်သည်။
“ခင်ဗျား တတ်နိုင်တာ ဒါအကုန်ပဲလား . . .”
ချီဖန်လီမှ မချိပြုံးပြုံးလိုက်ပြီး -
“ငါကဒီထက်ကို ပိုပြီးအများကြီး အစွမ်းထက်ခဲ့တာ ပေါ့ ဒါပေမယ့် ငါ့ရဲ့စိတ်စွမ်းအင်တွေ၊ ဝိညာဉ်တွေ၊ ငါ့ရဲ့ အသက်တွေ၊ အဲဒါတွေ အကုန်လုံးရဲ့ တစ်ဝက်ကို မိစ္ဆာ အစီအရင်အတွက် ပေးဆပ်ထားခဲ့ရတာ . . .”
“ရဲရှောင် ဒီနေ့ မင်းငါ့ကို သတ်လို့ရတယ် ဒါပေမယ့် ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး . . .”
“ငါမင်းဆီကို သေချာပေါက် ပြန်လာမှာပဲ၊ မင်းကို သေချာပေါက် ပြန်ရင်ဆိုင်ဦးမှာ . . .”
ထိုသို့ပြောချိန် သူ၏ မျက်လုံးများမှ ထူးခြားသော အရိပ်အယောင်များ ထွက်ပေါ်လျက် ရှိနေသည်။
ထို့နောက် ချီဖန်လီလည်း တွေဝေတုန့်ဆိုင်းခြင်း မရှိ ဘဲ ရဲရှောင်ထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
“ရဲရှောင် အခု ငါ့ကို သတ်လိုက်စမ်းပါ . . .”
“မင်းကို ထာဝရ အသက်ရှင်ခြင်းရဲ့ အံ့ဩဖွယ်ရာ ဖြစ် ရပ်ကို ပြသပေးမယ်၊ ငါဒီနေ့သေသွားမယ်ဆိုရင်တောင် မနက်ဖြန် ပြန်ပေါ်လာမှာကွ . . .”
ချီဖန်လီမှ ဒေါသတကြီးဖြင့် ပြောလိုက်ပါတော့သည်။
YOU ARE READING