1345--------1346

130 6 0
                                    

အခန်း (၁၃၄၅)(စာစဉ် ၉၇- အပိုင်း၁)
“စုပေါင်းတိုက်ခိုက်ခြင်း”

နေရောင်ဂိုဏ်း၏ ဓားအလင်းတန်း ၁၀၀၀ ကာ ကွယ်ရေး အစီအရင်မှာ အစွမ်းထက်သော်လည်း နှေး ကွေးလှသည်။

ထိပ်သီးပညာရှင်ကြီး ၆ ယောက်၏ ဘက်ပေါင်းစုံ က တိုက်ခိုက်မှုကို နေရောင်ဂိုဏ်းအဖို့ မည်ကဲ့သို့များ ကာကွယ်နိုင်ပါမည်နည်း။

သို့သော် နေရောင်ဂိုဏ်းမှ လူ ၁၀၀၀ တို့မှာ စု ပေါင်း၍ တိုက်ခိုက်မှုကို ၂ ကြိမ်တိုင်တိုင် ပြုလုပ်လိုက် သည်။

တိုက်ခိုက်မှု ၂ ခုအနက် တစ်ခုကို လိဝူလျန်မှ ခုခံခဲ့ ပြီး တခြားတစ်ခုမှာမူ လွဲချော်သွားခဲ့သည်။

ထိုလူ ၁၀၀၀ ၏ စုပေါင်းတိုက်ခိုက်မှု ၂ ကြိမ်ပြီး နောက် ၆ ယောက်သားမှာ လူအုပ်ကြီး အတွင်းသို့ တဟုန်ထိုး တိုးဝင်သွားကြသည်။

ထိုအခါ နေရာအနှံ့သို့ သွေးများ ပန်းထွက်ကုန်ပြီး ခေါင်းပြတ်များလည်း လွင့်ပျံကုန်ကြသည်။

လိဝူလျန်နှင့် ကျွင့်ယင်းလျန်တို့မှာ စကားလက်ဆုံ ကျခဲ့ကြသော်လည်း ရန်သူနှင့် ပတ်သက်လျှင်မူ သူတို့ ရင်ထဲရှိ ဒေါသမီးများမှာမူ အရှိန်မသတ်သွားခဲ့ပေ။

(နေရောင်ဂိုဏ်းက မကောင်းမှုတွေ အများကြီးကို ကျူးလွန်ခဲ့ကြတယ်၊ အပြစ်မဲ့တဲ့ လူတွေလည်း ထိခိုက် ခဲ့ရတယ် . . .)

(ပထမဆုံး လိဝူလျန်ကို သတ်ခဲ့တယ် နောက်ပြီး တော့ ရှောင်ဧကရာဇ်ကို သတ်ခဲ့တယ် . . .)

(မင်းတို့က ချမ်းသာပြီး အင်အားကြီးတဲ့ ဂိုဏ်းတစ် ခုဆိုတော့ ဥပဒေက မင်းတို့လက်ထဲမှာလို စိတ်ရှိတိုင်း လုပ်ခဲ့ကြတယ်၊ အခု အရာအားလုံးက မတူညီတော့ ဘူး ငါတို့က အင်အားကြီးသွားပြီ . . .)

(မင်းတို့ ငါတို့အပေါ် တင်နေတဲ့ အကြွေးတွေကို သွေးနဲ့ပဲ ဆပ်ရမယ် . . .)

“တောင့်ခံထားကြ တောင့်ခံထားကြ . . .”

လိဖေ့ချန်က ဓားကို ဝေ့ယမ်းရင်း သူ၏ လူများကို အော်ဟစ်ပြောဆိုလိုက်သည်။

လက်ရှိတွင် သူ့လူများအနေဖြင့် တိုက်ပွဲကို တည် တည်ငြိမ်ငြိမ်ဖြင့် ခုခံနိုင်ရန်မှာ အရေးအကြီးဆုံး ဖြစ် နေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now