အခန်း (၁၆၆၆)(စာစဉ် ၁၃၁- အပိုင်း ၃)
“ကောင်းကင်ထက်မြင့်သောလူ”
ရဲရှောင်က မူလသူတော်စင်အဆင့်ခုနှစ်သို့ ရောက်ရှိနေပြီဖြစ်၍ အဆုံးမဲ့ပင်လယ်၏အပြင်ဘက်ခြမ်းနေရာ၌ ပြိုင်ဘက်ကင်းဖြစ်နေသည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် လမ်းတစ်လျှောက် တိုက်ခိုက်သည့်အခါတွင်လည်း လက်နက်ဟူ၍ မသုံးခဲ့ချေ။ မည်သို့သော လက်နက်မျိုးကိုမှ အသုံးမပြုခဲ့ခြင်းဖြစ်၏။
ခေါင်းဆောင် ‘မ’ နှင့် တိုက်ခိုက်ခဲ့စဉ်ကလည်း ရှေးဦးခရမ်းရောင်ချီဓာတ်များကို အသုံးပြုခဲ့ပြီး တစ်ချက် တည်းဖြင့် အနိုင်ရခဲ့သည် မဟုတ်ပါလား။ ထို့ပြင် တိုက်ပွဲတိုင်း၌ အနိုင်ရနိုင်ရန်အတွက် ရဲရှောင်ထံ၌ ဝှက်ဖဲများစွာ ရှိနေပေသည်။
ထိုသို့ဖြင့် ခရီးရှည်ကြီးနှင်ပြီးနောက် ကမ္ဘာကြီးတစ်ခုလုံး သူ့လက်ထဲရှိနေသလိုပင် ခံစားခဲ့ရ၏။ ချုံခိုတိုက် ခိုက်မှု၊ အဆိပ်တိုက်ခိုက်မှုများ မည်သို့ပင် တိုက်ခိုက်နေပါစေ သူ့အား တစ်ခုမှ ထိခိုက်စေခြင်းမရှိဘဲ ဖြစ်ခဲ့ရသည် မဟုတ်ပါလား။
ရဲရှောင်က သိုင်းလောကအတွင်း ကျင်လည်ကျက်စားရင်း အတွေ့အကြုံ ရင့်ကျက်သူဖြစ်၍ ချုံခိုတိုက်ခိုက် မှု၊ အဆိပ်တိုက်ခိုက်မှုများက ကလေးကစားစရာကဲ့သို့သာ ဖြစ်နေလေသည်။
ထိုသို့ဖြစ်နေသည်မှာလည်း မဆန်းချေ။ မော်တယ်ကမ္ဘာနှင့် ချင်းရန်နယ်ပယ်တို့ကဲ့သို့ အဆင့်နိမ့်နယ်ပယ် များတွင် ထိုသို့သော ချုံခိုတိုက်ခိုက်မှု၊ အဆိပ်တိုက်ခိုက်မှုများသာ ပြုလုပ်ကြသည် မဟုတ်ပါလား။
သို့သော် ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ရှိ ပညာရှင်များမှာ အစွမ်းထက် ပညာရှင်များဖြစ်ကြ၍ ထိုကဲ့သို့သော ထောင်ခြောက်များပြုလုပ်ရာတွင် ကျွမ်းကျင်မှုမရှိကြချေ။ ထို့ကြောင့် ရဲရှောင်အဖို့ လမ်းတစ်လျှောက် ရှိ ထောင်ခြောက်များကို ကောင်းစွာ မြင်နိုင်စွမ်းရှိနေ၏။
တစ်နည်းအားဖြင့် ယခုကမ္ဘာတွင် ရဲရှောင်အား တုန်လှုပ်စေနိုင်မည့် ထောင်ခြောက်မျိုး မရှိသေးသည့် သဘာပါပင်။
ချင်းရန်နယ်ပယ်တွင် ရှိခဲ့စဉ်က လိဝူလျန်တစ်ယောက် လျူချန်းဂျန်၏ ထောင်ခြောက်ကြောင့် အပြင်းအထန် ပင် ဒဏ်ရာရလုနီးပါးဖြစ်သွားခဲ့ရသည်။ ထိုအချိန်ကဆိုလျှင် လျူချန်းဂျန်က လိဝူလျန်ထက် များစွာ အားနည်းသော ပညာရှင်တစ်ဦးသာ ဖြစ်၏။
ထို့ကြောင့် ထိုသို့သော တိုက်ခိုက်မှုမျိုးတွင် အတွေ့အကြုံကသာ စကားပြောကြောင်း ကောင်းစွာ မြင်နိုင်ပေ သည်။ တစ်နည်းအားဖြင့် အင်အားဆိုသောအရာက အမြဲတစေ အရေးပါနေသည့်အရာ မဟုတ်သည့် သဘောပါပင်။
ထို့အတွက်ကြောင့် ယခုအခါတွင်လည်း လမ်းတစ်လျှောက် ဆင်ထားသော ထောင်ခြောက်များကို ရဲရှောင် ကောင်းစွာ မြင်နိုင်စွမ်း ရှိနေလေသည်။
သူ ထောင်ခြောက်များကို ဖြေရှင်းသည့်နည်းလမ်းက အခြားတော့ မဟုတ်ပေ။ မြွေများကို စေလွှတ်၍သော် လည်းကောင်း၊ လင်းယုန်ကြီးကို စေလွှတ်၍သော်လည်းကောင်း၊ လက်ဗလာဖြင့်ပင် ထောင်ခြောက်များကို ဖြေရှင်း နိုင်စွမ်းရှိခဲ့လေသည်။
ထိုသို့ဖြင့် စူးရှသောအမြင်၊ ကြွယ်ဝသော အတွေ့အကြုံ၊ လုံလောက်သော အင်အားမျိုးရှိခြင်းတို့ကြောင့် ရှောင်ဧကရာဇ် ရဲရှောင်ဆိုသည့် နာမည်က အဆုံးမဲ့ပင်လယ်အတွင်း တောမီးပမာပင် ပျံ့နှံ့သွားတော့သည်။
သို့သော် ထိုနာမည်နှင့် ဂုဏ်ဒြပ်အပြင် လူအများက ရဲရှောင်အား ခေါ်ကြသည့် အခြားဂုဏ်ဒြပ်တစ်ခုလည်း ရှိနေပါသေးသည်။ ထိုအရာကား ကောင်းကင်ထက်မြင့်သော ရှောင်ဧကရာဇ် ရဲရှောင်ပင်ဖြစ်၏။
ဆိုလိုသည်မှာ ရှောင်ဧကရာဇ် မည်သည့်နေရာသို့ ရောက်ရှိနေပါစေ ကောင်းကင်ထက်မြင့်မားသော နေရာ၌ ရှိနေသည်ဟု အဓိပ္ပာယ်ရလေသည်။
“ကောင်းလိုက်တာ . . . ဒါကငါ့ကို ချီးကျူးတဲ့ သဘောမျိုးပဲ . . .”
ရဲရှောင်က လူအများ ခေါ်ဆိုသည့် သူ၏ဂုဏ်ဒြပ်အား ကြားရသည့်အချိန် စိတ်ထဲ ကျေနပ်သွားမိ၏။ သူ့အဖို့ ကောင်းမွန်သော ဂုဏ်ဒြပ်တစ်ခုရရှိသွားပြီ မဟုတ်ပါလား။ ထို့ပြင် မှတ်သားရလည်း လွယ်နေပေသည်။
ထို့ကြောင့် ထိုဂုဏ်ဒြပ်က ကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ကျွင့်ယင်းလျန်နှင့် ရွှမ်ပိုင်တို့ သူ့အား လာရှာကြ လိမ့်မည်ဟုလည်း ယုံကြည်နေမိလေသည်။
(နာမည်ဆိုးဖြစ်ဖြစ်၊ နာမည်ကောင်းဖြစ်ဖြစ် နာမည်ကြီးရင် ပြီးတာပဲလေ ဟား ဟား ဟား . . .)
. . .
ရဲရှောင် အဆုံးမဲ့ပင်လယ်၏ အလယ်ပိုင်းသို့ ခရီးနှင်လာခဲ့သည်မှာ မိုင်ပေါင်း ၁ သောင်းလောက်ပင် ရှိနေပြီ ဖြစ်၏။ ထို့ကြောင့် ယခုအခါတွင် သူအလိုရှိရာ အလယ်ပိုင်းသို့ပင် နီးကပ်နေချေပြီ။
လမ်းတစ်လျှောက်တွင်လည်း ရတနာများစွာရရှိခဲ့၍ သူ၏ရွှေဟင်းလင်းပြင်ကြီးမှာလည်း ယခင်နှင့်မတူ၊ ပြောင်းလဲနေလေသည်။ ပစ္စည်းများဖြင့် ပြည့်နေသော ရွှေဟင်းလင်းပြင်ကြီးဟုပင် ဆိုရမည်။
ထို့ပြင် သစ်သားဟင်းလင်းပြင်မှာလည်း များစွာ ပြောင်းလဲခဲ့ပေသည်။ စိတ်စွမ်းအင် အပင်များမှာ တောင်လို ပုံနေပြီ မဟုတ်ပါလား။ သို့သော် ဆေးတောင်ကြီးရှိ ဆေးပင်များနှင့် နှိုင်းယှဉ်လျှင်မူ ထိုစိတ်စွမ်းအင် အပင်များမှာ အံ့ဩဖွယ်မကောင်းတော့သလိုပင် ဖြစ်နေ၏။
ထိုမျှက သူ၏ ရေဟင်းလင်းပြင်မှာလည်း ပြောင်းလဲနေပြီဖြစ်သည်။ တကယ်တမ်းတွင် ရဲရှောင် အဆုံးမဲ့ ပင်လယ်အတွင်းသို့ ရောက်ရှိခဲ့ကတည်းက ထိုဟင်းလင်းပြင်အတွင်း၌ စမ်းချောင်းငယ် ၁၀ ခု၊ ရေကန်ငယ် ၁၀ ခုနှင့် မရေမတွက်နိုင်သော တောင်တန်းများ ရှိထားပြီးဖြစ်၏။
ထို့ကြောင့် ထိုအနေအထားများအရ သူ၏ဂုဏ်ဒြပ်က ကောင်းကင်ထက်မြင့်သော ရှောင်ဧကရာဇ်မဟုတ်ဘဲ ကောင်းကင်ထက်ပင် ပိုမိုမြင့်မားသော ရှောင်ဧကရာဇ် ဖြစ်သင့်ပေသည်။
လူအများက နာမည်အရင်းကို မေ့လျော့ကောင်း မေ့လျော့နိုင်သော်လည်း အခြားသော နာမည်တစ်ခုကိုမူ မေ့လျော့နိုင်ကြလိမ့်မည် မဟုတ်ပေ။ နာမည်ကိုသော မေ့လျော့နိုင်သော်လည်း ဂုဏ်ဒြပ်ကိုမူ မမေ့တတ်ကြသည့် သဘောပါပင်။
မည်သို့ပင်ဖြစ်ပါစေ ခရီးဆက်ရင်းဖြင့် ရရှိခဲ့သည့် ပစ္စည်းများကြောင့် ရဲရှောင်၏ ဟင်းလင်းပြင်မှာ ကြောက် မက်ဖွယ်အတိပင် ဖြစ်နေလေသည်။ ထို့ကြောင် ဟင်းလင်းပြင်ကြီးအတွင်း ရဲရှောင် အချိန်ကြာကြာနေမိသည်နှင့် ချောင်းများပင် ဆိုးချင်သလို ဖြစ်လာ၏။
အကြောင်းမှာ ဟင်းလင်းပြင်အတွင်းရှိ စိတ်စွမ်းအင်များက လွန်စွာ သိပ်သည်းလွန်းနေပြီ မဟုတ်ပါလား။ ထို့ပြင် ရဲရှောင်၏ စိတ်ဝိညာဉ် ဟင်းလင်းပြင်အတွင်းရှိ မှော်ကျောက်ဖရုံမှာလည်း ရှိရင်းစွဲထက် အရွယ်အစား ပိုမို ကြီးမားနေပြီဖြစ်သည်။
ထိုမျှမက ထိုဟင်းလင်းပြင်၏ နံရံများတွင် ပုလဲလုံးများကဲ့သို့ တောက်ပသော အရာအချို့လည်း ရှိနေပါ သေးသည်။ အရေအတွက်အားဖြင့် များများစားစား မရှိသည့်တိုင် ကြည့်ရုံဖြင့် အလွန်တန်ဖိုးရှိသော အရာများဖြစ် ကြောင်း သိသာလှ၏။
စင်စစ် ဟင်းလင်းပြင်ကြီးအတွင်းရှိ စိတ်စွမ်းအင်များမှာ လွန်စွာ သိပ်သည်းလွန်းလှ၍ စွမ်းအင်အစိုင်အခဲ အဖြစ် ဖြစ်တည်နေကြခြင်းပါပင်။
ထိုပုလဲလုံးများ ပေါ်လာသည်မှာလည်း လွန်ခဲ့သော ၃ ရက်ခန့်က စတင်ခဲ့၏။ ထိုရက်က ပုလဲလုံးတစ်လုံး စတင်ပေါ်လာပြီး နောက်တစ်နေ့တွင် ထပ်မံ၍ ၁ လုံးပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြင့် ရဲရှောင် စစ်ဆေးကြည့် သည့်အချိန်တွင်မူ ၉ လုံးပင် ရှိနေချေပြီ။
အဆိုပါ စွမ်းအင်လုံး ၉ လုံးမှာ သလင်းကျောက်ကဲ့သို့ ကြည်လင်လှပေသည်။ ရဲရှောင်လည်း ပုလဲလုံးများကို ထိတွေ့ကြည့်သည့်အချိန် မာကြော၍ ကျောက်စိမ်းကဲ့သို့ ချောမွေ့နေသည်ကိုလည်း တွေ့လိုက်ရ၏။
ထို့ပြင် ပုလဲလုံးအတွင်းရှိ သန့်စင်လှသော ချီဓာတ်များမှာ အလွန်တန်ဖိုးကြီး၍ ရှားပါးလွန်းနေပြန်သည်။ မသိပါက မှော်ကျောက်ဖရုံနှင့်ပင် တူနေသေး၏။
တစ်နည်းအားဖြင့် မှော်ကျောက်ဖရုံလောက် မှော်မဆန်သော်လည်း မှော်ကျောက်ဖရုံလောက် နီးပါးပင် အာနိသင်ရှိသောအရာများဟု ဆိုနိုင်သည်။ အံ့ဩစရာကောင်းလှသော ပုလဲလုံးများပါပင်။
ထို့ပြင် ရဲရှောင်အဖို့ လမ်းတစ်လျှောက်၌ ရတနာပစ္စည်းမျိုးစုံကိုလည်း ထပ်မံ၍ စုဆောင်းရရှိခဲ့ပါသေးသည်။ ထို့ကြောင့် အားနည်းသော သူခိုးဓားပြများမှာ ရဲရှောင်အား ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးကဲ့သို့ ပင် ထင်မြင်နေကြချေပြီ။
သို့သော် အင်အားကြီးသော လူများအဖို့မူ ၎င်းတို့ထံသို့ ဆူဖြိုးလှသော ပစ်မှတ်ကြီးတစ်ခု ချဉ်းကပ်လာပြီဟု တွေးထင်နေမိကြလေသည်။ ထိုလူများအနေဖြင့် ရတောင့်ရခဲလှသော ယခုလို အခြေအနေကို မည်သို့မှ အလွတ်ပေး ကြလိမ့်မည် မဟုတ်ပေ။
“ရွှစ် . . .”
လေတိုးသံနှင့်အတူ ငွေရောင်အလင်းတန်းတစ်ခု လင်းလက်သွား၏။
စင်စစ် ငွေရောင်ဓားမြောင်တစ်ချောင်း လေအဟုန်ကိုခွင်း၍ လာနေခြင်းပါပင်။
အတိအကျဆိုရလျှင် ထိုဓားမြောင်မှာ လေအဟုန်ကို ဖြိုခွင်း၍ ရဲရှောင်ရှိရာထံသို့ ဦးတည်လာနေခြင်းဖြစ် သည်။ သို့သော် ရဲရှောင်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်ပင် သူ၏ခေါင်းအား တစ်ဖက်သို့စောင်းငဲ့ရင်း ရှောင်ရှားလိုက်၏။
ထိုသို့ ဓားမြောင်ပျံ၏ အန္တရာယ်ကို ရှောင်ရှားနိုင်လိုက်ပြီးနောက် ချက်ချင်းပင် လေထဲသို့ လက်ဝါးရိုက်ချက် တစ်ခုကို ပြုလုပ်လိုက်သည်။ ထိုအခါ လက်ဝါးရိုက်ချက်မှ စွမ်းအင်များမှာ တောအုပ်အတွင်းသို့ သက်ရောက်သွား တော့၏။
ထိုငွေရောင်အလင်းတန်း စတင်လင်းလက်လာသော နေရာမှာ ရဲရှောင်ရှိရာနေရာနှင့် ပေသုံးလေးထောင်ခန့် မျှဝေးသော နေရာမှဖြစ်သည်။
သို့သော် ရဲရှောင်၏ လက်ဝါးရိုက်ချက်ထဲတွင်မူ စွမ်းအင်များစွာ ပိုမိုပါဝင်နေပြီး သစ်ပင်များအားလုံးကိုပင် တစစီဖြစ်တည်သွားစေလေသည်။
ထို့နောက်တွင်မူ ရဲရှောင်က လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး လေနှင့်အတူ ခဏအတွင်းမှာပင် ပျောက်ကွယ် သွားပါတော့သည်။
![](https://img.wattpad.com/cover/350267301-288-k402189.jpg)
YOU ARE READING