1539-------1541

101 4 1
                                    

အခန်း (၁၅၃၉ - က)(စာစဉ် ၁၂၀- အပိုင်း ၁၂)
“အရှင်သခင်ငါးပါး”
ဆရာဂွမ်စိတ်ထဲ ကျေနပ်သလို ဖြစ်သွားသည့်တိုင် ကောင်းစွာ နားလည်ခြင်း မရှိသေးပေ။
ထိုအချိန် ရဲရှောင်မှ လေးနက်သော အသံဖြင့် -
“ကျုပ်ရဲ့ သေခြင်းနဲ့ရှင်ခြင်းခန်းမမှာ ဘယ်သူမှ မသေရဘူး၊ လူတိုင်း အသက်ရှင်အောင် လုပ်ပေးနိုင်တယ် လို့ ကျုပ်အာမခံနိုင်တယ်၊ ကျုပ်လူတွေ ဘယ်လောက်ပဲ ဒဏ်ရာရနေပါစေ ကျုပ်သူတို့ကို ကယ်တင်မယ် အဲဒီတော့ ဘယ်တော့မှ သေစေနိုင်လောက်တဲ့ ထိခိုက်ဒဏ်ရာမျိုးရှိမှာမဟုတ်ဘူး . . .”
“အဲဒီအချက်အပြင် ရိုးရှင်းတဲ့ အချက်တစ်ချက်လည်း ရှိသေးတယ်၊ ကျုပ်အလံပေါ်မှာ ရေးခဲ့တဲ့ စည်းမျဉ်း ၄ ခုမှာ နောက်ဆုံးတစ်ခုက ရှေ့ကသုံးခုနဲ့တော့ မတူဘူးဖြစ်နေတာပေါ့ . . .”
“ဆရာကြီး သေချာစဉ်းစားကြည့်ပါ ပြိုင်ပွဲမှာ အနိုင်ရသူတစ်ယောက်ကို ကျုပ်လိုချင်တယ် ဒါပေမယ့် ကျုပ် လူတွေကိုလည်း ကျုပ်ကမသေစေချင်ဘူး၊ နောက်ဆုံးအလံနှစ်ခုမှာဆိုရင် တတ်နိုင်သလောက် သူတို့ အကောင်းဆုံး တိုက်ကြဖို့ ကျုပ်ပြောထားတယ် . . .”
“အဲဒီအချိန်မှာ တစ်ယောက်ယောက်က တခြားလူတွေကို စတေးပြီး သူ့ဂုဏ်သိက္ခာ၊ အကျိုးစီးပွားအတွက် အနိုင်ရအောင်လုပ်မယ်ဆိုရင် ကျုပ်အဲဒီလူကို မလိုအပ်ဘူး ထွက်သွားခိုင်းလိုက်မှာ၊ အဲဒီလိုလူတွေက ဘယ်လောက် ပဲ အင်အားကြီးပါစေ တခြားလူတွေကို ကိုယ့်ညီအစ်ကိုတွေလို မမြင်မှတော့ ဘာအသုံးဝင်မှာလဲ . . .”
ရဲရှောင်မှ ပြုံးလျက် ပြောလိုက်၏။
“ကျုပ်က ကျုပ်ရဲ့အသက်နဲ့ ထပ်တူယုံကြည်ရတဲ့ လူတွေကိုပဲ လိုအပ်တာ၊ ကျုပ်အပေါ် လုံးဝကို သစ္စာရှိနိုင် မယ့် လူတွေပေါ့၊ အရေးကြီးဆုံးအချက်က ရိုးသားမှုပဲ . . .”
“ဆရာကြီး . . . ဆရာကြီးက အတွေ့အကြုံ ကြွယ်ဝတဲ့ လူတစ်ယောက်ပါ၊ အဲဒီတော့ ဒါကကျုပ်အတွက် ဘယ်လောက်တောင် အရေးပါလဲဆိုတာကို သိတယ်မလား . . .”
ရဲရှောင်မှ ဆရာဂွမ်အားကြည့်ကာ ပြောလိုက်သည်။
“ကျုပ်ဆီမှာ အလုပ်လုပ်နေတဲ့ လူတွေအကုန်လုံးက အဖွဲ့စည်းကြီးအတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေ ချည်းပဲ၊ ပြိုင်ပွဲတွေက ကျုပ်တို့ထဲမှာ ဘယ်သူအရည်အချင်းအရှိဆုံးလဲဆိုတာကို ရှာဖွေနိုင်သလို၊ အဖွဲ့အစည်းကြီး အပေါ် တကယ့်ကို စိတ်ရင်းနဲ့ သစ္စာရှိပေးနိုင်မယ့်လူတွေကိုလည်း ရှာဖွေပေးနိုင်လိမ့်မယ်၊ အဲဒီတော့ စိတ်အေးအေး ထားပါ ဆရာကြီး . . .”
ရဲရှောင်မှ ဆရာဂွမ်အားကြည့်ကာ ပြောလိုက်သည်။
“ကျုပ်ဘာလုပ်နေတယ်ဆိုတာကို ကျုပ်သိပါတယ် . . .”
ခဏအကြာတွင် ဆရာဂွမ်မှလည်း ရဲရှောင်ပြောသည့်အတိုင်း သံယောင်လိုက်၍ ပြောမိလိုက်၏။
“ကျုပ်ဘာလုပ်နေတယ်ဆိုတာကို ကျုပ်သိတယ်ပေါ့ . . .”
ရဲရှောင်က ငယ်ရွယ်သည့်တိုင် ဉာဏ်အမျှော်အမြင်ကြီးသော လူတစ်ဦးသာဖြစ်သည်။ ထိုသို့သော လူမျိုးမှာ ကမ္ဘာပေါ်တွင် ရှားပါးလွန်းလှသည်။
တကယ်တမ်းတွင် ရဲရှောင်က အရည်အချင်းရှိသော လူများကို ရွေးထုတ်ချင်နေရုံသာမက ကြိုးစားမှုရှိသော လူများကိုပါ ရွေးထုတ်ချင်နေမိခြင်းဖြစ်၏။ သူ့အဖို့ အခြားလူများ တွေးထားသည်ထက် ပိုမိုနက်နဲမှုရှိသော အတွေး အခေါ်များကို တွေးခေါ်ထားခြင်းပါပင်။
ထို့ပြင် ရဲရှောင်က သိုင်းလောကအတွင်း ထာဝရတည်တံ့နိုင်မည့် အဖွဲ့အစည်းတစ်ခုကို တည်ထောင်လိုနေ ခြင်းပင်ဖြစ်၏။ ထို့ကြောင့် ခိုင်မာသည့်အခြေခံအုတ်မြစ်ကို ရဲရှောင် လိုအပ်နေပေသည်။
“ဒီပြိုင်ပွဲမှာ ကျန်နေခဲ့တဲ့ လူတွေကတော့ . . .”
ဆရာဂွမ်မှ တီးတိုးရေရွတ်လိုက်၏။
စင်စစ် အဖွဲ့အစည်းအပေါ် လေးလေးနက်နက် သစ္စာရှိမည့် လူများကို ရွေးထုတ်နိုင်ရန်အတွက် ယခုကဲ့သို့ နည်းလမ်းမျိုးကို အသုံးပြုသည်မှာ အန္တရာယ်များလှသည်ဟု ဆိုနိုင်သည်။ သို့တိုင် အခြားတစ်ဖက်တွင်မူ အသုံးဝင် ကာ၊ အကျိုးရှိလှ၏။
အကယ်၍ ထိုနည်းလမ်းသာ အသုံးဝင်သွားပါက ရဲရှောင်အဖို့ အဖွဲ့စည်းကြီးအတွက် ခိုင်မာသော အခြေခံ အုတ်မြစ်ကို တည်ဆောက်နိုင်ပြီး သစ္စာရှိသော လူများကို ရွေးထုတ်နိုင်ပေလိမ့်မည်။ နောက်ဆုံးတွင် ထိုလူများဖြင့် လည်း တောက်ပသော အနာဂတ်ကို ဖန်တီးနိုင်ပေဦးမည်။
ထို့ကြောင့် ရဲရှောင်ပြောသည့်အတိုင်း ဤသည်က မည်မျှထိအရေးကြီးကြောင်းကို ဆရာဂွမ် ကောင်းစွာ သိ နေလေသည်။
“သူက သူ့ရဲ့အဖွဲ့နဲ့ အင်အားကြီးအဖွဲ့ကြီးတစ်ခုကို တည်ထောင်မှာ . . .”
ဆရာဂွမ် ရေရွတ်မိလိုက်သည်။
ထို့နောက် သက်ပြင်းချလိုက်ပြန်ရင်း -
“ငါတို့သာ စောစောစီးစီး လူလုံးထွက်ပြပြီး ဧကရာဇ်ခန်းမမှာ သစ္စာခံလိုက်မယ်ဆိုရင် အခြေအနေတွေက ကွဲပြားသွားမှာပဲ၊ ဒီလိုနဲ့ပဲ အချိန်ကြာလာတာနဲ့အမျှ ငါတို့ရဲ့ အခွင့်အရေးတွေ ပျောက်ကွယ်သွားမှာကို ငါတော့ ကြောက်မိနေပြီ . . .”
ဆရာဂွမ်မှာ စိုးရိမ်လျက်ရှိနေလေသည်။
ဆရာဂွမ်က အခြားလူများထက် ယခုအခြေအနေကို ကောင်းစွာ သဘောပေါက်မိသည်။ သူနှင့် သူ့လူများမှာ ဧကရာဇ်ခန်းမထဲသို့ အစောပိုင်းကတည်းက ရောက်နှင့်ထားကြသည့် လူများပင် မဟုတ်ပါလား။
သို့သော် မျိုးနွယ်စုအတွင်းရှိ အရည်အချင်းရှိသော လူများမှာမူ ပုန်းအောင်းနေကြတုန်းပင်ဖြစ်၏။ ထိုလူများ မှာ ယခုအချိန်ထိ လူလုံးထွက်မပြကြရသေးချေ။
အကယ်၍ ဆရာဂွမ်သာ အားလုံးကိုထုတ်၍ ဧကရာဇ်ခန်းမ၏ အဖွဲ့ဝင်ဖြစ်စေလိုက်ပါက အခြားမျိုးနွယ်စု များမှာ သေချာပေါက်ပင် ဒေါသထွက်ကုန်ကြလိမ့်မည်။ ထိုသို့ဆိုပါကဂွမ်မျိုးနွယ်စုအဖို့ မလွယ်ကူနိုင်ချေ။ အခြား မျိုးနွယ်စုများကို ဆန့်ကျင်ရန် ဂွမ်မျိုးနွယ်စုအနေဖြင့် မတတ်နိုင်သေးပြီ မဟုတ်ပါလား။
ထို့ပြင် သူ့မျိုးနွယ်စုမှလူများ ဧကရာဇ်ခန်းမထဲသို့ ဝင်ခဲ့စဉ်က ထိုလူများမှာ အားနည်းသည့် လူများသာ ဖြစ် ကြောင်း၊ စီမံရေးရာကိစ္စရပ်များတွင်သာ လုပ်ဆောင်နိုင်ကြောင်း ရဲရှောင်အား ပြောဖူးခဲ့လေသည်။
ထိုအချိန်ကသာ သူ့လူတစ်ယောက်ချင်းစီမှ ဧကရာဇ်ခန်းမတစ်ခုလုံးအား ဖျက်ဆီးနိုင်စွမ်းရှိသည်ဟု ပြောဆို ခဲ့လျှင် ရဲရှောင် မည်သို့တွေးထင်နိုင်ပါမည်နည်း။
ဆရာဂွမ်အဖို့ အစပိုင်းတွင် မှန်ကန်သော လုပ်ရပ်များကို လုပ်ခဲ့သည်ဟု သူ့ကိုယ်သူ ထင်ခဲ့မိသော်လည်း ယခုအခါတွင်မူ ထိုလုပ်ရပ်က သူ့လူများအတွက် အခွင့်အလမ်းမသာနိုင်တော့ဘဲ ဖြစ်နေသည်။ ထို့အတွက်ကြောင့် ထိုပြဿာနာကို ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း သူစဉ်းစားနိုင်သည့် နည်းလမ်းဟူ၍ မရှိခဲ့ချေ။
နောက်တစ်နေ့တွင်မူ ပြိုင်ပွဲကြီး စတင်တော့မည်ဖြစ်သည်။ ထို့နေ့က စက်တင်ဘာလ၏ ဒုတိယမြောက်နေ့ လည်း ဖြစ်၏။
စက်တင်ဘာလတွင် ကောင်းကင်ကြီးတစ်ခုလုံး ပြာလဲ့နေပြီး တိုက်ခတ်သည့် လေများကလည်း လတ်ဆတ် နုပျိုလျက်ရှိသည်။ ထို့ကြောင့် နေ့ကောင်းရက်သာတစ်ရက်ဟုပင် ဆိုနိုင်၏။
ထိုမြင်ကွင်းနှင့် ပနံသင့်စွာ သေခြင်းနှင့်ရှင်ခြင်းခန်းမမှာလည်း ခန့်ညားထည်ဝါစွာ ရှိနေသည်။ ထိုသေခြင်း နှင့် ရှင်ခြင်းခန်းမတွင် ပေထောင်ချီကျယ်ဝန်းသော မြေကွက်လပ်ကြီး တစ်ခုရှိနေ၏။ ထို့ပြင် အပေါက်ဝတွင် ခန့် ထည်စွာရှိနေသော သစ်ပင်ကြီးမှာလည်း ထိုခန်းမ၏ ပြယုဂ်လိုပင် ဖြစ်နေသည်။
ထိုသစ်ပင်ကြီးရှိ သစ်ရွက်များမှာလည်း လှပစွာ ကကြိုးဆင်နေသည့် မိန်းမပျိုလေးအလား လေယူရာ တိမ်းယိမ်းနွဲ့ကာ တဖျတ်ဖျတ် လှုပ်ခါလျက်ရှိနေသည်။ ထို့ပြင် သစ်ပင်ကြီးမှာ မြင့်မားလွန်း၍ နေပျောက်ပင် မထိုး နိုင်အောင် ဖြစ်နေလေသည်။
ထိုသို့ သဘာဝတရားကြီးက လှပမှုအပြည့်ဖြင့် ခြယ်မှုန်းနေချိန် ဧကရာဇ်ခန်းမရှိ လူများမှာလည်း တက်ကြွ သော စိတ်အစဉ်ဖြင့် တစ်စုတစ်စည်းတည်း စုဝေးလျက်ရှိနေကြ၏။ ထိုလူများအားလုံးမှာ မြေပြင်အထက် ပေ ၁၀၀၀ ခန့်ရှိ လေထဲတွင် ရှိနေကြခြင်းဖြစ်သည်။
ထိုအချိန် ရဲရှောင်မှာမူ သေခြင်းနှင့်ရှင်ခြင်းခန်းမရှေ့ရှိ သစ်ပင်ကြီးအား ငေးကြည့်နေမိ၏။ နေရောင်အောက် တွင် ပတ္တမြားများပမာ အရွက်များ တဖျတ်ဖျတ် တောက်ပနေသည်က လူတိုင်း၏ စိတ်အာရုံကို ဖမ်းစားနိုင်လွန်း သည် မဟုတ်ပါလား။
ထို့ကြောင့် အကြောင်းအရာ မယ်မယ်ရရ မရှိဘဲနှင့်ကို လူတိုင်းမှာ ထိုသစ်ပင်ကြီးကိုသာ ငေးကြည့်နေမိကြ လေသည်။
“ကိုယ့်လူတို့ . . . ကျုပ်ကလေးဘဝတုန်းက ဇာတ်လမ်းတစ်ပုဒ်ကို ကြားဖူးခဲ့တယ်၊ ခင်ဗျားတို့လည်း အဲဒီ အကြောင်းကို အရင်က ကြားခဲ့ဖူးလားဆိုတာ သိချင်မိတယ် . . .”
ရဲရှောင်က သစ်ပင်ကြီးအား စိုက်ကြည့်ရင်း ပြောလိုက်၏။
“လူတစ်ယောက်က ကျုပ်ကိုပြောခဲ့ဖူးတယ် ကမ္ဘာကြီးပေါ်မှာရှိတဲ့ အင်အားကြီး ပုဂ္ဂိုလ်တွေအားလုံးက ကောင်းကင်ထက်က ကြယ်တွေပဲတဲ့၊ သူတို့ရဲ့ နေ့ရက်‌တွေ ကုန်ဆုံးသွားတဲ့အချိန်မှာ သူတို့က ရောင်စုံကြယ်တွေ အဖြစ်နဲ့ ကောင်းကင်ထက်ကို ရောက်သွားကြတယ် . . .”
“သူအသက်ရှင်နေတဲ့အချိန်မှာလည်း သူ့ဘဝက ကြယ်တွေလိုပဲ တောက်ပတယ်၊ သူသေသွားတဲ့အချိန်မှာ လည်း ကောင်းကင်ထက်မှာ တောက်ပတဲ့ကြယ်အဖြစ်နဲ့ ပြန်ရောက်လာတယ် . . .”
လူတိုင်းမှာ ရဲရှောင်ပြောသည်ကို နားထောင်ရင်း အသာအယာပင် ခေါင်းညိတ်လိုက်ကြ၏။
ထိုဇာတ်လမ်းက ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ရှိ လူတိုင်းလိုလို သိကြသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပြီး ထူးခြားမှုတော့ မရှိချေ။ သို့သော် ထိုဇာတ်လမ်းနှင့်နှိုင်းကာ ရဲရှောင်ပြောချင်နေသည့် အဓိပ္ပာယ်ကိုမူ လူတိုင်း မသိဘဲ ဖြစ်နေကြ၏။
“ကောင်းကင်ဘုံအထက် လူသားနယ်ပယ်မှာ အဆင့်နိမ့်နယ်ပယ်တွေ အများကြီးရှိတာ ခင်ဗျားတို့ သိမယ် ထင်ပါတယ် . . .”
ရဲရှောင်မှ ထပ်မံ၍ ပြောလိုက်ပြန်၏။
“အဲဒီလူတွေရဲ့ အမြင်မှာတော့ ကျုပ်တို့က နတ်ဘုရားတွေပဲ ဒါပေမယ့် ကျုပ်တို့ကိုယ်တိုင်တော့ ကျုပ်တို့သိ နေကြတယ်၊ ကျုပ်တို့က နတ်ဘုရားတွေ မဟုတ်သလို ကိုးကွယ်ရာအရာတွေလည်း မဟုတ်ဘူး၊ ကျုပ်တို့ရဲ့ အထက် မှာ ကြယ်တွေရှိနေသေးတယ် . . .”
“ကောင်းကင်ထက်မှာ တောက်ပနေတဲ့ ကြယ်တွေကို ခင်ဗျားတို့ လှမ်းပြီးခူးဆွတ်ချင်ကြလား၊ ကမ္ဘာကြီးရဲ့ ဒဏ္ဍာရီပုဂ္ဂိုလ်တစ်ပါး ဖြစ်ချင်ကြလား . . .”
ထိုအခိုက်အတန့်တွင် လူတိုင်း၏စိတ်ထဲ၌ သွေးများပွက်ပွက်ဆူသွားလေသည်။
သို့သော် လူတိုင်း ထိုသို့ဖြစ်ချင်ကြသည့်တိုင် အခွင့်အရေးတစ်ခုကို ဖမ်းဆုပ်ရန် လိုအပ်သည် မဟုတ်ပါလား။
“သေခြင်းနဲ့ရှင်ခြင်းခန်းမကြောင့် ဧကရာဇ်ခန်းမကြီးကို တည်ထောင်ခဲ့တယ် . . .”
ရဲရှောင်မှ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“သေခြင်းနဲ့ရှင်ခြင်းခန်းမဆိုတာ ဒီသစ်ပင်ကြီးလိုပဲ ဘယ်တော့မှ သေဆုံးသွားမှာ မဟုတ်ဘူး၊ ကျုပ်တို့တွေ အတွက် ဒီသစ်ပင်ကြီးက အခြေခံအုတ်မြစ်ပဲ . . .”
“ဒီသစ်ပင်ကြီးရဲ့ သစ်ရွက်တစ်ရွက်ချင်းစီက တောက်ပနေတယ်၊ သစ်ရွက်တွေရဲ့ တောက်ပမှုက ကြယ်တွေ ရဲ့ အလင်းရောင်လိုပဲ . . .”
ထိုစကားကြောင့် လူတိုင်း၏ မျက်လုံးများမှာ သစ်ပင်ကြီးထံမှ မခွာနိုင်ကြတော့ချေ။ တပျိုးပျိုးတပြက်ပြက် တောက်ပနေသော သစ်ရွက်များက အာရုံဖမ်းစားနေသည် မဟုတ်ပါလား။
“ဒါကကျုပ်တို့ရဲ့ကမ္ဘာ ကျုပ်တို့ရဲ့ကြယ်တွေပဲ . . .”
“ဒီနေ့ ဧကရာဇ်ခန်းမက ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ကို စတင်ဖန်တီးမယ်၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျုပ် တို့ရဲ့ အဖွဲ့အစည်းကြီးက ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်တဲ့ အင်အားကြီးအဖွဲ့ကြီး ဖြစ်လာတဲ့အချိန်ကျရင် ကျုပ်တို့ က ကမ္ဘာကြီးရဲ့ကြယ်တွေ ဖြစ်လာကြလိမ့်မယ်၊ ကျုပ်တို့ကိုယ်တိုင်က ကြယ်တွေဖြစ်လာမှာ အဆုံးမရှိနိုင်တဲ့ ကြယ် ပင်လယ်ကြီးပေါ့ . . .”
ထိုသို့ပြောပြီးနောက် ရဲရှောင်က နောက်သို့လှည့်ကြည့်လိုက်၏။ ထိုအခိုက်အတန့်တွင် သူ၏မျက်လုံးများက သလင်းကျောက်များပမာ စူးရှနေပြီး ဝတ်ရုံကလည်း လေထဲတွင် တလူလူဝဲလွင့်နေသည်။
ရဲရှောင်က ထိုစူးရှသောမျက်လုံးများဖြင့် သူ၏လူများကို မမှိတ်မသုဉ် စိုက်ကြည့်နေပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now