1691------1700

64 2 0
                                    

အခန်း (၁၆၉၁)(စာစဉ် ၁၃၂- အပိုင်း ၁၄)
“စိတ်ဝိညာဉ် ဆေးပင်ကြီးလေးပင်”
အားဟူမှ ရဲရှောင်အား စိတ်ချင်းဆက်သွယ်၍ -
“ဒါကရှင်းပါတယ် ငှက်က သိပ်ပြီး စိတ်လှုပ်ရှားလွန်းတာကြောင့် ဒါမှမဟုတ် မနာလိုဖြစ်နေတာကြောင့် ဖြစ် လိမ့်မယ်၊ အဲဒါကြောင့်သာ အခုလိုဖြစ်နေတာနေမှာပေါ့ . . .”
အားဟူမှ ထိုသို့ပြောလိုက်သည့်တိုင် ရဲရှောင်ကမူ နားမလည်နိုင်ဖြစ်နေလေသည်။
(ဒီနေရာကရောက်တာနဲ့ အရမ်းကို စိတ်လှုပ်ရှားသွားတယ် ဟုတ်လား၊ အဲဒီလောက်ထိ လိုအပ်လို့လား . . .)
အားဟူမှ -
“ဒါကတော့ ခင်ဗျားက သိပ်ကံကောင်းလွန်းနေတာကိုး၊ တစ်ယောက်ရဲ့ အခက်အခဲကို ကိုယ်တိုင်မကြုံတွေ့ ဖူးဘဲ အဲဒီလူရဲ့ အခက်အခဲကို ဘယ်လိုမှသိနိုင်မှာ မဟုတ်ဘူး . . .”
“ခင်ဗျားက အဆင်ပြေလွယ်ကူတဲ့ဘဝမှာ နေခဲ့ရတော့ ဒီအခြေအနေက ငှက်အတွက် ဘယ်လောက်အထိ အရေးပါလဲဆိုတာကို မသိဘူးဖြစ်နေတာပေါ့၊ ကျုပ်ထပ်ပြီး မရှင်းပြချင်တော့ဘူး . . .”
(ဘာလဲ . . . အားဟူက ရဲတင်းလှချည်လား၊ ဘယ်လိုတောင် ငါ့ကိုပြောဝံ့ရတာလဲ . . .)
မကျေမချမ်းဖြစ်သွားသော ရဲရှောင်လည်း အားဟူအား မကြည်ကြည့်သာ ကြည့်လိုက်တော့၏။
“ဘယ်လိုလဲ ဒီနေရာက နေလို့ကောင်းတယ် မဟုတ်လား . . .”
ရဲရှောင်လည်း အားဟူနှင့် အပိုစကားများ မပြောချင်တော့၍ ငှက်လေးကိုသာ ပြုံးလျက်ကြည့်ရင်း မေးလိုက် သည်။
ငှက်လေးမှာမူ စိတ်လှုပ်ရှားနေဟန်ရှိလေသည်။ ရဲရှောင်ထံသို့ အပြေးအလွှားပင် သွားလိုက်၏။ ထိုမြင်ကွင်း က ငှက်လေးတစ်ကောင်နှင့်မတူဘဲ ကလေးငယ်တစ်ဦး ပြေးလွှားသွားသည်နှင့်ပင် တူနေပါသေးသည်။
“မင်းက ငိုနေတာလား . . .”
ငှက်လေးတစ်ကောင်က ငိုနေ၍ ရဲရှောင် အံ့ဩသွား၏။
“ဒါတွေက ငါမင်းကို ပေးနိုင်တဲ့အရာတွေပဲ . . .”
ရဲရှောင်မှ ငှက်လေးအား ကရုဏာသက်ဖွယ် မျက်လုံးများဖြင့်ကြည့်ရင်း ပြောလိုက်ပြန်သည်။
“မင်း ငါ့နောက်လိုက် မလုပ်ချင်ဘူးဆိုရင် ငါမင်းကို အခုလွှတ်ပေးပါ့မယ်၊ မင်းမျက်ရည်တွေတော့ မကျပါနဲ့၊ ငါမင်းငိုနေတာကို တကယ်မမြင်ချင်ပါဘူး . . .”
“ကျိကျိ . . . ကျိကျိ . . .”
ငှက်လေးမှာ တစာစာအော်မြည်ရင်း တောင်ပံကို ဝေ့ယမ်းကာဖြင့် ဖြေရှင်းပြန်ရန် ကြိုးစားလျက်ရှိသည်။ ရဲရှောင်အား သစ္စာခံတော့မည့်အကြောင်း ပြောပြချင်နေသည့် ပုံပါပင်။
(ကျုပ်က ခင်ဗျားရဲ့ အပိုင်ပဲ၊ ခင်ဗျား လုပ်ချင်တာ ကျုပ်ကိုလုပ်လို့ရတယ် . . .)
“ဘယ်လိုလဲ . . .”
ရဲရှောင်မှ မသိချင်ယောင်ဆောင်ရင်း မေးလိုက်သည်။
“မင်းထွက်သွားချင်လား ဒီမှာနေချင်လား . . .”
(သေစမ်း . . . ငါလုံးဝထွက်မသွားချင်ပါဘူးဆိုနေမှ . . .)
ငှက်လေးမှာ ထွက်သွားရမည့်အရေးအား ရတက်မအေးနိုင်အောင်ပင် ဖြစ်နေမိ၏။
“ကျိကျိ . . . ကျိကျိ . . .”
“ဪ . . . မင်းက အခုကို ထွက်သွားချင်နေပြီပေါ့ . . .”
“အေးပါ . . . အေးပါ . . .”
ရဲရှောင်မှ မျက်တောင်ပုတ်ခပ်ပုတ်ခပ်လုပ်ရင်း မသိဟန်ဆောင်လိုက်ပြန်သည်။
ငှက်လေးမှာ ရဲရှောင်၏ အပြုအမူများကိုကြည့်ရင်း ဒေါသထွက်လာ၏။ ထို့နောက် ရဲရှောင်၏ လက်ထဲတွင် လဲလျောင်းလိုက်ရင်း ၎င်း၏နှုတ်သီးလေးဖြင့် ပွတ်သပ်ကာ ယခုနေရာ၌ နေချင်ကြောင်း ပြသလိုက်သည်။
(ငါ့ကိုဒီမှာနေခွင့်ပေးပါ၊ ငါဘယ်မှ မသွားချင်ဘူး . . .)
(ဒီနေရာကနေ ထွက်သွားရမယ့်အစား သေပဲသေလိုက်တော့မယ် . . .)
“မင်းတကယ်ပဲလား၊ မင်းတကယ်ပဲ ငါနဲ့နေချင်တယ်ပေါ့၊ ငါ့နောက်လိုက်မှာလား . . .”
ရဲရှောင်မှာ ငှက်လေးအားကြည့်ကာ အတည်ပြုလိုဟန်ဖြင့် မေးလိုက်သည်။
“ကျိကျိ . . . ကျိကျိ . . .”
ငှက်လေးမှာ ခေါင်းတဆတ်ဆတ်ညိတ်ရင်း အော်မြည်လိုက်၏။
“ကျုပ်ကို ဒီမှာနေခွင့်ပေးပါ၊ ခင်ဗျားက ကျုပ်ရဲ့ သခင်ပါပဲ၊ ခင်ဗျား လုပ်စေချင်တာမှန်သမျှ ကျုပ်လုပ်ပါ့မယ်၊ ကျုပ်က ခင်ဗျားအပိုင်ပဲ၊ ကျုပ်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးပါ . . .”
ရဲရှောင်မှ ရယ်မောလိုက်ရင်း -
“ကောင်းပြီ . . . မင်းက ထွက်မသွားချင်ဘူးဆိုမှတော့ ဒီမှာနေချင်လို့လား၊ မင်းထွက်သွားတဲ့အချိန်ကျရင် လည်း ငါ့ကိုပြောပါ၊ ငါကြည်ကြည်ဖြူဖြူနဲ့ ထွက်သွားခွင့် ပေးပါ့မယ် . . .”
“ကျိကျိ . . . ကျိကျိ . . .”
“ထွက်သွားရမယ် ဟုတ်လား . . . ကျုပ်က ဘာကိစ္စနဲ့ ထွက်သွားရမှာလဲ . . .”
ငှက်လေးမှာ ရဲရှောင်၏ လက်ပေါ်တွင်မှီရင်း တစာစာ အော်မြည်လျက်ရှိသည်။ ထို့နောက်တွင် ၎င်း၏ မျက်လုံးများကို မှိတ်လိုက်တော့၏။
(တော်တော်ကို ခံစားလို့ကောင်းလိုက်တာ ငါကတော့ ပျော်သွားမိပြီ . . .)
(ကမ္ဘာကြီးပေါ်မှာ ငါ့အတွက် အကောင်းဆုံးနေရာတစ်ခုကို ပိုင်ဆိုင်သွားရပြီ . . .)
(ဒီလူက သဘောကောင်းလိုက်တာ၊ နေရာကလည်း တကယ့်ကို အံ့ဩဖို့ကောင်းတယ် အဲဒီတော့ ငါ့ဘက်က လည်း သူ့အတွက် ငှက်ကောင်းလေးတစ်ကောင်ဖြစ်အောင် ကြိုးစားရမယ် . . .”
“ဒါပေမယ့် မင်းက ဒီမှာဆိုရင် . . .”
ရဲရှောင်မှ မျက်မှောင်ကြုတ်လျက် စကားအား ဆက်မပြောဘဲ ရပ်တန့်ထားလိုက်၏။
ထိုအချိန် ငှက်လေးမှာ စိတ်လှုပ်ရှားနေဟန်ဖြင့် ၎င်း၏တောင်ပံလေးများကိုဖြန့်ကာ တစ်နေရာရာသို့ ညွှန်ပြ လျက်ရှိ၏။ ထို့နောက်တွင် ရဲရှောင်၏ ဝတ်ရုံစကိုဆွဲကာ ၎င်းနှင့်အတူ လိုက်ပါရန် ဆွဲခေါ်နေလေသည်။
“ဘာလဲ . . . မင်းဘာလုပ်မလို့လဲ . . .”
“မင်းရဲ့ မူလခန္ဓာကိုယ်ကို ပြမလို့လား၊ ငါတို့ကဖြင့် သိတာမှ ဘယ်လောက်မှ မကြာသေးဘူးလေ၊ မင်းအဲဒီ လိုလုပ်ချင်တာ သေချာရဲ့လား . . .”
“မင်းငါ့ကိုပြပြီးသွားရင်တော့ မင်းကြိုက်တဲ့နေရာကိုတော့ သွားလို့ရတယ် ဒါပေမယ့် မင်းရဲ့မူလခန္ဓာကိုယ် ကိုတော့ ဒီမှာပဲ စိုက်ရမယ်၊ အဲဒီတော့ မင်းသေချာစဉ်းစားဖို့လိုတယ် . . .”
“ဘယ်လို . . . မင်းက စောင့်တောင်မစောင့်နိုင်တော့ဘူး ဟုတ်လား၊ အဲဒီလောက်ထိ အလျင်လိုဖို့ လိုအပ်လို့ လား၊ သေချာရဲ့လား . . .”
ငှက်လေးမှာ ရဲရှောင်ပြောသမျှ မေးခွန်းတိုင်းအား ခေါင်းတွင်တွင်ညိတ်၍သာ ဖြေဆိုလျက်ရှိ၏။
ထိုမြင်ကွင်းအားကြည့်ရင်း ရဲရှောင်တစ်ယောက် အားရပါးရပင် ရယ်မောပစ်ချင်လာလေသည်။
“ဪဒါနဲ့ . . . မင်းက ဘာလဲဆိုတာ ငါ့ကိုမပြောရသေးဘူးနော် . . .”
ရဲရှောင်မှ ငှက်လေးအားကြည့်ကာ မေးလိုက်သည်။
“ကျိကျိ . . . ကျိကျိ . . .”
“ဘာ . . . ဟင်းလင်းပြင်ကြံ ဟုတ်လား . . .”
ရဲရှောင်မှာ ဟန်မဆောင်နိုင်အောင်ပင် အံ့ဩသွားလေသည်။
သူ့အဖို့ ငှက်လေးကို တန်ဖိုးရှိသည့် အပင်မှန်းသိသည့်တိုင် ယခုလောက်ထိ တန်ဖိုးကြီးနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။ ငှက်သည် ထိပ်တန်းစာရင်းဝင် ဟင်းလင်းပြင်ကြံ ဖြစ်နေသည် မဟုတ်ပါလား။
ထိုအချိန် အားဟူမှာလည်း ရဲရှောင်အတိုင်း အံ့အားသင့်လျက်သာရှိနေသည်။
(ဘယ်လို . . . ဟင်းလင်းပြင်ကြံ ဟုတ်လား . . .)
(စကြာဝဠာကြီး စတင်ဖန်တီးခဲ့တဲ့အချိန်မှာ အမှောင်နဲ့အလင်းက စပြီး ပေါ်လာတယ်၊ အဲဒီအချိန်မှာ စိတ် ဝိညာဉ်ဆေးပင်ကြီး ၄ ပင်လည်း ထွက်ပေါ်လာတယ် . . .)
(အမှောင်ဆေးပင် . . .)
(သုံးပေအမြင့် အနီရောင်အပင် . . .)
(ရောင်စုံ ဗူးသီးခြောက်နဲ့ ဟင်းလင်းပြင်ကြံတို့ပဲ . . .)
စင်စစ် အမှောင်ဆေးပင်ဆိုသည်မှာ လင်းလက်သည့် နေရာများတွင်သာ ပေါက်ဖွားသော်လည်း တဖြည်း ဖြည်း ကြီးထွားလာသည်နှင့်အမျှ ထိုနေရာတစ်ခုလုံးမှာ အမှောင်အတိပင် ဖုံးလွှမ်းသွားတတ်၏။ ထို့ကြောင့် အဆိုပါ အမှောင်ဆေးပင်၏နေရာတွင် လင်းလက်သောနေရာဟူ၍ မရှိချေ။
ထို့ပြင် အမှောင်ဆေးပင်က ရှားပါးသည်ဟုဆိုနိုင်သော်လည်း အရှားပါးဆုံးတော့ မဟုတ်ပေ။ နှစ်ပေါင်းသိန်း ချီအတွင်း အမှောင်ဆေးပင်ကို ကြုံတွေ့ဖူးသူဟူ၍ ရှိခဲ့ဖူးသည် မဟုတ်ပါလား။ သို့သော် အခြားဆေးပင်ကြီး သုံးပင်ကိုမူ မြင်တွေ့ဖူးသူဟူ၍ မရှိသလောက်ကို ရှားပါးလွန်းလှသည်။
ထိုအထဲတွင် သုံးပေအမြင့် အနီရောင်အပင်မှာ သာမန်ပုံစံမျိုးသာရှိသော အပင်မျိုးဖြစ်၏။ ၎င်း၏နာမည် အတိုင်းလည်း အပင်မှာ သုံးပေခန့်သာရှိပြီး ထိုအမြင့်မှဆက်၍ မတက်တော့ချေ။ ထို့ကြောင့် မှတ်မိလွယ်သော အပင်ဟုပင် ဆိုနိုင်သည်။
တကယ်တမ်းတွင် သုံးပေအမြင့် အနီရောင်အပင်တွင် အခြားသော နာမည်များလည်း ရှိနေသေး၏။ စင်စစ် အနီရောင်အမှုန်အမွှားဟူ၍ ခေါ်ဆိုကြခြင်းပါပင်။
အဆိုပါ သုံးပေအမြင့် အနီရောင်အပင်နှင့် ပတ်သက်လျှင် ကောလဟလများလည်း ရှိခဲ့ဖူးသည်။ ထိုအရာ ကား သုံးပေအမြင့် အနီရောင်အပင် စတင်ပေါက်ရောက်သည်ကို မြင်တွေ့ဖူးပြီး အပင်ကို ရယူနိုင်သူအဖို့ မသေနိုင် သော စွမ်းအားများကို ပိုင်ဆိုင်သွားမည်ဆိုသည့် ကောလဟလပင် ဖြစ်လေသည်။
ထို့ကြောင့် ကောလဟလဆိုသည့်အတိုင်း မည်သူမှ ထိုသို့သော ဖြစ်ရပ်မျိုး ကြုံတွေ့ဖူးကြခြင်း မရှိချေ။
ရောင်စုံဗူးသီးခြောက်မှာမူ ထူးခြားလွန်းလှသည်။ အကြောင်းမှာ ကောင်းကင်နှင့်အနီးဆုံးနေရာတွင် တည်ရှိ ၍ မည်သည့်နေရာတွင် ပေါက်သည်ဆိုသည်ကို မည်သူမှ မသိနိုင်ကြချေ။
ထို့ကြောင့် အနီရောင်ဗူးသီးခြောက်က သက်တန့်များ ဖြစ်ပေါ်လာရခြင်းအကြောင်းဟုလည်း ပါးစပ်ရာဇဝင် တွင်ကြ၏။ ထိုစကားအရ နေမင်းကြီး၏ ရောင်ခြည်များက ဗူးသီးခြောက်ကို ဖြတ်သန်းသွားချိန် သက်တန့်များ ဖြစ် ပေါ်သွားရသည်ဟု ဆိုနိုင်သည်။
သို့သော် အနီရောင်ဗူးသီးခြောက်ပင်ကိုမူ မည်သူမှ မမြင်တွေ့ဖူးကြ၍ ထိုအရာများက ပုံပြင်လိုသာ ဖြစ်နေ ၏။
တကယ်တမ်းတွင် အပင်ကြီးလေးပင်အနက် လျှို့ဝှက်အဆန်းကျယ်ဆုံးဟုဆိုရမည့် အပင်မှာ ဟင်းလင်းပြင် ကြံသာ ဖြစ်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now