1761--------1770

30 0 0
                                    

အခန်း (၁၇၆၁)(စာစဉ် ၁၃၉- အပိုင်း ၉)
“အားလုံးရူးကုန်ပြီလား”

“ကျုပ်တို့ရဲ့ . . . ကျုပ်တို့ရဲ့ ညီအစ်ကိုတွေ ဒီလိုဖြစ်လာမယ်လို့ မထင်ထားခဲ့မိဘူး၊ အိပ်မက်တောင် မမက်ခဲ့ ဘူး . . .”
ကျိုးဝုမှ မချိတင်ကဲ လေသံဖြင့် ပြောလိုက်သည်။
“မျိုးနယ်စုထဲမှာ အရိုကျိုးဆုံးနဲ့ ယုံကြည်မှုအရဆုံး လူငယ်လေးတစ်ယောက်က ဒီလိုလူမဆန်တဲ့ လုပ်ရပ်ကို လုပ်ခဲ့တယ်။ အခုကျုပ်စဉ်းစားမိလိုက်တော့ ဒီမတိုင်ခင်က လွှတ်ခဲ့တဲ့ ကျုပ်တို့ညီအစ်ကိုတွေလည်း ဒီလိုပဲ သေခဲ့ ကြရတာ ဖြစ်လိမ့်မယ် . . .”
ကျိုးဝုမှ ပြောနေရင်းဖြင့် မျက်ရည်များ စီးကျလာသည်။
“ခွေးမသားက ကျုပ်တို့ကို တိတ်တဆိတ် အဆိပ်ခတ်ခဲ့တယ်၊ ကျုပ်တို့ သတိမပြုမိခဲ့ကြဘူး၊ အဆိပ်ခတ် မှန်း သိလိုက်ကြတဲ့အချိန် သိပ်ကို နောက်ကျသွားပြီ . . .”
ကျိုးဝုမှ ပြောသည်ကို နားထောင်ရင်း ရဲရှောင်လည်း ဘာပြောရမှန်းပင် မသိချေ။
(ဒီလူက ဘာလို့ အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောနေတာလည်း မသိဘူး၊ အဆိပ်ခတ်ပါတယ်ဆိုမှ သိအောင် ခတ်ပါ့မလား၊ ကိုယ့်အသက်ကို လုပ်ကြံပါတယ်ဆို သိအောင် ဘယ်လုပ်ပါ့မလဲ . . .)
“ကျုပ်တို့တွေ ထောင်ချောက်ထဲ ရောက်ခဲ့ကြတယ်၊ အဲဒီကောင်တွေက ကျုပ်တို့နောက်ကို လိုက်ဖမ်းခဲ့ကြ တယ်၊ ကျုပ်ညီအစ်ကို ၇ ယောက်က ကျုပ်တို့ကို ကယ်တင်ဖို့ ကြိုးစားရင်း စတေးခဲ့ကြတယ်၊ သူတို့အားလုံး သေကုန်ကြပြီ . . .”
ကျိုးဝုမှ ကျယ်လောင်စွာ ငိုကြွေးရင်း ပြောလိုက်ပြန်သည်။
“သူတို့အားလုံးက ထာဝရအဆင့် ပညာရှင်တွေချည်းပဲ၊ သူတို့သာ အဆိပ်မမိခဲ့ဘူးဆိုရင် ကျုပ်တို့ထဲက ဘယ်သူမဆို ရန်သူတွေအားလုံးကို သတ်ပစ်နိုင်မှာ . . .”
“ရဲချန်ချင်က ကျုပ်တို့ကို အဆိပ်ခတ်ပြီး စော်ကားခဲ့တယ် . . .”
ကျိုးဝုမှာ လက်သီး ၂ ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း နဖူးကြောကြီးများလည်း ထောင်လျက်ရှိ၏။
“ဒီလိုအစော်ကားခံခဲ့ရတာကို လက်မခံနိုင်ဘူး၊ ကျုပ်ကလဲ့စားချေရမယ်၊ သူတို့တစ်မျိုးလုံးကို သတ်ပြီး ကလဲ့စားချေရမယ် . . .”
ကျိုးဝု၏ အဖော် ၂ ယောက်မှာ ထိုစကားကိုကြားချိန်တွင်မူ ပါးစပ်အဟောင်းသားဖြစ်သွားကြ၏။
(ငါတို့လည်း အဲဒီကောင်ကို ကျိုးဝုစိတ်နာသလောက်ကို စိတ်နာပါတယ်၊ ဒါပေမယ့် သူ့တစ်မျိုးလုံးကိုတော့ သတ်လို့မရဘူးလေ၊ ဆရာကြီးရဲရဲ့ တစ်မျိုးလုံးကို သတ်မလို့လား၊ သတ်ရော သတ်နိုင်လို့လား . . .)
ရဲရှောင်လည်း တခဏငြိမ်နေပြီးမှ -
“ခင်ဗျားတို့ မသိသေးတာတွေ ရှိနေမယ်ထင်တယ်၊ ကောင်းကင်သစ်ရွက်က နှစ်ပေါင်းတစ်သိန်းလောက် ပျောက်ကွယ်နေခဲ့တာ၊ ဒီလို သိုင်းလောကထဲ ပြန်ဝင်မလာခင် ခင်ဗျားတို့တွေ အများကြီး ဖွံ့ဖြိုးတိုးတက်နေမှာပဲ၊ ဒါကို ခင်ဗျားတို့ သတိလက်လွတ် ဖြစ်သွားတာလည်း ဖြစ်နိုင်တယ်၊ ဒါပေမယ့် ဒါကြီးကတော့ မဖြစ်သင့်တဲ့ အမှားကြီးပဲ . . .”
“ခင်ဗျားတို့ မျိုးနွယ်စုရဲ့ မျိုးဆက်သစ်တွေက ဉာဏ်နည်းလို့ဆို ထားလိုက်ပါဦး၊ အသက်ကြီးတဲ့ လူတွေက တော့ ဒီလောက်ဉာဏ်မနည်းသင့်ဘူး . . .”
ရဲရှောင်မှ ဆက်လက်၍ -
“အသက်ကြီးလေ ဉာဏ်အမျှော်အမြင်နဲ့ ပြည့်စုံလေပဲဆိုတဲ့ စကားလည်းရှိတော့ ခင်ဗျားတို့ရဲ့ သက်ကြီး ဝါကြီးတွေက အရူးတွေတော့ မဖြစ်နိုင်ပါဘူး . . .”
ကျိုးဝုမှ ရှက်အမ်းအမ်း ဖြစ်သွားရင်း -
“ခင်ဗျားမသိသေးတာတွေ ရှိပါသေးတယ် ဧကရာဇ်ရဲ . . .”
ရဲရှောင်မျက်လုံးများ အရောင်ဝင်းလက်သွားရင်း -
“ရဲမျိုးနွယ်စုရဲ့ ခေါင်းဆောင်ပိုင်းနဲ့ ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေတာမျိုး ရှိတယ်ပေါ့ . . .”
ကျိုးဝုမှ အံ့ဩသွားဟန်ဖြင့် -
“ကျုပ်မပြောပြနိုင်ဘူး . . . ဒါကမျိုးနွယ်စုရဲ့ လျှို့ဝှက်ချက်ပဲ . . .”
ရဲရှောင်မှ ခပ်အေးအေး လေသံဖြင့်ပင် -
“ဒါဖြင့်လည်း ကျုပ်မမေးတော့ပါဘူး၊ တခြားလူရဲ့ လျှို့ဝှက်ချက်ကို မသိချင်တော့ဘူး . . .”
ပြောပြောဆိုဆိုဖြင့် ရဲရှောင်လည်း ရှေ့မှ ခပ်သုတ်သုတ် လျှောက်သွား၏။
ကျိုးဝုမှာမူ သက်ပြင်းရှည်ကြီးသာ ချလိုက်ရင်း မျက်ရည်များ စီးကျလာပြန်သည်။ ထို့နောက် ရဲရှောင် နောက်မှ တိတ်တဆိတ် လိုက်ပါသွားတော့၏။
ရဲရှောင်မေးလိုက်သည်မှာ ရဲမျိုးနွယ်စု၏ ခေါင်းဆောင်ပိုင်းများသာ သိသော လျှို့ဝှက်ချက်ဖြစ်၏။ ကျိုးဝု အနေဖြင့် ရဲရှောင်ကို မည်သို့ပြောပြနိုင်ပါမည်နည်း။
သို့သော် သူ၏ တုံ့ပြန်မှုကြောင့် ရဲရှောင်စိတ်ထဲ ရဲမျိုးနွယ်စုများ၏ ခေါင်းဆောင်ပိုင်းများနှင့် ပတ်သက်၍ ပြဿနာတစ်ခုခု ရှိနေပြီဖြစ်ကြောင်း သတိပြုမိသွားပြီဖြစ်လေသည်။
ကျိုးဝုစိတ်ထဲ ရဲရှောင်က ရဲမျိုးနွယ်စု၏ သတင်းဆိုးကို ကြားချင်နေဟန်ရှိသည်ဟုပင် ထင်မှတ်နေမိ၏။ သူ့စိတ်ထဲ ထင်နေသည့်အရာကိုလည်း အမှန်တကယ် ဖြစ်လောက်သည်ဟု ယုံကြည်နေမိသဖြင့် စိတ်ထဲ နားမလည် နိုင်အောင် ဖြစ်နေမိလေသည်။
(သူကဘာလို့များ သတင်းဆိုးကြားရတာကို ပျော်နေရတာလဲ၊ အံ့ဘွယ်သမားတော်တစ်ပါး အနေနဲ့ ဒီလိုကြီး က မဖြစ်သင့်ပါဘူး . . .)
ရဲရှောင်အဖို့ အခြေအနေများကို သဘောပေါက်သွားပြီ ဖြစ်သည်။
ရဲချန်ချင် ရောက်လာစတုန်းက မျိုးနွယ်စု အတွက် သတင်းစုဆောင်းချင်ရုံသာ ဖြစ်ပေလိမ့်မည်။ သို့သော် ဖရိုဖရဲမြို့တော်သို့ ရောက်လာပြီးနောက် မျိုးနွယ်စု၏နာမည်ကို အသုံးချ၍ အလွယ်တကူ အားလုံးကို စည်းရုံးနိုင် ကြောင်း သိရှိသွားခဲ့သည်။
ထိုအချိန်မှစ၍ ရဲချန်ချင်တစ်ယောက် ပြောင်းလဲသွားခဲ့လေသည်။
(မျိုးနွယ်စုကို ကိုယ်စားပြုတဲ့လူက ဘယ်သူပဲ ဖြစ်နေပါစေ တူညီတဲ့ အထောက်အပံ့မျိုးကို ရမှာပဲ မဟုတ်လား၊ ဒါဆိုငါကရော ဘာလို့ အမွေဆက်ခံသူ မဖြစ်နိုင်ရမှာလဲ . . .)
ရဲချန်ချင်စိတ်ထဲ၌ ထိုသို့သော အတွေးမျိုး ဝင်သွားခြင်းဖြစ်မည်ဟု ရဲရှောင်ခန့်မှန်းမိလိုက်၏။ သူ၏ မှန်းဆ ချက်များမှာ အနည်းနဲ့အများ မှန်ကန်နေမည်သာ ဖြစ်ပါတော့သည်။
. . .
ရဲရှောင် တွေးတောနေရင်းဖြင့်ပင် ဧကရာဇ်ခန်းမသို့ ပြန်ရောက်ရှိလာခဲ့၏။
ထိုအချိန် ပျော်ရွှင်စွာ ထွက်လာသော ချိဟူကို မြင်တွေ့လိုက်ရလေသည်။
ချိဟူမှ ရဲရှောင်အား ပြုံးရွှင်စွာဖြင့် -
“ကောင်လေး . . . မင်းပြန်ရောက်လာပြီပေါ့ . . .”
ရဲရှောင် အံ့ဩသွားမိလေသည်။
(ဒါချိဟူရော ဟုတ်ရဲ့လား . . .)
(သူငါ့ကို ကောင်လေးလို့ ခေါ်တယ်ဆိုတာ ငါ့နောက်လိုက် မဖြစ်ခင်ကလေ၊ နောက်ပြီး သူကဘယ်တုန်းက လူတွေကို ဖက်လှဲတကင်း နှုတ်ဆက်တတ်သွားတာလဲ . . .)
(သူ့ကိုယ်သူ သိပ်ပြီးဟုတ်လှပြီ ထင်နေတာလား . . .)
ရဲရှောင်ပထမဆုံး တွေးမိလိုက်သည့်အတွေးမှာ ချိဟူတစ်ယောက် မသေမျိုးအဆင့်သို့ မရောက်လိုက်သဖြင့် ရူးသွပ်သွားခြင်း ဖြစ်မည်ဟု တွေးလိုက်မိခြင်းဖြစ်သည်။ ကျင့်ကြံမှုလမ်းကြောင်းကို ထိခိုက်မိသွားသဖြင့် ထိုသို့ စိတ်ပေါ့သွပ်သွားခြင်း ဖြစ်မည်ဟု ထင်လိုက်ကာ ဂရုစိုက်မှဖြစ်မည်ဟု အတွေးလည်း ဝင်သွားမိ၏။
ရူးသွပ်နေသည့် ထာဝရအဆင့် ပညာရှင်တစ်ယောက်မှာ သာမန်ရူးသွပ်သည့်လူများထက် များစွာ အန္တရာယ် ကြီးမားလှသည် မဟုတ်ပါလား၊ ထို့ပြင် ရဲရှောင်အနေဖြင့် ထာဝရအဆင့်သို့ ရောက်နေသည့်တိုင် ချိဟူကို အနိုင်ယူ နိုင်ဦးမည် မဟုတ်ပေ။
ရဲရှောင်မှ သတိထားသည့် ‌လေသံမျိုးဖြင့် -
“ချိဟူ . . . ခင်ဗျား . . . ခင်ဗျား အဆင်ပြေရဲ့လား . . .”
ချိဟူမှ ရယ်မောလိုက်ရင်း -
“မင်းဘာတွေပြောနေတာလဲ ကောင်လေး . . . ငါအဆင်ပြေရဲ့လားတဲ့၊ ငါကသိပ်ကို အဆင်ပြေတာပေါ့”
ရဲရှောင် လန့်သွားမိသည်။ အဘိုးကြီးကိုကြည့်ရင်း ချွေးများပြန်လာကာ သတိလစ်မလိုပင် ဖြစ်လာသည်။ သေခါနီးဖြစ်နေသည့် အဘိုးကြီးမှာ သူ့ထံသို့ လာရောက်၍ ခုန်ပေါက်ပြောဆိုနေသည်မှာ ထိတ်လန့်စရာ ကောင်းလှ သည် မဟုတ်ပါလား။
ရဲရှောင် ထိတ်လန့်ရဆုံးမှာ ချိဟူတစ်ယောက် ခုန်ပေါက်ကာဖြင့် သီချင်းများ အော်ဆိုနေသည်ကို တွေ့လိုက် ရ၍ပင် ဖြစ်သည်။
(ငါထွက်သွားတာ ဘယ်လောက်တောင် ကြာသွားလို့လဲ . . . အဘိုးကြီးက ဘယ်တုန်းက ဒါမျိုး ဖြစ်သွား တာလဲ၊ အဆင့်မတက်နိုင်လို့ ရူးသွားတာလား . . .)
ထို့နောက် ရဲရှောင်လည်း စိတ်ပျက်လက်ပျက်ဖြင့် တစ်ဖက်သို့ လှည့်ကြည့်လိုက်ချိန် လေတချွန်ချွန်ဖြင့် ပျော်ရွှင်စွာ လျှောက်လှမ်းလာသော မန်ယုဂျန်ကို တွေ့လိုက်ရပြန်သည်။
“မန် . . . ခင်ဗျား ခင်ဗျား . . .”
ရဲရှောင် ကြောင်တောင်တောင် ဖြစ်သွား၏။
(ချိဟူ ရူးသွားတယ်ဆိုရင်တောင် ငါနားလည်လက်ခံလို့ ရသေးတယ်၊ မန်ယုဂျန်က ဘာဖြစ်တာလဲ၊ လူတိုင်း ဘာဖြစ်ကုန်ကြတာလဲ . . .)
မန်ယုဂျန်မှ ရယ်မောလိုက်ရင်း -
“ကြိုဆိုပါတယ် ဧကရာဇ် . . . နောက်ဆုံးတော့ ပြန်လာပြီပေါ့၊ ဒီအတွက် ပျော်ပွဲရွှင်ပွဲ ကျင်းပသင့်တယ် ဟား ဟား ဟား . . .”
ထိုသို့ ပြောပြီးနောက် လေထဲသို့ ခုန်တက်သွားပြန်သည်။
“ဘာဖြစ်ကုန်တာလဲ . . .”
ရဲရှောင်တစ်ယောက် နားမလည်နိုင်မှုများနှင့်အတူ ထိတ်လန့်နေမိပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now