1125----1126

219 14 1
                                    

အခန်း (၁၁၂၅)(စာစဉ် ၈၁- အပိုင်း ၅)

“အိပ်မက်မက်နေတာများလား”

တိတ်ဆိတ်မှု ကြီးစိုးထားသည့်အချိန်တွင် ဇုဂျူရှန် ၏ ဒေါသတကြီး အော်ဟစ်လိုက်သည့် အသံကြီးက ထွက်ပေါ်လာ၍ အားလုံးမှာ ၎င်းတို့ကို လှမ်း၍ ကြည့် လိုက်ကြသည်။

အချို့ဆိုလျှင် ဆတ်ခနဲပင် လှမ်းကြည့်လိုက်ကြရ ၍ လည်ပင်းများအား ချိုးလိုက်သလိုပင် ဂျွတ်ခနဲ အသံမြည်သွားကြသည်။

“အဟမ်း . . .”

ယွဲ့ရှောင်မှ ချောင်းတစ်ချက် ဟန့်လိုက်သည်။

သူမမှာ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် မနည်း ကြိုးစားနေရသည့် ပုံပါပင်။

“ကျွန်မတို့တွေ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး သခင်လေးရဲနဲ့ ဆွေးနွေးပြီးသွားပြီ၊ အစအဆုံး ဆွေး‌ နွေးပြီးတဲ့နောက် ကျွန်မတို့ရဲ့ အတွေးတွေကို ဖလှယ် ခဲ့ကြတယ်၊ နောက်ဆုံးမှာတော့ ညှိနှိုင်းနိုင်ခဲ့ကြတယ် လေ . . .”

“အချိန်အားဖြင့်လည်း တော်တော်ကို ကြာခဲ့တယ်၊ ကိစ္စက လေးနက်ပြီး အရေးကြီးတော့ သေချာစဉ်းစား မှ ရမယ်မလား၊ ဘယ်အချက်မှ လွဲချော်သွားလို့ မဖြစ် ဘူးလေ . . .”

ယွဲ့ဟန်မှ ထပ်၍ ပြောလိုက်သည်။

သို့သော် ထိုသို့ ပြောလိုက်ခြင်းက ပို၍ဆိုးရွားသွား သလို ဖြစ်စေခဲ့သည်။

သူမတို့ နှုတ်မှ စကားများများ ပြောလေလေ ပို၍ လိမ်လည်သလိုပင် ဖြစ်နေတော့သည်။

“အဟမျး အဟမျး . . .”

“အဟွတ် အဟွတ် . . .”

ဇန်ယွန်ဖေ့မှာ ချောင်းများပင် ဆိုးနေပြီ ဖြစ်သည်။

ဇုဂျူရှန်မှာလည်း ပြူးကျယ်သော မျက်လုံးများ ဖြင့် ငေးစိုက်၍ ကြည့်နေလေသည်။

ထို့အတူ ရဲနန်ရှန်မှာလည်း တစ်ကိုယ်လုံး ထုံကျင် သလို ဖြစ်နေပြီး ဘာပြောရမှန်းပင် မသိတော့ချေ။

(ဆွေးနွေးတယ်၊ အတွေးချင်းဖလှယ်တယ်၊ ညှိနှိုင်း တယ် ဟုတ်လား၊ အရေးကြီးတဲ့ ကိစ္စဆိုတော့ ဘယ် အချက်မှ လွဲမှားလို့ မရဘူး ဟုတ်လား၊ ဘာတွေ ဖြစ် နေတာလဲ၊ တစ်ယောက်ယောက်က ဒီစကားတွေပြော နေတာဆိုရင် ထားပါတော့ . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now