အခန်း (၁၁၂၉)(စာစဉ် ၈၁- အပိုင်း ၉)
"စားပွဲသောက်ပွဲကြီး"
ရဲမျိုးနွယ်က ရဲနန်ရှန်ကြောင့် နိမ့်ကျခဲ့ရပြီး ၁၇ နှစ် တိုင်တိုင် ဖိနှိပ်ခံခဲ့ရသည်။
သို့သော် ယခုအခါတွင်မူ ရဲနန်ရှန်ကြောင့်ပင် ထပ် မံ၍ မြင့်တက်လာခဲ့ရပြန်သည်။
တိမ်မြူခိုးနန်းတော်၊ ချင်းဟွာနန်းတော်၊ ရေခဲလ နန်းတော်တို့နှင့်မဟာမိတ်ဖွဲ့နိုင်ခဲ့သည်မဟုတ်ပါလား။
ထိုဖြစ်ရပ်က ချင်းရန်နယ်ပယ် သမိုင်း၌ စံချိန်တင် နိုင်မည့် ဖြစ်ရပ်တစ်ခုပင် ဖြစ်ခဲ့တော့သည်။
ထိုအချိန် ရဲနန်ရှန်၏ အော်သံကြီးကို ကြားလိုက် ရသောအခါ ကျန်မျိုးနွယ်စုများမှာ အံ့ဩထိတ်လန့် သွားကြသည်။
ထိုအော်သံက နှစ်ပေါင်းများစွာပင် အိပ်မောကျနေ သည့် ကျားရဲကြီးတစ်ကောင် နိုးထလာ၍ အော်ဟစ် လိုက်သလိုပါပင်။
ထို့ပြင် အော်သံထဲ၌ ဘုရင်တစ်ပါး၏ အရှိန်အဝါ မျိုးလည်း အပြည့်ပင် ပါဝင်နေပါတော့သည်။
. . .ရဲနန်ရှန်လည်း ခြေလှမ်းကျဲကြီးများဖြင့် သူ၏ စာ ကြည့်ခန်းထဲသို့ ဝင်သွားလိုက်သည်။
ထို့နောက် ခုံတွင် ထိုင်ရင်း စာကြည့်စားပွဲပေါ်သို့ မျက်နှာမှောက်ချလိုက်သည်။
အတန်ကြာ မှောက်ပြီးနောက် ခေါင်းပြန်ထောင် လာချိန် သူ၏မျက်နှာပေါ်၌ မျက်ရည်များ တသွင်သွင် စီးကျလျက် ရှိနေသည်။
ထို့နောက် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း -
"ရွှဲ့အာ ငါတို့တွေ အဆုံးသတ်သွားပြီ . . ."
"ငါတို့ရဲ့ အချစ်ကြောင့် ဘေးဒုက္ခတွေကို ဖန်တီးခဲ့ မိတယ်၊ အဲဒီဘေးဒုက္ခတွေကြောင့်ပဲ ငါတို့မှာ ငါတို့ရဲ့ သားလေး ရလာခဲ့တယ် . . ."
"အခု အရာအားလုံး အဆုံးသတ်သွားပြီ၊ ငါတို့ရဲ့ သားလေး လုပ်ပေးခဲ့တာကြောင့် ငါတို့ နာကျင်ခံစားခဲ့ ရတာတွေ အားလုံး အဆုံးသတ်သွားခဲ့ပြီ . . ."
"ငါတို့ရဲ့ သားက အရာအားလုံးကို အဆုံးသတ်ပေး လိုက်ပြီ၊ ငါတို့ မင်းကို အိမ်ပြန်ခေါ်ရတော့မယ်၊ ငါတို့ ဘယ်တော့မှ ထပ်မခွဲတော့ဘူး၊ ငါတို့ကို စောင့်နေပါ"
. . .
YOU ARE READING