အခန်း (၁၂၉၇)(စာစဉ် ၉၃- အပိုင်း ၉)
“ဝုဖ နှစ်ယောက်”
“အခု ကျုပ်တိုက်ခိုက်ခဲ့တာကိုပဲ ကြည့်လေ ခင်ဗျား ရဲ့ ဓားနှစ်လက်က တကယ်ပဲ သော့ချက်ဖြစ်နေတာ”ရဲရှောင်မှ ပြောလိုက်၏။
“လျှို့ဝှက်ချက်က ဘယ်နေရာမှာလဲဆိုတာ ကျုပ် သိသွားပြီ ဒါပေမယ့် ဘယ်လိုအလုပ်လုပ်လဲဆိုတာကို တော့ မသိသေးဘူး၊ ကြည့်ရတာတော့ ဓားနှစ်လက်က ခင်ဗျား ဒီတိုက်ကွက်ကို သုံးနိုင်ဖို့ ထူးခြားတဲ့စွမ်းအား တွေ ပေးနေတဲ့ပုံပဲ . . .”
“အခု ခင်ဗျားရဲ့ဓားတွေ ဆုံးရှုံးသွားပြီဆိုတော့ အဲဒီ ကျင့်စဉ်ကို ထပ်ပြီး မသုံးနိုင်တော့ဘူးပေါ့ . . .”
“ကျုပ်ထင်တာသာ မှန်မယ်ဆိုရင် ဒီဓားနှစ်လက်ရဲ့ စွမ်းအင်တွေက တစ်ခုနဲ့တစ်ခု နီးကပ်သွားရင် ကြေးမုံ ပြင်လို စွမ်းအင်တွေကို ပေးစွမ်းနိုင်တဲ့ ပုံပဲ၊ ပြီးရင်အသုံး ပြုတဲ့ လူကို ကိုယ်ခွဲသွားစေနိုင်လိမ့်မယ် . . .”
“နောက်ပြီးတော့ ခင်ဗျားက ပုံရိပ်တွေကို တကယ့် လူအစစ်နဲ့တူအောင် ထူးခြားတဲ့ နည်းစနစ် ထည့်သွင်း ခဲ့ပုံပဲ၊ ဘယ်လိုလဲ ကျုပ်ပြောတာ မှန်တယ်မလား ဒါမှ မဟုတ် ဓားတွေမှာ တခြားထူးခြားတဲ့ စွမ်းအားတွေ များ ရှိနေသေးလို့လား . . .”
ဝုဖမှ ပြုံးနေရင်းမှ ကျယ်လောင်စွာ ရယ်မောလိုက် ရင်း -
“ဒီဓားတွေ ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ ကို မင်းဘယ်တော့မှ သိမှာမဟုတ်ပါဘူး . . .”
ရဲရှောင်မှ ပခုံးတစ်ချက် တွန့်လိုက်ကာ -
“သိဖို့လည်း မလိုတော့ပါဘူး ဓားတွေကဖြင့် ပျက် စီးသွားပြီကို ကျုပ်က ဘာဂရုစိုက်နေရမှာလဲ၊ အဓိက မေးခွန်းက ခင်ဗျားရဲ့ ဝိညာဉ်ခွဲခွာခြင်းကျင့်စဉ်က ပျက် စီးသွားပြီဆိုတော့ ခင်ဗျားရဲ့ ဝိညာဉ်ကရော . . .”
ရဲရှောင်မှ ပြုံးလျက် မေးလိုက်သည်။
“ခင်ဗျားရဲ့ စိတ်ဝိညာဉ်ရော ထိခိုက်သွားသေးလား၊ ဘယ်လို ခံစားရလဲ အရသာရော ရှိရဲ့လား . . .”
ဝုဖမှ အံတင်းတင်းကြိတ်ကာ ရဲရှောင်အား ကြည့် လိုက်ရင်း -
“ငါဒဏ်ရာ ရသွားတာဆိုတာ မှန်တယ် ဒါပေမယ့် အခုနေ မင်းကို သတ်ဖို့ဆိုတာက မခက်ခဲပါဘူး၊ မင်းက ငါ့ရဲ့ ဝိညာဉ်ခွဲခွာခြင်း တိုက်ကွက်ကို ဖျက်ဆီးခဲ့တယ်၊ အဲဒီအတွက်လည်း မင်းတန်ဖိုးကြီးကြီးမားမား ပြန်ပေး ဆပ်ရမှာပေါ့ . . .”
YOU ARE READING