107 01
အခန်း(၁၀၇)-ပါတီ
စူးမြောင်အာ နိမိတ်မကောင်းသော ခံစားချက်မျိုးကို ရုတ်တရက် ခံစားမိလိုက်သည်။
"ဘာဖြစ်ရမလဲ မြောင်အာရယ်..နင့်ကို လှေနံနှစ်ဖက်နင်းတဲ့ မိန်းမတို့.. ရည်းစားရှိရဲ့သားနဲ့ ယဲ့ချွမ်ကို မြူဆွယ်တယ်တို့ဘာတို့..အဆိုးဆုံးကတော့ နင်က ယဲ့ချွမ်ကို ပစ်ချသွားပြီးမှ နောင်တရပြီး ရေခဲမုန့်ဆိုင်ရှေ့မှာ ခွေးပေါက်တစ်ကောင်လို တအီအီငိုနေတာတဲ့လေ..နောက်ဆုံး ရဲဝန်ထမ်းတစ်ယောက်ကတောင် နင့်ကို ဆိုင်ရှေ့ကနေ လာဆွဲခေါ်သွားရတယ်ဆိုပဲ..ဘာတွေလျှောက်ပြောနေမှန်းမသိပါဘူးဟာ"
ကျောက်ရှင်းက ချွေ့ထင်းထင်း၏ စွပ်စွဲမှုများကို အကုန်မပြောပြဘဲ အချို့အကြောင်းအရာများကိုသာ စကားထိန်းပြီး ပြောပြခဲ့သည်။ မည်သို့ပင်ဖြစ်စေ စူးမြောင်အာမှာ မျက်နှာတစ်ခုလုံး စိမ်းဖန့်နေပြီဖြစ်သည်။
"မြောင်အာ ငါ နင့်ကို ယုံတယ်နော်..နင်က အဲ့ဒီလိုလူမျိုးမဟုတ်မှန်း ငါသိတယ်"
"အင်းပါ ကျေးဇူးပါပဲ"
စူးမြောင်အာ ကျစ်ခနဲ လျှာသပ်ပြီး ကျောက်ရှင်းနဲ့အတူ ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။
"ဒါနဲ့ မြောင်အာ နင်လည်း စင်ဂယ်ဖြစ်နေတုန်းပဲဆိုတော့ လာမယ့်အပတ်ကျရင် ပါတီလိုက်ခဲ့လေနော်...နော် နော်"
ကျောက်ရှင်းက တက်ကြွစွာ ပြောသည်။ ကျောက်ရှင်းသည် အပျော်အပါးခုံမင်ပြီး လွတ်လွတ်လပ်လပ်နေတတ်သော မိန်းကလေးဖြစ်သည်။ ယခု သူမပြောသည့် ပါတီကား ဋ္ဌာနာဆိုင်ရာပါတီပွဲတစ်ခုဖြစ်သည်။ ဋ္ဌာနဆိုင်ရာပါတီပွဲဟု ဆိုလိုက်သည်နှင့် မသိသူမရှိအောင် နာမည်ကြီးလှသည်။ တက္ကသိုလ်ကျောင်းသားများအကြား ရေပန်းစားသော စကားတစ်ခွန်းပင်ရှိပါသေးသည်။ ကျောင်းတွင်းအချစ်ဇာတ်လမ်းမှသည် စင်ဂယ်လူဦးရေ တိုးပွားရခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သော အကျည်းတန်လမ်းခွဲခြင်းသို့ဟူ၍။ အချို့ကမူ ဘွဲ့ရပြီးချိန်အထိ အပျိုလူပျိုဘဝကို ထိန်းသိမ်းထားကြဆဲဖြစ်သည်။

KAMU SEDANG MEMBACA
တစ္ဆေသတို့သား
Hororဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်