အခန်း(၁၀၈)-အဆုံးသတ်
"ကျော့သခင်ကြီးရော နေကောင်းကျန်းမာရဲ့လား"
ရုံချီက မေးလိုက်သည်။ ကျော့ရှောင်ယွဲ့၏ မျက်ရည်စများကို လက်ဖြင့် ဖိသုတ်ရင်း ဝမ်းနည်းစွာ ဆိုသည်။
"ကျွန်မ ဘိုးဘိုးအတွက် စိတ်မကောင်း
ဖြစ်မိတယ်"
စူးမြောင်အာ ခေါင်းတညိတ်ညိတ်လုပ်ရင်း ငြိမ်နေလိုက်သည်။ မဂ်လာပွဲဆိုလျှင် တစ်အိမ်လုံး ရဲရဲတောက်နေအောင် အနီရောင် ခန်းဝင်ပစ္စည်းများနှင့်သာ
ခင်းကျင်းထားသင့်သော်လည်း ယခုမူ စျာပနပွဲကဲ့သို့ ဖြူစွတ်နေသော အခင်းအကျင်းများနှင့် ကျင်းပနေရပြီး
မြင်ရသူအဖို့ စိတ်မချမ်းမြေ့ဖွယ်ကောင်းလှသည်။
ထိုအချိန်တွင် ကျော့ချင်းယွင်လည်း လူအုပ်ကြားထဲသို့ ရောက်လာသည်။ သူက စူးမြောင်အာနှင့် ရုံချီတို့ကို ခေါင်းညိတ်ပြ၍
နှုတ်ဆက်ပြီး ဘေးဘီဝဲယာကို လှည့်ပတ်စစ်ဆေးနေသည်။
"ချင်ဖုန်း ဘယ်မှာလဲ"
ကျော့ရှောင်ယွဲ့က ခဏစဥ်းစားပြီးမှ အဖေဖြစ်သူကို ပြန်ဖြေသည်။
"ယောင်းမက လုပ်စရာကိစ္စတစ်ခုရှိလို့ဆိုပြီး အပြင်ခဏထွက်သွားတယ်..သူပြောတော့ သိပ်မကြာဘူး ချက်ချင်း ပြန်လာခဲ့မယ်ဆိုပြီး အခုထိ ပြန်မရောက်သေးဘူးလားဖေဖေ"
"ဒီလိုအချိန်မျိုးမှာ သူ့ကို ဘယ်သူက အပြင်ထွက်
ခွင့်ပေးလိုက်တာလဲ"
ကျော့ချင်းယွင်က အလိုမကျသော မျက်နှာဖြင့်
ဒေါသတကြီးပြောသည်။ ချင်ဖုန်းဟူသော အမည်နာမကို ကြားလိုက်ရသည်နှင့် ထိုနေ့တုန်းက ရုံချီနှင့် သူမတို့ မြင်ခဲ့ရသော မြင်ကွင်းကို စူးမြောင်အာ ရုတ်တရက် ပြန်မြင်ယောင်လာသည်။ သို့သော် ကျော့မိသားစု
၏ အတွင်းရေးပြဿနာဖြစ်သည့်အတွက် သူမရော ရုံချီပါ ထိုကိစ္စကို တစ်ခွန်းမျှမဟခဲ့ချေ။
"ကျော့လူကြီးမင်း ကျုပ်တို့ ဒီနေ့ည အလုပ်စလို့
ရပြီလား"
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်