Part 109

294 21 0
                                    


အခန်း(၁၀၉)-သက်ပြင်းရှိုက်သံ

"ဖေဖေ"

ကျော့ရှောင်ယွဲ့က ပါးစပ်ကို လက်ဖြင့် အုပ်ရင်း သူမ၏ ဖခင်ကို မယုံနိုင်စွာ ကြည့်နေသည်။ သူမ၏ အမြင်တွင် သူမ၏ ဖခင်ဟာ အစဥ်အမြဲ လေးစားရိုသေဖွယ်ကောင်းပြီး ထက်မြတ်သော လူကြီးလူကောင်းတစ်ဦးဖြစ်ခဲ့သည်။

"ဖေဖေ ဘာဖြစ်လာတာလဲ"

ကျော့ချင်းယွင်က အချိန်အတန်ကြာ ခေါင်းငိုက်စိုက်ချထားသည်။ နောက်ဆုံးတွင်မှ ခေါင်းမော့လာပြီး သူ့ကို စိုးရိမ်တကြီး မေးမြန်း

နေသော ကျော့ရှောင်ယွဲ့ကို ကြည့်ပြီး ပင်ပန်းနွမ်းနယ်နေသော မျက်နှာဖြင့် ဝမ်းနည်းစွာ ဆိုလေသည်။

"ဖေဖေ သမီးကို တောင်းပန်ပါတယ်ကွယ်"

ထိုစကားကို ပြောပြီးသည်နှင့် ကျော့ချင်းယွင်က ရုတ်တရက် ငိုချင်းချလေသည်။

ကျော့ရှောင်ယွဲ့ကမူ သူမ၏ ဖခင်ကို ကြည့်ပြီး

နားမလည်နိုင်ဖြစ်နေတော့သည်။

ထိုအချိန်တွင် ရုံချီက စူးမြောင်အာ၏ လက်ကို ဆွဲပြီး စံအိမ်ထဲမှ ပြန်ထွက်လာခဲ့သည်။

"အားလုံးပြီးသွားပြီလား"

"အင်း ပြီးပြီ...အိမ်ပြန်ရအောင်"

ရုံချီက ကျော့မိသားစု၏ ဒရိုင်ဘာကို ပြန်မပို့ခိုင်းဘဲ ထိုအစား ကျော့ချင်းယွင်ထံမှ ကားတစ်စီးငှားကာ သူကိုယ်တိုင် မောင်းနှင်းလာခဲ့သည်။ အကယ်၍များ

ကျော့ချင်းယွင်၏ ကားသာ တစ်စုံတစ်ခု ထိခိုက်ပျက်စီးသွားပါက အလျော်ပြန်ပေးရန် ကားမရှိသည့်အတွက် စူးမြောင်အာမှာ တစ်လမ်းလုံး ရင်တထိတ်ထိတ်နှင့် လိုက်စီးလာခဲ့ရသည်။

"ရုံချီ အရှိန်လျှော့မောင်းပါလား"

ယနေ့တွင် ရုံချီတစ်ယောက် အလွန်ထူးဆန်းနေသည်ဟု စူးမြောင်အာ ခံစားနေရသည်။ ယခုလည်း အနောက်မှ ကျားလိုက်လာသကဲ့သို့ ကားကို အရှိန်မြှင့်ပြီး အလောတကြီး မောင်းနှင်လျက်ရှိသည်။

"လျော့လို့မရဘူးမြောင်မြောင်.. အချိန်မရှိတော့ဘူး"

ရုံချီက စတီယာရင်ကို လှည့်ပြီး တိုးညှင်းစွာ ရေရွတ်သည်။ ရုံချီပြောလိုက်သည့်စကားကို စူးမြောင်အာ နားမလည်ချေ။ မကြာမီတွင် အိမ်သို့ ပြန်ရောက်လာကြသည်။ ရုံချီက ကားပေါ်မှ အမြန်ဆင်းပြီး အိမ်တံခါးအဝသို့ လျှောက်သွားသည်။

တစ္ဆေသတို့သားOpowieści tętniące życiem. Odkryj je teraz