အခန်း(၁၁၀)-အကျိုးဆက်
စူးမြောင်အာ ရယ်ရအခက် ငိုရအခက်ဖြစ်သွားသည်။မည်သည့်အခြေအနေတွင်မဆို ရုံချီက သူ့ကိုယ်သူထက် သူမကိုသာ ဦးစားပေးပြီးစိုးရိမ်ပူပန်ပေးတတ်သူဖြစ်သည်။
ထိုတစ်ရက်မှ လွဲလျှင်ပေါ့။
ဓာတ်ပုံအကြောင်းကို စဥ်းစားမိတိုင်း စူးမြောင်အာ၏ ရင်ထဲတွင် နာကျင်နေရဆဲဖြစ်သည်။
"ရုံချီ ရှင် ရုတ်တရက်ကြီး ဘာဖြစ်တာလဲ"
သူမ၏ အမြင်တွင် ရုံချီဟာ အစဥ်အမြဲ သန်မာခဲ့သူဖြစ်သည်။ ယခုကဲ့သို့ နောက်ဆုံးထွက်သက်ကို ဆုပ်ကိုင်နေရသူပမာ အားနည်းနေသော ရုံချီကို ကြည့်ပြီးစူးမြောင်အာ ခြေဖျားလက်ဖျားများ အေးစက်သွားရသည်။ ခိုကိုးရာမဲ့သော ခံစားချက်က နှလုံးသားတစ်ခုလုံး ချောက်နက်ထဲသို့ ပြုတ်ကျသွားသည့်နှယ်။ ငိုကြွေးနေရုံမှလွဲ၍ ဘာမှမလုပ်တတ်တော့ပေ။
ရုံချီက သူမကို မှီနေရာမှ ခက်ခက်ခဲခဲ ရွှေ့ပြီး နံရံကို တစ်ဝက်မှီထိုင်သည်။ ထို့နောက် စကားတစ်ခွန်းကို အားယူပြီး တိုးညှင်းစွာ ပြောလာသည်။
"အကျိုးဆက်ပေါ့..."
ကျော့မိသားစုနှင့် ထပ်တူခံစားရမည့် အကျိုးဆက်။
ရုံချီက ကျော့မိသားစု၏ ဖုန်းရွှေချိပ်စည်းကို ပြုပြင်ပြီး ကံကြမ္မာကို ပြောင်းလဲပေးခဲ့သည်။ ၎င်းသည် ကောင်းကင်ဘုံကို ဆန့်ကျင်သည့် လုပ်ရပ်ဖြစ်ပြီး တာဝန်ယူပေးသည့် ဖုန်းရွှေဆရာနှင့် ကျော့မိသားစု၏ အိမ်ထောင်ဦးစီးတို့ နှစ်ဦးစလုံး တူညီသော အကျိုးဆက်ကို မလွဲမသွေ ခံစားရမည်ဖြစ်သည်။ စုန့်ရှစ်ကို ဖုန်းရွှေချိပ်စည်းဖြင့် ချုပ်နှောင်ထားခဲ့သည့်အတွက်လည်း အနည်းနှင့်အများဆိုသလို ရုံချီကို ပြန်ထိခဲ့သည်။
ဒါက တကယ်ပဲ အဲ့ဒီကိစ္စတွေရဲ့ နောက်ဆက်တွဲအကျိုးဆက်လား..?
"ရုံချီ...ရုံချီ.. ရှင် သေတော့မှာလား"
စူးမြောင်အာ အလွန်ကြောက်လန့်နေပြီး ရှက်ရကောင်းမှန်းပင်မသိတော့ဘဲ မရပ်မနား ငိုကြွေးနေမိသည်။ ရုံချီက သူမကို တိတ်တဆိတ် ကြည့်နေပြီး လက်ဝါးတစ်ဖက်ကို မေးစေ့အောက်တွင် ဖြန့်ကျက်လိုက်ရာ တပေါက်ပေါက်ကျနေသော မျက်ရည်စက်များက ရေအိုင်ငယ်လေးသဖွယ် ရေပွက်ထလာသည်။ သူက တိုးညှင်းစွာ ရယ်မောလာသည်။

KAMU SEDANG MEMBACA
တစ္ဆေသတို့သား
Hororဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်