နှစ်ဦးသားက နောက်ထပ်တစ်ရက်ကိုလည်း အိမ်မှာပင် ငြီးငွေ့အောင်နေခဲ့ကြသည်။လီရှော့ကတော့ အိမ်ပြန်သင့်နေပြီဟု တွေးနေမိသည်။အရင်တစ်ခါ သူ့လည်ပင်းက Hickeyရာကို သူ့မိခင်မြင်ပြီးကတည်းက သူ့အား မိခင်က အပြင်ထွက်ကာ အပျော်ရှာနေသည်ဟု တွေးမိမှာကိုစိုးရိမ်နေခဲ့ရတာပင် ဖြစ်၏။သူ့အသက်နှစ်ဆယ်တုန်းကတော့ နှစ်အနည်းငယ်လောက် အပျော်ပါးလိုက်စားခဲ့ဖူးသည်။ သို့သော်လည်း ခုအသက်အရွယ်မှာတော့ သူ့မိဘတွေကို ဒီလိုထင်မြင်ချက်မျိုး မရှိစေချင်တော့။
ကျောက်ကျင်ရှင်းက သူ့အားသနားစဖွယ်ကြည့်လာရင်း
"ဒါဆိုလည်း ခင်ဗျားအိမ်ကိုထမင်းသွားစားပြီးရင် ကျွန်တော့်ဆီ ပြန်လာခဲ့လေနော်"
"ကိုယ်လည်း ကိုယ့်မိဘတွေနဲ့အတူရှိနေပေးရဦးမှာပေါ့"
လီရှော့က သူ့နှာခေါင်းကို တို့လိုက်ရင်း ရယ်မောကာ
"မနက်ဖြန် ဒိတ်ကြမလား"
"ကောင်းသားပဲ ဘယ်သွားကြမလဲ"
"မင်း ဘယ်သွားချင်လဲ"
"ကျွန်တော်က Sex လုပ်ချင်တာ"
ကျောက်ကျင်ရှင်းကအမှန်အတိုင်းပင် ဆိုလေသည်။
လီရှော့ သူ့ရင်အုပ်ကို ဖက်တွယ်ထားရင်း စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေပြီးမှ မရယ်ချပဲမနေနိုင်တော့။
"ဘယ်နေရာမှာ sexလုပ်ချင်လဲ နတ်ဆိုးလေးရေ"
ကျောက်ကျင်ရှင်းက ပဟေဋ္ဌိဆန်စွာပင်ပြုံးရင်း
"မနက်ဖြန် ခင်ဗျား ကုမ္ပဏီကို လာရဦးမှာပဲလေ။ စာချုပ်ကို ရှေ့နေနဲ့အရင် ချုပ်ပြီးမှ ခင်ဗျားကို အဲ့ဒီနေရာကိုခေါ်သွားမယ်လေ"
"အိုး ခန့်မှန်းကြည့်ရတာ ကောင်းမယ့်ပုံပဲ"
လီရှော့က သူ့ပါးသူ လက်ညိုးညွှန်ရင်း
"နမ်းပါဦး လီရှုရှုက ပြန်တော့မှာ"
ကျောက်ကျင်ရှင်းက သူ့ခေါင်းအနောက်ကိုကိုင်ကာ နူးညံ့လှတဲ့နှုတ်ခမ်းပါးကို ပြင်းထန်လှတဲ့အနမ်းနဲ့ပိတ်ဆို့လိုက်သည်။ လီရှော့မျက်ဝန်းတွေက အပြုံးတို့ဖြင့်ကွေးညွှတ်နေကာ ချိုမြိန်လှတဲ့အနမ်းတွေကို တုံ့ပြန်တဲ့အနေနဲ့ သူ့(ကျောက်ကျင်ရှင်း)လည်တိုင်ကို ချိတ်တွယ်လိုက်ပါ၏။
YOU ARE READING
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
RomanceBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...