Chapter 35 (Unicode)

15.2K 2K 177
                                    

လီရှော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေစဥ် သူ့မျက်နှာပေါ်မှ နူးညံ့၍ ယားကျိကျိနိုင်သော အရာတစ်ခုကိုခံစားလိုက်ရ၏။သူ မျက်လုံးကိုအနည်းငယ်ဖွင့်ကြည့်လိုက်တော့ ဝေဝါးဝါးအမြင်အာရုံကနေ ပြုံးရယ်နေသည့် မျက်ဝန်းတစ်စုံကိုမြင်လိုက်ရသည်။ထိုမျက်ဝန်းတို့၏ အတွင်းထောင့်စွန်းတို့က ကွေးညွတ်ကာ မျက်ဝန်းအဖျားစွန်းတို့ကတော့ အထက်သို့ကော့တက်လျှက် ရှိပေသည်။သူငယ်အိမ်တို့က နက်စိုတောက်ပနေသည်။ ရှည်လျားထူထဲသောမျက်တောင်တို့က အပြုံးကြောင့်ကွေးညွှတ်နေလျက်။မျက်ဝန်းတွေအထဲမှာတော့ ချစ်မြတ်နိုးမှုအရိပ်အယောင်တို့ရောယှက်နေကာ ဆိုဖွယ်မရှိအောင် လှပလို့နေ၏။

လီရှော့သည် သူ့နှလုံးသားက အကြိမ်အနည်းငယ်မျှခုန်ပေါက်သွားတာကို ခံစားလိုက်ရသည်။ သူမျက်လုံးတို့ကို ခပ်ကျယ်ကျယ်ဖွင့်ကြည့်လိုက်တော့ လှပသည့်ထိုမျက်ဝန်းတစ်စုံနှင့် ပနံသင့်လိုက်ဖက်လှသည့် ကျောက်ကျင်ရှင်းမျက်နှာက သူ့မြင်ကွင်းကျယ်ကျယ်မှာ ပေါ်လာလေသည်။

"မောနင်း ကိုယ့်ရဲ့အသည်းလေး လာမ့်"

ကျောက်ကျင်ရှင်းက လီရှော့ပါးပြင်ပေါ် အနမ်းခြွေလိုက်သည်။

လီရှော့ နှစ်စက္ကန့်လောက် ​အံ့အားသင့်သွားလေသည်။ သူ့မှာ ရှက်လွန်းလို့ ချွေးတွေတောင်စို့လာသည့်အထိပင်။ သူရယ်မောရင်း ဆူပူကြိမ်းမောင်းလိုက်ရသည်။

"အဲ့လိုမျိုးကြီး မခေါ်စမ်းပါနဲ့ကွာ"

"ခင်ဗျားကို အဲ့လိုခေါ်ဖူးတာ ကျွန်တော်တစ်ယောက်တည်းလား"

ကျောက်ကျင်ရှင်းက အပြုံးနှင့်အတူ စကားဆိုရင်း

"ဒါဆို နောက်လည်း ကျွန်တော်တစ်ယောက်တည်းကပဲ ခေါ်ခွင့်ရှိတာပေါ့"

လီရှော့သည် မျက်ခွံတို့ကိုပွတ်သပ်ကာ သမ်းဝေလိုက်၏။

"အပြင်လူတွေရှေ့မှာတော့ အဲ့လိုခေါ်ခွင့်မပြုဘူးနော်။ အရမ်းရှက်စရာကောင်းတယ်ကွ"

"ဒါဆို ဒါက ကျွန်တော်တို့ရဲ့ သီးသန့် nicknameလေးပေါ့နော်"

ကျောက်ကျင်ရှင်းက မျှော်လင့်ကြီးစွာဖြင့် ဆိုလာသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now