Chapter 71 (Uni+Zawgyi)

21.8K 2.5K 549
                                    

Unicode

နေ့လည်ခင်း နေရောင်ခြည်က မှန်ပြတင်းတွေကတဆင့် အခန်းထဲသို့ ဖြာကျလာသည်။ဆောင်းဥတု၏ နေရောင်က မပြင်းပေ။ သို့သော်လည်း လူတွေကို ပူနွေးတော့သွားစေသည်။ နူးညံ့နွေးထွေးစွာ ဖြာကျနေသော နေရောင်အောက်မှာ လီရှော့တစ်ယောက် ဖြည်းညှင်းစွာပင် နိုးထလာသည်။

သူ မျက်လုံးဖွင့်ကြည့်လိုက်တော့ ရင်းနှီးနေသည့် အိပ်ရာခင်းကို တွေ့လိုက်ရသည်။ ဖိအိပ်ထားသည့် မျက်လုံးတွေနှင့် ပါးတစ်ခြမ်းက အနည်းငယ် ထုံကျင်နေသည်။ သိုပေမဲ့ ထိုမသက်မသာဖြစ်မှုတွေအား ခန္ဓာကိုယ်အောက်ပိုင်းက နာကျင်ကျိန်းစပ်နေမှုတွေက လျင်လျင်မြန်မြန်အစားထိုးဝင်လာလေ၏။

သူ လှုပ်ပင်မလှုပ်ဝံ့တော့ပါချေ။

ကြီးမားသည့်လက်တစ်ဖက်က လီရှော့မျက်နှာပေါ် အုပ်မိုးလာကာ ညင်သာသည့်အသံတစ်သံက သူ့ခေါင်းအထက်ကနေ ထွက်ပေါ်လာသည်။

"မောနင်းပါ..ဒါမှမဟုတ် နေ့လည်ခင်းပါ လို့ပဲပြောရမလား"

သူက ခေါင်းငုံ့ကာ လီရှော့၏ နားထင်ကို နမ်းရှိုက်လိုက်ရင်း ကြင်နာယုယစွာဖြင့် ဆိုလိုက်၏။

"sleepy Lamb"

လီရှော့ မျက်ဆံသာလှန်ပြလိုက်သည်။ သူ ကျောက်ကျင်ရှင်းကို စိုက်ကြည့်ရင်း ခန္ဓာကိုယ်ကို အားပြုထောက်၍ထ,လိုက်သော်လည်း ရောင်ရမ်းနေသည့်အစိတ်အပိုင်းကို ဖိမိသွားချိန်မှာတော့ မနေနိုင်စွာ ညည်းညူမိသွားတော့သည်။

ကျောက်ကျင်ရှင်းက သူ့ခါးကိုဆွဲဖက်ကာ

"အလျင်စလို မထပါနဲ့ဦး။ ကောင်းကောင်းနားလိုက်ဦးလေ"

လီရှော့က တစ်ဖက်လှိမ့်ပစ်လိုက်သည်။ သူက ပက်လက်လှန်ကာ မျက်နှာကြက်ကိုစိုက်ကြည့်ရင်း မနေ့ညက ရူးသွပ်မှုတွေကိုပြန်မြင်ယောင်ကြည့်ဖို့ရာ အနည်းငယ်စိုးထိတ်နေမိသည်။

ကျောက်ကျင်ရှင်းက ခပ်တိုးတိုးဆိုလာသည်။

"ဗိုက်ဆာလား"

"နည်းနည်း"

"ခင်ဗျားစားဖို့ တစ်ခုခုသွားယူပေးမယ်"

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Où les histoires vivent. Découvrez maintenant