Chapter 5.1(Unicode)

18.6K 2.6K 186
                                    

လီရှော့က ဆန်ပြုတ်အနည်းငယ် ပြုတ်လိုက်သည်။ ခရမ်းချဉ်သီးနဲ့ ရုံးပတီသီးအနည်းငယ်ကိုတော့ဖြင့် ကြော်လိုက်ကာ ဝက်ပေါင်ခြောက်နဲ့ရောနှယ်သုတ်ဖို့ရာ ပြင်ဆင်ထားလိုက်ပါ၏။

သူသည် သူ့ရဲ့ သီးသန့်နေရာလေးကို အပြင်လူတွေ ဝင်တာမျိုးကို သဘောမကျပါပေ။ ထို့ကြောင့်လည်း သူ့အိမ်အတွက်ကို အချိန်ပိုင်းအိမ်အကူသာ ငှားရမ်းထားဖြစ်သည်။ ဟင်းတွေကိုတော့ သူကိုယ်တိုင်ပြင်ဆင် ချက်ပြုတ်သည်။ အရသာတွေကတော့ အတော်လေးကို ကောင်းမွန်တာကြောင့် သူသာ မီးဖိုချောင်ထဲမှာပဲ နေနေလျှင်တော့ ဝ တောင်လာနိုင်တဲ့အထိပါပင်။

စားပွဲပေါ်မှာ ဟင်းပွဲတွေ နေရာချပြီးသွားတော့ သူက အော်ခေါ်လိုက်သည်။

"စားလို့ရပြီ"

"ကျွန်တော့်လက် နာနေတယ်။ ထလို့လည်းမရဘူး"

ကျောက်ကျင်ရှင်းက တစ်အီအီနဲ့ ညည်းပြပြန်သည်။

လီရှော့ကတော့ သူ့ရဲ့တစ်အီအီနဲ့ညည်းပြနေမှုကြောင့် လုံးဝကို လက်မြှောက်ထားလိုက်ရသည်။

"ကားတံခါးနဲ့ညှပ်မိတာ မင်းလက်နော်။ မင်းဦးနှောက်မဟုတ်ဘူး။ လုပ်စမ်းပါ ...မြန်မြန်ထ"

ကျောက်ကျင်ရှင်းက အားအင်တွေယုတ်လျော့နေသည့်အလား ဖြည်းဖြည်းနှေးနှေးထလာသည်။ လီရှော့သည် သူ့လက်ချောင်းတွေက စောနကထပ် ယောင်ကိုင်းလာသလို ပွန်းပဲ့ဒဏ်ရာတွေကလည်း ခရမ်းရောင်သမ်းလာတာကို တွေ့မြင်လိုက်ရပါ၏။ဒဏ်ရာတွေက အတော်လေး လန့်စရာကောင်းသည်။ သူ့ရင်ထဲမှာ အပြစ်ရှိသလို ခံစားချက်တွေက ပိုမိုနက်ရှိုင်းလာရသည်မို့ ထိုင်ခုံကို နောက်ကို ဆွဲယူပေးရင်း စကားဆိုလိုက်သည်။

"လာ...ထိုင်လိုက်"

ကျောက်ကျင်ရှင်းက ဘေးစောင်း ဝင်ထိုင်ကာသူ့ရဲ့နက်ကတိုင် ပြေလျော့သွားအောင် လက်တစ်ဖက်နဲ့ ဆောင့်ဆွဲလိုက်သည်။ တစ်ရှုံ့ရှုံ့နဲ့ အနံ့ခံပြီးမှ စားပွဲပေါ်ကိုကြည့်ကာ ပြုံးပြပါ၏။

"ကြည့်ရတာ အတော်လေးကောင်းမယ့်ပုံပဲ။ အနံ့နဲ့တင် မွှေးနေတာပဲ"

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now