Chapter 44(Unicode)

16.9K 2K 561
                                    

Warning🔞🔞

ကျောက်ကျင်ရှင်းက သူ့ပိုက်ဆံအိတ်ထဲကနေ ဒေါ်လာအချို့ကို ကြုံရာကျပန်းဆွဲထုတ်ကာ ဝိတ်တာလေးထံပေးလိုက်သည်။

"ကျေးဇူးပါပဲ"

ဝိတ်တာလေးက ခေါင်းညိတ်ကာ ခါးညွှတ်လိုက်၏။

"ကိစ္စမရှိပါဘူး။ ကျွန်တော်လုပ်ရမယ့်အရာကိုလုပ်ခဲ့တာပါ"

ကျောက်ကျင်ရှင်းက လီရှော့အားပွေ့ချီကာ တံခါးဝဆီလျှောက်သွားလိုက်သည်။ရုတ်တရက်ဆိုသလို သူကရပ်တန့်သွားကာ နောက်လှည့်၍မေးလိုက်၏။

"သူ ဘယ်သူနဲ့သောက်ခဲ့တာလဲ"

လီရှော့နှင့်မျက်နှာချင်းဆိုင်ဘက်မှာ ဖန်ခွက်တစ်ခွက်ရှိနေတာကိုသူမြင်ခဲ့ရသည်။ သေချာပေါက် တစ်ယောက်တည်းသောက်နေခဲ့တာမဟုတ်ချေ။

"တော်တော်လေး ဖက်ရှင်ကျတဲ့အမျိုးသားတစ်ယောက်နဲ့"

ဝိတ်တာလေးက လက်ဟန်ခြေဟန်ပြကာ သူ့စကားလုံးတို့ကိုစဥ်းစားနေဟန်ဖြင့်

"ရုပ်ချောတယ်။ နည်းနည်းတော့....အင်း...နည်းနည်းတော့မိန်းမဆန်တယ်"

ကျောက်ကျင်ရှင်းက မျက်လုံးကိုမှေးကျဥ်းလိုက်ရင်း သူ့အသံကနစ်ဝင်သွား၏။

"သူတို့နှစ်ယောက် ဘာတွေလုပ်ခဲ့ကြသေးလဲ"

ဝိတ်တာလေးမှာ ကျောက်ကျင်ရှင်း၏ အရှိန်အဝါတို့ဖြင့် ဖိနှိပ်ခံလိုက်ရကာဝေ့လည်ကြောင်ပတ်မလုပ်ရဲတော့ပဲ ရှင်းပြလိုက်ရသည်။

"တစ်ခုခုလုပ်နေတာမျိုးတော့ မမြင်မိဘူး။ဒီတိုင်း စကားပြောနေကြတာ"

သူ့နံဘေးကမိန်းကလေးက ခပ်တိုးတိုးဆိုလာသည်။

"ကျွန်မ အဲ့ဒီလူကိုသိတယ်"

"မင်းသိတယ်လား"

ကျောက်ကျင်ရှင်းနှင့်ဝိတ်တာလေးက သံပြိုင်ပြောမိသွားကြသည်။

"ဟုတ်တယ်။ သူက အင်တာနက်မှာ တော်တော်ပေါ်ပြူလာဖြစ်တယ်လေ။ နာမည်ကြီးတော်တော်များများကိုလည်း သူပြင်ပေးဖူးတယ်"

ကျောက်ကျင်ရှင်းက ခေါင်းငုံ့ကာ အမူးလွန်၍ အသိစိတ်လွတ်နေသည့်လီရှော့ကို သုန်မှုန်နေသည့်မျက်နှာထားနှင့်အတူကြည့်လိုက်မိသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Donde viven las historias. Descúbrelo ahora